Category Archives: ပြည်ပသတင်း

ဂျပန်မြေငလျင်ဒဏ် ရှာဖွေကယ်ဆယ်ရေး အမေရိကန်စစ်တပ် ကူညီမည်

   
   
ဂျပန်မြေငလျင်ဒဏ် ရှာဖွေကယ်ဆယ်ရေး အမေရိကန်စစ်တပ်က ပါဝင်ကူညီမည်ဟု ကမ်းလှမ်းထားချက်ကို ဂျပန်က အစောတလျင် လိုချင်ကြောင်း ဂျပန်ဝန်ကြီးချုပ်က ယနေ့ ဧပြီလ ၁၇ ရက်တွင် ပြောဆိုလိုက်သည်။ ယခုအခါ ငလျင်ဒဏ်ကြား ပိတ်မိနေသူများကို ဂျပန်အစိုးရက ရှာဖွေကယ်ဆယ်ရေး အပြင်းအထန် လုပ်ဆောင်နေသည်။ ဂျပန်သတင်းများအဆို ကြာသပတေးညနှင့် သောကြာ သန်းခေါင်ကျော် စနေနေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြီး ၂ ခုကြောင့် ယခုထိ လူ အနည်းဆုံး ၄၁ ဦး သေဆုံးပြီး ဆေးရုံများတွင် လူ ၂ ထောင်ကျော် ကုသခံနေရကြောင်း သိရသည်။ လူ ၄ သိန်းကျော် ရေပြတ်နေပြီး ငလျင်ဒဏ်ခံ ကူမာမိုတိုခရိုင်အတွင်း မိုးရွာပြီး မြေပြိုရေလျံမှုများ ဖြစ်ပွားလာသောကြောင့် လူ ၂ သိန်း ၄ သောင်းကျော်ကို ရွှေ့ပြောင်းခိုင်းခဲ့သည်။ ငလျင်စလှုပ်သော ကြာသပတေးမှ တနင်္ဂနွေထိ နောက်ဆက်တွဲ ငလျင်အသေးစား ၄၁၀ ကျော် ဆက်လှုပ်နေခဲ့ကြောင်းလည်း သိရသည်။ ငလျင်ကြီး ၂ ခု၏ ဗဟို စောက်နက်မှာ ၂၅ မိုင်မျှသာရှိ၍ ငလျင်လှိုင်းဒဏ်ကို ပိုခံခဲ့ရပြီး ပိုမိုပျက်ဆီးဆုံးရှုံးစေခဲ့ကြောင်း သိရသည်။ ( ကြာသပတေးက မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းတွင် လှုပ်ခဲ့သော မက်ဂနီကျု ၇ နီးပါးရှိ ငလျင်စောက်နက်မှာ ၈၁ မိုင်နီးပါးရှိခဲ့သည်။)

ဒါကတော့ ထိုင်းနိုင်ငံ ဖူးခတ်မှာ ကျင်းပတဲ့ သတ်သလွတ်ပွဲတော်ဖြစ်ပါတယ်။(The Phuket Vegetarian Festival) 

   
    
    
   
ဒါကတော့ ထိုင်းနိုင်ငံ ဖူးခတ်မှာ ကျင်းပတဲ့ သတ်သလွတ်ပွဲတော်ဖြစ်ပါတယ်။(The Phuket Vegetarian Festival) 

တရုတ်လူမျိုးများဟာ (၉)မျိုးသော ဧကရာဇ်ဘုရားသခင်ကို အောက်တိုဘာလထဲ၌( ၉)ရက်တိုင်တိုင် ကျင်းပတယ်လို့ဆိုပါတယ်။
Credit-ဘ၀ခါးခါး✏

လက်စတာအသင်း အောင်မြင်မှုရစေရန် ထိုင်းဘုန်းတော်ကြီးများ ပင့်ဖိတ်၍ တရားနာကြား ပရိတ်ရေဖျန်းကာ ယတြာအစီအရင်ဆောင်ရွက်ခဲ့သော မှတ်တမ်းဓာတ်ပုံများ

   
    
 
လက်စတာအသင်းဟာ ဒီနှစ်ဘောလုံးရာသီမစတင်ခင်က အသင်းအောင်မြင်မှုရဖို့အတွက် အသင်းပိုင် ကင်းပါဝါ ဘောလုံးကွင်းကြီးဆီကို ထိုင်းဘုန်းတော်ကြီးတွေ ပင့်ဖိတ်ပြီး ပရိတ်တရားနာကြားမှု၊ ပရိတ်ရေစင်ဖျန်းမှုတို့ကို ဆောင်ရွက်ခဲ့တယ်လို့ တရုတ်သတင်းဌာနတစ်ခုက ဖော်ပြလာခဲ့ပါတယ်။
ထူးခြားချက်တစ်ရပ်က လက်စတာအသင်း အောင်မြင်မှုရစေနိုင်ဖို့အတွက် ထိုင်းဘုန်းတော်ကြီးတွေ လာရောက်ဆုတောင်း ယတြာအစီအရင်ဆောင်ရွက်တဲ့နေရာမှာ မြန်မာနိုင်ငံက လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးလည်း ပါဝင်ခဲ့တဲ့အချက်ပါပဲ။ လက်စတာအသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့ရင် မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် အမှတ်တရဖြစ်စေနိုင်မယ့်ဓာတ်ပုံလေးကို ရှားရှားပါးပါး မိတ်ဆက်ဖော်ပြပေးလိုက်ပါတယ်။
(The Voice Weekly)

မြောက်ကိုရီးယား တာလတ်ပစ်ဒုံး စမ်းသပ်မှု မအောင်မမြင်ဖြစ်

မြောက်ကိုရီးယား ဒုံးပစ်လွှတ်မှု တောင် ကိုရီးယား စောင့်ကြည့်နေစဉ်။ (ဧပြီ ၁၅၊ ၂၀၁၆)

မြောက်ကိုရီးယားနိုင်ငံက ဒီကနေ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုတခု မအောင်မမြင်ဖြစ်ခဲ့တာကို စစ်ရေးအရ ဆုတ်ယုတ်မှုတခုလို့ မယူဆနိုင်တဲ့အကြောင်း သုံးသပ်သူတွေက ထောက်ပြ ပြောဆိုပါတယ်။ ဒါဟာဖြင့် အဆင့်မြင့် နျူကလီးယား လက်နက် အစီအစဉ် စမ်းသပ် လုပ်ဆောင်ရာမှာ နောက် တဆင့် တက်လှမ်းနိုင်ဖို့အတွက် ကြုံရတဲ့ သာမန်ဖြစ်စဉ် တစိတ်တပိုင်းသာ ဖြစ်တယ်လို့ သုံးသပ်သူတွေက ပြောနေတာပါ။

Continue reading မြောက်ကိုရီးယား တာလတ်ပစ်ဒုံး စမ်းသပ်မှု မအောင်မမြင်ဖြစ်

ဂျပန်ငလျင် ၂ ဦးသေ

ဂျပန်ငလျင်ဘေးဒဏ်သင့်ဂျပန်ပြည်သူများ (ဧပြီ ၁၄၊ ၂၀၁၆)

ကြာသပတေးနေ့ညနေက ဂျပန်နိုင်ငံတောင်ပိုင်းမှာ ပြင်းထန်တဲ့ ငလျှင်တစ်ခု လှုပ်ခတ်ခဲ့တဲ့ အတွက် အနည်းဆုံး လူ၂ဦးသေဆုံးပြီး၊ ၄၅ဦး ဒဏ်ရာရသွားပါတယ်။ သေဆုံး၊ ဒဏ်ရာရသူအားလုံးဟာ ငလျှင် ဗဟိုချက် အနီးမှာတည်ရှိပြီး၊ ထိခိုက်မှုအများဆုံးဖြစ်တဲ့ Mashiki မြို့က ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ ကျူရှူးကွန်းပေါ်က Kumamoto ခရိုင်မှာ ပြင်းအား ၆.၂ ရှိတဲ့ ငလျှင် စတင် လှုပ်ခတ်ပြီးတဲ့နောက် အများအပြား ထပ်လှုပ်ခဲ့တာဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒ လေ့လာရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ကနဦး လှုပ်တဲ့ ငလျှင်ကြောင့် အနည်းဆုံး အိမ် ၁၉လုံး ပြိုလဲခဲ့ပြီး၊ ကြောက်ရွံ့နေတဲ့လူတွေဟာ ပြိုကျနေတဲ့ အိမ်တွေထဲမှာ ပိတ်မိနေကြဆဲပဲလို့ ရဲတပ်ဖွဲ့တွေက ပြောပါတယ်။

ကနဦး လှုပ်ခတ်ခဲ့တဲ့ ငလျှင်ရဲ့ ဗဟိုချက်ဟာ ဂျပန်နိုင်ငံမှာ တစ်ခုတည်းသော လည်ပတ်နေတဲ့ နျူကလီးယား ဓါတ်ပေါင်းဖိုကနေ ကီလို မီတာ ၁၂၀ ကွာဝေးပြီး၊ အဲဒီ နျူကလီးယား စက်ရုံဟာ ပုံမှန် လည်ပတ်နေဆဲပဲလို့ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

VOA (မြန်မာပိုင်း)

PNG လေယာဉ်ပျက်ကျမှုမှာ ၁၂ ဦးသေ

             အခု ပျက်ကျသွားတဲ့ လေယာဉ်နဲ့ ဆင်တူတဲ့ လေယာဉ် အမျိုးအစား (Credit: ABC licensed)

ပါပူဝါ နယူးဂီနီနိုင်ငံ အလယ်ပိုင်းမှာ ဆင်းသက်ဖို့ ကြိုးစားတဲ့ လေယာဉ်ငယ် တစ်စီး မတော်တဆမှု ဖြစ်ရာကနေ လူ ၁၂ ဦး သေဆုံးခဲ့ရပါတယ်။

သြစတြေးလျ နိုင်ငံသား လေယာဉ်မှူး မောင်းနှင်တဲ့ လေယာဉ်ဟာ Kiunga လေဆိပ်နဲ့ မနီးမဝေးမှာ ပျက်ကျသွားတာ ဖြစ်ပါတယ်။

မနေ့တုန်းက ဖြစ်ခဲ့တဲ့ မတော်တဆမှုအတွင်း လေယာဉ်မှူးအပါအဝင် အားလုံး သေဆုံးရတာ ဖြစ်ပါတယ်။

လေယာဉ် စက်အင်္ဂျင်ချို့ယွင်းမှုကြောင့် ပျက်ကျရတာလို့လည်း ပြောဆိုနေကြပါတယ်။

သြစတြေးလျ နိုင်ငံခြားရေး ဌာနကလည်း လေယာဉ် မောင်းသမားဟာ သြစတြေးလျ နိုင်ငံသား ဖြစ်ပြီး သေဆုံးတဲ့အထဲမှာ ပါဝင်တယ်လို့ အတည်ပြု ပြောဆိုခဲ့ပါတယ်။

ခရီးသည်တွေကတော့ ပါပူဝါ နယူးဂီနီနိုင်ငံသားတွေပဲလား တခြားနိုင်ငံသားတွေ ပါသေးလား ဆိုတာ မသိရသေးပါဘူး။

ABC Radio Australia