Category Archives: ကျန်းမာရေး

အကောင်းမြင်တဲ့စိတ်လေးထားဖို့ခက်ခဲနေလား

လူတိုင်းဟာ အရာရာတိုင်းကိုတော့အကောင်းမြင်တက်စိတ်နဲ့ ကြည့် ဖို့ ခက်ခဲကြပါတယ်။ ကိုယ်ကိုယ်တိုင်လုပ်ဆောင်တဲ့ အရာမှာဖြစ်ဖြစ် အခြားသူရဲ့ လုပ်ဆောင်ချက်တစ်ခုခု ကိုပဲဖြစ်ဖြစ် အဆိုးမြင်ဝါဒများနေမယ်ဆိုရင်စိတ်ကျန်းမာရေးအတွက်ရော လူမှုဆက်ဆံရေးအတွက်ပါဆိုးဝါးစေပါတယ်။ ဒီလိုပြော လို့ မကောင်းတာမဟုတ်တာတွေကြီးထိုင်လုပ်ပြီးအကောင်းမြင်ခိုင်းတာမဟုတ်ပါဘူး။ ကိုယ်လုပ်တဲ့ အပြုအမူကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကို ဘယ်လိုအခြေအနေမျိုးရောက်ရောက် အကောင်းမြင်ဝါဒ လက်ကိုင်ထားပြီး ဖြေရှင်းရင် ပိုအဆင်ပြေနိုင်ပါတယ်။

ဘယ်လို လူမျိုးတွေက အကောင်းမြင်ဝါဒနည်းကျလဲ?
အထူးသဖြင့်ဘ၀မှာအောင်မြင်မှုနည်းတဲ့လူမျိုး ၊ တစ်နည်းအားဖြင့်လူ့ ပတ်ဝန်းကျင်မှာ သိပ်အရာမသွင်းခံရတဲ့လူမျိုးပါ ။ ကြိုးစားပေမဲ့ ကိုယ့်ကြိုးစားမှုကို အသိမှတ်ပြုဖြင်းမခံရတဲ့ အခါ ကိုယ်ကိုယ်တိုင်ဘာလုပ်လုပ်
ဖြစ်ပါ့မလားဆိုတဲ့ အတွေး ရှိနေတက်ပါတယ်။ ဒီတော့သူများအထင်ကြီး မကြီးဖို့ ထက် ကိုယ့်လုပ်ဆောင်ချက်တိုင်းကို ကိုယ်ယုံကြည်လာအောင် ကိုယ့်ကိုယ်ကို အကောင်းမြင်တက်လာအောင် ဘယ်လိုမျိုးလေးတွေနေထိုင်သင့်လည်းကြည့်ရအောင်…
(၁) ကိုယ်ပိုင်ဟန်တစ်ခုထားပါ
တစ်ခြားသူတွေနဲ့ မတူတဲ့ ကိုယ်ပိုင်ဟန်တစ်ခုနဲ့ နေ့ ရက်တိုင်းကိုစတင်ပါ။ သူများတွေနဲ့ တူအောင်လိုက်ညှိနေတာမျိုးမဟုတ်ပဲ နေ့ စဉ်လုပ်ငန်းဆောင်တာများကို ကိုယ်ပိုင်အတွေးခေါ်နဲ့ စတင်ပါ။
(၂) ယုံကြည်ပါ
အကောာင်းမြင်ဝါဒနည်းတဲ့ သူဆိုတာ အဓိကယုံကြည်မှုလျော့ နည်းလို့ ပါပဲ။ ဒီတော့ကိုယ်ဘာပဲ လုပ်လုပ် မလုပ်ခင်မှာသေချာစဉ်စားပြီး လုပ်ပြီးရင်လည်း ဖြစ်လာသမျှကိုယုံကြည်မှုရှိရှိနဲ့ အကောင်းမြင်တွေးခေါ်ပါ။
(၃) ယဉ်ကျေးမှုကိုမွေးမြူပါ
နေ့ စဉ်ယဉ်ကျေးတဲ့အပြုအမူယဉ်ကျေးတဲ့အသုံးနှုန်းများ ကိုအသုံးပြုတက်တဲ့အကျင့်မွေးမြူးပါ။
(၄) ကောင်းမွန်ခြင်းတွေနဲ့ စတင်ပါ
နေ့ တစ်ရက်ရဲ့ အစပိုင်းမှာ မျက်လုံးပွင့်တာနဲ့ မကောင်းတဲ့ဆူညံသံတွေသတင်းတွေအစား စိတ်ကိုကောင်းမွန်ကြည်လင်အေးချမ်းစေမဲ့တရားခွေဖွင့်တာမျိုး၊ စိတ်ဓာတ်ခွန်အားရှိတဲ့သီချင်းတွေနားထောင်တာမျိုး
တိရစ္ဆာန်တွေကို အစာကျွေးတာမျိုး ၊ လေ့ကျင့်ခန်းလုပ်တာမျိုး အစရှိတဲ့ အရာတွေနဲ့ စတင်ပါ။
(၅) ဘာသာတရားကိုင်းရှိုင်းပါ
ဘယ်ဘာသာပဲကိုးကွယ် ကိုးကွယ် ကိုယ့်ယုံကြည်ရာ ဘာသာတရားကို မမေ့မလျော့ ကိုင်းရှိုင်းပါ။ ဘာသာတရားရဲ့ အဆုံးအမတွေက မီးလိုပူလောင်နေတဲ့စိတ်ကိုတောင်အေးချမ်းစေပါတယ်။
(၆) နေ့ စဉ်အောင်နိုင်သူဖြစ်ပါစေ
လူအများက ကိုယ့်ကို မချီးကျူးလို့ ဆိုပြီးစိတ်ဓာတ်ကြနေစရာမလိုပါဘူး။ ကိုယ်တစ်နေ့ တာကုန်ဆုံးခဲ့သမျှတွေဟာအရင်နေ့ တွေကထက် တိုးတက်မှုရှိတယ်ဆို ရင်ကိုယ်ဟာ နေ့ စဉ်အောင်မြင်သူဖြစ်နေပါပြီ။
ကိုယ်လုပ်တဲ့အပြုမူတိုင်းကို သူများလက်ခံဖို့ အဆင့်မရောက်ခင် ကိုယ်ကိုယ်တိုင် ယုံကြည်လက်ခံနိုင်ဖို့လိုပါတယ် ၊ ကိုယ့်အပြုမူတိုင်းကို ယုံကြည်မှုရှိရှိ အကောင်းမြင်စိတ်နဲ့ ခံစားတက်ပါစေ။

 

Credit- Trend Myanmar

ညဘက်ကောင်းကောင်းအိပ်မပျော်ဘူးလား

                ညဘက်အိပ်စက်ခြင်းဟာလူသားတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့အနားယူမှုပါ။ ဒီလို အချိန်မှာကောင်းမွန်စွာ အိပ်စက်ဖို့ကအမှန်တကယ်လိုအပ်ပါတယ်။ တစ်ချို့ လူတွေကညဘက်ကောင်းကောင်းအိပ်မပျော်တာ၊ အိပ်နေရင်းလန့်လန့်နိုးတာ စသဖြင့် ကောင်းမွန်တဲ့အိပ်စက်ခြင်းကို မရရှိနိုင်တာမျိုးဖြစ်တက်ကြပါတယ်။ ဒါကြောင့်ကောင်းမွန်စွာအိပ်စက်နိုင်ဖို့ရှောင်ရန်ဆောင်ရန်အနည်းငယ်ကိုလေ့လာကြည့်ရအောင်…
ဘာလိုအကြောင်းတွေကြောင့်ညဘက် အိပ်မပျော်တက်တာလဲ? ကောင်းမွန်စွာအိပ်စက်နိုင်ဖို့ဘာတွေလုပ်ရမလဲ?
– ညဘက် အိပ်ရာဝင်ခံနီး အချိန်မှာ ရုပ်ရှင်တွေကြည့်တာမျိုး ရှောင်ပါ။
– အိပ်ခံနီး ၂နာရီ အလိုမှာရေကလွဲလို့တစ်ခြားပြည့်တင်းစေမဲ့အစားစာမျိုးတွေမစားပါနဲ့။
– အိပ်ခံနီး မှဖုန်းအကြာကြီးပြောမျိုး စကားတွေအကြာကြီးထိုင်ပြောကြတာမျိုးမလုပ်ပါနဲ့။
– ညနေဖက်ညဘက်လို အချိန်မှာ ကဖိန်းဓာတ်များတဲ့ လက်ဖက်ရည်၊ ကော်ဖီ၊ လက်ဖက်သုပ်စတဲ့အစားစားများကို မစားမသောက်မိပါစေနဲ။
– နေ့လည်နေ့ခင်း အကြာကြီးအိပ်တက်တဲ့အကျင့်ကိုပြင်ပါ။
– စိတ်ဖိစီးမှုမှန်သမျှကိုလျော့ချပြီး စိတ်ကိုအတွေးတွေနဲ့ထိန်းချုပ်မထားပဲ အေးချမ်းစွာအိပ်စက်ပါ။
– ကိုယ့်စိတ်ပျော်မွေ့ရာပုံစံအတိုင်းအိပ်ပါ။ ပြောချင်တာက ကိုယ့်စိတ်ကြိုက်အိပ်ခိုင်းတာပါ။ ဥပမာ-မီးလင်းရင်ကောင်းကောင်းအိပ်မပျော်တက်ဘူးဆိုရင်မီးပိတ်အိပ်ပါ၊ ဘောင်ဘီနဲ့မှအိပ်လို့ကောင်းတယ်ထင်ရင် ဘောင်းဘီဝတ်အိပ်ပါ၊ အိပ်တဲ့အချိန်လေးမှာ စိတ်အနှောက်ယှက်မရှိပဲ ကိုယ့်ကိုယ်ကို အလိုလိုက်နိုင်ပါစေ။
– ဘယ်လိုနေနေ အိပ်မပျော်ဘူးဖြစ်နေရင် အိပ်ယာပေါ်မှာ အိပ်ထမတင်ကဲ့သို့သောအိပ်ယာပေါ်မှာလုပ်လို့ရနိုင်တဲ့လေ့ကျင့်ခန်းမျိုးထလုပ်လိုက်ပါ၊သွေးပူပြီး မကြာခင်အိပ်ချင်လာမှာပါ။ ဒါမှမဟုတ်
ရှူရှိုက်လေ့ကျင့်ခန်းလုပ်ပြီး နံပါတ်စဉ်များကို အစဉ်လိုက်စိတ်ထဲကရေပြီးမျက်လုံးလေးမှိတ်ထားပါ ၊ အကြာခင် အလိုလိုအိပ်ပျော်လာပါလိမ့်မယ်။
အပေါ်ကနည်းလမ်းလေးအနည်းငယ်ကိုမှတ်သားပြီး အိပ်ရေးပျက်တဲ့ရန်ကိုတွန်းလှန်ပြီးနေ့ရက်တိုင်း ကို ကောင်းမွန်စွာအိပ်စက်နိုင်ပါစေ…

ရေနွေးပူသောက်ခြင်း၏ အကျိုးကျေးဇူး

          ရေဟာကျန်းမာရေးနဲ့အလွန်ညီညွတ်တဲ့အရာလို့ လူတိုင်းအသိအမှတိပြုပြီးသားပါ။ ရေကို ပွတ်ပွတ်ဆူအောင်တည်ပြီး ရေနွေးလုပ်သောက်ခြင်းဟာလည်း ဘာလိုကောင်းကျိုးတွေခံစားရစေနိုင်လည်းဆိုတာ လေ့လာကြည့်ရအောင်…
(၁) ၀ိတ်ကျစေတယ်
ရေနွေးပူဟာရေအေးထက် ပိုပြီး အဆီပိုများကိုချေဖျက်ပေးနိုင်တဲ့အပြင် ကိုယ်ခန္ဓာကို ပေါ့ပါးသွက်လက်စေပါတယ်။
(၂) လည်ချောင်းနဲ့ခံတွင်းရောဂါကို သန်စင်ပေးတယ်
ရေနွေးရဲ့ အပူရှိန်ကြောင့် လည်ချောင်းယာယံခြင်း ၊ ခံတွင်းနံ့ နံခြင်းတို့ကို ကင်းဝေးစေတဲ့အပြင် ပါးစပ်ထဲရှိ ပိုးမွှားများကိုတိုက်ထုတ်ပေးနိုင်တဲ့ ဆေးတစ်မျိုးလည်းဖြစ်စေပါတယ်။
(၃) အမျိုးသမီးများတွက်သင့်တော်
အမျိုးသမီးများဓမ္မတာလာချိန်မှာ ဖြစ်တဲ့ကိုက်ခဲခြင်း၊ ဗိုက်အောင့်ခြင်း ၊ ခါးကိုက်ခြင်းမျိုးကိုသက်သာစေပါတယ်။ ဒါပေမဲ့ ဓမ္မတာလာတဲ့အချိန်သောက်တဲ့ရေနွေးပူမှာ ခါးလွန်းသောလက်ဖက်ခြောက်ခက်ပြီးမသာက်သင့်ပါဘူး။
ပုံမှန်ရေနွေးကြမ်း (သို့) လက်ဖက်ခြောက်နည်းသောရေနွေးမျိုးကိုသာသောက်သုံးပေးပါ။
(၄) အဆိတ်တောက်ပြေစေတယ်
ရေနွေးသောက်ခြင်းကြောင့်ခန္ဓာကိုယ်ရဲ့အပူချိန်ဟာမြင့်တက်လာပြီး ကိုယ်ထဲရှိမလိုအပ်သော အဆိတ်အတောက်များကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင်ရေနွေးကြောင့်ချွေးထွက်မျုားပြီး ခန္ဓာကိုယ်ပေါ့ပါးလန်းဆန်းစေပါတယ်။
(၅) အိုမင်းရင့်ရော်မှုနှောင့်နှေးစေတယ်
ရေနွေးပူပူလေးသောက်ပေးရင် ကိုယ်ခန္ဓာကျန်းမာခြင်းတင်မကပဲ အိုမင်းရင့်ရော်မှုကိုပါလျော့နည်းစေပါတယ်။
(၆) အသားရေနှင့်ဦးရေပြားကျန်းမာစေတယ်
မျက်နှာပေါ်မှာထွက်တက်တဲ့တင်းတိတ်၊ ၀က်ခြံများကို ရန်မှကာကွယ်ပေးတဲ့အပြင် ဆံပင်ရှည်မြန်စေပြီး ဘောက် ၊ ဒက်ပေါက်ခြင်းကို ကင်းဝေးစေပါတယ်။
(၇) အစာခြေမှုအားကောင်းခြင်း
အစားစားပြီးပြီးခြင်း ရိုးရိုးရေအေးသောက်ခြင်းနဲ့ ရေနွေးသောက်ခြင်းဟာကွဲပြားပါတယ်။ ရေနွေးဟာ အစာခြေမှုအားကိုပိုကောင်းစေပြီး အစာကြေလွယ်စေသောကြောင့်အစာစားပြီးချိန်မှာရေအေးသောက်ခြင်းထက်ပို အကျိုးရှိပါတယ်။

အခုလိုအေးချမ်းတဲ့ဆောင်းတွင်းမှာရေနွေးပူပူလေးသောက်ပြီး အကျိုးကျေးဇူးကောင်းတွေရရှိခံစားနိုင်ကြပါစေ….

Credit- TrendMyanmar

ကင်ဆာဖြစ်စေတဲ့ အစားအစာတွေ

Image result for cancer

အကင်တွေ ကြပ်ခိုးရိုက်ထားတဲ့အကြော်တွေက ကင်ဆာဖြစ်စေတယ်ဆိုတာ ကြားဖူးနားဝရှိကြမှာပါ။ တကယ်တမ်းတော့ ကင်ဆာဖြစ်စေတဲ့အစားအစာတွေဆိုတာက များပြားကျယ်ပြန့်သလို ကိုယ်ဘယ်လိုမှထင်မထားတဲ့အရာတွေကလည်း ကင်ဆာအားပေးအစားအစာတွေဖြစ်ရင်ဖြစ်နေတတ်တာပါ။ အများဆုံးစားသုံးနေဖြစ်တဲ့ထဲက ကင်ဆာရောဂါကို လက်ကမ်းကြိုနေတဲ့ အစားအစး
တွေကိုဖော်ပြရရင်တော့……

ပြည့်ဝဆီတွေ

နံပါတ်မှာတစ်ကတော့ ပြည့်ဝဆီတွေ ပြန်သုံးဆီတွေပါပဲ။ အကောင်ပလောင်တွေကနေထုတ်ထားတဲ့အဆီတွေနဲ့ တစ်ခါသုံးပြီးထပ်သုံးခြင်းခံရတဲ့ဆီတွေက အလွယ်တကူကင်ဆာဖြစ်စေပါတယ်။
ဆီဆိုတာကတော့ နေ့စဉ်ဘဝမှာ မသုံးမဖြစ်သုံးနေရတဲ့အရေးတကြီးလိုအပ်ချက်ပါ။ ငါးကြော်ပြီးတဲ့ဆီတွေကို ဟယ်နှမျောစရာကြီးဆိုပြီး အခြားဟင်းတစ်ခွက်အတွက်သုံးဖြစ်လိုက်တဲ့အချိန်တွေလည်းရှိမှာပါ။ငါးကြင်းဆ်ီနဲ့ငါးကြင်းကြော်တယ်ဆိုသလိုပေါ့။ တစ်ခါတစ်လေပြန်သုံးမိတာကနေစလို့ ခဏခဏပြန်သုံးဖြစ်တဲ့အကြိမ်အရေအတွက်များလေလေ ကင်ဆာဖြစ်ဖို့သေချာလေလေပါပဲ။

 

အသင့်စားအစားအစာတွေ

အသင့်စားအစားအစာတွေထဲမှာ ခေါက်ဆွဲပြုတ်ကနေစလို့ ကိုရီးယားကင်တွေ ပြုလုပ်ပြီးပလတ်စတစ်တဲ့ပိတ်ထားတဲ့ ဘာဂါတွေ ဟော့ဒေါ့တွေပါပါတယ်။ များသောအားဖြင့်တော့ အဲဒါတွေကိုလူငယ်တွေစားတာများတယ်လို့ဆိုရမှာ ဖြစ်ပေမယ့် ကင်ဆာက လူကြီးလူငယ်မရွေးဒုက္ခပေးမှာပါ။

 

သေချာကျက်အောင်မပြုလုပ်ထားတဲ့ အသားငါးတွေ

ရေဘဝဲသုပ်ကလေး အချဉ်လေးနဲ့ကျက်အောင်လုပ်ပြီးစားလိုက်တယ်တို့ ဂုံးကင်တွေ မကျက်တကျက်တထုတ်ထုတ်နဲ့ ဝါးလို့ကောင်းလိုက်တာတို့ သင်ပြောနေချိန်မှာ ကင်ဆာကလည်း သင့်ကိုယ်ထဲကနေ အစွယ်တမြားမြားနဲ့ငါလည်းကြီးထွားအာဟာရဖြစ်ရတာကောင်းလိုက်တာလို့လိုက်ပြောနေမှာပါ။

သဘာဝမဟုတ်တဲ့ အချိုရည်တွေ

များသောအားဖြင့်တော့ ဘူးနဲ့လာတဲ့အချိုရည်တွေလို့ပြောရပါမယ်။ ဘယ်လောက်ပဲ လိမ္မော်ရည်လို့ပြောပြော ဘူးပေါင်းတစ်သန်းလောက်အတွက် တကယ့်လိမ္မော်သီးတွေကို ဘယ်သူညှစ်နိုင်မလဲ။

 

မုန့်အချိုတွေ

ရှင်းပါတယ်။ အဓိကက သကြားပါပဲ။ သကြားစားခြင်းဟာ ကင်ဆာတင်မက ဆီးချိုသွေးချိုကဲ့သို့သောအခြားရောဂါပေါင်းမြောက်များစွာကို လက်ယပ်ခေါ်နေပါတယ်။ အဲ့လိုဆိုပြီး ဘလက်ကော်ဖီတွေပဲနေ့တိုင်းသောက်နေရင်လည်း နှလုံးရောဂါနဲ့ မရဏလမ်းကိုကြွမြန်းပါလိမ့်မယ်။

 

စည်သွပ်ဗူးတွေ

ငါးသေတ္တာတို့ ကြက်သားဟင်းစည်သွပ်ဗူးတို့ဟာ ဘယ်လောက်ပဲအချိန်ကုန်သက်သာပြီးကျန်းမာရေးနဲ့ညီညွတ်၊စားလို့လည်းကောင်းလို့ ကြော်ငြာတာတွေကို ယုံပြီး အဲ့ဒါတွေသာအမြဲစားနေမယ်ဆိုရင်ဖြင့် သင်ဘဝဆုံးဖို့ကိန်းရှိပါတယ်။

 

အယ်လ်ကိုဟောပါတဲ့အရည်တွေ

ဒန်တန်ဒန်…….. ရစ်ထုပ်တွေ အသက်ဘေးနဲ့ဝေးချင်ရင် အချိန်မီ အရက်ဖြတ်ကြပါ။ အယ်လ်ကိုဟောဟာ ကင်ဆာရောဂါပေါင်းများစွာနဲ့ဆက်သွယ်နေပါတ်ယ်တဲ့။ အရက် ဘီယာ ဘာညာသာရကာ အကုန် အယ်လ်ကိုဟောပါတာပဲနော်။ အရက်ဖြတ်လိုက်ပြီ ဘီယာပဲသောက်တော့မယ်တွေဘာတွေ လက်တလုံးခြားမလုပ်နဲ့။

မှန်ကန်တဲ့ကျန်းမာရေးဂရုစိုက်မှု ဖြစ်အောင် သတိထားလုပ်ဆောင်သင့်တဲ့အချက် ၆ချက်

Related image

ဒီအလေ့အကျင့်လေးတွေကို သေချာမှတ်ထားပြီးသတိထားလုပ်ဆောင်သင့်ပါတယ်။

၁။ကောင်းမွန်တဲ့အိပ်စက်အနားယူမှုဖြစ်အောင် မအိပ်ခင်ကော်ဖီသောက်ပါ။ ဂျပန်တွေရဲ့ လေ့လာတွေ့ရှိချက်အရ ကောင်းမွန်တဲ့အိပ်စက်အနားယူမှုဖြစ်အောင် အိပ်ခါနီး ကော်ဖီတစ်ခွက်သောက်ပါတဲ့။ကော်ဖီမှာ ကဖင်းဓာတ်တွေအများကြီးပါဝင်ပါတယ်။ကော်ဖီသောက်ပြီး မိနစ်၂၀လောက်တရေးတမောအိပ်တာက ဦးနှောက်ဖိစီးမှုတွေလျှော့ချပေးပြီး အိပ်ရာကနိုးတဲ့အခါ လူကိုထုံထိုင်းလေးလံမနေစေပဲ လန်းဆန်းစေပါတယ်။

၂။အစားစားပြီး ချက်ချင်းသွားမတိုက်ပါနဲ့။ ထမင်းစားပြီးချက်ချင်းသွားတိုက်တတ်တဲ့အကျင့်ရှိရင် အခုကစပြီးရှောင်သင့်ပါတယ်။အထူးသဖြင့် အသီး၊အအေး၊ခရမ်းချဉ်သီးစတဲ့အက်ဆစ်ဓာတ်ပါဝင်တဲ့အစားအသောက်တွေစားပြီးတဲ့အခါ ချက်ချင်းသွားမတိုက်ပါနဲ့။တိုက်မိတဲ့အခါမှာ သွားထဲမှာရှိတဲ့ဓာတ်တစ်ချို့ကိုအလွယ်တကူထိခိုက်စေလို့ သွားတွေနာကျင်တာမျိုးဖြစ်စေပါတယ်။အစာစားပြီး နာရီဝက်၊တစ်နာရီကြာမှသွားတိုက်ပေးပါ။

၃။ပင်ပန်းနေတဲ့အချိန် အားဖြည့်အချိုရည်တွေမသောက်ပါနဲ့။ အားဖြည့်အချိုရည်တွေမှာကော်ဖီထက်တောင် ကဖင်းဓာတ်များစွာပါဝင်ပါတယ်။သကြားဓာတ်တွေလည်းအများကြီးပါဝင်လို့ ကိုလက်စထရောကိုအမြန်ဆုံးမြင့်တက်စေပါတယ်။ပင်ပန်းနေတဲ့အချိန် အားဖြည့်အချိုရည်မသောက်ဖို့ကို ကျန်းမာရေးတာဝန်ရှိသူတွေကသတိပေးထားပါတယ်။

၎။တစ်နေ့ကိုရေရှစ်ခွက်သောက်ပါတဲ့။ ရေများများသောက်လေကျန်းမာလေပါပဲ။ထမင်းမစားခင်ရေများများသောက်ပေးမယ်ဆိုရင် ထမင်းကိုလည်းအများကြီးမစားမိစေသလို ၀ိတ်တက်မှာကိုလည်းစိုးရိမ်စရာမလိုတော့ပါဘူး။

၅။ကိုယ်အလေးချိန်လျှော့ချနေတယ်ဆိုရင် ဆိုဒါပါဝင်တဲ့အချိုရည်တွေမသောက်ပါနဲ့။ ဆိုဒါပါဝင်တဲ့အချိုရည်တွေမှာကိုယ်အလေးချိန်မြင့်တက်စေတဲ့ဂတ်စ်တွေပါဝင်ပါတယ်။အချိုရည်ကြိုက်နှစ်သက်တဲ့သူတွေကလည်း လျှော့သောက်ပေးဖို့လိုပါတယ်။

၆။ဦးနှောက်စွမ်းရည်တိုးတက်စေဖို့ စာရေးပါ။ ဒီခေတ်ထဲမှာတော့ အလွယ်တကူဖုန်းနဲ့ပဲမှတ်ထားကြပါတယ်။ဒါပေမဲ့ စာရွက်အသေးလေးတွေပေါ်မှာစာရေးပြီးမှတ်ထားတာက ဦးနှောက်ကိုအလုပ်ပေးသလိုဖြစ်ပြီးမှတ်မိလွယ်တယ်လို့ဆရာဝန်တွေကပြောကြပါတယ်။

Gluta ဂလူတာဆေး ခဏခဏမေး

Image result for Gluta

၁။ ဆရာ အသားဖြူ ချင်လို့ ဒါတွေ သောက်လို့ရမလား။

မေးတဲ့သူ ကျား-မ မသိ။ အသက် မသိ။ အခြေခံအချက်အလက်တွေ မသိ။

၂။ Dr. ဒီအသားဖြူဆေးကသောက်လို့ရမလားမသိဝူး side effect တွေရှိလောက်လား။

မေးတဲ့သူ ကျား-မ မသိ။ အသက် မသိ။ အခြေခံအချက်အလက်တွေ မသိ။

၃။ ဆရာရှင့် Vistra ဆိုတဲ့အသားဖြူဆေးတွေက သောက်သုံးဖို့သင့်ပါသလားရှင့်။ သူ့ဆိုးကျိုးတွေလည်းသိချင်ပါတယ်ရှင့်။ သူငယ်ချင်းတွေကအရမ်းယုံကြည်ပြီး သောက်သုံးနေကြလို့ပါ။ ကလေးရဖို့ အနှောက်အယှက်ဖြစ်စေနိုင်သလားလဲ သိချင်ပါတယ်ရှင့်။ တကယ်ရောအသားဖြူလာစေပါသလား။ သမီးဓာတ်ပုံနဲ့တွဲပြီးတင်ပေးလိုက်ပါတယ်နော်။ ဆရာအားတဲ့အခါ သမီးကိုပြန်ဖြေထားပေးပါနော်။

မေးတဲ့သူ အသက် မသိ။ အခြေခံအချက်အလက်တွေ မသိ။

၎။ ကျွန်တော့် သူငယ်ချင်းတယောက်ပါ။ အသက်က ၁၈ Female ပါ။ သူက L-Glutathione ဆေးကို အသားဖြုချင်လို့ သောက်ချင်ပါတယ်တဲ့။ ဒါကြောင့် Glutathione နဲ့ပတ်သက်ပြီးတော့ သောက်သင့်မသောက်ရယ် ကောင်းကျိုး ဆိုးကျိုးလေးတွေရယ် ဖြေကြားပေးပါခင်ဗျ။ နောက်ပြီး L-Glutathione က male မှာရော သောက်လို့ ရမရပါ သိချင်ပါတယ်။ အသားအရေအတွက်ကောင်းတယ်ဆိုတာရော ဟုတ်ပါသလားခင်ဗျ။

၅။ GLUTA ပါတဲ့ အသားဖြူဆေးတွေကရော ဘာ side effect တွေ ရှိနိုင်မလဲဆရာ။

မေးတဲ့သူ ကျား-မ မသိ။ အသက် မသိ။ အခြေခံအချက်အလက်တွေ မသိ။

၆။ ယခုမြန်မာပြည်မှာ ခေတ်စားနေတာ အသားဖြူဆေးတဲ့။ အကြောထဲထိုးပေးပါတယ်။ ဘယ်လိုဆေးမျိုးလည်း၊ အန္တရာယ် ရှိနိုင်လား၊ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပါလဲ။ ဘယ်လိုရောဂါမျိုးရှိနေသူတွေ မထိုးသင့်ဘူးလဲဆရာ။

မေးတဲ့သူ ကျား-မ မသိ။ အသက် မသိ။ အခြေခံအချက်အလက်တွေ မသိ။

ကြော်ငြာဆေး မကြာမကြာမေးကြတယ်။ ဆေးရောင်းတာက အလွန်ကြီးမားလှတဲ့စီးပွါးရေးဖြစ်တယ်။ ဆရာဝန်အနေနဲ့ အဖြေရခက်တယ်။ သူများစီးပွါးရေးကိုလည်း မထိခိုက်စေချင်ပါ။ အသားဖြူဆေး၊ ပိန်ဆေး၊ အရပ်ရှည်ဆေးမှန်သမျှ ကြော်ငြာဆေးတွေသာဖြစ်ပါတယ်။

ဆေးဝါးဗေဒအရပြောရရင် Glutathione ဆေးဟာ အင်တီအောက်ဆီဒင့်ဖြစ်တယ်။ (ဆဲလ်) တွေမပျက်စီးအောင် လုပ်ပေးတယ်။ ကြော်ငြာတွေထဲမှာ Cancer, HIV/AIDS တွေအပြင် အနာရင်းတာ၊ အနာဒဏ်ရာ၊ မီးလောင်နာ စတာတွေကိုပေးတယ်။ ရေတိမ်၊ အတွင်းတိမ်၊ နုပျိုဆေး၊ ပန်းနာ၊ နှလုံးရောဂါ၊ ကိုလက်စထောများတာ၊ အသည်းရောဂါ၊ အားနည်းတာ၊ အရိုးနာတွေမှာလည်း သုံးကြတယ်။ တခြားအတွက်တွေလည်း ကြော်ငြာတာတွေ ရှိသေးတယ်။ ဘေးထွက်ဆိုးကျိုး စိတ်ချရတယ်လို့ဆိုတယ်။ ကိုယ်ဝန်နဲ့နို့တိုက်ချိန်ကိုတော့ မသင့်ပါ။

နောက်တခုဖြစ်တဲ့ Skin Whitening Injection အသားဖြူဆေး ကြော်ငြာ ဝဘ်ဆိုက်မှာပါတာကိုသာ အရင်ရေးပါမယ်။ အကျိုးကျေးဇူးများ = သွေးပြန်ကြောထဲသွင်းပေးလျှင် အသားဖြူလာမယ်။ Vitamin C နဲ့ Glutathione ရောထားတယ်။ နောက်ထပ်လဲ အင်နာဂျီရမယ်။ ခုခံအားပိုကောင်းမယ်။ (ဒီအချက်က ဗီတာမင်စီ ကြောင့်ပြောတာပါ။) အသားအရေ ဖြူလာစေတာသာမက အမာရွတ်ထင်လို့ အရောင်ရင့်နေတာလဲစက်သာစေမယ်။ ဆေးသွင်းရတာ ၁ နာရီခွဲကနေ ၄ နာရီအထိကြာနိုင်လို့ ဆေးထိုးနေရင်း အိပ်တဲ့လူနာတွေရှိတယ်။

ဘေးထွက်ဆိုးကျိုးတွေ = ဆေးထိုးတာနာမယ်။ သွေးယိုတာရှိမယ်။ သွေးခြည်ဥမယ်။ ပိုးဝင်နိုင်တယ်။ အမာရွတ်ထင်မယ်။ ဆေးထိုးပြီးရင် နေရောင်နဲ့ မထိအောင် ရှောင်သင့်တယ်။ ကျောက်ကပ်မကောင်းသူနဲ့ အသည်းမကောင်းသူတွေ မထိုးသင့်ပါ။

Glutathione ဂလူတာသိုင်အုန်းဆိုတာ လူတွေစားသုံးနေတဲ့ အသား၊ အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာပါတယ်။ gluta C, gluta white, glutathione, gluta 100000, glutamate, gluta power, gluta tren, gluta pearl, gluta injection ကြော်ငြာဆေးဖြစ်တယ်။ သောက်ဆေးလည်းရှိတယ်။ မျက်စိအတွင်းတိမ်၊ ရေတိမ်ကိုလဲပေးတယ်။ ဇရာကို သက်သာစေတယ်လို့လဲ ယူဆကြတယ်။ အရက်နာကိုလဲပေးတယ်။ ကင်ဆာ၊ နှလုံးရောဂါ၊ အသည်းရောင်၊ မှတ်ဉာဏ်နည်းတာ၊ အဇာမိုင်းယားရောဂါ၊ အဆစ်အအရိုးနာ၊ ပါကင်ဆန်ရောဂါ။ အဲတာတွေအကုန် ကြော်ငြာထဲမှာတော့ ပျောက်ပါသတဲ့။

ကြော်ငြာဆေးတွေသာဖြစ်လို့ ဆရာဝန်တွေကမသုံးပါ။ အကျိုးဘယ်လောက်များလို့ ဘယ်လောက်ထိရောက်သလဲ စနစ်ကျတဲ့လေ့လာမှုတွေ မစုံလင်သေးပါ။ ဘေးထွက်ဆိုးကျိုး သုတေသနမရှိပါ။ လူကြီးမင်းတို့သဘောပါ။

 

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၇

Gym ခန်းမ မှာ ရှောင်သင့်တဲ့ အပြုအမူများ

၁။ ပစ္စည်းကိရိယာများကိုစောင့်ဆိုင်းခြင်း

အားကစားခန်းမမှာဆို ညနေပိုင်းလိုအချိန်တွေက လူတွေများတတ်တာကြောင့် မနက်စောစော ၇နာရီဝန်းကျင်လောက်လာသင့်ပါတယ်။ ဘယ်လောက်ပဲအားကစားရုံမှာ လူတွေများပါစေ အလေးမဖို့ပစ္စည်းတွေကိုစောင့်ဆိုင်းနေစဉ်မှာ သင်ပုံမှန်လုပ်နေတဲ့အရာတွေကိုမနားသင့်ပါဘူး။ဥပမာ ဒိုက်ထိုးနေခဲ့ရင်လည်း ဒိုက်ဆက်ထိုးနေပြီး ပစ္စည်းအားမှတခြားအရာတွေလုပ်ဆောင်သင့်ပါတယ်။ဒီအတိုင်းတော့မနေသင့်ပါဘူး။

၂။ သွေးပူလေကျင့်ခန်းမလုပ်ခြင်း

အလေးမတော့မယ်ဆိုရင် ဘာအကြောင်းပဲဖြစ်ဖြစ် သွေးပူလေ့ကျင့်ခန်းကတော့ မဖြစ်မနေလုပ်ဆောင်ရမယ့် အချက်ဖြစ်ပါတယ်။တချို့ကစားတဲ့သူတွေပာာ သွေးပူလေ့ကျင့်ခန်းမလုပ်ပဲ အလေးတွေတန်းမကြတာရှိပါတယ်။ ဒါပာာမှားယွင်းတဲ့အယူအဆတစ်ခုဖြစ်ပါတယ်။ သွေးပူလေ့ကျင့်ခန်းလုပ်ဆောင်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းက အဆုတ် အသက်ရှူမှုအားကောင်းလာတဲ့အပြင် ကြွက်သားတွေကို လှုပ်ရှားမှုအရင်ပေးလိုက်တာကြောင့် အလေးမတဲ့အခါ လိုတာထက်ပိုပြီး မမောပန်းတော့ပါဘူး။ ဒါကြောင့်သွေးပူလေ့ကျင့်ခန်းကိုအရင်လုပ်ပေးသင့်ပါတယ်။

 

၃။နေ့စဉ်လုပ်ဆောင်နေတဲ့ ကစားနည်းတွေကို သတ်မှတ်ထားခြင်းမရှိတာ

ဘာအစီစဉ်မှမဆွဲထားပဲ အားကစားရုံဆီ သွားရောက်ကစားခြင်းပာာ ဈေးဝယ်စာရင်းမရှိပဲ ကုန်စုံစတိုးဆိုင်ထဲကိုသက်သက်ကြီးဝင်သွားတာနဲ့တူပါတယ်။ ဘာအစီစဉ်မှ မရှိပဲအားကစားသွားလုပ်တာက သင့်ကိုပိုပင်ပန်းစေတဲ့အပြင် ထိရောက်တော့မှာလည်းမဟုတ်တော့ပါဘူး။ ဒါကြောင့်သင်ပြုလုပ်မယ့် လေ့ကျင့်ခန်းအသေးစိတ်ကို အစီစဉ်ဆွဲပြီး စနစ်တကျလုပ်ဆောင်သင့်ပါတယ်။ သင်လုပ်ဆောင်ရမဲ့အရာတွေကို မမှတ်မိရင်တောင် ဖုန်းထဲက မှတ်စုတစ်ခုခုမှာချရေးသင့်ပါတယ်။ အဖော်တစ်ဦးနဲ့ အားကစားလုပ်ဆောင်ခဲ့ရင်လည်း တစ်ဦးနဲ့တစ်ဦးမလိုအပ်တဲ့စကားတွေမပြောပဲ ကိုယ်အစီအစဉ်ဆွဲထားတဲ့အရာတွေကိုပဲ တိုင်ပင်လုပ်ဆောင်ပါ။

 

၎။ အလေးမ,မခင်နှလုံးခုန်လေ့ကျင့်ခန်းကိုပြင်းထန်စွာလုပ်ဆောင်ခြင်း

လူတစ်ယောက်ပာာ နှလုံးခုန်ပိုမြန်စေတဲ့လေ့ကျင့်ခန်းတွေကို အလွန်အကျွံလုပ်ဆောင်မိတဲ့အခါနှလုံးကိုထိခိုက်စေနိုင်ပါတယ်။ မိနစ်သုံးဆယ်လောက်မရပ်မနားပဲ ပြေးခြင်းပာာ နှလုံးခုန်နှုန်းကိုပိုမိုမြန်လာစေပြီးသွေးပူစေပါတယ်။ ဒါကြောင့် သင်အလေးအရင်မပြီးမှသာ နှလုံးခုန်မြန်နှုန်းကိုမြင့်တက်စေတဲ့တခြားလေ့ကျင့်ခန်းတွေလုပ်ဆောင်သင့်ပါတယ်။

 

၅။ လေ့ကျင့်ခန်းလုပ်တဲ့ စက်တစ်ခုထဲမှာသာလုပ်ဆောင်ခြင်း

တချို့လူတွေပာာ ကိုယ်ကြီးထွားစေချင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကိုသာ အသားပေးလုပ်ဆောင်ကြပါတယ်။ အဲဒီနည်းလမ်းပာာ အင်မတန်မှ မှားယွင်းနေပါတယ်။ ခန္ဓာကိုယ်တစ်ခုပာာ သူ့အချိုးအစားနဲ့သူ ရှိသင့်တာကြောင့် သင့်တင့်မျှတအောင် လုပ်ဆောင်သင့်ပါတယ်။

 

၆။ သင်နားမဲ့အချိန်ကိုမသတ်မှတ်ထားခြင်း

ဒီလုပ်ဆောင်ချက်ပာာလည်းအရေးကြီးဆုံးပါပဲ။ လူအများစုပာာ ကိုယ်လုပ်ဆောင်တဲ့လေ့ကျင့်ခန်းတွေကို အချိန်သတ်မှတ်ထားခြင်းမရှိပဲ လုပ်ဆောင်နေကြတာကိုတွေရပါတယ်။ ဒီလို သတ်မှတ်ထားခြင်းမရှိတာကြောင့် ခန္ဓာကိုယ်ဟာနားချိန်မရှိပဲ အပြင်းအထန်လုပ်ဆောင်နေရတာကြောင့် နောက်နေ့တွေမှာ ကြွက်သားတွေ ယောင်ပြီး မထချင်လောက်အောင်သင်ပင်ပန်းသွားပါလိမ့်မယ်။ဒါကြောင့် ကိုယ်လုပ်မယ့်လေ့ကျင့်ခန်းကိုအချိန်သတ်မှတ်ပေးထားတာအကောင်းဆုံးပါပဲ။

 

၇။ သင်လေ့ကျင့်ခန်းလုပ်ဆောင်မှုပြီးမယ့် အချိန် ဗိုက်ကြွက်သားလုပ်ဆောင်မှုကိုရပ်ခြင်း

လေကျင့်ခန်းလုပ်ဆောင်မှုပြီးခါနီးအချိန်ထိဗိုက်ကြွက်သားလေ့ကျင့်ခန်းကိုလည်း လုပ်ဆောင်သင့်ပါတယ်။ တချို့တွေက ပြီးခါနီးလေ ဘာမှကိုဆက်မလုပ်ချင်လေပါပဲ။ဖြစ်သင့်တာတစ်ခုကတော့ လေ့ကျင့်ခန်းပြီးခါနီးချိန်မှာ ဒိုက်ထိုးခြင်း အိပ်ထမတင်လုပ်ခြင်းစတဲ့လေ့ကျင့်ခန်းတွေကိုလုပ်ဆောင်သင့်ပါတယ်။

 

၈။ ကိုယ်ပိုင်ရေဗူးမယူဆောင်လာခြင်း

အားကစားလုပ်နေတဲ့ အချိန်မှာရေကအရေးကြီးဆုံးပါပဲ။ အပြင်းအထန်အားကစားလုပ်ဆောင်ခြင်းကြောင့်ခန္ဓာကိုယ်က ရေဓာတ်တွေဆုံးရှုံးလာပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ရေဘူးယူဆောင်လာခြင်းဖြင့် ကုန်သွားတဲ့ရေဓာတ်တွေကိုပြန်လည်ဖြည့်တင်းပေးပြီး အားကစားနည်းများစွာကိုပိုမိုလုပ်ဆောင်နိုင်မှာပါ။

 

၉။ လေ့ကျင့်ခန်းတစ်ခုခြင်းစီ ခွဲခြားလုပ်ဆောင်ခြင်း

လေကျင့်ခန်းတစ်ခုပြီးတစ်ခုမရပ်မနားလုပ်ဆောင်ခြင်းပာာ သင်လည်းပိုပင်ပန်းသလို ဘာမှထူးခြားလာမှာမဟုတ်ပါဘူး။ဒါကြောင့်ခန္ဓာကိုယ်လည်းတက်အောင် ပင်ပန်းသက်သာအောင် ၅မိနစ်တစ်ခါနားပြီး လုပ်ဆောင်သင့်ပါတယ်။

 

၁၀။ လေးလံတဲ့ အားကစား ပြုလုပ်တဲ့အခါ အလေးချိန်တူညီတဲ့ ပစ္စည်းကိုသာ မ သင့်

တချို့သောသူများပာာ ကိုယ့်လေးချိန်နဲ့မလိုက်ပဲ မတန်တဆ အလေးတုံးတွေကိုမတတ်ကြပါတယ်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်လည်း ဘာအကျိုးမှာရရှိမှာမဟုတ်သလို အားအင်ကိုပိုသုံးရတဲ့အတွက်ပင်ပန်းမောပန်းပြီး ကြိုးစားသမျှအဖတ်မတင်ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့ကိုက်ညီမဲ့အလေးတွေကိုသာ ရွေးချယ် မ သင့် ပါတယ်။