Category Archives: ချက်မယ်စားမယ်

ဟင်းသီးဟင်းရွက်ဆားရည်စိမ် (သို့) ချဉ်ဖတ် စားပေးသင့်တဲ့ အကြောင်းအရင်း (၅) ချက်

pickles-630x350.jpg

အာဟာရတန်ဖိုး တိုင်းတာချက်အရ ဟင်းသီးဟင်းရွက်ဆားရည်စိမ် (သို့) ချဉ်ဖတ်တွေမှာ ရေဓာတ်၊ ပရိုတိန်းဓာတ်၊ အမျှင်ဓာတ်များစွာနဲ့ အဆီဓာတ် အနည်းငယ်သာ ပါဝင်ကြောင်း သိရပါတယ်။ သူတို့တွေမှာ vitamin C၊ B6၊ B12၊  riboflavin၊ niacin နဲ့ thiamine တို့ ပါဝင်ပါတယ်။ အာဟာရအာနိသင်တွေက ကျန်းမာရေးကို အရမ်းအထောက်အကူ ဖြစ်စေပါတယ်။

၁။ အစွမ်းထက် အင်တီအောက်စီဒင်း

အချဉ်ဖတ်တွေက ခန္ဓာကိုယ်ကို ခြေခြေမြစ်မြစ် ကာကွယ်ပေးပြီး ခန္ဓာကိုယ်ကျန်းမာရေး ထိခိုက်စေတဲ့ အရာတွေကနေပါ ကာကွယ်ပေးနိုင်ပါတယ်။

၂။ အကျိုးပြုဘက်ဘီးရီးယားများ ကြီးထွားစေခြင်း

ယုံချင်ယုံ မယုံချင်နေ။ ချဉ်ဖတ်က အူတွင်းအကျိုးပြု ဘက်တီးရီးယားတွေ ဟန်ချက်ညီအောင် ထိန်းသိမ်းပြီး အူရဲ့လုပ်ငန်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေပါတယ်။

၃။ အသည်း ကာကွယ်ပေးခြင်း

ချဉ်ဖတ်တွေမှာ အင်တီအောက်စီဒင်း ကောင်းစွာပါဝင်ပြီး ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို လျင်မြန်စွာ ရှင်းထုတ်ပေးသလို အသည်းကိုလည်း စောင့်ရှောက်ပေးပါတယ်။

၎။ အစာအိမ် ပြည်တည်နာဖြစ်ပွားမှု ကာကွယ်ပေးခြင်း

အစာခြေဖျက်ပေးတဲ့ အက်စစ်ကြောင့် ဖြစ်တဲ့ အစာအိမ်ပြည်တည်နာ ဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

၅။ ဆီးချိုရောဂါကာကွယ်ခြင်း

ချဉ်ဖတ်တွေဟာ သွေးထဲရှိ hemoglobin ပမာဏ တည်ငြိမ်စေပြီး ဆီးချိုရောဂါကို ထိန်းသိမ်းပေးပါတယ်။

Ref: FLA

စေတနာပါလျှင် ကမ္ဘာကျော်မည့် မြန်မာ အစားစာများ

13418950_1110788182297766_1924821206200611322_n.jpg
အီကြာကွေးကတော့ မြန်မာအစားစာလို့ ပြောဖို့ နည်းနည်းခက်ပါတယ်။ သူက တရုတ်ပြည်ကနေ ဝင်လာတဲ့ အစားစာလို့လည်း မှတ်ယူကြ ပါတယ်။ ဒီတော့ Myanmar Streed Food လို့ခေါ်တဲ့ မြန်မာ လမ်းဘေးအစားစာများလို့ ပြောလိုရင် အားလုံး သိထားကြမှာက ဝက်သားတုတ်ထိုး၊ အစုံကြော်၊ ခေါက်ဆွဲသုတ်၊ မုန့်တီ၊ မုန့်ဘီးတောင့်၊ မုန့်ပြားတစ်လက်၊ စမူစာ၊ ဘီးမုန့်၊ မုန့်လင်မယား အစရှိသဖြင့် မြောက်များစွာသော အစားအသောက်များကို မြင်ကြမှာ ဖြစ်ပါတယ်။ ဟုတ်ပါတ်။ မြန်မာ့ လမ်းဘေး အစားအစာများကို သေချာ ရေတွက်မယ်ဆိုရင် အမျိုးပေါင်း ၁၀၀ မက ရှိပါလိမ့်မယ်။

စင်္ကာပူလို နိုင်ငံရပ်ခြားမှာ ၆ လလောက်နေထိုင်ပြီး မြန်မာ့ လမ်းဘေးအစားအသောက်တွေကို လွမ်းတော့ အသုပ်ဝယ်စားလိုက်တာ ၇ ရက် ဝမ်းလျောရတဲ့ ဖြစ်ရပ်မျိုးကို ရွှေမြန်မာ အချို့လည်း ကြုံဖူးကြပါလိမ့်မယ်။ နိုင်ငံရပ်ခြား တိုင်းတပါးကနေ မြန်မာပြည် ရောက်လာတဲ့ နိုင်ငံခြားသားများ အနေနဲ့လည်း Food Poison ဖြစ်လို့ ဆေးရုံ၊ ဆေးခန်းတွေကို သွားနေကြတာ ဆေးရုံကြီးတွေ၊ နာမည်ကြီး ဆေးခန်းတွေမှာ ပုံမှန် မြင်ရပါလိမ့်မယ်။ တကယ်တမ်း ကြည့်လိုက်တဲ့အခါ မြန်မာ့ ရိုးရာ အစားအစာတွေဟာ စားချင်စဖွယ်အင်မတန် ကောင်းသော်ငြား စားပြီးရင် ကြုံရမယ့် ဝမ်းပျက်ဝမ်းလျော၊ အစာအဆိပ်သင့်ခြင်း အစရှိသဖြင့်တို့ကို ကြုံရန် များပါတယ်။

ဒီတော့ မိတ်ဆွေတွေက ပြောပါတယ်။ ငါတို့ကျ ဘာမှ မဖြစ်ဘူး မင်းက ဖြစ်တယ်ပေါ့။ တကယ်တန်းကျတော့ local က လူများက immune ဖြစ်သွားတာပါ။ ဒီအစားသောက်တွေကို နေ့စဉ်စားသုံးခြင်းကြောင့် ကိုယ်တွင်းမှ သွေးဖြူဥများက တိုက်ဖြတ်ခြင်း၊ ခုခံခြင်းတို့ကို လုံးဝ မလုပ်ပေးတော့ပဲ သူ့နေရာနဲ့သူ ဓာတ်တွေကို ဥထားစေဖို့ လမ်းကြောင်း ဖွင့်ပေးလိုက်ခြင်းပါ။ လမ်းဘေးအဆီကြော် များစွာ စားသုံးသူဟာ နှစ်ကြာလေလေ ကိုယ်တွင်း တစ်နေရာမှာ ကင်ဆာ အကြိတ်ဖြစ်အောင် စုထားလေလေ ဖြစ်ပါတယ်။ အချိုမှုန့်ပါသော အစားအသောက်များကို နေ့စဉ်စားသုံးသူဟာ အရိုးပျော့ရောဂါ၊ လေဖြတ်ရောဂါ၊ ဥာဏ်ထိုင်းရောဂါ၊ အယ်ဇိုင်းမားတို့ ဖြစ်ဖို့အတွက် disease တွေကို စုစည်းပေးနေခြင်း ဖြစ်ပါတယ်။

စာရေးသူအနေနဲ့လည်း လမ်းဘေးစာ လုံးဝမစားတော့ဘူးလို့ စိတ်ဒုန်းဒုန်းချပြီး တစ်နှစ်လောက်နေလာနိုင်ပြီး တစ်ရက်ကျ မြို့ထဲမှာ လမ်းဘေးတစ်နေရာမှာရောင်းတဲ့ ပုရစ်ကျော်ကို ဝယ်စားမိပါတယ်။ ကိုယ်တိုင်က အားကစားလိုက်စားသူ ဖြစ်တာကြောင့် သုံးရက်လောက် ဓာတ်စားသောက်ပြီးတော့ ဝမ်းလျှောခြင်းကို ဖြေရှင်နိုင်ခဲ့ပါတယ်။ ဒီတော့ အဖေနဲ့ ပြောပါတယ်။ ဒါဆို မင်းဆက်စားလို့ရပြီတဲ့။ ဘာလို့လဲလို့ ကျနော်က ထပ်မေးတော့ သူက ဖြေတယ်။ အဲ့လို့ပဲ မစားတာကြာပြီး ခုမှ ပြန်စစားလို့ ဖြစ်တာ။ ဒီတိုင်း ဆက်စားသွားရင် ဘာမှ မဖြစ်တော့ဘူး လို့ ဆိုပါတယ်။

ဘုရားဘုရား။ ကျွန်တော်တို့ မြန်မာလူမျှိုးများ ရောဂါကို immune ဖြစ်အောင် အသက်ရှင်နေထိုင်နေကြတာ အင်မတန် ကြောက်စရာ ကောင်းပါတယ်။ နိုင်ငံတကာမှာ ဖွံ့ဖြိုးတိုးတက်မှုကြောင့် လူသားတွေ သက်တမ်း ရှည်လာတာနဲ့အမျှ မြန်မာဟာ သက်တမ်းတိုလာပါတယ်။ အသက် ၆၀ လောက်ရှိပြီဆိုရင်ကို ဆုံးခန်းတိုင်တော့မလား ကြောက်နေကြရပါတယ်။ တကယ်တန်းလူဆိုတာ သေချိန်တန်ရင် အခုလည်းသေသွားနိုင်ပါတယ်။ တို့အဖွားတွေများ တစ်သက်လုံး ဒီအစာတွေစားလာတာ၊ ဆေးလိပ်သောက်လာတာ၊ ခု အသက် ၈၀ ကျော်ထိ ဘာမှ မဖြစ်ဘူးလို့လည်း အချို့တွေ ပြောကောင်းပြောပါမယ်။ ဟုတ်ကဲ့။ ကမ္ဘာမှာ လူပေါင်း ၇ ဘီလျံမှာ လူအနည်းစု ကံကြောင့်သော်လည်းကောင်း အသက်ရှည်ရကိန်းတွေ ရှိပါတယ်။ Scientic နည်းကျကျ တွေးမယ်၊ တွက်မယ်ဆိုရင် လူတစ်ယောက်ဟာ မကျန်းမာတာ စားရင် အသေစောမှာ ကြိမ်းသေ ပါတယ်။ ဒီတော့ မကျန်းမာစေတာ ဘာတွေလဲ –

– စားအုန်းဆီ၊ နှစ်ပြန်ဆီ

စားအုန်းဆီဟာ ဈေးသက်သာပါတယ်။ ဒါပေမယ့် များများ စားရင် ကျန်းမာရေး ဘေးထွက်ဆိုးကျိုး များပါတယ်။ လမ်းဘေးစာများဟာ ဈေးသက်သာစေရန်အတွက် စားအုန်းဆီကို အသုံးပြုပါတယ်။ အိုကေ။ စားအုန်းဆီသုံးလည်း မရှောင်နိုင်တော့ စားမယ်ပေါ့။ မရသေးပါ။ ဘာကြောင့်လဲဆို ယင်း စားအုန်းဆီကိုတောင်မှ တစ်ပတ်လုံး မလှဲပဲ သုံးနေကြခြင်းကြောင့် ဘယ်လိုမှ ကျန်းမာရေး မညီညွတ်စေ ပါဘူး။ မဲညစ်သွားတဲ့ ဆီတွေကို ဖြူအောင် လုပ်တဲ့ ဆေးတွေလည်း အများကြီး ရှိပါတယ်။ သံပုရာရည်ညစ်လိုက်ရင်လည်း မဲတာတွေ အနယ်ထိုင်ပြီး ယင်း အမဲရောင်တွေကို ဖယ်လိုက်ရင် အဖြူတိုင်း ပြန်ဖြစ်ပါတယ်။ ဒါပေမယ့် ကျန်ရှိတဲ့ ဆီဟာ စားရန်သင့်တော်တဲ့ ဆီမဟုတ်တော့ ပါဘူး။ စားရင် အဆိပ်ဖြစ်စေမယ့် ဆီတွေသာ ဖြစ်ပါတော့တယ်။

– အချိုမှုန့်

မြန်မာ့ အစားအသောက်များဟာ အချိုမှုန့်ရဲ့ လွမ်းမိုးခြင်းကို ခံရတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ မကတော့ ပါဘူး။ ဟင်းချိုမှုန့်ခေါ် MSG ဟာ လူကို အတိတ်မေ့ခြင်း၊ ဦးနှောက်ချို့ယွင်းခြင်း၊ လေဖြတ်ခြင်း၊ နှလုံး သွေးတိုးဖြစ်စေခြင်းအပြင် မြောက်များစွာသော ကျန်းမာရေး ဘေးထွက်ဆိုးကျိုးဖြစ်ပေါတယ။် အဆိုးဆုံးကတော့ လူတွေကို ဥာဏ်ထိုင်းစေခြင်း ဖြစ်ပါတယ်။

– ဆေးသကြား

လမ်းဘေးမှာ ချိုပါတယ်ဆိုတဲ့ မြန်မာမှုန့်အချို့မှာ ဆေးသကြားကို မြောက်များစွာ အသုံးပြုထားကြပါတယ်။ သရက်သီးဆိပ် ကို တွန်းလှဲဖြင့်ရောင်းတဲ့ ရောင်းသည် တစ်ယောက် ပြောပြတုန်းက ဆိုရင် အံ့သြသွားပါတယ်။ သူ ဘယ်လောက်တောင် ဆေးသကြားသုံးသလဲဆို သူရောင်းတဲ့ သရက်သီးလှဲက သစ်တိုင်တွေတောင် လျှာနဲ့ လျက်ကြည့်ရင် ချိုနေတယ်တဲ့။ ချို့သယောင်လုပ်ထားတဲ့ ဆေးသကြားတွေဟာလည်း အချို့မှုန့်နဲ့မထူးမခြားနား ကျန်းမာရေး ဆိုးကျိုး ရှိစေ ပါတယ်။

– မသန့်ရှင်းမှု

ဆေးသကြား၊ အချှို့မှုန့်၊ နှစ်ပြန်၊ ဆယ်ပြန်ဆီများ သုံးမှုအပြင် အသုံးပြုတဲ့ ဟင်းရွက်၊ အသီး၊ အစာပလာများလည်း သေချာမဆေးပဲ ထည့်သုံးကြ ပါတယ်။ ရောင်းသူ၊ ကြော်သူ စီမံသူကိုယ်တိုင်ကလည်း လက်မဆေးပဲ လုပ်တယ်။ ရေကိုလည်း ဆယ်ပြန် အပြန်တစ်ရာ သုံးပါတယ်။ ဒီတော့ သန့်ရှင်းမှုရှိသလားမေးရင် အမှတ်က သုည ပါပဲ။

ဒါတောင် အခြား ချန်ထားတဲ့ အချက်တွေများစွာ ရှိပါတယ်။ မမဲ့တဲ့ ငှက်ပျောသီးကိုမှည့်အောင် ဆေးရည်စိမ်တာတွေ၊ ဓာတုဟင်းခတ်မွေးကြိုင်တွေ၊ ငပိတ်ကို ခပ်မြန်မြန် ဖြစ်ဖို့သုံးတဲ့ chemical တွေ၊ မြစ်ချဉ်ကို အရောင်ရွှင်စေဖို့ သုံးတဲ့ ဓာတု ဆေးရည်တွေ ပြောမယ်ဆိုရင် မြန်မာပြည်မှာ သန့်ရှင်းပါတယ် ဆိုတဲ့ အစားအစာဟာ အင်မတန် ရှာရ ပါတယ်။ သန့်ရှင်းတယ်ဆိုရင်တောင် အချိုမှုန့် ရှောင်တဲ့ အစားအစာ ရှာရခက်ပါသေးတယ်။

ကဲ။ ဒီတော့ ဘာလုပ်ကြမလဲ။ ရောင်းသူများကလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များ ရောင်းချနိုင်ဖို့အတွက် ကြိုးစားရပါမယ်။ ဆီသန့်သုံးခြင်း၊ အချိုမှုန့်ရှောင်ခြင်းတို့က အစပိုင်းမှာ ခက်ပါတယ်။ ဖောက်သည်တွေ နည်းကောင်း နည်းသွားနိုင်ပါတယ်။ ဒါပေမယ့် မိမိဟာ စေတနာအမှန်ဖြင့် သူတစ်ဖက်သားကို ကောင်းစေခြင်း အကျိုးငှာ ရောင်းချတဲ့ သမာအာဇီဝ ဖြစ်တာကြောင့် ဘယ်တော့မှ မဆင်းရဲတာ အာမခံ ပါတယ်။ အလေးမခိုးပဲ သမာသမတ်ကျကျ ရောင်းချလို့ သူဌေးဖြစ်သွားတဲ့ အသီးရောင်းတဲ့ လမ်းဘေးဈေးသည် သူငယ်ချင်းတစ်ဦး ရှိပါတယ်။ စိတ်ဓာတ်က အသက်မွေးဝမ်းကျောင်းမှာ အရောင်းပါပုံကို ပြောချင်တာပါ။ မြန်မာအစားအစာတွေဟာ တကယ် စေတနာထားရင် ကမ္ဘာကျော်မယ့်အစားအစာများ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက Street Food များဟာဆိုရင်လည်း နာမည်ကြီးလှ ပါတယ်။

စားသုံးသူများကလည်း စားချင်တဲ့စိတ်၊ အရသာကို ခံစားတဲ့ စိတ်တို့ကို ထိမ်းနိုင်ဖို့ လိုအပ် ပါတယ်။ မထိမ်းနိုင်လို့ စားလည်း စာရေးသူ မတားနိုင်ပါ။ အဲ့ဒီအချိန်ကျ မိမိဟာ သာမန်လူတွေထက် အသေစောမယ့်သူတစ်ယောက်အဖြစ်သာ ခံယူထားပါတယ်။ အဲ့လိုမဟုတ်ရင် ကျန်းမာစေတဲ့ သန့်ရှင်းတဲ့ အစားအသောက်များကိုသာ ရှာစားရန် သင့်လျော်အပ်ပါပေတယ်။ ဆိုင်ကြီးလည်း အချိုမှုန့်မသုံးဘူး မထင်ပါနဲ့။ သုံးကြတဲ့ဆိုင်များ အင်မတန်များပါတယ်။ ဒီတော့ ကိုယ်တာဝန်က ဘာပဲ မှာမှာ အချို့မှုန့် ထည့်သုံးခြင်း ရှိမရှိကို သေချာ စစ်ဆေးဖို့ပါ။ တရုတ်ပြည်မှာဆိုရင် ဆင်းရဲသားအစားအစာတွေပဲ အချို့မှုန့်သုံးပြီး အလယ်လတ်တန်းနဲ့ ချမ်းသာသူများဟာ ဆင်းရဲသားများ စားတဲ့ စားသောက်ဆိုင်တွေကို ရှောင်နေကြ ပါပြီ။ စင်္ကာပူတို့လို တိုင်းပြည်ဆိုရင် သုံးခွင့် လုံးဝလုံးဝ မရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါတွေကို သိထားစေချင်ပါတယ်။

မြန်မာပြည်သူများ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိစေဖို့ စေတနာဖြင့် နိုးဆော်တိုက်တွန်း ရေးသားလိုက်ရ ပါတယ်။

ကိုယ်ဝန်ဆောင် မိခင်တစ်ဦးအနေနဲ့ ဘယ်လိုငါးအသားကို စားသုံးသင့်သလဲ

eating-fish-pregnant.jpg

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအတွက် ငါးမှာ ပါဝင်တဲ့ မာကျူရီ (ဦးနှောက်နှင့် အာရုံကြော ထိခိုက်စေတဲ့အဆိပ်) အန္တရာယ်ရှိကြောင်းကို သင်ကြားဖူးမှာပါ။ ဒါပေမယ့် သင်ဟာ ကိုယ်ဝန်ဆောင်နေတဲ့သူ၊ ကလေးနို့တိုက်နေတဲ့သူ သို့မဟုတ် မကြာခင်ကလေးယူမယ့်သူ ဖြစ်တယ်ဆိုရင်တော့ ငါးအသား ဘယ်လောက်အချိုးအဆထိ စားသုံးသင့်လဲဆိုတာ သိထားသင့်ပါတယ်

မာကျူရီပါဝင်နှုန်းများပြီး ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဆက်ပြီး ရှောင်သင့်တဲ့ ငါးအမျိုးအစား ၅ မျိုးမှာ tilefish၊ ငါးမန်း၊ နှုတ်ခမ်းဓါးကဲ့သို့ ချွန်ထက်တဲ့ငါး (swordfish) နဲ့ အရေခွံပါးတဲ့ ငါး(King Mackerel) စတဲ့ ငါးတွေဖြစ်ပါတယ်။ ပြီးတော့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ တစ်ပတ်မှာ တူနာငါး ၆ အောင်စထက် မစားသုံးသင့်ပါဘူး။ ချောင်း၊ အင်းအိုင်တွေကနေ ဖမ်းထားတဲ့ ငါးစားသုံးခြင်းကိုတော့ သတိထားရမှာ ဖြစ်ပါတယ်။ ရေနေသတ္တဝါတွေ စားသုံးခြင်း သီးသန့်အကြံပေးသူနဲ့ မဆွေးနွေးဖူးဘူးဆိုရင် သင့်အနေနဲ့ တစ်ပတ်မှာ ငါး ၆အောင်စသာ စားသုံးဖို့ ကန့်သတ်ထားသင့်ပါတယ်။ ပြီးတော့ ငါးခြောက်၊ ငါးကင်တွေမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးတွေ ပါဝင်နိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ စားသုံးရန် မသင့်လျော်ပါဘူး။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ စားသုံးရန် သင့်တော်ပြီး မာကျူရီအနည်းငယ်သာ ပါဝင်တဲ့ အသားတွေကတော့ ပင်လယ်ငါးကြီး၊ ပုဇွန်တုတ်ကြီးများ၊ တူနာငါး၊ ငါးခူ နှင့် ဆယ်မွန်ငါးတို့ဖြစ်ပြီး ဒီငါးတွေကို သင့်တော်သလို စားသုံးနိုင်ပါတယ်။

Ref:.womenshealthmag.com

အသားအရေလှပစေတဲ့ အစားအစာ ၅မျိုး

chocolate.jpg

သင့်တော်တဲ့အစားအသောက်တွေက ကျန်းမာရေးကောင်းမွန်စေရုံတင်မကပါဘူး။  အရွယ်နုပျိုစေတာကိုလည်း တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် ပျင်းနေလို့မရပါဘူး။ ကိုယ့်အသားအရေ နဲ့ ကျန်းမာရေးအတွက် ကိုက်ညီတဲ့ အစားအသောက်တွေကို အချိန်ပေးပြီး စဉ်းစားရမှာပဲဖြစ်ပါတယ်။ သင့်အတွက် အချိန်ကုန်သက်သာစေပြီး အသားအရေလှပစေနိုင်တဲ့ အစားအစာ (၅)မျိုးကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

၁။ မုန်လာဥနီ

အမြင်အာရုံအတွက် ကောင်းတယ်ဆိုပြီး နာမည်ကြီးတဲ့ အစားအစာတစ်ခုပါ။ ပြီးတော့ ဗိုင်တာမင်-အေ ပါဝင်တဲ့ အတွက်ကြောင့် ကျန်းမာရေးအတွက် အင်မတန်သင့်တော်တဲ့ အစားအစာဖြစ်သလို ဆံပင်တွေကိုလည်း တောက်ပြောင်စေပါတယ်။ အဲဒါကြောင့် လိမ္မော်ရောင် တောက်တောက်နဲ့ မုန်လာဥနီကို ပုံမှန်စားသောက်ဖို့ သင်ရွေးချယ်နိုင်ပါတယ်။

၂။ ချောကလက်

နှလုံးရောဂါကို ကာကွယ်ပေးတဲ့ အစားအစာဖြစ်ပါတယ်။ ကိုကာထဲမှာပါဝင်တဲ့ Flavonoidက ပျက်ဆီးသွားတဲ့ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပါတယ်။ သတိထားရမှာကတော့ ချောကလက်တွေဟာ ထုတ်လုပ်ပုံချင်း မတူကြပါဘူး။ သင့်အသားအရေနဲ့ ကျန်းမာရေးအတွက် ညီညွတ်မယ့်အမျိုးအစားကတော့ ပါဝင်ပစ္စည်းနည်းတဲ့ dark chocolate ကိုရွေးချယ်ဖို့ အကြံပေးလိုက်ပါတယ်။

၃။ ကြက်ဥ

သံဓါတ်နဲ့ B-complex များများပါဝင်တဲ့ အစားအစာမို့လို့ တွန့်နေတဲ့အရေပြားကို တင်းတင်းလေး ဖြစ်စေနိုင်ပါတယ်။ ဆေးပညာအရ ဗိုင်တမင်-ဘီဟာ အရေပြားနဲ့ ဆံပင်အတွက် အဓိကအရေးကြီးတဲ့ ဗိုင်တီမင်ဖြစ်ပါတယ်။

၎။ အာလူး

အနီရောင် Lycopene တွေပါဝင်တဲ့အတွက် ဖြာကျလာတဲ့ နေရောက်ခြည်တွေ ခန္ဓာကိုယ်အတွင်း မထိုးဖောက်နိုင်ဖို့ ကာကွယ်ပေးတဲ့ အစားအစာဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ UV ကာကွယ်နိုင်ဖို့ စားသုံးသင့်တဲ့ အစားအစာဖြစ်ပါတယ်။

၅။ မာလကာသီး

ဗိုင်တမင်-စီ အပြည့်ပါတဲ့အတွက် အရေပြားချောမွေ့စေတဲ့ အသီးပဲဖြစ်ပါတယ်။ ပြီးတော့ ပန်းရောင် မာလကာသီးတွေမှာ Lycopene ပါဝင်တာကြောင့် သင့်အသားအရေ ချော့မွေ့စေပြီး နေလောင်ခြင်းမှ ကာကွယ်ပေးမှာလည်း ဖြစ်ပါတယ်။ သင်ဈေးဝယ်ဖို့ထွက်ပြီဆိုရင် မေ့မထားသင့်တဲ့ အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။

Ref:herworldplus.com

စမုံနက်ပင်ရဲ့အသုံးဝင်ပုံ

fennel.jpg

စမုံနက်ရဲ့ အရသာကိုလူတိုင်းမကြိုက်ကြပါဘူး။ ဒါပေမယ့် စမုံနက်က အမျိုးသမီးများ လစဉ် ဓမ္မတာမလာမီ ကိုက်ခဲခြင်းကို ကျော်လွန်စေနိုင်ပါတယ်။ စမုံနက်က အမျိုးသမီးများမှာရှိတဲ့ လိင်နဲ့ပတ်သက်တဲ့ ဟိုမုန်းဓါတ်ကို ထိန်းညှိပေး ပါတယ်။ အမျိုးသမီးထုရဲ့ ၄၀ ရာခိုင်နှုန်းက ဓမ္မတာမလာမီ ကိုက်ခဲခြင်းက သူတို့ရဲ့ ဘ၀အရည်အသွေးကို ထိခိုက်စေပါတယ်လို့ ပြောပါတယ်။ ဒီံထက် ဆိုးဆိုးဝါးဝါး ခံစားရတဲ့ အမျိုးသမီးတွေကတော့ အဲဒီအချိန်မှာ စိတ်တိုလွယ်နေတတ်ပြီး စိတ်ကျ ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားနေရပါတယ်။

နောက်တစ်ခုက နွယ်ချိုလိုအရသာမျိုးရှိတဲ့ အစေ့တွေကို စားပေးခြင်းဖြင့် အမျိုးသမီးများရဲ့ စိတ်အားငယ်ခြင်း၊ စိတ်ပျက်ချင်း စတဲ့ဝေဒနာတွေကို သက်သာစေပြီး အလုပ်လုပ်ရတာ ပိုပြီး အဆင်ပြေစေပါတယ်။

ဝန်ထမ်းနယ်ပယ်မှာလဲ အမျိုးသမီးထုရဲ့ အင်အားက မသေးတာမို့ ကျန်းမာရေး ဆိုင်ရာ ပျက်ရက်တွေနဲ့ ထုတ်ကုန်တွေလျော့နည်း ရတဲ့အတွက် စီးပွားရေးဆိုင်ရာ ရိုက်ခတ်မှုနေနဲ့ နှစ်စဉ် တစ်နှစ်ကို ပေါင်၃၀၀၀ လောက် ဆုံးရှုံးပါတယ်။ ဒီအတွက် ဆေးဝါးမှီဝဲပေမယ့် အလုပ်မဖြစ်တာတွေ ၊ ဘေးထွက်ဆိုးကြိုးတွေလဲ တွေ့ရပါတယ်။

အီရန်နိုင်ငံက သိပ္ပံပညာရှင်တွေက စမုံနက်ကို အမျိုးမျိုးသော ဆေးဖော်စပ်ရာ နေရာတွေမှာ အသုံးပြုပါတယ်။ Urmia တက္ကသိုလ်မှ လေ့လာသူ Hassan Pazoki က “စမ်းသပ်မှု (၈)ပတ်အကြာအပြီးမှာတော့ ရောဂါလက္ခဏာပြင်းထန်မှု လျော့ကျသွားပြီး ဒီ့အတွက်ကြောင့်ပဲ သူတို့ရဲ့အလုပ်ကို ပြန်လည်အာရုံစိုက်နိုင်ခဲ့ကြတယ်။ မိသားစု ၊ သူငယ်ချင်းမိဆွေတွေနဲ့လဲ ပုံမှန်ဆက်ဆံရေးကို ပြန်လည်တည်ဆောက်နိုင်ခဲ့ ကြတယ်” လို့ ပြောသွားပါတယ်။Ref:mailOnline

Translate By: Htet Hsu Pai

ဒီအချက် ၅ ချက်ကို လက်မခံသရွေ့ အချစ်စစ်ကို ရှာတွေ့နိုင်မည် မဟုတ်

rebuilt.jpg

သင့်ဘ၀မှာ အချစ်စစ်ကိုသာ တောင်းတခဲ့ပေမယ့် ကြုံလာရတဲ့ အရာတွေက အတုတွေချည်း ဖြစ်နေပါသလား။ ခုလိုမျိုး ကြုံတွေ့ခဲ့ရပြီဆိုရင် သင်ကိုယ်တိုင် လုပ်ဆောင်ကြည့်ရမယ့်၊ လက်ခံကျင့်သုံးရမယ့် အချက် (၅)ချက်ရှိနေပါတယ်။ သင်ဟာ ဒီအချက်တွေကို လက်မခံသရွေ့ အချစ်စစ်ကို ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။

၁)အချစ်စစ်ဆိုတာ အမြဲလွယ်လွယ်ကူကူရနိုင်တယ်လို့ ထင်တတ်ကြပေမဲ့ အချစ်စစ်ကိုရဖို့အတွက် ကြိုးစားဖို့ လိုပါတယ်။ အချစ်စစ်ကို ရဖို့ ပင်ပန်းကောင်းပင်ပန်းနိုင်ပေမဲ့ ထိုက်တန်တယ်ဆိုတဲ့ ခံစားချက်မျိုးရရှိမယ်ဆိုတာ ကိုလက်ခံထားဖို့လိုပါတယ်။

၂)အချစ်စစ်မှာ စည်းတစ်ခုရှိသင့်တယ်ဆိုတာကို လက်ခံရပါမယ်။ လူတစ်ယောက်ကို ချစ်မိပြီဆိုတာက အဲ့ဒီလူတစ်ယောက်ကို အပိုင်ဝယ်လိုက်တာ မဟုတ်ပါဘူး။ သူ့ကို ကိုယ်ပိုင်တဲ့ ပစ္စည်းတစ်ခုလို သဘောထားလို့ မရပါဘူး။ သူနဲ့ကိုယ်နဲ့ ကြားမှာ အလေးထားမှုဆိုတဲ့ စည်းတစ်ခု ရှိဖို့လိုပါတယ်။

၃)အချစ်စစ်ကပေးတဲ့ ဆက်ဆံရေးမှာ ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ဖို့ လိုပါတယ်။ အဆင်မပြေတာ တစ်ခုခုကြုံလာရင် လျစ်လျူရှုနေတာထက် ဖြေရှင်းနိုင်တဲ့ ဆက်ဆံရေးအဖြစ် လက်ခံနိုင်ရပါမယ်။

၎)အချစ်စစ်မှာ သူများအတွက်ပဲ ရှင်သန်နေဖို့ မဟုတ်ဘဲ ကိုယ်ပိုင်ရည်ရွယ်ချက် တစ်ခုရှိရပါမယ်။ ဘယ်လို အကြောင်းပဲ ရှိရှိ ဘဝမှာ ကိုယ်တိုင်ဖြစ်အောင် လုပ်ချင်တဲ့ ရည်ရွယ်ချက် တစ်ခုရှိဖို့လိုပါတယ်။

၅)အချစ်ဆိုတာ နာကျင်စရာမဟုတ်ပါဘူး။ အချစ်ကြောင့် နာကျင်ရတယ်ဆိုတဲ့ သီချင်းတွေကို ကြားဖူးကြမှာပါ။ တကယ်တော့ အချစ်ဆိုတာ နာကျင်စေဖို့ မဟုတ်ပါဘူး။ ကောင်းမွန်တဲ့ ခံစားချက်ရရှိစေဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုနာကျင်စေတဲ့ အချစ်ဆိုရင်တော့ ဒါက အချစ်စစ်မဟုတ်ပါဘူး ဆိုတာ လက်ခံထားပါ။

Ref:higherperspectives

အလုပ်ခွင်နှင့် အသောက်အစား

6379059343_c24266f686_b

၁၉၉၀ ခုနှစ်နောက်ပိုင်းလောက်ကစပြီးတော့ လုပ်ဖော်ကိုင်ဖက်များ အချင်းချင်း အလုပ်ဆင်းချိန်များမှာ ဘီယာဆိုင် (သို့) ကလပ်တစ်ခုခုသွားခြင်း၊ သမီးရည်းစားများက နေ့လည်စာ အပြင်များချိန်းပြီးစားတာမျိုးဟာ ယဉ်ကျေးမှုတစ်ခုလိုမျိုး ထွန်းကားလာ ပါတယ်။သောကြာနေ့လိုညမျိုးမှာ အပြင်ထွက်လည်တာမျိုးကလဲ ခေတ်စားလာ ပါတယ်။ ဒီအခါ စဉ်စားသင့်တာက ကိုယ်တိုင်ကပြောင်းလဲရမှာလား ၊ ဒါမှမဟုတ် ယဉ်ကျေးမှုကိုပဲ ပြောင်းပစ်ရမှာလားဆိုတာကိုပါပဲ။

အလုပ်ခွင်မှာ တရားဝင်အရက်သောက်ခွင့် ပြုထားတဲ့အလုပ်က (၉)ရာခိုင်နှုန်း လောက်ပဲ ရှိပါတယ်။ အလုပ်ခွင်တော်တော်များများက အလုပ်သမားတွေကို အသောက်အစားနဲ့ပတ်သက်တဲ့ အကြောင်း အသိပညာပေးပို့ချမှု မရှိတာများပါတယ်။ ဒီတော့ အလုပ်ခွင်မှာ အရက်မသောက်ဖို့ (သို့)မူးယစ်ဆေးမသုံးစွဲဖို့ သတိပေးချက် စာတမ်း တစ်ကြောင်းနှစ်ကြောင်းလောက်တော့ ကပ်ထားသင့်ပါတယ် ။

အကယ်၍ အလုပ်သမားတစ်ယောက်ဟာ အသောက်အစားကြောင့်ပြဿနာ တစ်စုံတစ်ရာဖြစ်မယ့် လက္ခဏာမျိုးပြနေပြီဆိုရင်တော့ အလုပ်ခွင်မှာ သူလိုက်နာရမယ့် စည်းကမ်းအချို့ကို ကြိုတင်ရှင်းပြသင့်ပါတယ်။ ဒါဟာ ပြဿနာဖြစ်မှ ထုတ်ပစ်တာထက် စာရင် ပိုမိုသင့်တော်တဲ့နည်းလမ်းပါ။

မိမိရဲ့ အလုပ်ခွင်ပြင်ပအချိန်အပန်းဖြေခြင်းကို မကန့်ကွက်ပေမယ့် အလုပ်အပေါ် အကျိုးသက်ရောက်မှု မဖြစ်အောင်ထိန်းသိမ်းဖို့တော့ လိုအပ်ပါတယ်။ အလုပ်တာဝန် လစ်ဟင်းခြင်းတစ်ခုတည်းကြောင့် မဟုတ်ဘဲ အသောက်အစားနဲ့မူးယစ်ဆေးဝါး အတွက် ငွေကုန်ကျေးကျများခြင်းကြောင့် အလုပ်ခွင်မှာ ငွေကြေးပိုင်းဆိုင်ရာ ပြဿနာ ဖြစ်ခြင်းမျိုး ရှိလာနိုင်ပါတယ်။ ဒါကြောင့် လူငယ်များအနေနဲ့ စိတ်အပန်းဖြေခြင်း နည်းလမ်းကောင်းတစ်ခုကို ထပ်မံရွေးချယ်ဖို့ လိုအပ်ကြောင်း တင်ပြပေးချင်ပါတယ်။

Ref:The Age