Category Archives: နည်းပညာ

ကြည့်ရှုမှု 10k ထက်မပိုတဲ့ channel တွေက ကြော်ငြာတွေကို YouTube ရှင်းထုတ်မယ်

YouTube အနေနဲ့ lifetime view ၁၀,၀၀၀ သာရှိတဲ့ channel တွေကို ကြော်ငာထည့်သွင်းမှု ကန့်သတ်တော့မှာ ဖြစ်ပါတယ်။ ဒီအချက်က content creator တွေအပြင် ကြော်ငြာထည့်သွင်းသူတွေကိုပါ ကာကွယ်ပေးထားမယ်လို့ ဆိုပါတယ်။

ကုမ္ပဏီအနေနဲ့ လူတိုင်းအတွက် YouTube Partner Program (YPP) ကို ၂၀၀၇ ခုနှစ်မှာ ဖွင့်ပေးခဲ့ပါတယ်။ ဘယ်သူမဆို မိမိဗီဒီယိုတွေကို ပိုက်ဆံရှာဖို့ အသုံးချနိုင်ပြီး ကြော်ငြာထည့်သွင်းသူတွေဟာ ဝင်ကြည့်သူတွေ ပိုမိုများပြားလာမယ့် အခွင့်အရေး ရရှိနိုင်ပါတယ်။ ဒါပေမယ့် သုံးစွဲသူတိုင်း ခုလိုအကျိုးမဖြစ်ထွန်းနိုင်ပါဘူး။

ဒီပြောင်းလဲမှုက channels တွေကို မသမာခိုးယူတဲ့ အကြောင်းအရာ (content) ကနေ ငွေရှာမှု ဟန့်တားဖို့အတွက် ဖန်တီးထားခြင်းဖြစ်ပြီး ဒီကန့်သတ်မှုက creator သစ်တွေအတွက် နားလည်သိကျွမ်းဖို့ အခက်အခဲရှိမှာမဟုတ်ဘူးလို့ YouTube က ဆိုပါတယ်။

Ref: thenextweb

ဖေ့စ်ဘွတ်ခ်ပို့စ်တွေမှာ like၊ share (သို့) “Amen” ကွန်မန့်ပေးခြင်း မပြုသင့်တဲ့ အကြောင်းအရင်း

ဖေ့စ်ဘွတ်ခ်အသုံးပြုသူတိုင်း ရောဂါသည်/အစာရေစာငတ်ပြတ်နေတဲ့ ကလေးငယ်တွေ၊ တိရိစ္ဆာန်တွေ၊ သက်ကြီးရွယ်အိုတွေရဲ့ဓာတ်ပုံတွေကို သူတို့ခံစားနေရတဲ့ ဒုက္ခဝေဒနာတွေ လျော့နည်းသက်သာစေဖို့ like၊ share သို့မဟုတ် Amen လို့ ရိုက်ထည့်ကွန်မန့်ပေးဖို့ တောင်းဆိုတဲ့ ပို့စ်တွေတွေ့ဖူးပါလိမ့်မယ်။

ဒီလိုပို့စ်တွေဟာ ရိုက်စား like တောင်းယူမှုအကွက်တွေဖြစ်ပြီး ဖေ့စ်ဘွတ်ခ်ပေ့ခ်ျတွေအသုံးပြုကာ လူတွေကို like၊ share သို့မဟုတ် comment ပေးဖို့ လှည့်စားခြင်းပဲ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် ပေ့ခ်ျတွေမှာ follower တွေ စုမိစေတယ်လို့ နည်းပညာပိုင်းကျွမ်းကျင်သူတွေက ဆိုပါတယ်။

၎င်းပေ့ခ်ျကို scam message တွေ ရေးသားဖော်ပြဖို့ အသုံးပြုနိုင်ပါတယ်။ ရိုက်စားပို့စ် (scam posts) တွေမှာ သုံးတဲ့ ဓာတ်ပုံတွေဟာ တခြားဝက်ဘ်ဆိုဒ်တွေကနေ ခွင့်ပြုချက်မရှိဘဲ ခိုးယူအသုံးပြုထားတာပါ။ “Amen” လို့ ရိုက်ထည့်ပြီး share လုပ်လိုက်ရုံနဲ့ ပုံပါ လူပုဂ္ဂိုလ် သို့မဟုတ် တိရိစ္ဆာန်ကို ဘာအထောက်အကူမှ မဖြစ်စေပါဘူး။ ဒီ့ပြင် ဒီပို့စ်တွေ share လိုက်တဲ့အခါ လူသိပိုများကာ ထိခိုက်နစ်နာမှုတွေ ပိုဖြစ်စေပါတယ်။

ဒါ့ကြောင့် နောက်တစ်ကြိမ် ဒီလိုပို့စ်မျိုးတွေ့တဲ့အခါ like-farming ခေါ် ရိုက်စား like သိမ်းကျုံးရယူမှုဆိုတာ ဘယ်လိုဖြစ်ကြောင်း ကောင်းကောင်းသတိထားမိပါလိမ့်မယ်။

Ref: gdnonline

စစ်ပွဲမြေပြင်ကျော်ဖြတ်ပြီး ၁၇ နှစ်ကြာအသုံးပြထားသည့်တိုင် ကောင်းမွန်စွာ အလုပ်လုပ်နေသေးတဲ့ Nokia 3310

 Nokia 3310 ကို ၂၀၀၀ ခုနှစ် စက်တင်ဘာလက မိတ်ဆက်ခဲ့ပြီး ဆဲလ်ဖုန်းဈေးကွက်ကို နှစ်ပေါင်းများစွာ စိုးမိုးခဲ့ပါတယ်။ ၇ နှစ်ကြာပြီးနောက် ဗြိတိသျှစစ်ပြန်တစ်ဦးဟာ သူ့ Nokia 3310 လက်ကိုင်ဖုန်းအသုံးပြုပြီး ဝရုန်းသုန်းကားအခြေအနေတွေ ဖြတ်သန်းခဲ့ရတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ ၎င်းစစ်သားရဲ့ ပြောဆိုချက်အရ ဒီဖုန်းဟာ အာဖဂန်နစ္စတန်နဲ့ အီရတ်စစ်ပွဲကို ကြံ့ကြံ့ခံခဲ့တဲ့အပြင် ခုအချိန်ထိလည်း ကောင်းစွာလည်ပတ် အလုပ်လုပ်နေသေးတယ်။

၄၉ နှစ်အရွယ် အငြိမ်းစားစစ်သား Dave Mitchell ဆိုသူဟာ Nokia 3310 ကို နေ့တိုင်းအသုံးပြုလျက်ရှိပါတယ်။ Dave Mitchell ဟာ သူ့ဟန်းစက်နဲ့ အနည်းငယ်ဝေးနေရရင် နေမထိထိုင်မသာဖြစ်ရတယ်လို့ သိရပါတယ်။ ၁၇ နှစ်ကြာ တောက်လျောက်အသုံးပြုခဲ့တာတောင် အဲဒီဖုန်းဟာ ကောင်းမွန်စွာ လည်ပတ်လုပ်ဆောင်လျက်ရှိတယ်လို့ Mitchell ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဖုန်းကို ၁၀ ရက် တစ်ခါပဲ အားသွင်းပါတယ်။ စမတ်ဖုန်းလည်း မလိုဘူးလို့ သူက ရှင်းပြခဲ့ပါတယ်။ အဲဒီ Nokia 3310 ကို အကြိမ်ကြိမ် မတော်တဆပြုတ်ကျခဲ့လို့ “virtually indestructible” လို့ နာမည်ပေးထားတယ်လို့ သူကဆိုပါတယ်။ ဖုန်းက တစ်ခုခုနဲ့ ထိမိတိုင်း ပြန်သုတ်ပြီး ပြန်ဖွင့်လိုက်ရင် ကောင်းမွန်စွာ အလုပ်လုပ်နေတာသာ တွေ့ရပါသတဲ့။

Ref: Mensxp

Android အတွက် အကောင်းဆုံး နေုာက်ပြောင်ဖုန်းခေါ်ဆိုမှု prank call app (၆) ခု

 မိတ်ဆွေသူငယ်ချင်းတွေ၊ အချစ်ဆုံးတွေ၊ မိသားစုဝင်တွေနဲ့ အချိန်ကုန်ဆုံးရတာ လူတိုင်းကြိုက်နှစ်သက်ကြပါတယ်။ တခါတရံ သူငယ်ချင်းတွေကြား အခြားနံပါတ်တစ်ခုခုနဲ့ ဖုန်းဆက်ခေါ်ပြီး သူစိမ်းကဲ့သို့ စနောက်တာမျိုးတောင် ပြုလုပ်တတ်ကြပါတယ်။ သူငယ်ချင်းတွေနဲ့ prank call ပေး နောက်ပြောင်ပြောဆိုတာ သိပ်ပျော်စရာကောင်းပါတယ်။ သူငယ်ချင်းတွေကို အခြားနံပါတ်တစ်ခုကနေတဆင့် ဖုန်းခေါ်ဆိုလို့ ရစေမယ့် မယုံနိုင်ဖွယ် app တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Fake-A-Cake Free

ဒီ app အသုံးပြုပြီး မိမိမိတ်ဆွေသူငယ်ချင်းတွေကို အလွယ်အကူ အရူးလုပ်ပြီး ပျော်ရွှင်မှု ရယူနိုင်ပါတယ်။ လုပ်ကြံဖုန်းခေါ်ခံရမယ်လို့ ဘယ်သူမှ မျှော်လင့်မထားကြပါဘူး။ ဒီ app က နောက်ပြောင်ဖုန်းခေါ်ဆိုခြင်းအတွက် အကောင်းဆုံး app တစ်ခု ဖြစ်ပါတယ်။ ဒီ app က ကိုယ့်သူငယ်ချင်းနဲ့ ကိုယ်ကိုယ်တိုင် နောက်ပြောင်ဖုန်းခေါ်ဆိုလို့ ရစေသလို မိမိအသံနဲ့ မဖမ်းမိအောင် အသံတစ်မျိုးပါ ပြောင်းထားနိုင်ပါတယ်။

၂။ Fake Call 2

ဒီ app က ပရောဖက်ရှင်နယ်ကျပြီ အလှဆုံး fake caller ID application ဖြစ်ပါတယ်။ စိတ်ကသိကအောက်ဖြစ်တဲ့ အနေအခြေကနေတစ်ခုကနေ မိမိကိုယ်ကိုယ် လွတ်မြောက်စေဖို့ fake caller id က လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒီ app မှာ ဖုန်းခေါ်ဆိုသူရဲ့ ဓာတ်ပုံ၊ နာမည်နဲ့ နံပါတ်ကို ကြိုက်နှစ်သက်သလို ထားနိုင်ပါတယ်။ ဖုန်းခေါ်ဆိုချိန်ရယ် အထူးသဖြင့် အသံကို ပြောင်းလဲပြင်ဆင်နိုင်ပါသေးတယ်။

၃။ Call Voice Changer – IntCall  

ဒီ app ကတော့ အတုယောင်ဖုန်းဆိုမှုနဲ့ မိမိအသံကို ရယ်စရာဖြစ်အောင် ပြောင်းပေးပါတယ်။ တကယ်တမ်း အပေါ်က app တွေလို နောက်ပြောင်ဖုန်းခေါ်ဆိုမှု မဟုတ်သည့်တိုင် နံပါတ်ပြောင်းလဲခေါ်ဆိုနိုင်ပါတယ်။ အသံအနိမ့်အမြင့်နဲ့ အသံကာလာကို အလွယ်တကူ ပြောင်းနိုင်တယ်။

၎။ Scare Your Friends – JOKE

တစ်စုံတစ်ယောက်ကို စိတ်ခြောက်ခြားသွားစေနိုင်တာမို့ ဒီ app ကို ပိုသတိထားသုံးစွဲရပါမယ်။ အရမ်းကြောက်တတ်သူတွေ ဖုန်းကို လွှတ်ချပြီး ပျက်စီးတောင်သွားနိုင်ပါတယ်။ ဒါကြောင့် အထိတ်အလန့်ကင်းသူကိုသာ နောက်ပြောင်သင့်ပါတယ်။ သူငယ်ချင်းတစ်ယောက်က သင့်ဖုန်းကို အသုံးပြုနေစဉ်  ကြောက်မက်ဖွယ်နောက်ခံအသံနဲ့အတူ အလန့်တကြားဖြစ်စရာရုပ်ပုံ ရုတ်တရက် ထွက်လာမှာ ဖြစ်ပါတယ်။

၅။ Fake GPS Location Spoofer Free

တည်နေရာနဲ့ မိမိရောက်တဲ့နေရာ ရှာဖွေဖို့ အသုံးပြုတဲ့ app များစွာရှိပါတယ်။ ဒီ app မှာတော့ မိမိတည်နေရာရှာဖို့ အခွင့်အလမ်းတော့ ရမှာမဟုတ်ပါဘူး။ Fake GPS Location Spoofer အနေနဲ့ ကမ္ဘာ့အနှံ့အပြား ဘယ်နေရာမဆို ရွေးချယ်ပြီး သူငယ်ချင်းတွေကို ဇဝေဇဝါဖြစ်အောင် လုပ်နိုင်ပါတယ်။

၆။ Voice changer with effects

လူပြောင်၊ လူနောက်တွေဟာ လူတွေကိုအရူးလုပ်ဖို့ တစ်ခုခုတွေးကြပါလိမ့်မယ်။ တခြားသူတွေလည်း ဒီ app နဲ့ ကောင်းသောအချိန် ရရှိပိုင်ဆိုင်ကြပါလိမ့်မယ်။ ဒီ app မှာ မိမိအသံကို ပြက်ရယ်ပြုစရာဖြစ်အောင်၊ ဟက်ဟက်ပက်ပက် ရယ်မောသံထွက်အောင် ပြုလုပ်နိုင်တဲ့ effect ၃၀ မက စီစဉ်ပေးထားပါတယ်။ သွင်းယူထားတဲ့ အသံတွေကိုလည်း သူငယ်ချင်းတွေနဲ့ share၊ ဖုန်းနဲ့ save လုပ်နိုင်ပါတယ်။

Ref: Alltechbuzz

စမတ်ဖုန်းကို လက်တော့ပ်နဲ့ အားမသွင်းသင့်

အချိန်လုပြေးလွှားနေချိန်မျိုးမှာ ကျောက်ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်သတ်နည်း တစ်နည်းအားဖြင့် တစ်ချက်ခုတ်နှစ်ချက်ဖြတ်နည်းတွေ စဉ်းစားတာ သဘာဝကျပါတယ်။ ကျွန်ုပ်တို့အများစု ဖုန်းအားသွင်းဖို့ မှီခိုအားထားတဲ့ နည်းလမ်းတွေထဲက တစ်ခုက လက်တော့ပ်နဲ့ ချိတ်သွင်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။  ဒါပေမယ့် ဖုန်းကို ပုံမှန်အတိုင်းပဲ သွင်းပေးတာ ပိုကောင်းပါတယ်။
ဘာလို့လဲဆိုတော့ လက်တော့ပ်ကို မှီသွင်းတာ ဆုံးရှုံးနစ်နာမှုတွေရှိနိုင်ခြင်းကြောင့် ဖြစ်တယ်လို့ နည်းပညာပိုင်းကျွမ်းကျင်သူတချို့က ဆိုပါတယ်။  လက်တော့ပ်ကို မှီသွင်းတာက ဟက်ခ်လုပ်ဖို့ ဖုန်းဖွင့်ပေးနေတာပါ။ ဖုန်းနာမည်၊ serial နံပါတ်နဲ့ firmware info တွေကို မိမိကွန်ပျူတာနဲ့ စမတ်ဖုန်းကြား အပြန်အလှန်ရရှိနိုင်တယ်လို့ Tech Armor ရဲ့ အထွေထွေမန်နေဂျာနဲ့ တွဲဖက်တည်ထောင်သူ Eric Tong က ဆိုပါတယ်။ ဒါ ဟက်ကာတစ်ယောက်အတွက် သင့်ဖုန်းကို ဖောက်ဝင်ဖို့ လုံလောက်တယ်လို့ ဆိုပါတယ်။
ကွန်ပျူတာမှာ ဖုန်းအားသွင်းတာက လက်တော့ပ်ရဲ့ ဘက်ထရီအသုံးခံမှုလည်း ကျဆင်းစေနိုင်ပါတယ်။ အကြောင်းက ဖုန်းက သင့်လက်တော့ပ်ဘက်ထရီကနေ ပါဝါတွေ ဆွဲယူနေလို့ပါပဲ လို့ Tong  ကဆိုပါတယ်။  နောက်ထပ် မှတ်သားစရာအချက်တစ်ခုက သင့်ဖုန်းအားသွင်းကြိုးကို MFI-certified ဖြစ်ပါစေ။ MFI certification မရှိဘဲနဲ့ အဲဒီအားသွင်းကြိုး ရှေ့အလျောက်အလုပ်ဖြစ်မဖြစ် မသေချာဘူးလို့ Tong က ဆိုပါတယ်။
Ref: Shefinds

Dating Appတွေကြောင့် အဓမ္မကျင့်မှုအပါအဝင်အခြားအမှုများ များပြားလာ

 

tinder

Date Apps တွေဟာ ရာဇ၀တ်မှုဖြစ်နိုင်ချေကို ဦးတည်စေတယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။
အဆိုပါ ရာဇ၀တ်မှုများတွင် မုဒိန်းမှု၊ လုယက်မှုနဲ့၊ လူသတ်မှုနဲ့၊ လူသတ်ရန် ကြံစည်အားထုတ်မှုများ
ပါဝင်နေတယ်လို့ဆိုပါတယ်။tinder

ကျွမ်းကျင်သူတွေက တစ်စိမ်းတွေနဲ့ အပြင်မှာ ချိန်းဆို တွေ့ဆုံမှုများဟာ အန္တာရာယ်များလွန်းလှပြီး အဲဒီ
အကြောင်း အရာတွေကို နားလည်သဘောပေါက်ဖို့ ဟောပြောပွဲပုံစံမျိုးတွေနဲ့ အသိပေးလုပ်ဆောင်နေ
တယ်လို့လည်း ဆိုပါတယ်။ Tinder နဲ့ Grindr တို့လိုဝက်ဘ်ဆိုဒ်မျိုးတွေမှာ အွန်လိုင်းပေါ်မှာ ဒိတ်လုပ်ပြီး
အပြင်မှာ တစိမ်းနဲ့ သွားချိန်းတွေ့တာမျိုးတွေမလုပ်ဖို့ အသိပညာပေးမှုတွေ ပိုလုပ်သင့်ကြောင့် ကျွမ်းကျင်
သူတွေက အာဏာပိုင်တွေကိုအကြံပြုပါတယ်။
အဆိုပါ Date Apps တွေကို အသုံးပြုသူများဟာ သားကောင်ရဲ့ ပျော့ကွက်ကို ရယူပြီး လိင်ပိုင်းဆိုင်ရာ
အလွဲသုံးစားလုပ်မှုတွေအပြင် လူသတ်မှုတွေပါ ကျူးလွန်နိုင်ကြောင်း အစီရင်ခံစာက ဖော်ပြထားပါတယ်။
ဒါ့အပြင် ရဲအဖွဲ့ကို လိုအပ်တဲ့အကူအညီအတွက် ဆယ်သွယ်ဖို့ မ၀ံ့မရဲဖြစ်တာကလည်း ရာဇ၀တ်မှုတွေ
ပိုမိုတိုးပွားလာစေတယ်လို့ သိရပါတယ်။
ဗြိတိန်နဲ့ ဝေးလ် နိုင်ငံများတွေရဲ့ 2013 ခုနှစ်ကနေ စတင်ပြီး ကောက်ယူခဲ့တဲ့ စစ်တမ်း 55 ခုရဲ့ ဖော်ပြ
ချက်တွေအရ အဲဒီမှုခင်းတွေဟာ သတင်းမီဒီယာလွတ်လပ်ခွင့်အက်ဥပဒေကို ထုတ်ပြန်လိုက်ပြီးချိန်မှ
စတင်ပြီး ပိုမို များပြားလာတယ်လို့ ဖော်ပြထားပါတယ်။

tinder

2014 ခုနှစ်မှာ အလားတူ ပြစ်မှုပေါင်း 204 ခု ဖြစ်ပေါ်ခဲ့ရာမှ 2015 အောက်တိုဘာအထိ ရေတွက်မှုအရ
ပြစ်မှုပေါင်း 412 မှုဖြစ်ပွားခဲ့ပြီး 2014 ထက် ပြစ်မှုအရေအတွက်ထက် ထက်ဝက်ကျော်မြင့်တက်လာ
ခဲ့ကြောင်း ဆိုပါတယ်။

ဖုန်း ကို ပျက်စီးစေတဲ့အချက်များ

 

battery

 

ဖုန်း ကို ပျက်စီးစေတဲ့အချက်များထဲမှာ သင်ထင်မှတ်မထားတဲ့ အရာများစွာ ဖြစ်နေပါတယ်။ app တွေ ဒေါင်းလုဒ် ရယူခြင်းက သင့်ဖုန်းအတွက် မကောင်းဘူးဆိုတာမျိုးကတော့ သင်သိပြီးဖြစ်မှာပါ။ ဘာလို့လဲဆုငိတော့ အချို့ app တွေဟာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆော့ဝဲလ်တွေ ပါနေနိုင်တာကြောင့်ပေါ့။ ဒါတင် မကသေးပါဘူး။ သင့်ရဲ့ နေ့စဉ်ပြုမူလုပ်ဆောင်မှုတွေကလည်း သင့်ဖုန်းကို ဖျက်စီးသလို ဖြစ်နေတယ်ဆိုတာ သတိထားရမှာပါ။ အဲ့ဒီအရာတွေကတော့

နေရောင်ခြည်နဲ့ထိတွေ့ခြင်း

ဖုန်းကို နေပူထဲ ဘယ်တော့မှ မထားခဲ့ပါနဲ့။

ဘောင်းဘီနောက်ကျောအိပ်ကပ်ထဲ ထည့်သိမ်းထားခြင်း

နောက်ကပ်ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားတာဟာ ထိုင်ရင် ဖုန်းကို ကွေးသွားစေနိုင်ပါတယ်။

ဈေးပေါပေါဖြင့်ရသော အားသွင်းကြိုးများ

အဲဒီလိုအားသွင်းကြိုးအများစုက ပါဝါကို လိုသလောက် မဖြည့်ပေးနိုင်ပါဘူး။ တချို့ဆိုရင် ဘေးကင်းလုံခြုံမှုအပိုင်းကို လုံးဝထည့်သွင်းမထားတာပါ။

ဖုန်းကို တစ်ချိန်လုံးဖွင့်ထားခြင်း

ဖုန်းကို အနားမပေးဘဲ အဆက်မပြတ် အသုံးပြုခြင်းက ဘက်ထရီကို ပျက်စီးစေပါတယ်။

တခြားပစ္စည်းများနဲ့အတူ ရောပြီး ထည့်သိမ်းထားခြင်း

သော့တွဲများ၊ အကြွေစေ့တွေ စတာတွေနဲ့ အိတ်ကပ်ထဲ ထည့်သိမ်းထားပါက ဖုန်းမှာ ခြစ်ရာတွေ ဖြစ်စေနိုင်ပါတယ်။

Ref: youtube
ဟန်နီ – Trend Myanmar