Category Archives: အချစ်ရေး

ဖောက်ပြန်နေတဲ့ချစ်သူကို ဘယ်လိုကိုင်တွယ်ကြမလဲ

Shares 299

ဒီဖောက်ပြန်တဲ့ကိစ္စက အချိန်တိုင်းကိုဖြစ်နေတာပါ။ သုံးပွင့်ဆိုင် relationship scandle တစ်ခုမှာ နှစ်ဖက်လုံးနဲ့ပက်သက်နေတဲ့သူကအမှားပါပဲ။ တစ်နည်းအားဖြင့်အလည်ကလူကအမှားပေါ့။ဖောက်ပြန်နေမှန်းသိသိရက်နဲ့ ဖမ်းလို့မမိတာ သက်သေမရှိတာဟာ တော်တော်လေးခံစားရခက်ပါတယ်။သူဖောက်ပြန်လို့ခံစားရတဲ့စိတ်ဒဏ်ရာကတစ်မျိုး ဖမ်းလို့မမိလို့ဒေါသထွက်တာကတစ်မျိုး တစ်ဖက်လူကိုသတ်ချင်စိတ်ပေါက်တာကတစ်မျိုးနဲ့ အတော်လည်းအကုသိုလ်များပါတယ်။

ဒီကိစ္စနဲ့ပက်သက်ပြီးကိုင်တွယ်စရာနည်းလမ်းလေးတွေကိုတတ်သမျှမှတ်သမျှဖော်ပြပေးလိုက်ပါတယ်။

 

သူဖောက်ပြန်နေတယ်ဆိုတာသေချာလား

တစ်ခါတစ်လေကျ ကိုယ်ကသူ့ကိုသိပ်ချစ်လွန်းနေတာနဲ့ပဲ အမြင်တွေမှားအထင်တွေလွဲ မျက်လုံးထဲဘာမှမမြင်တော့တဲ့အချိန်တွေလည်းရှိတတ်ပါတယ်။တကယ်လို့သူကဖောက်ပြန်နေတာမဟုတ်ဘူးဆိုရင် တစ်ဖက်စွပ်စွဲခံရတဲ့လူကိုလည်း အားနာစရာကောင်းပါတယ်။ကိုယ့်ရဲ့ Gut feeling ကိုလည်းယုံတာကောင်းတယ်ဆိုပေမယ့် သူရှင်းပြတာကိုလည်းနားထောင်ပေးသင့်ပါတယ်။မျက်နှာချင်းဆိုင်ရှင်းလိုက်မှပြေလည်သွားတာတွေကအများကြီးပါ။

 

သူ့ကိုအဆုံးရှုံးခံနိုင်လား

ဖောက်ပြန်နေတာသေချာသွားပါပြီတဲ့။ ကဲ…ဘာဆက်လုပ်ကြမှာတုန်း။ ဘက်ခမ်းနဲ့ဗစ်တိုးရီးယားကိုပဲကြည့် .. ဘက်ခမ်းဘက်ကလည်းဘယ်လောက်ပဲရှုပ်ရှုပ် ဗစ်တိုးရီးယားကိုမစွန့်လွှတ်ဘူး။ စိတ်ချမ်းသာအောင်ထားတယ်။ ဗစ်တိုးရီးယားဘက်ကလည်း သစ္စာမရှိတဲ့လူ လစ် လစ် လုပ်လို့မှမရတာ။မွေးထားတဲ့ကလေးတွေကလည်းတန်းကိုစီလို့ များပါဘိသနဲ့။တကွဲတပြားဖြစ်သွားရင်ဘယ်သူ့အတွက်မှမကောင်းဘူးမဟုတ်လား။ပြောချင်တာက သူတို့လိုမဖြစ်ခင် ရွေးချယ်လို့ရသေးတဲ့အချိန်မှာပြတ်ပြတ်သားသားရွေးချယ်ဖို့ပါ။ သူ့ကိုအဆုံးရှုံးခံနိုင်လားဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကိုယ်မညာတမ်းဖြေကြည့်ပါ။

 

အဆုံးရှုံးခံနိုင်တယ်ဆိုရင်

ဘာမှ social media တွေဘာတွေမှာပြောနေဆိုနေအရှက်ခွဲနေတာမျိုးမလုပ်ပဲ အေးအေးဆေးဆေးအဆုံးသတ်လိုက်ပါ။ အရှက်ခွဲတယ်ဆိုတာမျိုးက သူ့ကိုအရှက်ခွဲရင်းနဲ့ ကိုယ်ပါအရှက်ကွဲသွားတတ်ပါတယ်။ဟုတ်ပြီ သူကကိုယ့်အပေါ်မှာဖောက်ပြန်တယ်၊ဖောက်ပြန်တတ်တဲ့ သစ္စာမရှိတဲ့သူ၊ဒါပေမယ့် သူဖောက်ပြန်တာကိုခံရတဲ့ကိုယ်ကရော ဘယ်လောက်တောင်ညံ့နေလို့ ခံလိုက်ရတာလဲ။ဒီလိုမျိုးတွေရှိပါတယ်။နောက်အချိန်တွေကြာလာရင်တောင် ကြည့်စမ်း..သူ့ကိုဖောက်ပြန်သွားတာပေါ့ဘယ်သူကလေ ..ဆိုပြီိး ဆက်စပ်မိတိုင်းသတိရနေမိမှာမျိုးတွေမလုပ်ပါနဲ့။ချီးမွမ်းခုနစ်ရက်ကဲ့ရဲ့ခုနစ်ရက်ဆိုလည်းပဲ ခုနစ်ရက်နဲ့မပြီးပဲတစ်ဘဝလုံး ကိုယ့်နောက်လိုက်နေမယ့်ကိစ္စကြီးတွေလည်းရှိပါတယ်။

အဆုံးရှုံးမခံနိုင်ဘူးဆိုရင်

တကယ်တမ်းက ဖောက်ပြန်တတ်တဲ့လူတွေဆိုတာ ခွေးမြီးကောက်ကျည်တောက်စွပ်ပါ။ ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါထပ်ပြီးဖောက်ပြန်ဦးမလဲဆိုတာမသိနိုင်ပါဘူး။ပထမဆုံးတစ်ခါနဲ့တင်မှတ်သွားပြီး နောက်ဘယ်တော့မှထပ်မဖောက်ပြန်တော့တဲ့သူတွေလည်းရှိတယ်ဆိုပေမယ့် တော်တော်ရှားပါတယ်။တစ်တက်စားလည်းကြက်သွန်နှစ်တက်စားလည်းကြက်သွန်ဆိုတဲ့သူတွေကများပါတယ်။ဒါပေမယ့် ကိုယ်ကလုံးဝမှကိုအဆုံးရှုံးမခံနိုင်ဘူး သူမရှိပဲမနေနိုင်ဘူးဆိုတဲ့အဆင့်ထိကို ဝဋ်ကြွေးကြီးမားနေပြီိဆိုရင်တော့ ခွင့်လွှတ်လိုက်ပေါ့၊ဘယ်တတ်နိုင်မလဲ ခွင့်လွှတ်ပြီိး နောက်သူဘယ်နှစ်ခါထပ်ဖောက်ပြန်ပြန် ပြန်ခွင့်လွှတ်ပေးထားတဲ့ကိုယ့်အမှားလို့သာမှတ်ပါ။ တကယ်လို့သူကကောင်းကောင်းနေနေတာကိုမှ ကိုယ်က အားတိုင်း သတိရတိုင်း အဲဒီ့ဖောက်ပြန်ခဲ့တဲ့ကိစ္စကြီးကိုပြန်ပြီးအစဖော် စကားနာထိုးနေမယ်ဆိုရင်တော့ သူလည်းစိတ်မချမ်းသာကိုယ်လည်းသတိရတိုင်း ပူလောင်ရနဲ့ သက်သက်ညှဉ်းဆဲနေသလိုဖြစ်နေမှာပါ။

ဖောက်ပြန်တတ်တဲ့သူကို အနားမှာထားတာဟာ မြွှေပွေးခါးပိုက်ပိုက်ထားတာထက်ဆိုးပါတယ်။ဖောက်ပြန်တတ်တဲ့သူများ မျက်စိလည်လမ်းမှားပြီးရထားရင် ကောင်းကောင်းကိုင်တွယ်နိုင်ကြပါစေပေါ့။

ကိုယ်တိုင်ကမဖြစ်ချင်ပေမယ့် စိတ်ထဲကအလိုလို မနာလိုတဲ့ခံစားချက်တွေ ပေါ်လာရင် …

မနာလိုခြင်းဆိုတာ မကောင်းတဲ့စိတ်ခံစားချက်၊ သူများအောင်မြင်မှုကို ၀န်တိုခြင်းလို့ ခေါ်ကြတယ်။ လူ့သဘာဝအနေနဲ့ ကိုယ့်ထက် သာလွန်တဲ့လူကိုမြင်ရင် မနာလိုဖြစ်ကြတာမဆန်းပါဘူး။ မနာလိုတာနဲ့ အားကျတာကတော့ ကွာပါတယ်။ အားကျတာက သူတို့ဖြစ်ချင်တယ်၊ အောင်မြင်ချင်တဲ့
စိတ်သက်သက်ပဲရှိတယ်။ မနာလိုတာကျတော့ သူ့အောင်မြင်မှုအတွက် ကိုယ်က လိုက်မပျော်ပေးနိုင်တော့ဘူး။ စိတ်ထဲမှာ အလိုမကျမှုတွေ၊ ဒေါသတွေပါ ရောပါလာတယ်။

ကိုယ်တိုင်က ဒီလိုခံစားချက်ကြီးကိုမုန်းပေမယ့် တစ်ခါတစ်လေ စိတ်ထဲမှာခံစားလာရရင် ဘယ်လိုဖြေဖျောက်မလဲ ? မနာလိုဖြစ်နေတဲ့ စိတ်ကိုအကောင်းဘက်ရောက်အောင် ဘယ်လိုကိုင်တွယ်မလဲ ?

လေ့လာမှုများအရ မနာလိုဝန်တိုခြင်းဆိုတာ သဘာဝတစ်ခုဖြစ်လို့ သမိုင်းတစ်လျှောက်မှာတော့ ဓလေ့တစ်ခုအဖြစ်ရှိနေဆဲပါပဲ ။ သူငယ်ချင်း အချင်းချင်း ဆက်ဆံရေး၊ လုပ်ငန်းခွင် လုပ်ဖော်ကိုင်ဖက်ခြင်းဆက်ဆံရေးတွေမှာ မနာလိုဝန်တိုစိတ်တွေ အများဆုံးဖြတ်တတ်ပါတယ်။ ဆွေမျိုး အချင်းချင်း အမွေလုရာမှာလည်း ဒီလိုစိတ်တွေ ၀င်နိုင်တာပဲ။ ကိုယ်ကျင်လည်နေတဲ့ ပတ်ဝန်းကျင်တိုင်းမှာ ဒီစိတ်ကတော့ အမြဲရှိနေမှာပါပဲ။

ဒီလို ခံစားချက်ကြီးဝင်နေတာကို ဖယ်ထုတ်ပစ်ချင်တယ်ဆိုရင်တော့ အကောင်းဆုံးနည်းလမ်းက သူ့အကြောင်းမတွေးပါနဲ့။ ကိုယ်မနာလိုတဲ့လူအကြောင်းတွေးနေရခြင်းဟာ အားလည်းပိုကုန်စေပြီး ကိုယ့်ကိုယ်ကိုယ်နှိပ်စက်ရာရောက်ပါတယ်။ အကောင်းဆုံးက မတွေးပဲနေပါ။ သူ့မှာ ဘယ်အချက်တွေက သာလွန်နေတာလဲ… ဘယ်အရာတွေကြောင့် ငါ့ကို ဒီလိုစိတ်ခံစားချက်ဝင်အောင်လုပ်ရတာလဲဆိုတာ သေချာပြန်စဉ်းစားပါ။ လူတိုင်းမှာ ကိုယ်စီတန်ဖိုးဆိုတာ ရှိပြီးသားပါ။ သူများနဲ့တော့ လိုက်မယှဉ်ပါနဲ့ ။ ငါဘာတွေ ဆက်လုပ်မလဲ ? ဒီထက်ပိုပြီး အောင်မြင်အောင် ဘာတွေပြင်ဆင်မလဲဆိုတာ အရေးကြီးပါတယ်။ ထိုင်ပြီး သူ့အကြောင်းတွေး ပြီး မနာလိုဖြစ်နေမယ့်အစား အဲ့ဒီအချိန်လေးမှာ ကိုယ့်အတွက်အကျိုးရှိမယ့်အရာတစ်ခုခုကိုလုပ်လိုက်ခြင်းဟာ ကိုယ့်ရဲ့မနာလိုစိတ်ကို
ကောင်းတဲ့ဘက်ရောက်အောင် ဆွဲသွင်းလိုက်သလိုပါပဲ။ ကြိုးစားကြည့်ပါ… အစပိုင်းမှာတော့ ခဲယဉ်းပေမယ့် နောက်ပိုင်းတဖြည်းဖြည်း အသားကျလာပါလိမ့်မယ်။ 🙂

Ref- Treand Myanmr

ကိုယ့်ကောင်လေးကို ဘယ်လို လက်ဆောင်မျိုးပေးရင်ကောင်းမလဲ?

ဟိုတစ်ပတ်ကကောင်မလေးကို လက်ဆောင်ပေးနည်းလေးတင်ပေးခဲ့တယ်ဟုတ်… OK ဒီတစ်မှာတော့ကိုယ့်ကောင်လေးကို ဘယ်လိုလက်ဆောင်လေးတွေပေးသင့်လဲဆိုတဲ့နည်းလမ်းလေးတွေကို အနီးစပ်ဆုံးသိသလောက်ဝေမျှပေးလိုက်ပါတယ်။
ယောင်္ကျားလေးတွေဟာ မိန်းကလေးတွေနဲ့များသောအားဖြင့်အယူအဆကွဲပြားပါတယ်။ သူတို့ရဲ့ လက်ဆောင်ပစ္စည်းရရှိမှုပေါ် ခံစားရတဲ့အယူမဆဟာကိုယ်တွေမိန်းကလေးတွေနဲ့ မတူနိုင်တာကြောင့် လက်ဆောင်ရွေးဝယ်ရတော့မယ်ဆိုရင် ပျိုမေတို့ စဉ်းစားရခက်နေပါလိမ့်မယ်။ ကိုယ်ချစ်သူကပေးတာပဲကြိုက်ကြိုက်မကြိုက်ကြိုက်ယူ ရမယ်ဆိုပေမဲ့လည်း ကိုယ်ချစ်တဲ့ကောင်လေးစိတ်ကိုဖမ်းစားချင်တဲ့လက်ဆောင်မျိုးတော့ပေးချင်ကြမှာပေါ့…
ယောင်္ကျားလေးတွေ သဘောကျတက်တဲ့လက်ဆောင်မျိုးကို ဖန်တီးပေးမယ်ဆိုရင်…
(၁) သိပ်ခမ်းနားစရာမလိုပါဘူး
ယောင်္ကျားလေးတွေရဲ့ ပင်ကိုယ်ဗီဇ ဟာများသောအားဖြင့် မိန်းကလေးတွေလောက် ခမ်းနားကြီးကျယ်ဝံ့ကြွားမှာကို မမက်မောကြပါဘူး။ အခန်းတစ်ခန်းမှာ ဖယောင်းတိုင်းတွေဘောလုံးတွေနဲ့ လုပ်ပေးတဲ့supriseကိုမိန်းကလေးတွေသာ ရင်ခုန်ကြတာပါ။
(၂) ဘာကြိုက်တက်လဲ အရင်ကြည့်ပါ
ပြောချင်တာက သူ့ ကိုဘာဝယ်ပေးရင်ကောင်းမလဲဆိုတာမျိုးထက် သူဘာကို ၀ါသနာပါလဲ၊ သူ့ အကြိုက်တွေကဘာလဲ ဆိုတာသိပါစေ။ ဥပမာ-ကိုယ့်ကောင်လေးက ဘောလုံးဝါသနာရှင်ဆိုရင် သူ့ အတွက်ခြေအိတ်တစ်စုံ ၊ ဘောလုံးအင်္ကျီတစ်ထည်က supriseတွေထက် အများကြီးသူ့ စိတ်ကို ဖမ်းစားစေပါတယ်။ သူ့ စိတ်ထဲမှာ ကိုယ်ဟာသူ့ ဝါသနာသူ့ အကြိုက်ကိုသိနေပါလားဆိုပြီးပျော်နေတက်ပါတယ်။
(၃) သူတို့ အတွက်သူတို့ ဘာဝယ်တက်လဲ လေ့လာပါ
ကိုယ့်ကောင်လေးနဲ့shopping ထွက်တဲ့အခါ သူ့အတွက်သူဘာအသုံးဆောင်တွေဝယ်လဲဆိုတာကြည့်ပါ။ သူပုံမှန်ဝယ်နေကျ သူ့ အတွက်လိုအပ်တဲ့ပစ္စည်းလေးကိုသူ့ ကိုပေးလိုက်မယ်ဆိုရင် မထင်မှတ်ပဲ အရမ်းကြည်နူးသွားပါလိမ့်မယ်။သူ့ အသုံးအေဆောင် အသေးမွှားလေးတွေကို မှတ်ထားပေးလို့ ကိုယ့်ကိုသူ ပိုချစ်နေမှာပါ။
(၄) ပုံစံကို သိပါစေ
ကိုယ့်ကောင်လေးရဲ့ Typeကိုသိပါစေ။ ဥပမာ-တစ်ချို့ ကောင်လေးတွေကလူအေး ၊ အာ့လိုလူအေးတွေကို အကွက်တွေအပြောက်ကြီးတွေနဲ့ အင်္ကျီဝယ်ပေးတာမျိုး ၊ ခပ်ဟော့ဟော့ နေတက်တဲ့ကောင်လေးကေို ကျမ်းစာအုပ်တွေသမိုင်းကြောင်းတွေ ဖတ်ဖို့ ဝယ်ပေးတာမျိုး မလုပ်ပါနဲ့ ။ သူနေတဲ့Lifestyle နဲ့ ကိုက်ညီတဲ့ လက်ဆောင်မျိုးရွေးဝယ်ပေးပါ။ ၀ယ်ပေးဖြစ်တဲ့လက်ဆောင်တိုင်းဟာ တန်ဖိုးနည်းရင် နည်းပါစေ အဓိပ္ပါယ်ရှိဖို့တော့မမ့ပါနဲ့။

ကိုယ့်ကောင်လေးရဲ့ စိတ်ကိုဖမ်းစားနိုင်တဲ့လက်ဆောင်မျိုးလေးတွေကို ရွေးချယ်နိုင်ကြပါစေ လို့ စေတနာဖြင့်...

 

Credit- Trend Myanmar

Anniversary နေ့တွေကိုဘယ်လိုကုန်ဆုံးရင်ကောင်းမလဲ?

ချစ်သူရည်စားတွေရှိလာကြပြီ ဆိုရင် တော်တော်များများဟာ စကြိုက်ခဲ့တဲ့နေ့လေး၊စပြီးရည်စား၊ ချစ်သူဖြစ်ခဲ့တဲ့နေ့လေးကို အမှတ်တရနေနဲ့တစ်သတ်လုံး စွဲမြဲအောင်ရင်ထဲသိမ်းဆည်းထားတက်ကြပါတယ်။လူတော်တော်များများဟာ သူတို့ရဲ့ ချစ်သူနဲ့နှစ်ပတ်လည်နေ့တိုင်းကို ပျော်ရွှင်ကြည်နုးစရာကောင်းတဲ့အစီစဉ်လေးတွေ နဲ့ဖြတ်သန်းချင်တက်ကြပါတယ်။ ဒီလိုAnni တစ်ခါရောက်တိုင်း ဒီတစ်ခါ Anniကို ဘယ်လိုဖြတ်သန်းရင်ကောင်းမလဲ ကိုယ့်ချစ်သူလေးနဲ့ပိုပြီးနီးစပ်အောင် ဘယ်လိုနေရမလဲ ဆိုတာမျိုးတွေးရခက်နေတဲ့လူတွေအတွက် အောက်မှာပြောပြမဲ့အကြောင်းအရာလေးတွေကနည်းနည်းပဲဖြစ်ဖြစ် အသုံးဝင်မှာပါ…
(၁) အိမ်ရဲ့ နွေးထွေးမှူအရသာ
ဒါဟာလက်ထက်ပြီးသား သူတွေအဖို့ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုပါ။ အိမ်ထောင်တစ်ခုကိုတည်ဆောက်ပြီးတဲ့အချိန်မှာ တော်တော်များများဟာစားဝတ်နေရေးရုန်းကန်နေရတာ တွေကြောင့်
အိမ်မှာထမင်းလက်ဆုံစားဖို့တောင်ခက်ခဲတက်ကြပါတယ်။ ဒါကြောင့် နှစ်ပတ်လည်နေ့မျိုးမှာ နှစ်ယောက်ရဲ့ အချိန်တွေကို နေထိုင်တဲ့အိမ်လေးမှာကုန်ဆုံးပြီး ဟင်းအတူတူချက်စားကြတာမျိုး၊ တစ်နေ့လုံးရီစရာတွေထိုင်ပြောတာမျိုး၊
အိမ်နားပတ်ဝန်းကျင်ကဈေးကို တူတူသွားပြီးလိုအပ်တာတွေဝယ်တာမျိုး လေးတွေလုပ်ရင်း တစ်ယောက်ယောက်နဲ့တစ်ယောက်ပိုရင်းနှီးကာ အဓိပ္ပါယ်ရှိတဲ့နှစ်ပတ်လည်နေ့ဖြစ်လာပါလိမ့်မယ်။
(၂) ခရီးတူတူထွက်ပါ
လက်ထက်ပြီးသားဟုတ်ဟုတ် မဟုတ်ဟုတ် သုံးလို့ရတဲ့နည်းလမ်းလေးပါ။ ခရီးရှည်ကြီးမဟုတ်ပဲ စိတ်ဝင်စားဖို့ကောင်းတဲ့ခရီးတိုလေးကို anni ရက်မှာသွားကြည့်ပါ။တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုပိုလာစေပြီးအမှတ်တရဖြစ်စေမှာပါ။
(၃) အသစ်လေးတွေလုပ်ပါ
နှစ်ယောက်သားအမြဲတူတူလုပ်နေတဲ့ အရာမျိုး မဟုတ်ပဲ ထူးခြားတဲ့အတွေးသစ်လေးတစ်ခုတစ်ကို တူတူလုပ်ကြည့်ပါ။ဥပမာ-ရေတူတူမကူးဘူလို့ပထမဦးဆုံးကူးကြည့်တာမျိုး ပေါ့။
(၄) နက်ရှိုင်းတဲ့အမှတ်တရတစ်ခုဖန်တီးပါ
ကိုယ်တွေနှစ်ယောက်လုံးရဲ့ စိတ်ထဲမှာစွဲကျန်နေမဲ့ ဥပမာ-အလှူလုပ်တာမျိုး ၊ မရှိဆင်းရဲသားတွေကိုပေးကမ်းတာမျိုး လေးတွေကို ကိုယ့်ဘက်ကတက်နိုင်သလောက်လုပ်ပါ။ ပမာဏနည်းသည်များသည်ထက် တစ်ယောက်ရဲ့ ကုသိုလ်စိတ်ကို
တစ်ယောက်ခံစားနားလည်နိုင်ပြီး အေးမြတဲ့နှစ်ပတ်လည်နေ့အရသာကိုခံစားမိမှာပါ။
(၅) အမြင်နဲ့တင်ပျော်ပါစေ
ဒီလို အရေးကြီးတဲ့နေ့မျိုးမှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ လန်းဆန်းသပ်ရပ်နေပါစေ။ အ၀တ်စားအကောင်းစားမဟုတ်ရင်တောင် နုံခြာတဲ့ အပြင်အဆင်မျိုးနဲ့ မဖြတ်သန်းပါနဲ့စိတ်ရောလူရောလန်းဆန်းနေမှသာကိုယ့်ကြင်ဖက်လည်းစိတ်ချမ်းသာနိုင်ပြီးပျော်ရွှင်စွာ
ဖြတ်သန်းနိုင်မှာပါ။
ကိုယ်ချစ်ရသူနဲ့ Anni နေ့တိုင်းကို အဆုံးအစမရှိပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ…

ဘာလို့ပျော်ရွှင်စရာမကောင်းတဲ့Relationship တစ်ခုမှာကြိုးစားပြီး နေထိုင်နေကြတာလဲ?

လူတိုင်းဟာ ပျော်ရွှင်စရာကောင်းပြီး ပြီးပြည့်စုံတဲ့ RS တစ်ခုကိုပိုင်ဆိုင်ချင်ကြပါတယ်။ ယနေ့ခေတ် social media တွေ ထွန်းကားလာတဲ့အချိန်မှာလည်း ကိုယ့်ချစ်သူနဲ့ဘယ်လို ပျော်နေကြောင်း ၊ ဘယ်လောက်သာယာကြောင်းပြချင်တာလည်း လူ့သဘာဝပဲလေ။ ဒါပေမဲ့ လူ့အကြိုက်နတ်မလိုက်နိုင်ဆိုသလိုပဲ အမြဲပျော်ရွှင်စရာကောင်းတဲ့ဘ၀ဆိုတာတော့မရှိပါဘူး။တစ်ယောက် အနာတစ်ယောက်ဖာရင်းထေးရင်းနားလည်မှူတွေကိုယ်စီနဲ့ ရှေ့ဆက်နိုင်မှကောင်းမွန်တဲ့ချစ်သူဘ၀လည်း ရောက်ရှိလာနိုင်မှာပါ။ အာ့လို ရုန်းကန်းကြိုးစားနေရတဲ့အချိန်မှာ ပင်ပန်းပင်မဲ့ကိုယ့်ချစ်သူနဲ့ဆိုရင်ဆိုတဲ့အတွေးမျိုးနဲ့ပျော်ပျော်ရွှင်ရွှင်ကြိုးစားအားထုတ်နိုင်မှသာ

စစ်မှန်တဲ့ချစ်ခြင်းမေတ္တာနဲ့ပျော်စရာကောင်းတဲ့RSဖြစ်မှာပါ။ ကိုယ့်ဘက်က အာ့လို မစွမ်းဆောင်ချင်ဘုး တစ်နည်း အားဖြင့်သူ ဘယ်လောက်ကောင်းကောင်း ကိုယ်ကနားမလည်ဘူး၊ ကိုယ်ဘက်ကကောင်းနေရင်လည်းသူကနားလည်မှုမရှိဘူး အဲ့လိုမျိုးသဘောထားတွေရှိလာပြီဆိုရင် အချစ်ပါတဲ့RSမျိုး ဟုတ်သေးရဲ့လား တွေးပြီး ရုန်းထွက်သင့်ရင်ရုန်းထွက်ပါ။

ဘယ်လို လူမျိုးတွေ က ဘယ်လိုအကြောင်းကြောင်း ရုန်းမထွက်နိုင်ကြတာလဲ?
(၁) အရှက်ကွဲမှာကြောက်တဲ့သူ
အထူးသဖြင့်မိန်းကလေးတော်များများ ဟာ ကိုယ်ရွေးချယ်ထားတဲ့လူတစ်ယောက်နဲ့ပဲတစ်ဘ၀လုံး လက်တွဲသွားချင်ကြပါတယ်။ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွေသိထားပြီးသား ဖြစ်တဲ့ RS တစ်ခုကို လွယ်လွယ်
မဖြတ်တောက်နိုင်ကြပါဘူး။ဒါကြောင့် အသက်မပါတဲ့အချစ်တွေနဲ့တစ်ယောက်နဲ့တစ်ယောက် လူအများ ရှေ့ မှာကြိုးစားပြီး ဟန်ဆောင်ပျော်ပြတက်ကြပါတယ်။
(၂) အချိန်ကိုစောင့်သူ
စစချစ်ခါစကြိုက်ခါစမှာတော့တစ်ယောက်နဲ့တစ်ယောက် မေတ္တာပိုခဲ့ကြပေမဲ့ အချစ်စစ်မမှန်တဲ့အတွက် ကြာလာရင် စိတ်ရင်းပေါ်ပြီး ရင့်သီးလာကြပါတယ်။ အာ့လို အချိန်မှာသူများပြောင်းလဲလာမလားဆိုတဲ့စိတ်နဲ့ စောင့်ဆိုင်းနေတက်ကြပါတယ်။ဒ
တစ်ခုသိထားဖို့ကလူတစ်ဦးရဲ့ မျိုးရိုး အကျင့်က လွယ်လွယ်ပြင်လို့မရနိုင်ပါဘူး အထူးသဖြင့်ကိုယ့်အပေါ်စိတ်မရှိတဲ့လူတစ်ယောက်ဟာ လုံးဝမပြောင်းလဲနိုင်ပါဘူး။
(၃) အချစ်ကြီးသူ
RS တစ်ခုမှာ ကိုယ့်ဘက်ကပဲသေလောက်အောင်ချစ်နေလဲ သူ့ဘက်ကအချစ်စစ် မမှန်ရင် မမြဲပါဘူး။ဒါကြောင့်အရိုးကြေကြေအရည်ခမ်းခမ်း ဆိုတဲ့မိုက်ရူးရဲဆန်တဲ့စိတ်မျိုးနဲ့ မပျော်ရတဲ့RSဘသမှာကြိုးစားမနေပဲရုန်းထွက်နိုင်အောင်ကြိုးစားပါ။
လူတိုင်းဟာ သူ့ကံအကြောင်းတရားသူ ရှိလာပြီးသားမလို့ မပျော်ရွှင်ရပဲ စိတ်မချမ်းသာရတဲ့FAKE RS ဘ၀မှာအချိန်ကုန်ခံပြီး ကြိုစားမနေထိုင်ကြပါနဲ့။

Credit- Trend Myanmar

အိမ်ထောင်ပြုတယ်ဆိုတာ…

အခုခေတ်လူငယ်တွေကြားမှာ အိမ်ထောင်ပြုခြင်းနဲ့ပတ်သတ်ပြီး သူတိုရဲ့ထင်မြင်ယူဆချက်တွေဟာ သိပ်ပေါ့ပေါ့တန်တန်နိုင်လာတာကိုတွေ့ရပါတယ်။ ”အဆင်မပြေရင် ကွာလိုက်ကြပေါ့ ”ဆိုတဲ့ စကားတွေကိုလွယ်လွယ်ပြောထွက်လာကြတယ်။ ဘဝရဲ့အရေးကြီးတဲ့ကိစ္စတစ်ခုကိုပြီးစလွယ်လုပ်ရဲလွန်းတယ်။

”အဆင်ပြေတဲ့ အိမ်ထောင်ရေးထက် ပိုပြီးနှစ်သက်ခင်တွယ်စရာကောင်းသောအရာမရှိ ” လို့ မာတင်လူသာကပြောခဲ့ဖူးတယ်။ အိမ်ထောင်ပြုတယ်ဆိုတာ အခြေခံသဘောတရားတွေ၊ သဘာဝဆွဲအားအချင်းချင်းတွေ့ကြုံဆုံစည်းမှုလို့ဆိုတာထက် ရေရှည်မှာ တကယ်တမ်း
အလိုအပ်ဆုံးက လိုက်ဖက်မှု ရှိ ၊ မရှိဆိုတာပါပဲ။ ဒါမျိုးက ချက်ချင်းကောက်ကာငင်ကာ ဆုံးဖြတ်လို့ရတဲ့အရာမဟုတ်ပါဘူး။ ဦးနှောက်နဲ့ နှလုံးသား နှစ်ခုပေါင်းစပ်မှဖြစ်လာတာပါ။

အိမ်ထောင်တစ်ခုပြိုကွဲပြီဆိုရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေကြုံရစမြဲပါပဲ ။ ကလေးတွေရှိရင် ပိုဆိုးပါတယ်။ လင်မယားနှစ်ဦးက မချစ်မနှစ်သက်လို့ အတူတူမနေချင်တာမှန်ပေမယ့် ကြားထဲက
ဘာအပြစ်မှမရှိတဲ့ ကလေးတွေ နစ်နာရမယ်။ စိတ်ထိခိုက်ရမယ်။ စိတ်ထဲ ဘယ်လိုအစိုင်ခဲတွေဖြစ်သွားမလဲ မှန်းဆလို့မရပါဘူး။ နောက်ပြီး အိမ်ထောင်ကွဲဆိုတဲ့အသိ၊ ဘေးပတ်ဝန်းကျင်လူတွေရဲ့
ရိုက်ခတ်မှုကလည်း ပေါ့သေးသေးတော့မဟုတ်ဘူး။ ဒီရိုက်ခတ်မှုတွေကြောင့် ငါဟာ အရှုံးသမား၊ ဘာကိုမှဖြစ်ထွန်းအောင်မလုပ်နိုင်တဲ့သူလို့ အတွေးပေါင်းများစွာ ဝင်လာနိုင်တယ်။

အိမ်ထောင်ရေးဆိုတာကို လူနှစ်ယောက် စပ်တူလုပ်တဲ့ အကြီးကျယ်ဆုံး ရင်းနှီးမြှုပ်နှံမှုလို့မြင်ကြည့်ရအောင် ! နှစ်ဖက်နှစ်လမ်းဖြစ်နိုင်ပါတယ်။ အောင်မြင်တဲ့အိမ်ထောင်ရေးကြောင့် လူတစ်ယောက်ရဲ့ဘဝဟာ များစွာသော တန်ဖိုးမဖြတ်နိုင်လောက်တဲ့ ပံ့ပိုးထောက်ကူမှုတွေဖြစ်နိုင်တယ်။ မအောင်မြင်တော့တဲ့ အိမ်ထောင်ရေးတစ်ခုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ လုပ်ငန်းတွေပျက်၊ ပစ္စည်းဥစ္စာ ဆုံးရှုံးမှုတွေအထိဖြစ်လာနိုင်တယ်။

ဒီတော့ အိမ်ထောင်ပြုပြီဆိုတာနဲ့ အချိန်ကိုမျှတစွာ စီမံခန့်ခွဲတတ်ဖို့လိုပါတယ်။ တစ်ဖက်တည်းကိုပဲ အချိန်တွေအရမ်းပေးမိရင် နှစ်ယောက်ကြားအဖုထစ်အစိုင်အခဲတွေဖြစ်လာမယ်။ ငွေရေးကြေးရေးပိုင်းမှာလည်း သေချာ စိစစ်ပိုင်းခြားပါ။ ငွေတွေ ဘယ်နားမှာ ပရမ်းပတာကုန်နေလဲ ၊
မိသားစုအတွက် ဘာကတော့လိုအပ်နေတယ်… ဒါတွေကို သေချာစီစဉ်နိုင်ဖို့လိုပါမယ်။ငွေကိုရှာသင့်သလောက်ရှာ၊ မိသားစုကိုလည်း အချိန်ပေးသင့်သလောက်ပေး။ မျှတနေရင် ဘယ်အရာမဆို အဆင်ပြေပါတယ်။ အိမ်ထောင်မပြုခင် သေချာစဉ်းစားဆုံးဖြတ်နိုင်ကြပါစေ

လမ်းခွဲပြီးတဲ့အခါ သင့်ခန္ဓာကိုယ်ကပြလာမယ့်လက္ခဏာ(၅)ရပ်

Image result for break love

လမ်းခွဲခြင်းက လူတိုင်းအတွက်ခက်ခဲတဲ့အရာတစ်ခုပါပဲ။ ကိုယ့်ရဲ့တက်လွယ်ကျလွယ်စိတ်ခံစားချက်တွေကြောင့် ဖိစီးမှုတွေများကာ ခန္ဓာကိုယ်ဟာလည်း တိုက်ရိုက်သက်ရောက်မှုတွေရှိနေပါတယ်။  ချစ်ရတဲ့သူနဲ့လမ်းခွဲပြီးတဲ့အခါ သင့်ခန္ဓာကိုယ်မှာဖြစ်လာမယ့် အရာတွေကို ဖော်ပြပေးလိုက်ပါတယ်…။

၁.) စိတ်ဓာတ်ကျပြီး အိပ်မပျော်ဖြစ်ခြင်း

ကိုယ်တွေ ဆုံးရှုံးမှုကိုခံစားရတဲ့အခါ၊ နာကျင်တဲ့အခါ တစ်ယောက်တည်းနေတာထက်စာရင် သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ် တွေ့ဆုံလိုက်တာက အနည်းငယ်တော့စိတ်သက်သာရာရပါတယ်။ သိပံ္ပပညာရှင်တွေ လေ့လာချက်အရ ကိုယ်အရမ်းချစ်ရသူနဲ့ လမ်းခွဲပြီးတဲ့အခါ စိတ်ဓာတ်ကျခြင်းကိုခံစားလာရပြီး အိပ်မပျော်ဖြစ်ကာ အစားသောက်တွေပျက်လာတဲ့အထိဖြစ်လာနိုင်ပါတယ်။တစ်ခုမှတ်ထားရမှာက ဒါဟာအမြဲတသတ်မှတ်တည်းဖြစ်သွား
မှာမဟုတ်ကြောင်း အချိန်ပေးလိုက်ရင် အဆင်ပြေသွားမယ်ဆိုတာကိုလက်ခံထားရင် သင် နေသားကျသွားပါလိမ့်မယ်။

၂.) ရင်ဘတ်အောင့်ခြင်း

လမ်းခွဲပြီးတဲ့အခါ စိတ်ထိခိုက်သွားရုံတင်မက ခန္ဓာကိုယ်ပိုင်းဆိုင်ရာတွေပါ နာကျင်မှုဒဏ်တွေခံစားလာရတယ်လို့ လေ့လာမှုများအရသိရပါတယ်။ နေလို့ထိုင်လို့မကောင်းဖြစ်ကာ ရင့်ဘတ်အောင့်ခြင်း (သို့) နှလုံးအောင့်ခြင်း ဝေဒနာတွေကို
ခံစားလာရပါတယ်။ နှလုံးရောဂါအခံရှိပြီးသားလူဆို ဒီဖိစီးမှုဒဏ်တွေကိုခံစားနိုင်မှာမဟုတ်ပါဘူး။

၃.) အရေပြားပြဿနာ

စိတ်ဓာတ်ကျနေတဲ့အခါ အရေပြားတွေကအစ အရမ်းသိသာလာပါတယ်။ ဖိစီးမှုဒဏ်တွေကြောင့် ကိုယ့်ကိုကိုယ်ဂရုစိုက်ချင်စိတ်ကုန်သွားကာ အသားရေတွေလည်းညစ်ညမ်းလာတတ်ပါတယ်။ မျက်နှာမှာဆို ဝက်ခြံတွေထွက်လာတတ်ပြီး ဆံပင်တွေလည်းကျွတ်တတ်ပါတယ်။

၎.) ကြွက်သားများ နာကျင်လာခြင်း

စိတ်ဓာတ်ကျတဲ့အခါ လူတွေဟာ ပုံမှန်ထက်ပိုပြီး ပင်ပန်းနွမ်းလျနေတတ်ပါတယ်။
ဖိစီးမှုတွေကြောင့် ရုတ်တရက်အကြောဆွဲခြင်း၊ အကြောတွေ တောင့်နေခြင်းဖြစ်နေတတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့မတူညီတဲ့နေရာတွေက နာကျင်မှုမျိုးစုံကိုခံစားရနိုင်ပါတယ်။

၅.) အစားချင်စိတ်လျော့ခြင်း (သို့) ဝိတ်တက်လာခြင်း

လမ်းခွဲပြီးတဲ့အခါ တော်တော်များများကတော့ အစားစားချင်စိတ်လျော့ကျတတ်ပါတယ်။
အချိန်အနည်းငယ်ကြာသွားရင်တော့ စားချင်စိတ်ပြန်ပေါက်ကာ ဝိတ်တက်လာနိုင်သလို၊
တစ်ချို့ကျတော့လည်း လမ်းခွဲပြီးတာနဲ့ အစားတွေချည်းဖိစားနေတာမျိုးလည်း တွေ့ဖူးပါတယ်။ ဝိတ်တက်လာရခြင်းအဓိကအကြောင်းရင်းကတော့ အိမ်မပျော်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု သိပ်မရှိလို့ဖြစ်ပါတယ်။

လတ်တလောသွေးပူနေချိန်မှာတော့ အရမ်းငိုချင်တာတို့၊ အရက်သောက်ပြီး စိတ်ဖြေချင်
တာတို့ရှိပေမယ့် နောက်နေသားကျသွားတဲ့အခါ အရာအားလုံးကကောင်းဖို့ဖြစ်လာတယ်လို့သာတွေးလိုက်ပါ။