Category Archives: အချစ်ရေး

ပါးစပ်က ထုတ်မပြောပေမဲ့ မိန်းကလေးတွေ အလိုရှိသော အရာ

တခါတလေမှာ မပြောဘဲ သိနေသင့်တဲ့ အရာတွေကို ပါးစပ်ကနေ ထုတ်ပြောလိုက်ရတဲ့အတွက် တန်ဖိုးကျသွားတာတွေ ရှိပါတယ်။ ပြောမှလုပ်တာထက် အလိုလို နားလည်ပေးတဲ့ စိတ်နဲ့ ပြုလုပ်ပေးတဲ့ အရာကို လူတွေက ပိုအလေးထားတတ်ပါတယ်။ မိန်းကလေးတစ်ယောက်က သူ့ချစ်သူအပေါ်ကို ယုယကြင်နာမှုပေးသလို သူ့ဘက်ကလည်း ပြန်ပြီး ယုယခံချင်ပါတယ်။ မိန်းကလေးတစ်ယောက် နှုတ်က ကိုယ်တိုင် ဖွင့်မပြောပေမဲ့ တောင့်တနေတဲ့ အရာတွေ ရှိပါတယ်။

သူ့ကို ရမ္မက်ပြင်းတဲ့ အချစ်တွေနဲ့နမ်းတာထက် သူ့နဖူးလေးကို တယုတယနဲ့ ကြင်ကြင်နာနာ အနမ်းခြွေတာကို မိန်းကလေးတိုင်း လိုချင်ကြပါတယ်။ ရမ္မက်နဲ့ ဆန္ဒက တဒင်္ဂသာယာမှုအတွက် လုံလောက်ပေမဲ့ တစ်ဘဝစာ ချစ်ခြင်းမေတ္တာမှာတော့ ဖြူစင်တဲ့ နွေးထွေးမှုလေးတွေ ရှိဖို့လိုပါတယ်။ မိန်းကလေးတစ်ယောက်က သူ့ချစ်သူကပေးတဲ့ အံ့သြစရာတွေကို မျှော်လင့်တတ်ပါတယ်။ ငွေကုန်ကြေးကျ အများကြီးခံပြီး အံ့သြသွားအောင် လုပ်ပြရမယ်လို့ မဆိုလိုပါဘူး။သူ အရမ်းကြိုက်တဲ့ သီချင်းကို ဂစ်တာတီးပြီး ဆိုပြတာမျိုး၊သူ ကြိုက်တဲ့ စာရေးဆရာရဲ့ စာအုပ်တစ်အုပ်ဝယ်ပြီး လက်ဆောင်ပေးတာမျိုး၊ ချိန်းမထားဘဲ ကိုယ့်ရုံးကို လာကြိုတာမျိုးလေးတွေက အသေးအဖွဲလေးတွေပေမဲ့ သူ့ကို အသေးစိတ်ကအစ ဂရုစိုက်တတ်တယ်ဆိုတာကို ပြရာရောက်ပါတယ်။

ချစ်တယ်ဆိုတဲ့ စကားကို အချိန်အခါ နေရာမရွေး ကြားချင်တတ်ပါတယ်။ သူ့ကိုယ်သူ မလှဘူးလို့ ထင်ထားတဲ့အချိန်တွေမှာ အရမ်းချစ်ဖို့ကောင်းတာပဲ ဆိုတဲ့ စကားလေးတွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေရှေ့မှာ ကိုယ့်ချစ်သူရဲ့ အရေးတယူနဲ့ ဂရုစိုက်မှုလေးတွေက မိန်းကလေးတစ်ယောက်အနေနဲ့ ယောက်ျားလေးတစ်ယောက်ကို ပြောမပြရဘဲ သိနေစေချင်တဲ့ အကြောင်းတွေပဲ ဖြစ်ပါတယ်။မိန်းကလေးတွေက သူတို့ချစ်သူဆီက ငွေတွေ၊လက်ဆောင်ပစ္စည်းတွေ လိုချင်တာ မဟုတ်ပါဘူး။ချစ်သူရဲ့ ဂရုစိုက်မှု၊ စိတ်ရှည်သည်းခံမှုနဲ့ အကြင်နာတွေကိုပဲ အပြည့်အဝ ရဖို့ မျှော်လင့်ကြတာ ဖြစ်ပါတယ်။

Ref:idealist4ever

အိမ်ထောင်ကွဲမှု ဖြစ်ရခြင်း အဓိက အကြောင်းရင်းများ

စာရင်းဇယားများအရ ၄၂%သော လင်မယားတွေက ကွာရှင်းခြင်းနဲ့ အဆုံးသတ်ကြပြီး အိမ်ထောင်သက် နှစ် ၂၀ မတိုင်မီ ကွာရှင်းကြတဲ့ လင်မယားတွေက ၃၄%ရှိတယ်လို့ ဆိုပါတယ်။ ဆက်စပ်နေတဲ့ လေ့လာမှု တစ်ခုမှာတော့ ၈၇%သော လင်မယားတွေက အဆင်ပြေပြီး ရန်မဖြစ်သလောက်နီးပါး အဆင်ပြေတဲ့ လင်မယားက တစ်ဝက်လောက်ရှိတယ်လို့ ဆိုပါတယ်။ ဒီစာရင်း ဇယားတွေကို ကြည့်ခြင်းအားဖြင့် အစမှာ အဆင်ပြေပါတယ်လို့ ဆိုကြတဲ့ လင်မယားတွေက အိမ်ထောင်သက် အနှစ် ၂၀ မပြည့်ခင်မှာပဲ ကွာရှင်းကြတာကို ပြသနေတာ ဖြစ်ပါတယ်။ လင်မယားတွေကွာရှင်းရတဲ့ အကြောင်းရင်းတွေမှာ အဖြစ်အများဆုံး အကြောင်းရင်းတွေက ရှိပါတယ်။ဒါတွေကတော့-

ငွေကြေး ပြဿနာ-

လင်နဲ့ မယားကြားမှာ ငွေကြေးအပေါ် တန်ဖိုးထားပုံခြင်း မတူတာက ပြဿနာစဖြစ်တတ်ပါတယ်။ ဥပမာ- တစ်ယောက်က အသုံးအစွဲကြီးတယ် ၊တစ်ယောက်က ပိုက်ဆံစုရတာကို သဘောကျတယ်။ ဝင်ငွေ၊ထွက်ငွေ မညီမျှတာကြောင့် အဆင်မပြေမှုတွေ ဖြစ်လာတယ်။

ဖောက်ပြန်မှု

အိမ်ထောင်ရေးမှာ တစ်ယောက်ယောက်က ဖောက်ပြန်ပြီဆိုရင် အရေးကြီးဆုံးဖြစ်တဲ့ ယုံကြည်မှုပျက်စီးသွားတဲ့အတွက် ရိုးသားတဲ့ ပတ်သက်မှုတစ်ခုပြန်ဖြစ်ဖို့ အခက်အခဲ ဖြစ်သွားပြီဖြစ်ပါတယ်။

ဇနီးဟောင်း၊ခင်ပွန်းဟောင်းတွေရဲ့အနှောင့်အယှက်

အိမ်ထောင်တစ်ခု ထူထောင်တဲ့အချိန်မှာ အရင်လူတွေရဲ့ လွှမ်းမိုးမှုက အဆင်မပြေဖြစ်စေတတ်ပါတယ်။အရင်လူက ပိုအရေးပါတယ်လို့ ခံစားမိသွားရင် ဘယ်လိုမှ ပြေလည်နိုင်စရာ မရှိတော့ပါဘူး။

အကြိုက်မတူတာ

သာမန်ညှိယူလို့ရတဲ့ ကိစ္စကနေ ညှိယူလို့မရတဲ့ ကိစ္စတွေအထိ အကြိုက်မတူတဲ့အခါ အတူတူနေတဲ့ အဓိပ္ပါယ်ကို ခံစားလို့ မရနိုင်တော့လို့ ကွာရှင်းရတာ များပါတယ်။

အရမ်း ဝင်ရောက် စွက်ဖက်တတ်တဲ့ မိဘတွေ

ယောက္ခမဖြစ်သူတွေရဲ့ စွက်ဖက်မှုက လင်မယားနှစ်ယောက်ရဲ့ ရင်းနှီးမှုနဲ့ လုပ်ပိုင်ခွင့်တွေကို ဖျက်ဆီးသလို ဖြစ်တတ်ပါတယ်။

ုပြဿနာ တစ်ရပ်ကို ဖြေရှင်းပုံခြင်း မတူတာ

တစ်ယောက်က ပြဿနာကို သွေးအေးအေး ရင်ဆိုင်ဖြေရှင်းတတ်ပေမဲ့ တစ်ယာက်ကတော့ ချက်ချင်းလက်ငင်း ဖြေရှင်းတတ်တာ။ပြဿနာကို မြင်တဲ့မြင်ပုံခြင်း မတူတာကြောင့် ဖြေရှင်းပုံနည်းလမ်းတွေလည်း အမြဲကွဲလွဲနေတတ်မယ်ဆိုရင် အဆင်ပြေတဲ့  ဆက်ဆံရေး မဖြစ်နိုင်တဲ့အတွက် ကွာရှင်းခြင်းနဲ့ပဲ အဆုံးသတ်တာ များပါတယ်။

နေထိုင်မှု ပုံစံမတူညီတာ

လင်မယားဆိုတာ အဆိုးအကောင်း အားလုံး မျှဝေခံစားဖို့လို့ ခံယူတဲ့သူနဲ့ ကိုယ့်လွတ်လပ်ခွင့်က ကိုယ်နဲ့ပဲ သက်ဆိုင်တဲ့သူလို့ ခံယူတဲ့ သူချင်းတွေ့ကြတဲ့အခါမှာ ဘဝအပေါ် ခံယူချက်ချင်းမတူတဲ့အတွက် ခက်ခဲတဲ့ ဆက်ဆံရေးတစ်ခု ဖြစ်လာတတ်ပါတယ်။

Ref:timesofindia.indiatimes

ယောက်ျားတွေဆီကနေ မိန်းမတွေ သင်ယူရမယ့် အချက်များ

ယောက်ျားနဲ့ မိန်းမဆိုတာ ဒင်္ဂါးပြားရဲ့ မျက်နှာနှစ်ဖက်လို အကောင်းဆုံး တွဲဖက်တွေ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက် လိင်နှစ်မျိုး ဆိုတာကြောင့် အရာရာမှာ မတူညီတာ များပါတယ်။ ဒါပေမဲ့ တစ်ယောက်ဆီကနေ တစ်ယောက်သင်ယူနိုင်မယ့် အရာတွေရှိပါတယ်။ ဒီလို အပြန်အလှန်သင်ယူနိုင်မယ်ဆိုရင် ဘဝတစ်ခု ဖြတ်သန်းဖို့အတွက် အဖိုးတန်တဲ့ သင်ခန်းစာတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။
၁။ယောက်ျားတွေရဲ့ အရာရာတိုင်းကို ယုတ္တိဗေဒနည်းအရဆုံးဖြတ်လုပ်ကိုင်တတ်တာကို အတုယူဖို့ လိုပါတယ်။ မိန်းကလေး အများစုက အလိုလိုသိစိတ်ကိုပဲ ယုံပြီး ကိုယ့်စိတ်အထင်နဲ့ ဆုံးဖြတ်တတ်ကြတာ များတာကြောင့် အမှားကြုံတာ များပါတယ်။
၂။စိတ်ခံစားချက်ကို ဦးစားမပေးတတ်တဲ့ ယောက်ျားတွေရဲ့ စရိုက်က လက်တွေ့ကျပြီး ကြောင်းကျိုးဆင်ခြင်နိုင်စွမ်းများစေပါတယ်။ ဦးနှောက်ရှေ့မှာ နှလုံးသားက အရင်ရောက်နေတတ်တဲ့ မိန်းကလေးတွေ အတွက် တခါတရံ အကြီးဆုံး အမှားတွေ ကျူးလွန်မိတတ်တာ သဘာဝပဲ ဖြစ်ပါတယ်။
၃။အသေးအဖွဲလေးတွေတိုင်းအတွက်လည်း သောကမများတတ်သူ ယောက်ျားလေးတွေရဲ့ ဘဝက ပိုပြီး နေပျော်တဲ့ ဘဝမျိုးဖြစ်ပါတယ်။ မနက်စာစားတာမေ့တဲ့ ကိစ္စလောက်ကို ကိစ္စကြီးတစ်ခုလို ဖြစ်ပြီး အကြိမ်ကြိမ် မှာနေတတ်တဲ့ မိန်းကလေးတွေရဲ့ အကျင့်က သေးသေးလေးပေမဲ့ စိတ်ထဲမှာ ဖိအား အမြဲပေးခံနေရသလို ပေါ့ပါးလွတ်လပ်တဲ့ အရသာကို ခံစားရမှာ မဟုတ်ပါဘူး။
၎။လိုအပ်တဲ့ အခါမှ အတင်းပြောတတ်တဲ့ ယောက်ျားတွေကို မိန်းကလေးတွေ အတုယူဖို့ လိုပါတယ်။မိန်းကလေးတွေက သမိုင်းမတင်မီခေတ်ကတည်းက အတင်းပြောတတ်တဲ့ သတ္တဝါတွေဖြစ်ပါတယ်။အတင်းလုံးဝ မပြောရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။နှစ်ဦး နှစ်ဖက် မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်တတ်တဲ့အတွက် အတင်းပြောတာကို ယောက်ျားလေးတွေလို လျှော့ပြီး ပြောတာ အကောင်းဆုံး ဖြစ်ပါတယ်။
၅။မြှောက်ပင့်ပြောတဲ့သဘောကို မကြိုက်ဘဲ အစစ်အမှန်ကိုပဲ အလေးထားတဲ့ ယောက်ျားလေးတွေက အမှန်ကို ဖုံးကွယ်ပြီး နားဝင်ချိုအောင် ပြောတတ်တဲ့ စကားတွေကိုပဲ သာယာတတ်တဲ့ မိန်းကလေးတွေထက် အလိမ်ခံရတဲ့ အရေအတွက် ပိုနည်းမှာ ဖြစ်ပါတယ်။ဒါကြောင့် ယောက်ျားလေးတွေလိုပဲ အစစ်အမှန်ကို ရင်ဆိုင်နိုင်ဖို့ သင်ယူရမှာ ဖြစ်ပါတယ်။