Category Archives: ဆောင်းပါးများ

ဗာရာဏသီ ရှေးဟောင်းမြို့တော်အကြောင်း

[Zawgyi]

ပြည်မသိ ဗာရာဏသီ၊ မင်းမသိ ဗြဟ္မဒတ် လို့ဆိုကြတဲ့ ဗာရာဏသီ ဆိုတဲ့ နာမည်ကိုတော့ စာတွေထဲမှာ မကြာခဏ မြင်ဖူးကြမှာပါ။ ဒီနာမည်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကလေးဘဝအရွယ်မှာ များစွာကြားခဲ့ဖူးကြတယ်။ ဥပမာ -” ဟိုးရှေးရှေးတုန်းက “ဆိုတဲ့စကားချီရဲ့ နောက်ဆက်တွဲတိုင်းပြည်နာမည်၊ ပုံပြင်၊ ဗုဒ္ဓဘာသာဆိုင်ရာ ဇာတ်တော် အများအပြားမှာ ဗာရာဏသီဟာ အထင်ကရတိုင်းပြည်တစ်ခု ဖြစ်ခဲ့ပြီး တကယ်တမ်းရှိမှန်းတောင် ဝေဝါးခဲ့ရတဲ့အထိ ပုံပြင်အများအပြားမှာ အသုံးပြုခဲ့ကြပါတယ်။

ဗာရာဏသီဟာ တကယ်ရှိခဲ့ ထင်ရှားခဲ့တဲ့ မြို့ကြီးတစ်ခုဖြစ်ပြီး ကမ္ဘာ့ရှေးအကျဆုံးမြို့ကြီးတွေထဲမှာ တစ်မြို့အပါအ၀င်ဖြစ်သလို ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦး အနုပညာလက်ရာ အများအပြားရှိခဲ့ရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ဘီစီ ၁၈၀၀ (လွန်ခဲ့သောနှစ်ပေါင်း ၄၀၀၀နီးပါး) က ဒီမြို့ကြီးဟာ စတင်ပေါ်ပေါက်ခဲ့ပြီး နောက် ၁ရာစုလောက်မှာတော့ ဗာရာဏသီတိုင်းပြည်ဟာ ထိုခေတ်အခါက တိုင်းပြည်တစ်ခုသဖွယ် ကျကျနနဖွံ့ ဖြိုးမူများစွာနဲ့ တည်ရှိလာခဲ့ကြောင်း စာပေအထောက်အထားများမှာ ဖော်ပြခဲ့ပါတယ်။ ဗာရာဏသီမြို့ဟာ အိန္ဒိယနိုင်ငံ မြောက်ဖက် Uttar Pradesh ပြည်နယ်မှာတည်ရှိပြီး စီးပွားရေးအရရော တိုးတက်မူအရပါ အချက်အချာကျတဲ့ ဗုဒ္ဓဘုရားခြေချခဲ့ရာ ဂင်္ဂါမြစ်ဘေးမှာ တည်ရှိပါတယ်။ ဧဟိဘိက္ခုလို့ ခေါ်တဲ့ ဂေါတမဘုရားရှင် သာသနာမှာ (အတိအကျအရ) ရဟန်းပေါင်း၂၈၆၄၁ပါး ပေါ်ထွက်ခဲ့ပါတယ်။

ထိုရဟန်းများအနက် အစောဆုံးရဟန်းတချို့ ဟာ ဒီဗာရာဏသီက လို့လည်း လေ့လာရပါတယ်။

Benares, Banaras လို့လည်းခေါ်ကြသလို Ancient Industrial Centre of Indai လို့တင်စားခဲ့ကြသလို ဒီမြို့ကထွက်တဲ့ အထည်ကျာက်ဆစ်ရုပ် ရေမွှေး နဲ့ အနုပညာဆိုင်ရာလက်မူပစ္စည်းအများအပြားဟာ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာတည်းက ကမ္ဘာအနှံ့မှာ နာမည်ကြီးခဲ့ပါတယ်။

Benares, Banaras လို့လည်းခေါ်ကြသလို Ancient Industrial Centre of Indai လို့တင်စားခဲ့ကြသလို ဒီမြို့ကထွက်တဲ့ အထည်ကျာက်ဆစ်ရုပ် ရေမွှေး နဲ့ အနုပညာဆိုင်ရာလက်မူပစ္စည်းအများအပြားဟာ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာတည်းက ကမ္ဘာအနှံ့မှာ နာမည်ကြီးခဲ့ပါတယ်။

၃၂ စတုရန်းမိုင်လောက်ကြီးမားကျယ်ဝန်းတဲ့ ဒီမြို့ဟာ တခတ်တခါက အိန္ဒိယရဲ့ အထင်ကရ မြို့တော်ကြီးဖြစ်ခဲ့သလို လူနေ ထူထပ် တမြို့ကြီးတမြို့လည်းဖြစ်ခဲ့ပါတယ်။ ဘုရားရှင်လက်ထက် ကာသိတိုင်းရဲ့ မြို့တော်ဖြစ်သလို အာရှရဲ့ လက်မှုပညာ ကုန်သွယ်ရေးပညာ ဝိဇ္ဇာပညာတို့ ရဲ့ အခြေခံစတင်ရာ မြို့ကြီးလို့ စာပေတွေမှာ ထောက်ပြထားခဲ့သလို တကယ်လည်း ဒီတိုင်းပြည်ရဲ့ အမွေအနှစ်တွေဟာ ရှေးကျမူများစွာ အရင်းတည်ထားပါတယ်။

တချိန်ကဗာရာဏသီတက္ကသိုလ်ဟာ အထင်ကရပုဂ္ဂိုလ်များစွာကိုမွေးထုတ်ပေးခဲ့သလို ဒီအထဲနောင်တချိန်မှာ တရုတ်ရဲ့သူရဲကောင်းဖြစ်လာတဲ့ ယွမ်စီလိုစစ်သူကြီးတောင် ဒီတက္ကသိုလ်ကဆင်းခဲ့သူပါ။

အိန္ဒိယမှာ ဗုဒ္ဓဘာသာစတင်ပြီးသည်အထိပြသနာမရှိခဲ့ပေမယ့် နောက်ပိုင်းပြည်ပကုန်သည်အများစုဝင်ရောက်ခြေချမူကြောင့် ဗာရာဏသီဟာပြသနာများစွာဖြစ်ခဲ့သလို နောက်ပိုင်းမှာတော့ တဖြည်းဖြည်းမှေးမှိန်ခဲ့ရပါတော့တယ်။ ဘုရားကျောင်းပေါင်း ၃၃၀၀ ကျော်အထိရှိသလို ဟိန္ဒူဘာသာရဲ့ အကြီးကျယ်ဆုံး ရှေးအကျဆုံးမြို့တော်ကြီးတွေထဲကတခုပါပဲ။ ဒါ့အပြင် ခရစ်ယာန်ဘုရားကျောင်း ၁၂ကျောင်း နဲ့ ဂျိန်းဘုရားကျောင်း ၃ကျောင်းတို့လည်း ရှိနေပါသေးတယ်။

လက်ရှိမှာ လူဦးရေ ၂သန်းနီးပါးနေထိုင်တဲ့မြို့ဖြစ်ပါတယ်။ ဗာရာဏသီရဲ့ Banaras Hindu University (BHU) တက္ကသိုလ်ဟာလည်း အာရှရဲ့အကြီးဆုံး Residential University အဖြစ်သတ်မှတ်ခြင်းခံထားရသလို ဒီရှေးဟောင်းမြို့တော်ကြီးဟာ ၁၉၅၅ခုနှစ်နောက်ပိုင်းထဲက အိန္ဒိယအစိုးရရဲ့ ထိန်းသိမ်းမူနဲ့အတူ ရှေးဟောင်းအမွေအနှစ်များစွာကို ထိမ်းသိမ်းထားရာနေရာလည်းဖြစ်ပါတယ်။ အထင်ကရတွေထဲကမှ ပညာရေးနဲ့ဆိုင်တဲ့

*Banaras Hindu University

*Central University for Tibetan

*Mahatma Gandhi Kashi Vidyapith

*Sampurnanand Sanskrit University

ကြီးတွေဟာထင်ရှားသလို ဗာရာဏသီမှာကောလိပ်ကျောင်းပေါင်း ၃၀ကျော်နဲ့ ပညာရေးဆိုင်ရာ ထောက်ပံ့မူအသက်မွေးကျောင်း၁၀၀ကျော်ရှိပါ တယ်။ ဒီအချက်ကို ဖတ်ရချိန်အံ့သြမိသွားတယ်။ ကျွန်တော်တို့မြန်မာက မြို့တစ်ခုမှာမှ ဒီပမာဏက မရှိသေးပါဘူး။ ဒါကဗာရာဏသီမြို့ကြီးဟာဘာကြောင့်နာမည်ကြီးရသလဲဆိုတဲ့ အချက်တွေထဲက တစ်ချက်ဖြစ်သလို တကယ်ကြီးကျယ်ခမ်းနားတဲ့ရှေးဟောင်းမြို့တော်ကြီးပါပဲ။ ပုံပြင်တွေထဲမှာကြားဖူးရုံမျှနဲ့တောင် ဒီမြို့ကြီးကို ငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့သလို တကယ်တမ်း ဒီမြို့ကြီးရဲ့ရှေးဟောင်းအဆောက်အအုံတွေသမိုင်းတွေကတော့ ဒီထက်မကပြောလို့ရပါသေးတယ်။

ဗာရာဏသီမြို့ရဲ့ အထင်ရှားဆုံး အဆောက်အအုံတွေထဲက ကမ္ဘာ လှည့်ခရီးသွားတွေရဲ့ စိတ်ဝင်စားမူ အခံရဆုံးဘဟိန္ဒူ ဘုရားကျောင်းကတော့ Kashi Vishwanath Temple ဖြစ်ပြီး ဒီဘုရားကျောင်းဟာ အထင်ရှားဆုံးဖြစ်သလို ခမ်းနားကြီးကျယ်လွန်းလှတဲ့ ဘာသာရေးပြယုဂ်တခုဖြစ်ခဲ့ပါတယ်။ မူလအဆောက်အအုံဟာ ၁၁၉၄ခုနှစ်မှာ Mohammad Ghori ဦးဆောင်တဲ့ ဘာသာရေးစစ်ပွဲတွေကြားပျက်စီးခဲ့ရပြီးလက်ရှိ Kashi Vishwanath ကို ၁၂၁၁ခုနှစ်မှာမှပြန်လည်မွန်းမံပြင်ဆင်ခဲ့ရပါတယ်။ ခေတ်အဆက်ဆက်အင်ပါယာခေတ်များစွာမှာလည်း အဖျက်စီးခံခဲ့ရတဲ့ဘာသာရေး အဆောက်အဦးတခုဖြစ်ခဲ့ပါတယ်။ နောက်ဆုံးပြုပြင်ခဲ့မူကတော့ ၁၇၈၀ခုနှစ်ဖြစ်ပြီး အဲ့ဒီနောက်ပိုင်းကစ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရသည်အထိ ဘာပြင်ဆင်မှုမှ မလုပ်ခဲ့တော့ပါဘူး။လက်ရှိမှာတော့ ဗာရာဏသီကို ဟိန္ဒူမြို့တော်လို့ ဆိုရမှာဖြစ်ပြီး ဟိန္ဒူဘာသာဝင်ပေါင်း ၇၁% နေထိုင်ကြပါတယ်။ ဗုဒ္ဓဘာသာဘာသာဝင်တွေကတော့ အလွန်နည်းပါးသွားပြီး ၀.၀၅ ရာခိုင်းသာကျန်ရှိတော့ပါတယ်။ အခြားဘာသာတွေဖြစ်တဲ့ ခရစ်ယာန်၊ အစ္စလမ်၊ ဂျိန်း စတဲ့ဘာသာပေါင်းစုံ စုဆောင်းနေထိုင်ကြတဲ့ ငြိမ်းချမ်းတဲ့မြို့တော်တစ်ခုလည်းဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အပြီး အိန္ဒိယအစိုးရသစ်လက်ထက်ရောက်ချိန်မှာတော့ ဒီဗာရာဏသီအပါအဝင်မြို့ဟောင်းကြီး ၇၆မြို့က သာသနာအဆောက်အအုံတွေကို ပြန်လည် ပြုပြင်ထိန်းသိမ်း ခဲ့ပါတယ်။ လက်ရှိမှာဗာရာဏသီရှေးဟောင်းမြို့တော်ကို UNESCOက World Heritage List ထဲထည့်ခဲ့ပြီး ကမ္ဘာ့အမွေအနှစ်များထဲမှ တစ်ခုအဖြစ် ခမ်းနားစွာ တည်ရှိနေပါတယ်။

Credit : Htet Wa Na

ယောက်ျားလေးတွေရဲ့ခန္ဓာကိုယ်လုပ်ဆောင်ပုံလျို့ဝှက်ချက်တွေ

ခေါင်းစဉ်ကြီးမြင်တာနဲ့ပဲ ဟိုဟိုဒီဒီတွေလျှောက်မတွေးသင့်ပါနော်။ တစ်ခါတစ်လေ ကိုယ်တို့မိန်းကလေးတွေကသူတို့ယောက်ျားလေးတွေကိုနားမလည်နိုင်တာတွေရှိတယ်မဟုတ်ပါလား။

ဒါတွေကိုအမြင်ရှင်းလင်းသွားစေဖို့အတွက် ယောက်ျားလေးတွေရဲ့

ခန္ဓာကိုယ်လုပ်ဆောင်ပုံတိုတိုထွာထွာလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

  • ယောက်ျားလေးတွေက တစ်ခုခုကိုနားစိုက်ထောင်တဲ့အခါ သူတို့ရဲ့ဦးနှောက်တစ်ခြမ်းကပဲနားထောင်တာဖြစ်ပြီး ကျန်တဲ့တစ်ခြမ်းကတော့အခြားတစ်ခုခုကိုတွေးနေပါတယ်။မိန်းကလေးတွေကတော့ ဦးနှောက်တစ်ခြမ်းကနားထောင်ပြီးကျန်တဲ့တစ်ခြမ်းက ကြားရတဲ့စကားတွေဟာမှန်နိုင်မမှန်နိုင်ခွဲခြမ်းစိတ်ဖြာနေတာမို့ နားထောင်တဲ့ကိစ္စမှာလုံးဝအာရုံစိုက်ထားတယ်လို့ဆိုရမှာပါ။ ဒါကြောင့်ယောက်ျားလေးတွေနဲ့စကားပြောတဲ့အခါ အချက်အလက်တိတိကျကျနဲ့အတိုချုံ့ပြီးပြောဖို့လိုအပ်ပါတယ်။
  • အကြားအာရုံ၊အနံ့ခံအာရုံတွေနဲ့ အရသာခံအာရုံတွေဟာ ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက်အားနည်းပါတယ်။ ယောက်ျားလေးတွေက ဒီလိုအာရုံခံစားမှုတွေထက် ပြင်ပကလှုပ်ရှားမှုတွေကိုပိုပြီးဂရုပြုမိတတ်ပါတယ်။
  • အမှောင်ထဲမှာယောက်ျားလေးတွေက မိန်းကလေးတွေထက်ပိုမြင်နိုင်ပါတယ်။မိန်းကလေးတွေကတော့ အနီးအနားကပစ္စည်းတွေကိုပဲမြင်နိုင်ပြီး ယောက်ျားလေးတွေကတော့ အဝေးကလှုပ်ရှားမှုတွေကိုပါမြင်နိုင်ပါတယ်။
  • ယောက်ျားလေးတွေမှာဘယ်သန်ဖြစ်နိုင်ချေကမိန်းကလေးတွေထက်သုံးဆပိုများပါတယ်။ဒါကြောင့် ဘယ်သန်ယောက်ျားလေးဦးရေက ဘယ်သန်မိန်းကလေးဦးရေထက်ပိုများပါတယ်။ဒီကိစ္စနဲ့ပက်သက်ပြီး သိပ္ပံနည်းကျရှင်းလင်းမှုတွေတော့မရှိသေးပါဘူး။
  • ယောက်ျားလေးတွေမှာ အကြောပြတ်ခြင်းတွေမရှိသလောက်နည်းပါတယ်။ကိုယ်အလေးချိန်ဝုန်းခနဲတက်ဝုန်းခနဲကျလို့ ဗိုက်မှာအကြောပြတ်ရာတွေနဲ့ဆိုပြီးညည်းနေတဲ့ယောက်ျားကြီးတစ်ယောက်လောက်များမြင်ဖူးကြသလား။
  • ဘာကြောင့်လဲဆိုတော့ ယောက်ျားလေးတွေရဲ့ ခန္ဓာကိုယ်ကိုက အကြောပြတ်နိုင်ခြင်းမရှိတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံမျိုးဖြစ်နေလို့ပါ။
  • ယောက်ျားလေးတွေကမိန်းကလေးတွေထက်ပိုပြီိးအအိပ်မက်ပါတယ်။ဘာကြောင့်လဲဆိုတော့
  • ယောက်ျားလေးတွေရဲ့ဦးနှောက်က တစ်ခုခုကိုလုပ်ရင်အဲ့ဒီိ့အပေါ်မှာပဲအာရုံအပြည့်စိုက်ထားတာမို့ ပိုပြီးပင်ပန်းလွယ်တာကြောင့်ပါတဲ့။
  • ယောက်ျားလေးတွေက ကိုယ်အလေးချိန်ကျဆင်းဖို့ပိုမြန်သလိုပိုလည်းလွယ်ကူပါတယ်။ ယောက်ျားလေးတွေရဲ့
  • ဇီဝကမ္မဖြစ်စဉ်တွေကမိန်းကလေးတွေထက်ပိုမြန်တာမို့ အချိန်တိုင်းကယ်လိုရီတွေလောင်ကျွမ်းနေတာကြောင့်ပါ။
  • ယောက်ျားလေးတွေက တည်ငြိမ်တဲ့အရာဝတ္ထုတွေထက် ရွေ့လျားနေတဲ့အရာဝတ္ထုတွေကိုပိုပြီိးသတိပြုမိတတ်ကြပါတယ်။ ဒါကြောင့် သွက်လက်ချက်ချာတဲ့ကောင်မလေးတွေဆီိအမြဲတမ်းမျက်လုံးကရောက်နေတတ်တာပါ။
  • ယောက်ျားလေးတွေရဲ့ ခန္ဓာကိုယ်ခုခံအားစနစ်က မိန်းကလေးတွေထက် အားနည်းပါတယ်။တုပ်ကွေးလိုကူးစက်ရောဂါတွေဆိုရင်ယောက်ျားလေးတွေမှာပိုဖြစ်လေ့ရှိပါတယ်
  • ။ယောက်ျားလေးတွေရဲ့ခန္ဓာကိုယ်ကမိန်းကလေးတွေရဲ့ခန္ဓာကိုယ်လောက် အန်တီဗိုင်းရပ်စ်တွေထုတ်လေ့မရှိတာကြောင့်ပါ။
  • ယောက်ျားလေးတွေမှာ ဆီးအိမ်ကမိန်းကလေးတွေထက် Storage ပိုကျယ်ပါတယ်။မိန်းကလေးတွေက 0.4 pints လောက်ပဲဆန့်ပေမယ့် ယောက်ျားလေးတွေက 1.5 pints လောက်ကိုဆန့်နေတာပါ။ ဒါကြောင့် Toilet သွားရတဲ့အကြိမ်အရေအတွက်က ယောက်ျားလေးတွေထက်မိန်းကလေးတွေကပိုများပါတယ်။
  • ယောက်ျားလေးတွေက မိန်းကလေးတွေထက် ပိုပြီးအိုက်တတ်ပါတယ်။ယောက်ျားလေးတွေက မိန်းကလေးတွေထက် ခန္ဓာကိုယ်အပူချိန်ပိုများတာကြောင့်ပါ။ 0.2 ဒီကရီပိုများတယ်လို့သိရပါတယ်။

ခရီးသွားတွေကိုစိတ်ရှုပ်စေတဲ့ကမ္ဘာတစ်ဝန်းက ထူးခြားတဲ့ဥပဒေများ

နိုင်ငံတိုင်းမှာတားမြစ်ထားတဲ့ဥပဒေဆိုတာတော့ ရှိကြတာပါပဲ။ဒါပေမဲ့တစ်ချို့ဥပဒေတွေကတော့ ထူးထူးဆန်းဆန်းပါပဲ။ရယ်စရာလည်းကောင်းသလို တစ်ခါတစ်ခါကျတော့ လည်းနားမလည်နိုင်ပါဘူး။ ခရီုးသွားတွေကတော့ဒီလိုဥပဒေတွေနဲ့ပတ်သက်ပြီး မကြာခဏဆိုသလိုစိတ်ရှုပ်ရပါတယ်။

၁။ၾသစေတးလ်

*သြစတေးလျနိုင်ငံမှာ သတ်မှတ်ထားတာကတော့ တနင်္ဂနွေနေ့တိုင်း နေ့လည်၁၂နာရီကျော်တာနဲ့ လူမြင်ကွင်းမှာ ပန်းရောင်ဘောင်းဘီဝတ်ဆင်ပြီးလျှောက်သွားလို့မရဘူးလို့တားမြစ်ထားပါတယ်။

*လိုင်စင်ရှိတဲ့လျှပ်စစ်ဆိုင်ရာပစ္စည်းတွေကိုသာ မီးသီးတစ်လုံးလဲဖို့ခွင့်ပြုထားပါတယ်။ လိုင်စင်မပါရင် ဒဏ်ငွေဆောင်ရပါမယ်တဲ့။

၂။အင်္ဂလန်

*အင်္ဂလန်နိုင်ငံမှာတော့ မနက် ၇နာရီကနေ ၁၀နာရီထိသာ လမ်းကြိုလမ်းသွယ်တွေထဲကို ကျွဲတွေ၊နွားတွေမောင်းခွင့်ပေးထားပါတယ်။ရဲတွေရဲ့ ခွင့်ပြုချက်ရရင်တော့ တခြားအချိန်တွေမှာမောင်းခွင့်ရှိပါတယ်တဲ့။

*မီးရထားရုံတွေမှာ ချစ်သူချင်းနမ်းတာကိုခွင့်မပြုထားပါဘူး။နေရာတိုင်းမှာ “မနမ်းရ” ဆိုတဲ့ဆိုင်းဘုတ်တွေ ချိတ်ဆွဲထားပါတယ်။ဘာလို့လဲဆိုရင် ဒီလိုအချိန်ကြာပွေ့ဖက်မှုတွေက တခြားခရီးသွားတွေအတွက်နှောင့်နှေးကြန့်ကြာမှာကို အစိုးရက စိုးရိမ်လို့ တားမြစ်ထားတာဖြစ်ပါတယ်။

၃။အီတလီ

*၂၀၀၈ခုနှစ်တည်းကစတင်ပြီး ဗင်းနစ်စ်မြို့ရဲ့ St.Mark’s Square ရှေ့မှာ ခိုစာကျွေးတာကို တားမြစ်ထားပါတယ်။ခိုစာကျွေးတဲ့အခါမှာ ခိုတွေက သမိုင်းဝင်ပြတိုက်တွေ၊ အဆောက် အဦးတွေကိုဖျက်ဆီးလေ့ရှိပြီး သေစေနိုင်တဲ့ရောဂါပိုးမွှားတွေသယ်ဆောင် လာနိုင်တာကြောင့် တားမြစ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

*ဗင်းနစ်စ်မြို့အနီးက Eraclea မြို့က ကမ်းခြေမှာတော့ သဲအိမ်ဆောက်တာ၊ သဲနန်းတော် ဆောက်တာ မျိုးတွေကိုတားမြစ်ထားပါတယ်။တခြားလူတွေကမ်းခြေမှာ လမ်းကောင်းကောင်း မလျှောက်နိုင်တဲ့အတွက်ကြောင့်ပါတဲ့။အဲ့ဒီမြို့ကိုရောက်ရင် ကမ်းခြေမှာသဲအိမ်ဆောက်မယ်ဆိုတဲ့ အတွေးလှလှလေးမတွေးမိပါစေနဲ့နော်။အခန့်မသင့်ရင် ပြစ်မှုကျူးလွန်ရာတောင်ရောက်ပါလိမ့်မယ်။

*Eboli မြို့မှာတော့ ကားထဲမှာချစ်သူချင်းနမ်းတာကိုတားမြစ်ထားတယ်လို့သိရပါတယ်။

၎။စင်္ကာပူ

*စင်္ကာပူနိုင်ငံမှာတော့ ၁၉၉၂ခုနှစ်တည်းကတားမြစ်ထားတဲ့ဥပဒေတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ပီကေမစားရဘူးဆိုတဲ့ဥပဒေပါ။ပီကေစားတဲ့သူကဒဏ်ငွေပေးဆောင်ရမှာဖြစ်ပြီးပီကေ ကျန်းမာရေးကိုထိခိုက်စေပြီးပတ်ဝန်းကျင်ကိုလည်းပျက်စီးစေတယ်လို့ယုံကြည်ထားကြတယ်လို့သိရပါတယ်။

၅။ဂျပန်

*ဂျပန်နိုင်ငံမှာတော့ ၂၀၀၈ခုနှစ်က သတ်မှတ်ထားတဲ့ဥပဒေတစ်ခုရှိပါတယ်။အဲ့ဒါကတော့ အသက် ၄၀အရွယ်ကနေ ၇၄နှစ်အရွယ်ထိ ခါးဆိုက်က ၈၆ စင်တီမီတာ၊၃၃.၅လက်မထက်ပိုခွင့်မရှိဘူး လို့သိရပြီး အမျိုးသမီးတွေကတော့ ၃၅.၅လက်မထက်ပိုခွင့်မရှိဘူးလို့သိရပါတယ်။ အဲ့ဒါကြောင့် ဂျပန်လူမျိုးတွေက ကိုယ်အလေးချိန်ကိုအမြဲလျှော့ချနေရတာဖြစ်ပြီး ၂၀၁၅ခုနှစ်မှာတော့ အဲ့ဒီစည်းကမ်းကိုမလိုက်နာရင် ဒဏ်ငွေဆောင်ရမယ်လို့သတ်မှတ်ခဲ့ပါတယ်။

တစ်ပါးသူအပေါ် နှုတ်ထွက်စကား ရိုင်းစိုင်းကြမ်းကြုတ်ရင် ပြန်ဝဋ်လည်နိုင်သလား ?

ငယ်ငယ်လေးတည်းက ကြီးသူကို ရိုရိုသေသေဆက်ဆံ ၊ ပြန်မပြောရဘူး ..ကံကြီးထိုက်မယ်ဆိုပြီး လူကြီးတွေ ဆုံးမခံတာကို လူတိုင်းမှတ်မိနေမယ်ထင်ပါတယ်။ တစ်ခါတစ်လေ ၊ အားကြမ်းလျှာကြမ်း သူငယ်ချင်းတွေအပေါ် ၊ မထင်မှတ်ဘဲ ကိုယ်ကြည့်မရတဲ့ လူတစ်ယောက်ကို စကားတွေနဲ့ ထိုးနှက်မိလိုက်တဲ့အခါ သူကတော့ ဘာထိခိုက်နာကျင်မှုမှမရှိပေမယ့် တကယ်တမ်း အဲ့ဒီအကျိုးဆက်ကို ခံလိုက်ရတာက သင်ပါ။

ဗုဒ္ဓဘာသာမှာတော့ မြတ်စွာဘုရားက သူများကို မကဲ့ရဲ့ဖို့ ၊ ကြမ်းတမ်းတဲ့ စကားတွေမပြောဖို့ ဟောပြောခဲ့ပါတယ်။ အခုခေတ်မှာ လူတစ်ယောက်အကြောင်းမသိဘဲ ဝေဖန်ပြောဆို ၊ ကဲ့ရဲ့ နေကြတာတွေပိုပိုပြီး များလာတယ်။ ကိုယ်ပြုလာတဲ့ အကုသိုလ်ကံ ကိုယ့်ထံပြန်လာမှာကို သတိမေ့လျော့လာကြပါပြီ။

တစ်ချို့ လူတွေ သိပြီးသားလည်းဖြစ်မှာပါ။ မြတ်စွာဘုရားရှင်လက်ထပ်တုန်းက အဗ္ဗပါလီ ပြည့်တန်ဆာမကြောင့် စစ်ဖြစ်မှာစိုးလို့ အများပိုင်ပြည့်တန်ဆာမအဖြစ် ဆုံးဖြတ်လိုက်ရတာက အရင်အတိတ်ဘဝက စေတီရင်ပြင်မှာ ကျန်းမာရေးသိပ်မကောင်းတဲ့ ရဟန္တာမကြီး ချွဲသလိပ်ဖိတ်စင်သွားတာကို ” ဘယ်က ပြည့်တန်ဆာမ တံထွေး,ထွေးသွားသလဲ ” ဆိုပြီး နှုတ်ကြမ်းခဲ့လို့ ဒီဘဝမှာတော့ အများပိုင်ပြည့်တန်ဆာမအဖြစ် နေရလေသတဲ့။

အမျိုးသမီး​တွေထဲ တရား​ဟော အ​တော်​ဆုံးဖြစ်​တဲ့ ခုဇုတ္တရာဆိုတဲ့ ခါးကုန်​မ​လေးဟာ ဒီဘဝ ပဋိကတ်​​ဆောင်​ အမျိုးသမီးဖြစ်​ရပြီး ဘာ​ကြောင့်​ ခါးကုန်းနေလဲဆိုတော့​ အတိတ်​ဘဝ အလှူခံကြွလာတဲ့ ပ​စ္စေကဗုဒ္ဓတစ်​ပါး ခါးကုန်းနေတာကို သူငယ်​ချင်း​တွေ​ရှေ့မှာ ဟာသအဖြစ်​ ဖလားကိုင်​ပြီး ​” အိမ်​ကိုလာတဲ့ ကိုယ်​​တော်​​လေးက ​ဟောဒီလို ခါးကုန်​​လေးလေ ” ဆိုပြီး ဟန်​အမူရာနဲ့ လှောင်​ပြောင်​ခဲ့လို့ သူမကိုယ်တိုင် ခါးကုန်းဖြစ်သွားလေရဲ့။

ဒါကြောင့် နှုတ်ကိုသတိထားပါလေ။ ဆရာကြီး ရွှေဥဒေါင်းရဲ့ ဘဝတစ်သက်တာ စာအုပ်ထဲမှာ သူစကားထစ်ရခြင်းအကြောင်းရင်းဟာ ကလေးဘဝတုန်းက စကားထစ်တဲ့ အတန်းဖော်သူငယ်ချင်းကို လှောင်ပြောင် စနောက်ရင်းကနေ သူပါစကားထစ်သွားရကြောင်း ရေးထားခဲ့ပါတယ်။ဟာသအနေနဲ့ အများသူကိုပျော်ရွှင်စေချင်တဲ့ စေတနာကတော့ ဘာမှမဖြစ်ပေမယ့် သတိမထားမိလေတဲ့ အကုသိုလ်တွေက ကိုယ့်အတွက်သံသယဝဋ်တွေအနေနဲ့ ပြန်လာပါလိမ့်မယ်။

References : #ဘုရားတရားသံဃာအဆုံးအမများ

ကိုယ်တိုင်မကြုံဖူးပေမယ့် ခံစားပေးလို့တော့ရနိုင်မယ့် မိခင်တွေရဲ့မေတ္တာ

တစ်ခါတစ်လေ မိဘနဲ့ သားသမီးကြား အဆင်မပြေ ၊ အဖုထစ်လေးတွေ ဖြစ်တတ်ပါတယ်။ မိဘကဖြစ်စေချင်တာတစ်မျိုး ၊ သားသမီးက ဖြစ်ချင်တာက တစ်ဖုံ ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က မှန်သည်ဖြစ်စေ ၊ မှားသည်ဖြစ်စေ မိဘက မိဘပါပဲ။ ကိုယ့်ကို လူ့လောကထဲရောက်အောင် ပို့ပေးခဲ့တဲ့ ကျေးဇူးတရားကြီးမားသူတွေဖြစ်တဲ့အတွက် မစော်ကားအပ်ပါ။ ကိုယ်က မိဘအားစော်ကားခဲ့သည်ရှိသော်
ကျရောက်တဲ့ ပြစ်ဒဏ် (၁ဝ)မျိုးကို မမေ့မလျော့မှတ်သားထားနိုင်ပါစေ။

၁။ ကြမ်းကြုတ်သော ဝေဒနာ ခံစားရခြင်း

၂။ ကိုယ်ခန္ဓာ ပျက်စီးခြင်း

၃။ အနာရောဂါဖြစ်ခြင်း

၎။ ရူးသွပ်ခြင်း

၅။ မင်းပြစ် မင်းဒဏ်သင့်ခြင်း

၆။ အကြီးအကျယ်စွပ်စွဲခံရခြင်း

၇။ မိဘ သားသမီး ဇနီးမယားများ ဆွေမျိုးများ ပျက်စီးခြင်း

၈။ စည်းစိမ်ချမ်းသာ ပျက်စီး ဆုံးရှုံးခြင်း

၉။ နေအိမ်စသည့် မီးလောင်ခြင်း

၁၀။ ငရဲကျရောက်ခြင်း တို့ပဲဖြစ်ပါတယ်။ အကယ်၍ စိတ်မကြည်လို့ မိဘအပေါ် လေသံမာ (သို့) အော်ဟစ်မိခဲ့လျှင် ပြန်ပြီး ​၀န်ချကန်တော့ပါ။ မိဘများမရှိတော့မှ နောင်တရနေမယ့်အစား ရှိနေတုန်းလေးမှာ တန်ဖိုးထားတတ်ကြပါစေ။

လေ့လာချက်တွေအရ ဒီအချက် ၈ ချက်ကိုနေ့တိုင်းလုပ်သူဟာ တခြားသူတွေထက်ပိုပြီးဥာဏ်ရည်မြင့်လာနိုင်

လူအများစုက ဥာဏ်ရည်ဥာဏ်သွေးဆိုတာ သတ်မှတ်ထားတဲ့အထိပဲရှိတယ်လို့ ထင်ထားကြပါတယ်။ ဥပမာ ဒီနေ့ ၁၀ထိပဲမှတ်လို့ရတယ်ဆိုရင် နောက်နေ့လည်း ၁၀ထိပဲမှတ်နိုင်တယ်ဆိုတာမျိုး။တကယ်တော့ ဒီထက်ပိုပြီး ဥာဏ်ကောင်းအောင် လုပ်လို့ရပါတယ်။ဦးနှောက်ကျန်းမာသန်စွမ်းမှ ရုပ်ပိုင်းဆိုင်ရာကျန်းမာသန်စွမ်းမှုပြည့်စုံတယ် လို့ပြောလို့ရမှာပါ။အဲ့ဒါကြောင့်လေ့လာသူတွေရဲ့ စမ်းသပ်ချက်အရ ဒီအချက် ၁၀ချက်ကိုနေ့တိုင်းလုပ်တဲ့သူတွေဟာ တခြားသူတွေထက် ပိုပြီးဥာဏ်ရည်မြင့်တဲ့သူတွေဖြစ်လာနိုင် တယ်လို့တွေ့ရှိရပါတယ်။ပြီးတော့ “နင်ကအရမ်းဥာဏ်ကောင်းတာပဲ” ဆိုတဲ့စကားကို လည်းကြားချင်ကြတယ် မဟုတ်လား။ဒါကြောင့်ဒီအချက် ၁၀ချက်က ဘာလဲလို့ဖတ်ကြည့်လိုက်ပါဦး။

၁။နေရာသစ်ကိုသွားလည်ခြင်း

ဥပမာ ကော်ဖီဆိုင်အသစ်၊စာအုပ်ဆိုင်အသစ်၊အလုပ်ကို တခြားလမ်းကြောင်းကနေသွားခြင်း၊ ခရီးတွေထွက်ခြင်း စတဲ့အကြောင်းအရာတွေကို နေ့တိုင်း လုပ်ပေးနိုင်မယ်ဆိုရင် ဦးနှောက်က မတူညီတဲ့အရာတွေကို ပိုပြီးမှတ်နိုင်စွမ်းရှိလာတယ်လို့သိရပါတယ်။ကော်ဖီဆိုင်သွားမယ်ဆိုရင် ခါတိုင်းမှာနေကျဟာမဟုတ်ပဲအသစ်အဆန်းမှာတာမျိုး၊အရင်ကမလုပ်ဖူးတဲ့ကိစ္စတွေကိုလုပ်တာမျိုးက ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိစေပါတယ်။ သီချင်းအသစ်တွေ၊စားစရာအသစ်တွေ၊ လမ်းအသစ်တွေကို မှတ်ရတာကလည်း သင့်ရဲ့ဦးနှောက်စွမ်းရည်တိုးတက်စေမယ့်အချက်တွေပါပဲ။

၂။ပညာရပ်အသစ်တွေထပ်လေ့လာပါ

ဘွဲ့ရပြီဆိုတာနဲ့ ပညာရေးကပြီးဆုံးသွားတာမဟုတ်ပါဘူး။လေ့လာစရာတွေပိုများလာတာပါ။ အရင်ကသင်သေချာမသိသေးတဲ့အရာတွေကိုပိုသိအောင်လေ့လာပြီး မသိသေးတဲ့ အသစ်အဆန်းတွေကိုလည်း ရှာဖွေပါ။အဲ့ဒါမှသွေးလေ ထက်လေ ဖြစ်မှာပါ။ တစ်နေ့ပြီးတစ်နေ့ အသစ်အသစ်တွေကိုခေါင်းထဲ ဖြည်းဖြည်းချင်းထည့်ပါ။

၃။သတင်းတွေဖတ်ပါ

မနက်တိုင်းသတင်းတွေဖတ်တာ၊သတင်းတွေနားထောင်တာမျိုးလုပ်ပါ။မနက်ခင်းမှာဖြစ်စေ၊ ညနေခင်းမှာဖြစ်စေ သတင်းစာဖတ်တဲ့အလေ့အကျင့်လုပ်တာက သင့်ရဲ့ ဦးနှောက်ကို သွက်လက်စေဖို့ ကူညီပေးနိုင်ပါတယ်။သတင်းတွေမှာနေ့တိုင်းမရိုးနိုင်တဲ့ အသစ်အဆန်း ဇာတ်လမ်းတွေ ပါဝင်ပါတယ်။အဲ့ဒါကြောင့်သင့်ရဲ့ဦးနှောက်ကို သတင်းအချက်အလက်သစ်တွေ နဲ့ပြည့်နေပါစေ။

၎။စာအုပ်ဖတ်ပါ

သင့်ရဲ့ ဦးနှောက်စွမ်းရည်မြှင့်တင်ပေးနိုင်မယ့်စာအုပ်တွေဖတ်ပါ။ အင်္ဂလိပ်စာအုပ်၊ကဗျာစာအုပ်၊ သမိုင်းကြောင်းနဲ့ပတ်သက်တဲ့စာအုပ်၊သိပ္ပံစာအုပ်၊စွန့်စားခန်းစာအုပ် စသဖြင့် စာအုပ်အမျိုးအစားမျိုးစုံရှိပါတယ်။စာအုပ်ဖတ်တာကသင့်ရဲ့စိတ်ကိုအေးချမ်းစေသလို သင်မဖတ်ဖူးသေးတဲ့စာအုပ်တွေကနေ ကမ္ဘာသစ်တစ်ခုကိုသွားနိုင်ပါတယ်။စာအုပ်များများဖတ်လေ လူတွေအကြောင်းကိုပိုသိလာလေဖြစ်သလို အတွေ့အကြုံသစ်တွေ၊ ဗဟုသုတသစ်တွေလည်းရရှိစေပါတယ်။

၅။သင့်ကိုယ်သင်စိန်ခေါ်ပါ

ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းလုပ်သလိုပဲ ဦးနှောက်ကိုလည်းလေ့ကျင့်ခန်းလုပ်ပါ။ သင့်မှာစွမ်းအားရှိတယ်လို့ယုံကြည်လိုက်တာနဲ့ တဖြည်းဖြည်းအောင်မြင်မှုတွေရလာနိုင်ပါတယ်။ အင်္ဂလိပ်စာလေ့လာနေတယ်ဆိုရင် တစ်နေ့ကို စာမျက်နှာဘယ်လောက်ထိပြီးအောင်လေ့ကျင့်မယ်၊ ဖတ်မယ်သတ်မှတ်ပြီးလုပ်ပါ။နောက်တစ်န့မှာလည်း အရင်နေ့ကထက်ပိုပြီး လေ့ကျင့်ပေးပါ။

၆။ဂိမ်းကစားပါ

ဦးနှောက်သုံးပြီးဖြေရှင်းရတဲ့ဂိမ်းတွေကစားပါ။အဲ့ဒါဟာသင့်ရဲ့ ဦးနှောက်ထဲကပုန်းအောင်းနေတဲ့ စွမ်းရည်တွေထွက်လာစေပါတယ်။တဖြည်းဖြည်းနဲ့ကိစ္စတစ်ခုကို အတွေး ၂ခု၊၃ခုစဉ်းစားတာကနေ ဘက်စုံစဉ်းစားတတ်လာပါလိမ့်မယ်။အခက်အခဲတွေကိုလည်းလွယ်လွယ်ဖြေရှင်းတတ်လာပါ လိမ့်မယ်။

၇။တရားထိုင်ပါ

ညဘက်အိပ်ခါနီး နာရီဝက်လောက်တရားထိုင်ပေးတာကသင့်ရဲ့ စိတ်ကိုကြည်လင်လန်းဆန်းစေပြီး မှတ်ဥာဏ်အားပိုကောင်းစေပါတယ်။စိတ်ဖိစီးမှုကိုလည်းသက်သာစေပြီးဦးနှောက်ကိုကြည်လင်စေပါတယ်။ေ

ခါင်းကြည်မှ အခက်အခဲတွေဖြေရှင်းဖို့စဉ်းစားနိုင်မှာပါ။တစ်လလောက်စမ်းပြီး ညဘက်တွေမှာတရားထိုင်ကြည့်ပါ။အရင်ကနဲ့မတူတာကိုလက်တွေ့ခံစားမိစေမှာပါ။

၈။အဖွဲ့လိုက်အလုပ်လုပ်ပါ

ဘယ်ကိစ္စကိုမဆိုတစ်ယောက်တည်းဖြေရှင်းတာထက်အဖွဲ့လိုက်ဖြေရှင်းပါ။

သူငယ်ချင်းတွေနဲ့ ပေါင်းပြီးဖြေရှင်းပါ။တစ်ယောက်တည်းစဉ်းစားတာထက် အဖွဲ့လိုက်စဉ်းစားတာက အမြင်သစ်တွေ ၊အတွေးသစ်တွေရရှိနိုင်ပါတယ်။တစ်ယောက်တည်းလုပ်နေကျဆိုရင်တောင် အဖွဲ့လိုက်လုပ်ကြည့်ဖို့ကြိုးစားပါ။ပေါင်းသင်းဆက်ဆံရေးလည်းကောင်းမွန်စေပြီး တခြားသူတွေရဲ့ အမြင်သစ်တွေကိုလည်းလေ့လာလို့ရပါတယ်။

စာဖတ်နှေးတဲ့သူတွေအတွက် စာဖတ်မြန်လာစေဖို့ အဓိကသိထားရမယ့်အချက် ၇ချက်

သင်ကစာဖတ်တာမြန်တဲ့သူတစ်ယောက်ဆိုရင်တော့ဒီစာကိုဖတ်စရာမလိုပါဘူး။ တကယ်လို့သင်ကစာဖတ်တာနှေးတယ်လို့ကိုယ့်ကိုယ်ကိုသိတဲ့သူဆိုရင် ဒီနည်းလမ်းတွေသုံးပြီးသ့င်ရဲ့စာဖတ်နှုန်းကိုမြှင့်လို့ရပါတယ်။ ဒီနည်းလမ်းတွေကသင့်ကိုစာဖတ်မြန်အောင်ကူညီပေးနိုင်ပါလိ့မ်မယ်။

၁။အသံထွက်ပြီး ရွတ်ဖတ်တတ်တဲ့အကျင့်ကိုဖျောက်ပါ

သင်က စာဖတ်တဲ့အခါအသံထွက်ပြီးဖတ်တဲ့လူတစ်ယောက်ဆိုရင် အဲ့ဒီအကျင့်ကို အခုက စပြီးဖျောက်လိုက်ပါတော့။ချက်ချင်းဖျောက်ဖို့လွယ်တာမဟုတ်လို့စာဖတ်တဲ့အခါ ပီကေ၀ါးပြီးဖြစ်စေ တတ်နိုင်သလောက်အသံထွက်ဖတ်တာကိုဖျောက်ပါ။အသံထွက်ပြီးဖတ်တာက သင့်ကိုစာဖတ်နှေးစေတဲ့အဓိကအချက်တစ်ခုပါပဲ။

၂။စာလုံးတိုင်းကိုမဖတ်ပါနဲ့

စာလုံးတွေကိုအကုန်မှတ်မိစရာမလိုပါဘူး။အကြောင်းအရာတွေကိုဆက်စပ်တွေးမိတတ်ဖို့ပဲလိုအပ်ပါတယ်။

အဲ့ဒါကြောင့်စာလုံးတိုင်းကိုဖတ်နေမယ်ဆိုရင် စာဖတ်တာမြန်လာမှာမဟုတ်ပါဘူး။ မျက်လုံးက စာလုံးတိုင်းကို လိုက်ဖတ်နေတဲ့အတွက်နောက်ထပ်စာလုံးတွေဆီ ကိုမြန်မြန်မရောက်နိုင်ပါဘူ။ သင့်ရဲ့မျက်လုံးက ဒီစာလုံးကိုဖတ်ပြီးတာနဲ့နောက်ထပ်တစ်နေရာ စီရွေ့ဖို့ကြိုးစားပါ။ဒါမှမဟုတ် စာလုံးတစ်လုံးကိုဖတ်နေတုန်း နောက်ထပ်စာလုံး တစ်လုံးကိုပါတွဲမြင်အောင်လေ့ကျင့်ပါ။စာလုံးတစ်ခုတည်းမှာပဲ မျက်လုံးကိုအာရုံစိုက်မထားပါနဲ့။

၃။မျက်လုံးကိုခဏခဏပုတ်ခက်ပုတ်ခက်မလုပ်ပါနဲ့

စာဖတ်နေတုန်းမှာသင်ကမျက်လုံးကိုပိတ်လိုက်ဖွင့်လိုက်ခဏခဏမလုပ်ပါနဲ့။အဲ့ဒါက အချိန်ကြာစေပါတယ်။တကယ်လို့ သင်ဟာမျက်လုံးပိတ်တာဖွင့်တာ တစ်ကြိမ်လျှော့ချလိုက်မယ်ဆိုရင် စာတစ်လုံးပိုပြီးမြန်မြန်ဖတ်နိုင်ပါလိမ့်မယ်။

၎။ဖတ်ပြီးတဲ့စာလုံးတွေကိုပြန်မကြည့်ပါနဲ့

စာဖတ်နေတုန်းမှာ သင့်ရဲ့မျက်လုံးကမကြာခဏဆိုသလို ပြီးသွားတဲ့စာလုံးတွေဆီကိုရောက်နေ တတ်ရင် အဲ့ဒါကို လျှော့ချဖို့လုပ်ပါ။ပြီးသွားတဲ့ စာလုံးတွေကိုနောက်တစ်ခေါက်ပြန်ပေါင်းဖတ်နေတာ က အချိန်ပိုကြာစေပါတယ်။အစမှာတော့ စာဖတ်နေရင်း အနည်းငယ်ကျော်သွားနိုင်ပေမဲ့ နောက်ဆိုတဖြည်းဖြည်းအလေ့အကျင့်ရလာပါလိမ့်မယ်။တကယ်လို့ကိုယ့်စိတ်ကို

သေချာမထိန်းနိုင်သေးဘူး ဆိုရင်ဖတ်ပြီးသွားတဲ့စာလုံးတွေကိုစာရွက်အလွတ်တစ်ရွက်နဲ့ ဖုံးပြီးဖတ်သွားကြည့်ပါ။စာဖတ်နှုန်းတိုးတက်လာပါလိမ့်မယ်။

၅။အဓိကဆိုလိုချင်တဲ့အကြောင်းအရာကိုဖတ်ပါ

သတင်းစာမှာအရေးကြီးအချက်အလက်ရှာရင်ခေါင်းစဉ်တွေကို အဓိကကြည့်ရှာသလိုပဲ စာဖတ်တဲ့အခါမှာ အဓိက ပြောချင်တဲ့အကြောင်းအရာခေါင်းစဉ်ကိုရှာပါ။ အရေးကြီး စကားလုံးတွေကိုေ ဘာပင်န်နဲ့ဖြစ်ဖြစ်မှတ်ထားပါ။ အရေးမကြီးတဲ့အကြောင်းအရာတွေဆိုရင် သာမန်ပဲ ဖတ်ပြီးကျော်လိုက်ပါ။စာဖတ်တဲ့အခါ ဘယ်အရာကတော့အရေးကြီးတယ် ၊ဘယ်အရာကတော့ သာမန်ပဲဆိုပြီးရွေးချယ်ဖတ်တတ်လာမယ်ဆိုရင် စာကြောင်းတွေအများကြီး ကိုမြန်မြန်ဖတ်နိုင်လာပြီးအဓိကဆိုလိုချင်တဲ့အကြောင်းအရာတွေကိုပိုပြီးရှာဖွေတတ်လာပါ လိမ့်မယ်။

၆။အက်ပလီကေးရှင်းသုံးပါ

ဖုန်းနဲ့ကွန်ပျူတာတွေမှာပါဝင်တတ်ပါတယ်။ကြိုက်ရာစာဖတ်နှုန်းကိုရွေးချယ်ပြီး ဖတ်နိုင်ပါတယ်။ စစချင်းဆိုရင်ပုံမှန်ပဲဖတ်ပြီး ကြာရင် အမြန်နှုန်းမြှင့်ပြီးဖတ်ပေးပါ။အဲ့ဒါကသင့်အတွက် စာဖတ်နှုန်းကိုပိုမြန်အောင်ကူညီပေးနိုင်ပါလိမ့်မယ်။

၇။ကိုယ့်ကိုယ်ကိုစမ်းသပ်ပါ

အချိန်သတ်မှတ်ထားပါ။သင်ကတစ်မိနစ်အတွင်းစာမျက်နှာဘယ်နှစ်လုံး၊ဘယ်နှစ်မျက်နှာဖတ်နိုင်လဲဆိုတာမျိုးပေါ့

။ပုံမှန်လေ့ကျင့်ပေးသွားပြီးသင့်ရဲ့စံနှုန်းကိုမြှင့်တင်ပါ။တဖြည်းဖြည်းနဲ့ကျွမ်းကျင် အဆင့်ရောက်လာတဲ့အထိ၊စာဖတ်မြန်တာပုံမှန်လို သက်တောင့်သက်သာဖြစ်သွားတဲ့ အထိလေ့ကျင့်ပေးနိုင်ပါတယ်။George Washingtonဆိုရင်မြင်းစီးရင်တောင် စာအုပ်တွေဖတ်သွားနိုင်တယ်လို့သိရပါတယ်။

ဒီအချက် ၇ချက်ကိုသေချာလေ့ကျင့်ပေးမယ်ဆိုရင် သင်ကမကြာခင်မှာ စာဖတ်မြန်တဲ့သူတစ်ယောက်ဖြစ်လာမှာအမှန်ပါပဲ။