Category Archives: ဆောင်းပါးများ

အရပ်ပုတဲ့ကောင်လေးတွေအတွက် ယုံကြည်မှုအပြည့်ရှိပြီး စမတ်ကျစေမယ့်ဖက်ရှင်စတိုင်လ်များ

Shares 105

အရပ်ရှည်တဲ့သူနဲ့အရပ်ပုတဲ့သူယှဉ်လိုက်ရင် အရပ်ရှည်တဲ့သူကတော့ပိုပြီးစမတ်ကျမယ် ဆိုတာငြင်းစရာမရှိပါဘူး။ ဒါပေမဲ့အရပ်ပုပေမဲ့လည်း စတိုင်လ်ကျဖို့မဖြစ်နိုင်ဘူးဆိုပြီး စိတ်ဓာတ်ကျအားငယ်နေစရာမလိုပါဘူး။အရပ်ပုတဲ့အမျိုးသားတွေ၊ကောင်လေးတွေအတွက် စတိုင်လ်ကျစေမယ့်နည်းလမ်းလေးတွေ၊ဖက်ရှင်လေးတွေရှိပါတယ်။

ခပ်မိုက်မိုက်နဲ့စတိုင်လ်ကျဖို့ဘယ်လိုပုံစံမျိုးဝတ်ဆင်ရမလဲဆိုရင်…

၁)ခန္ဓာကိုယ်နဲ့ကွက်တိအ၀တ်အစားကိုဝတ်ပါ

အကျီပွပွ၊ဘောင်းဘီပွပွကို လူကိုဝသလိုဖြစ်စေတဲ့အပြင် အရပ်ကိုပိုပြီးပုနေသလိုဖြစ်စေပါတယ်။ အဲ့ဒါကြောင့်ကိုယ်နဲ့ကွက်တိဖြစ်တဲ့အ၀တ်အစားကိုသာရွေးချယ်ဝတ်ဆင်ပါ။

၂)ကိုယ်နဲ့အလိုက်ဖက်ဆုံးထင်တဲ့အ၀တ်အစားဒီဇိုင်းကို ၀တ်ဆင်ပါ

ဘယ်သူမဆိုကိုယ်ပိုင်စတိုင်လ်ဆိုတာရှိပါတယ်။ဥပမာ ကိုယ်က တီရှပ်နဲ့ဘောင်းဘီတိုနဲ့ ၀တ်သွားမယ်။သူငယ်ချင်းတွေ၊မိသားစုတွေကလည်း မင်းဒီလိုပုံစံနဲ့ပိုလိုက်တယ်လို့ပြောလေ့ရှိပြီး ကိုယ်ကိုယ်တိုင်ကလည်း ဒီအ၀တ်အစားဝတ်ရတာသက်တောင့်သက်သာနဲ့ စတိုင်လ်ကျတယ်လို့ခံစားရရင် အဲ့လိုအ၀တ်အစားပုံစံတွေများများဝတ်ပေးပါ။

၃)ဘောင်းဘီရှည်ကို တတ်နိုင်သလောက်မ၀တ်ပါနဲ့

အရပ်ပုတဲ့ကောင်လေးတွေက ဘောင်းဘီရှည်နဲ့မလိုက်ဖက်ပါဘူး။ အရပ်ကပုတဲ့အတွက်ဘောင်းဘီရှည်နဲ့ဆိုရင် ကြည့်လို့ကောင်းမှာမဟုတ်ပါဘူး။ များသောအားဖြင့်အရပ်ပုတဲ့ကောင်လေးတွေက ဒူးအတိဘောင်းဘီတွေ၊ဒူးလောက်ဂျင်းန်တွေနဲ့ပိုပြီး အဆင်ပြေလိုက်ဖက်ပါတယ်။ပေါ့ပေါ့ပါးပါးလည်းရှိတာပေါ့။ဘောင်းဘီရှည်ကိုတော့ မလွှဲသာမှဝတ်ဆင်ပါ။

၎)လိုက်ဖက်တဲ့အရောင်ကိုရွေးချယ်ပါ

ကိုယ့်ရဲ့အသားအရောင်နဲ့လိုက်ဖက်တဲ့အကျီအ၀တ်အစားအရောင်ကိုသေချာရွေးချယ်တတ်ဖို့ လိုပါတယ်။အသားဖြူတဲ့သူဆိုရင်တော့ ဘယ်လိုအရောင်နဲ့မဆိုလိုက်ဖက်ပြီး အသားညိုတယ်ဆိုရင်တော့ သေချာအရောင်ရွေးချယ်ဖို့လိုပါတယ်။ အရောင်တောက်တောက်တွေကိုလည်းရှောင်ပါ။

၅)ဈေးနှုန်းသင့်တင့်တဲ့အ၀တ်အစားကိုဝယ်ပါ

ဈေးသက်သာတဲ့အ၀တ်အစား အစုံ၃၀ထက် ဈေးနှုန်းသင့်တင့်ကောင်းမွန်တဲ့အ၀တ်အစား ၃စုံရှိတာက ပိုပြီးအဆင်ပြေပါတယ်။ကွာလတီကောင်းတဲ့အ၀တ်အစားတွေက ကိုယ့်ရဲ့ပုံစံကိုလည်း ပိုပြီးပေါ်လွင်စေပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိစေပါတယ်။

ယောက်ျားလေးတွေအတွက် အဓိကစတိုင်လ်ကျဖို့နဲ့ဆွဲဆောင်မှုရှိဖို့က အရပ်ရှည်တာ၊ အရပ်ပုတာထက် သန့်သန့်ရှင်းရှင်းနဲ့အမြဲတမ်းလန်းဆန်းတက်ကြွနေဖို့က ပိုပြီးအရေးကြီးပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကိုလည်းဂရုစိုက်မယ်၊အ၀တ်အစားကိုလည်းအပေါ်ကပုံစံအတိုင်း

ရွေးချယ်ဝတ်ဆင်တတ်သွားမယ်ဆိုရင်အရပ်ပုပေမဲ့လည်း စတိုင်လ်ကျပြီးခပ်မိုက်မိုက်ပုံစံမျိုးဖြစ်သွား မှာသေချာပါတယ်။

အရပ်ပုပုသေးသေးကောင်မလေးတွေရဲ့ အားသာချက်များ

Shares 0

အရပ်ပုတဲ့ကောင်မလေးဖြစ်ရတာ စိတ်ညစ်စရာမဟုတ်ပါဘူး။နေရာတိုင်းမှာအားသာချက် ၊အားနည်းချက်ဆိုတာရှိပါတယ်။ကိုရီးယားမင်းသမီးလေးတစ်ချို့ဆိုရင်လည်း လူကောင်သေးသေးပုပုလေးတွေပါပဲ။ဒါပေမဲ့ မြင်လိုက်တာနဲ့ချစ်ဖို့ကောင်းတယ် လို့ထင်တယ်ဟုတ်!အရပ်ပုပုသေးသေးကောင်မလေးတွေမှာလည်း တမူထူးခြားတဲ့အားသာချက်လေးတွေရှိပါတယ်။ဘာတွေလဲဆိုရင်…

၁)အရပ်ပုတဲ့ကောင်မလေးတွေဒေါက်ဖိနပ်အမြင့်လေးတွေစီးရင် အရုပ်လေးတစ်ရုပ်လို ချစ်ဖို့ကောင်းသွားပါတယ်။ကိုယ်ကြိုက်တဲ့ဒေါက်ဘယ်နှစ်လက်မဆိုတာကအစရွေးချယ်လို့ရပြီး ဖိနပ်အမြင့်လေးတွေကြိုက်သလို စီးလို့ရပါတယ်။ဖိနပ်အနိမ့်လေးနဲ့ဆိုရင်လည်း လှနေပြန်ရော။ နှစ်မျိုးလုံးနဲ့လိုက်ဖက်သူလေးတွေပေါ့။

၂)ဓာတ်ပုံရိုက်မယ်!နေရာယူဆိုရင် အရပ်ပုတဲ့ကောင်မလေးတွေ ကိုရှေ့ဆုံးမှာ ထားရပါတယ်။ (အရပ်ပုပု၊အရပ်မြင့်မြင့် ဓာတ်ပုံထဲပါဖို့က အရေးကြီးတယ်လေ 😀 ) အရှေ့ဆုံးမှာဆိုလည်း ကိုယ်က ပုပုသေးသေးလေးဆိုတော့ ဓာတ်ပုံထွက်လာရင် မလှမှာ၊ပုံအကြီးကြီးဖြစ်နေမှာလည်း မစိုးရိမ်ရတော့ပါဘူး။

၃)အရပ်ပုတဲ့ကောင်မလေးတွေဆိုတာ ရင်ခွင်မှီအရပ်လေးတွေပိုင်ဆိုင်ထားကြသူပေါ့။ ကိုယ့်ချစ်သူက ကိုယ်နဲ့အရပ်တူတူဆိုရင် ရင်ခွင်မှီလို့မရတော့ပါဘူး 😛 ။ဟုတ်တယ်ဟုတ်!

၎)အရပ်ပုတဲ့ကောင်မလေးတွေရဲ့ အားသာချက်နောက်တစ်ခုကတော့သူများကိုခိုင်းရတာပါပဲ 😛 ဟိုဟာလေး မမှီလို့ယူပေးပါဦး၊ဒီဟာလေး ယူပေးပါဦးဆိုပြီး ကိုကိုတွေ၊မမတွေကို ညာခိုင်း လို့ရတယ်နော်။Crush လေးနဲ့တိုးရင်လည်း ဇာတ်လမ်းလေးဆင်လို့ရတယ်ဆိုတော့ အရပ်ပုတဲ့ကောင်မလေးဖြစ်ရတာ မိုက်တာပေါ့။

၅)ရှိုးပွဲတွေ၊မွေးနေ့ပွဲတွေမှာ သူငယ်ချင်းတွေနဲ့အတူတူကဲမယ်ဆို ရင်လည်းကိုယ်ကအရပ်ပုလို့ ဦးစားပေးခံရပြီးရှေ့ဆုံးမှာထားခံရပါတယ်။အရှေ့ဆုံးမှာဆိုတော့ ကိုယ်ကြိုက်တဲ့ အနုပညာရှင်တွေကိုလည်းသေချာမြင်ရလို့ ရှိုးပွဲလာရတာတန်သွားပါပြီ!

၆) အရပ်ပုတဲ့အတွက် အ၀တ်အစားဆိုလည်းရှာရတာမခက်ပါဘူး။ ဒီခေတ်ကြီးမှာကြည့်လိုက်ရင် ကောင်မလေးသေးသေးပုပုလေးတွေချည်းဖြစ်နေသလို အ၀တ်အစားဆိုလည်း သူတို့ဆိုဒ်တွေချည်းပါပဲ။အဲ့ဒီတော့ ကိုယ်ကြိုက်တဲ့အ၀တ်အစားတွေ့ရင်လိုက်ပါ့မလား ဆိုပြီးစဉ်းစားနေစရာမလိုတော့ပါဘူး။ “ဘာဝတ်ဝတ်တင့်တယ်”ဆိုသလိုပဲ။မြန်မာဝတ်စုံလေးတွေ ၀တ်မလား?ဘာဘီရုပ်လေးလို ၀တ်မလား? ဘောင်းဘီတိုနဲ့စပို့ရှပ်၊ရှပ်အကျီလေးဝတ်မလား? ကဗျာဆန်ဆန်ဂါဝန်လေးတွေဝတ်မလား? ကြိုက်သလိုဝတ်လို့ရပါတယ်။ ကိုယ့်အတွက်ထုတ်ထားသလားထင်ရအောင် စတိုင်လ်မိုက်မိုက်နဲ့ခပ်လန်းလန်းအကျီတွေပါပဲ။

ကဲ အရပ်ပုပုသေးသေးကောင်မလေးတွေရဲ့  အားသာချက်တွေကိုပြောပြီးပြီဆိုတော့ ကိုယ်ကသူများတွေကြားထဲမှာ သေးသေးလေးဖြစ်နေလို့ စိတ်အားငယ်စရာမလိုတော့ဘူးနော် ❤

ကမ္ဘာ့အချမ်းသာဆုံး ကုမ္ပဏီတွေကကျွေးတဲ့ ဝန်ထမ်းတွေအတွက်နေ့လည်စာဆိုတာ ဘယ်လိုမျိုးလဲ?

ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးတွေက ဝန်ထမ်းတွေအတွက် နေ့လည်စာခင်းကျင်းပြင်ဆင်ပေးမှုကို လူတိုင်းသိချင်လောက်မယ်လို့ထင်ပါတယ်။ တကယ့်စားသောက်ဆိုင်ကြီးတွေလိုပဲ.. ၀န်ထမ်းတွေကိုကျွေးမွေးတာရှယ်ပါပဲ။ ဒီလိုကုမ္ပဏီကြီးတွေရေရှည် တည်တံ့ခိုင်မြဲနေတယ်ဆိုတာလည်း
ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့်ဆိုတော့ ဒီလောက်တော့လုပ်ပေးရမှာပေါ့။

Google


Google ရုံးချုပ်က နယူးယော့မြို့ မှာရှိပါတယ်။ ထိုကုမ္ပဏီက ၀န်ထမ်းတိုင်း တစ်နေ့ကို သုံးနပ်စာအလကား စားရပြီး အလှဆုံး ရှုခင်း Manhattan ကိုလည်း ကြည့်ရင်းပေါ့။ ကော်ဖီကနေရာတိုင်းမှာရနိုင်ပြီး ကိုယ်ကြိုက်နှစ်သက်ရာအစားစာ၊ အမြန်အစားသောက်နဲ့ မုန့်သရေစာ၊ ဒိန်ချဉ်နဲ့ သောက်စရာမျိုးစုံလည်းရရှိပါတယ်။

Apple


Apple ရုံးချုပ်က ကယ်လီဖိုးနီးယား Cupertino မှာတည်ရှိပါတယ်။ သူတို့ရဲ့ထမင်းစားဆောင်ကြီးကို Caffè Macs လို့ခေါ်တယ်။ အရမ်းကိုကျယ်ဝန်းပြီး အလင်းရောင်လည်းကောင်းကာ ကြိုက်သလောက်စားလို့ရတယ်။ Caffè Macs မှာ မက်စီကို၊ အီတလီ ၊ ဂျပန် ၊ စပိန် နဲ့ ပြင်သစ်
စာတွေရရှိပါတယ်။ မနက်စာတွေကတော့ ပြင်သစ် စတော်ဘယ်ရီ ပေါင်မုန့်မီးကင်၊ ချောကလက် ပန်ကိတ် ၊ လတ်ဆတ်တဲ့ အသီးဖျော်ရည်တွေရတယ်။ အချိုပွဲကတော့ ရေခဲမုန့်စသဖြင့် အများကြီးရှိပါတယ်။ မီနူးက အပြောင်းလဲရှိလို့ပါ။

Facebook


Facebook ရုံးချုပ်က ကယ်လီဖိုးနီးယား Menlo Park မှာရှိပါတယ်။ Epic Cafe မှာ ၀န်ထမ်းတစ်ယောက်ကို တစ်နေ့မှာ သုံးနပ်စားခွင့်ရပါတယ်။ သူ့ဆီမှာ အမေရိကန်နဲ့ အာရှအစားစာတွေအများဆုံးရပါတယ်။ ၀န်ထမ်းနဲ့အတူပါလာတဲ့ ဧည့်သည်တွေရှိရင်လည်း Discount ရသေးတယ်လို့ သိရပါတယ်။

Dropbox


Dropbox ရုံးကတော့ ကယ်လီဖိုးနီးယား ၊ ဆန်ဖရန်စ္စကိုမှာရှိပါတယ်။ သူတို့ဆီက ထမင်းစားဆောင်ကို Tuck Shop လို့ခေါ်တယ်။ မီတာ ၄၀၀ကျယ်ဝန်းပြီး ကြိုက်တဲ့အစားစာကို အကန့်သတ်မရှိစားလို့ရပါတယ်။ ကမ္ဘာတစ်ဝှမ်းက အကောင်းဆုံးစားသောက်ဆိုင်တွေမှာ အလုပ်လုပ်ခဲ့တဲ့ စားဖိုမှူးတွေကိုပဲ ခန့်ထားတာတဲ့။

Twitter


Twitter ကုမ္ပဏီကတော့ ၁၉၃၇ခုနှစ်တည်းက တည်ဆောက်ထားတဲ့ ဆန်ဖရန်စ္စရဲ့ မြို့ လယ်ခေါင် အဆောက်အုံကို အခုရွေ့ ပြောင်းလိုက်ပြီလို့သိရပါတယ်။ ၀န်ထမ်းတွေအတွက် ကြိုက်တာစား ၀န်ဆောင်မှုပေးထားပြီး ဟင်းလျာတွေကတော့ နှစ်မျိုးနှစ်စားကွဲပါတယ်။ လူမျိုးအလိုက် အကြိုက်ချင်း
မတူတာမို့ ရွေးချယ်စရာတွေများများစားစား စီစဉ်ပေးထားပါတယ်။

Bright Side


Bright Side ကုမ္ပဏီကြီးရဲ့ ဝန်ထမ်းတွေ ထမင်းစားဆောင်ကိုလည်းပြောပြပေးချင်ပါတယ်။ သူတို့ဆီမှာ ကွဲပြားခြားနားတဲ့ ရိုးရာဓလေ့တွေရှိတာကြောင့် ဟင်းလျာတွေကလည်း မျိုးစုံရှိပါတယ်။ အလုပ်တွေအရမ်းကြပ်လာတဲ့အခါ ခေါင်းစားလာရင် အစားယူနိုင်တဲ့နေရာတစ်ခုလည်းထားထားပေးပါတယ်။

အန်တီတော်တော်များများက ကိုယ့်ကိုချွေးမတော်ချင်ရတဲ့အကြောင်းအရင်း

အိမ်က အမေက တောင် ကိုယ့်ကို အပိုးမကျိုးဘူးလို့ခနခနဆူနေပင်မဲ့ ပတ်ဝန်းကျင်က သားရှင် အန်တီကြီးတွေကြားထဲမှာ ကိုယ်ကပေါ်ပြူလာ ဖြစ်ဖူးကြလား။ ကိုယ်လည်းဘာမှ သွားမပြောပဲ
ကိုယ့်ကို မြင်တာနဲ့ သားရှင် အန်တီ ကြီးတွေ ချစ်နေရတဲ့အကြောင်းရင်းဟာ ဘာကြောင့် ဖြစ်နိုင်မလဲ…

(၁) တည်ငြိမ်ရင့်ကျက်တဲ့ပုံပေါ်လို့
အိမ်မှာသာပေါတောတောနေပင်မဲ့ အပြင်ရောက်လို့လူကြီးသူမနဲ့ပြောဆို ဆက်ဆံတဲ့အခါ တည်ငြိမ်တဲ့ ပုံ ၊ ရင့်ကျက်တဲ့ မိန်းကလေးပုံ ပေါက်တာကြောင့်သားရှင် အမေတွေက သူတို့သားကို ထိန်းသိမ်းနိုင်မယ်လို့ယုံကြည်လိုက်ကြပြီးချွေးမတော်ချင်သွားတက်ကြပါတယ်။
(၂) ချစ်စရာကောင်းလို့
ကိုယ့်ကို တွေ့လိုက်တဲ့အချိန်မှာ ကိုယ်ဟာ အေးချမ်းယဉ်ကျေးပြီး ချစ်စရာကောင်းတဲ့ပုံင်္စ ပေါ် နေရင် ကိုယ့်ကိုမြင်တာနဲ့ချစ်စရာလေး သားလေးနဲ့ဆို လိုက်ဖက်မှာဆိုပြီး ချွေးမတော်ချင်တက်ကြပါတယ်။
(၃) စကားပြောကောင်းလို့
လူကြီးသူမနဲ့စကားပြောဆိုတဲ့ အခါပဲဖြစ်ဖြစ် ဘယ်သူနဲ့မဆို စကားပြောဆိုတဲ့အခါပဲဖြစ်ဖြစ် ကိုယ်က စကားပြောချို သာယဉ်ကျေးပြီး အထူးသဖြင့် လူကြီး ကြိုက် စကားတွေပြောတက်တဲ့အခါ သဘောကျတက်ကြပါတယ်။ ဒါမှ သူတို့အသက်အရွယ်ကြီးပြင်းလာလည်းအဖော်ရပြီး သားအတွက်လည်းအဆင်ပြေမယ်လို့တွေးတက်ကြပါတယ်။
(၄) အလိုက်သိလို့
လူမှုပေါင်းသင်းဆက်ဆံရေးကောင်း ပြီး လူချစ်လူခင်များကာ အလိုက်သိတက်တဲ့သူမျိုးကို ချွေးမတော်ချင်ကြပါတယ်။ ဒါမှသာ သားဖြစ်သူအတွက်လည်း ပွဲတက် မယားကောင်းဖြစ် နိုင်မယ်လို့ ယုံကြည်တက်ကြပါတယ်။
(၅) ကြင်နာတက်လို့
လူအများပေါ် ဂရုစိုက် ကြင်နာတက်တဲ့သူမျိုး ကို သဘောကြပါတယ်။ ကိုယ့်သားရဲ့အိုစာတာကောင်းပြီး နွေးထွေးမှုကို အပြည့် အ၀ပေးနိုင်မယ်လို့ယုံကြည်ထားလို့ ကြင်နာတက်တဲ့မိန်းကလေးကို သားရှင် အမေတွေကလိုချင်ပါတယ်။
(၆) ဟိုဆက်ဆက်ဒီဆက်ဆက်ရလို့
ဟိုဆက်ဆက်ဒီဆက်ဆက် သိပြီး သွက်လက်ချက်ချာတဲ့သူမျိုး ကို သားရှင်းများကသဘောကြကြပါတယ်။ ကိုယ့်ရဲ့ ဟိုဆက်ဆက်ဒီဆက်ဆက်သိတဲ့အကျိုးကြောင့် သားဖြစ်သူရဲ့ ပြုလုပ်သမျှကို ပါဝင်ကူညီပေးနိုင်မယ်လို့ယုံကြည်ထားကြလို့ပါ။
(၇) ညဏ်ပြေးလို့
စီးတဲ့ရေ ဆည်တဲ့ကသင်း ဆိုတာမျိုး ဖြစ်လာအောင် ကိုယ့်သားရဲ့စည်းစိမ်တွေကို ထိန်းသိမ်းနိုင်အောင် အကျိုးစီးပွား မပျက်ပြားအောင် ညဏ်ပြေးတဲ့မိန်းကလေးကိုချစ်ကြပါတယ်။
(၈) မိန်းမပီသလို့
အိမ်မှုကိစ္စကို နိုင်နင်းပြီး အချက်အပြုတ် ကျွမ်းကျင်ကာ နူးညံ့သိမ်မွေ့တဲ့မိန်းကလေးမို့ သားရှင်မေမေတွက ချစ်တက်ကြပါတယ်။
ဆိုတော့ ကိုယ့်ကို သားရှင်မေမေတွေ ဘာလို့ချွေးမတော်ချင်နေကြတယ်ဆိုတာကို အပေါ် ကအချက်တစ်ချို့ကဖော်ပြပေးနေပါတယ်…

အိပ်ပျော်နေစဉ်အတွင်း လူတွေရဲ့ ခန္ဓာကိုယ်မှာကြုံတွေ့ရတဲ့ ထူးထူးဆန်းဆန်းအရာများ

အိပ်ပျော်နေတဲ့အချိန်မှာ ဘာတွေထူးထူးဆန်းဆန်းဖြစ်နိုင်တယ်လို့ထင်လဲ? ထူးဆန်းတယ်ဆိုပေမဲ့ဒီအချက်တွေကို လူတိုင်းနီးပါးကြုံဖူးပြီးသားဖြစ်ပါတယ်။ အိပ်ပျော်နေတဲ့အချိန်မှာ လူတွေရဲ့ ခန္ဓာကိုယ်ကနေ ဘယ်လိုတွေဖြစ်နိုင်လဲဆိုတော့…

၁။လှုပ်ရှားလို့မရခြင်း

ရုတ်တရက်တရေးနိုးလာသလိုဖြစ်ပေမဲ့ ခန္ဓာကိုယ်ကလှုပ်ရှားလို့မရတော့မျိုးကို ကြုံဖူးသလား?လူအများစုကတော့ ဘီလူးစီးတာလို့ခေါ်လေ့ရှိကြပါတယ်။ အိပ်ပျော်နေတဲ့အချိန်အတွင်းမှာ လူကအသက်မရှိသလိုဖြစ်သွားတာနဲ့အတူတူပါပဲ။ လှုပ်ရှားမှုလည်းမရှိတော့ပဲငြိမ်သက်သွားတာပါ။အဲ့ဒီအချိန်မှာဦးနှောက်ကလှုပ်ရှားနေပေမဲ့ ခန္ဓာကိုယ်ကြွက်သားတွေကလှုပ်ရှားမှုမရှိတော့ပါဘူး။အဲ့ဒါကြောင့်ရုတ်တရက်တရေးနိုးလာတဲ့အခါမှာလှုပ်လို့မရတော့တာပါ။လူဦးရေရဲ့၇ရာခိုင်နှုန်းလောက်က ဒီအခြေအနေမျိုးကိုကြုံဖူးကြတယ် လို့သိရပါတယ်။

၂။အိပ်မက်ဆိုးမက်ခြင်း

အိပ်မက်ဆိုးတွေမက်တာဟာ ညအိပ်ရာဝင်ခါနီးမှာခြောက်ခြားဖွယ်ရာပုံတွေကြည့်မိတာ၊ သရဲကားတွေကြည့်မိတာကနေ အိပ်စက်တဲ့အခါမှာ အဲ့ဒီပုံရိပ်တွေက အိပ်မက် အဖြစ်ပြန်ပြီးပေါ်လာတာဖြစ်ပါတယ်။ကလေးတွေမှာပိုပြီး ခြောက်ခြားစရာအိပ်မက်တွေ မက်လေ့ရှိတယ်လို့သိရပါတယ်။

၃။အိပ်ပျော်နေတုန်းစကားပြောခြင်း

အိပ်ပျော်နေတုန်းစကားတွေထပြောတာ၊ယောင်တာမျိုးတော့ မကြာခဏဖြစ်ဖူးကြမယ်ထင်ပါတယ်။ အဲ့ဒါဟာ အန္တရာယ်များတဲ့ရောဂါတစ်ခုတော့မဟုတ်ပါဘူး။ စိုးရိမ်နေတဲ့ကိစ္စတစ်ခုခုရှိတဲ့အခါ၊ လျှို့ဝှက်ချက်ကိုထိန်းသိမ်းထားရတဲ့အခါမျိုးမှာ စိတ်ဖိစီးမှုရှိတာကြောင့် ပိုပြီးဖြစ်နိုင်ပါတယ်။ အမျိုးသားတွေနဲ့ကလေးတွေမှာပိုပြီးဖြစ်တတ်ပါတယ်။

၎။အိပ်မက်ထဲမှာအိပ်မက်မက်ခြင်း

အိပ်မက်ထဲမှာပဲ တစ်ခါထပ်ပြီးအိပ်မက်မက်တာမျိုးလည်းဖြစ်ဖူးကြမှာပါ။ ၀ိညာဉ်၂ခုခွဲ ထွက်သလိုဖြစ်တဲ့ အိပ်မက်ဟာ လူတော်တော်များများမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဘာလို့အဲ့လိုဖြစ်ရတာလဲဆိုတာကိုမရှင်းပြနိုင်သေးပါဘူး။

၅။အိပ်နေရင်းလမ်းလျှောက်ခြင်း

အိပ်ပျော်နေရင်းလမ်းလျှောက်တဲ့အကျင့်ဟာ အိပ်ပျော်နေတုန်းအကြောသေသွားသလိုဖြစ်တာရဲ့ ဆန့်ကျင်ဘက်ပါပဲ။အိပ်ပျော်နေပေမဲ့ကြွက်သားတွေက အနားမယူပဲဆက်ပြီးလှုပ်ရှားနေတာပါ။ ညအချိန်မှာမအိပ်ပဲလျှောက်သွားနေပေမဲ့ မနက်ရောက်တဲ့အခါမှာ ဘာကိုမှ မမှတ်မိပဲဖြစ်တတ်ပါတယ်။လူဦးရေရဲ့ ၁၀ရာခိုင်နှုန်းအထိဖြစ်လေ့ရှိပါတယ်။ ကလေးတွေမှာမကြာခဏဖြစ်တတ်ပြီးအန္တရာယ်များတဲ့အခြေအနေလို့ပြောလို့ရပါတယ်။ဆရာဝန်နဲ့တိုင်ပင်ပြီးစမ်းသပ်စစ်ဆေးမှုတွေလုပ်သင့်ပါတယ်။

၆။ဟောက်ခြင်း

ဒါကတော့ လူအများစုဖြစ်ဖူးကြမယ်ဆိုတာသေချာပါတယ်။ကိုယ့်ဘေးနားကလူတစ်ယောက်က ဟောက်နေရင် အိပ်လို့ပျော်တော့မှာမဟုတ်ပါဘူး။အိပ်ပျော်နေတုန်းဟောက်တာဟာ  ဦးနှောက် ထဲမှာအောက်စီဂျင်လုံလုံလောက်လောက်မရတာကြောင့်လို့သိရပါတယ်။ရေရှည်ဟောက်နေရင် အသည်းနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်လာနိုင်ပါတယ်။အဲ့ဒါကြောင့်သင်ဟာ မကြာခဏဟောက် တတ်တဲ့အလေ့အကျင့်ရှိရင် ဆရာဝန်နဲ့တိုင်ပင်ပြီးကျန်းမာအောင်နေသင့်ပါတယ်။

၇။အပြင်လောကကအဖြစ်အပျက်ကို အိပ်မက်ထဲမှာဆက်ဖြစ်ခြင်း

ဥပမာ ပစ္စည်းတစ်ခုခုပျောက်သွားလို့စိုးရိမ်စိတ်နဲ့အိပ်ပျော်နေတုန်းအိပ်မက်ထဲမှာ အဲ့ဒီပစ္စည်းနဲ့ပတ်သက်ပြီးဆက်မက်တာမျိုးပါ။စိတ်ပညာရှင်တွေကတော့ ဦးနှောက်ဟာ လူတွေနေ့စဉ်ဘ၀မှာသတိမထားမိတဲ့အရာတွေကို အိပ်မက်ထဲမှာသတိပြုမိစေတယ်လို့ ယုံကြည်ထားကြပါတယ်။ပြဿနာမဖြေရှင်းပြီးသေးတဲ့အချိန်အတွင်းမှာ ခဏ ခဏပြန်ပြန်မက်နိုင်ပါတယ်။

Source:Brightside

ရင်နာစရာဘဝတစ်ခုကြောင့် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ရတဲ့ တစ်ချိန်ကနာမည်ကြီးမင်းသမီး

Single mother က မွေးဖွားခဲ့လို့ သူမရဲ့အဖေဆိုတာ ဘယ်သူမှန်း သိတောင်မသိခဲ့ရဘူး။ သူမအမေမှာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်ရှိနေလို့ စိတ်ကျန်းမာရေးဆေးရုံကို အပို့မခံရခင် ကလေးနို့စို့အရွယ်လေးကို ခေါင်းအုံးနဲ့ဖိသတ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။

ဒီလိုနဲ့ သူမ မိဘမဲ့ဖြစ်ခဲ့ရတယ်။ သူမကို မွေးစားချင်တဲ့ မိဘတွေ ၁၁ယောက်လောက်ရှိခဲ့ပါတယ်။ကံဆိုးချင်တော့ မကောင်းတဲ့ မွေးစားမိဘအိမ်ကိုရောက်သွားခဲ့တယ်။ အသက်အရွယ်နဲ့မလိုက်အောင် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်နှိပ်စက်မှုတွေ ခံခဲ့ရတယ်။ အသက် ၁၆နှစ်မှာ ထိုကံဆိုးမှုက လွတ်မြောက်အောင် ယောက်ျားတစ်ယောက်နဲ့လက်ထပ်ခဲ့ပေမယ့် သူမတို့အိမ်ထောင်ရေးက အခြေမခိုင်ခဲ့ဘူး။ အိမ်ထောက်ရေးသက်တမ်းက ၄နှစ်ထိပဲ ဒဏ်ခံခဲ့တယ်။

တစ်ချိန်တည်းမှာပဲ ကံကြမ္မာက မျက်နှာသာပေးလို့ ရုပ်ရှင်တစ်ခုမှာ သူမပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ မက်မောစရာကောင်းတဲ့ အနုပညာကြယ်ပွင့်ဘဝမှာရပ်တည်နိုင်ဖို့ သူ့မရဲ့အတိတ်ဆိုးတွေကိုမေ့ပစ့်ပြီး ဆံပင်တွေ ၊နာမည်တွေ အကုန်ပြောင်းလဲပစ်ခဲ့ပေမယ့် အရိပ်မည်းတွေက နောက်ကလိုက်နေခဲ့တယ်။ အကာကွယ်မဲ့တဲ့ သူမဘဝရဲ့ အကျည်းတန်အမှန်တရားတွေက ကြယ်တစ်ပွင့်လို တောက်ပနေတဲ့သူမဘဝကို စတင်ရိုက်ခတ်လာပါတော့တယ်။

Playboy ကာဗာမှာ သူမရဲ့ သဘောတူညီမှုမပါဘဲနဲ့ ဝတ်လစ်စလစ်ပုံတွေ ထုတ်ဝေခံခဲ့ရပါတယ်။
သူမရဲ့အတိတ်ဆိုးတွေက လက်ရှိအခြေအတွေအားလုံးက ဖျက်စီးပစ်ခဲ့တယ်။ သူမတစ်ဘဝလုံး မေတ္တာငတ်မွတ်နေခဲ့ပေမယ့် အားတင်းရုန်းကန်ခဲ့တယ်။ သုံးကြိမ် လက်ထပ်ခဲ့ပေမယ့် အကြိမ်တိုင်းဟာ စိတ်ပျက်စရာ အိမ်ထောင်ရေးအဖြစ်နဲ့သာအဆုံးသတ်ခဲ့တာပါပဲ။ ဝတ်လစ်စလစ်ပုံတွေအတင်ခံလိုက်ရတည်းက သူမကိုယ်သူမတောင်မသိတော့ဘဲ တဖြည်းဖြည်းနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လောကကြီးရဲ့ သားကောင်ဖြစ်လာခဲ့တယ်။

သူမစိတ်ထဲမွန်းကြပ်လာတယ်..။ ထွက်ပေါက်မရှိဘူး.. ။ အောင်မြင်ပြီး လေးစားခံရတဲ့မင်းသမီးတစ်ယောက်ဆိုတဲ့ သူမအိပ်မက်ကို အကောင်ထည်ဖော်နိုင်ခဲ့ပေမယ့် အပြည့်အဝမခံစားလိုက်ရဘူး။
အသက် (၃၆)နှစ်မှာ ဆေးအလွန်အကျွံသောက်ပြီး သူမဘဝကို အဆုံးစီရင်ပစ်ခဲ့တယ်။ သူမရရှိလိုက်တဲ့ အမွေဆိုလို့ မွေးရာပါ ကောက်ကြောင်းလှတဲ့သူမခန္ဓာကိုယ်နဲ့ ဘယ်သူမှမမျှော်လင့်ထားဘဲ ရုတ်တရက်သိလိုက်ရတဲ့ ဆိုးဝါးသော သူမဘဝဇာတ်ကြောင်းကြီးသာဖြစ်တယ်။

ဒါပေမယ့် ကိုယ်ပိုင်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုကို တည်ထောင်နိုင်ခဲ့တဲ့ ဒုတိယအမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူမရုပ်ရှင်တွေက ဒေါ်လာ ၂ဝဝမီလီလျံ ထိ ကြောက်ခမန်းလိလိ ရောင်းချနိုင်ခဲ့တယ်။ အဲ့ဒီလို သာမန်လူတစ်ယောက်ထက် သာလွန်တဲ့ အိုင်ကျုကိုပိုင်ဆိုင်ထားတဲ့ သူမကတော့ ….

သူငယ်ချင်းတွေနဲ့အဆင်မပြေတဲ့အခါ ဘာလုပ်သင့်လဲ

တစ်ခါတစ်လေ သူငယ်ချင်းဆိုတာ စိတ်ပြောင်းလဲလွယ်သလို သစ္စာဖောက်ပြီး သင့်ကိုအောက်ဆုံးထိဆွဲချနိုင်ပါတယ်။ ဒါက သူငယ်ချင်းအမည်ခံ စိတ်ကောင်းမရှိတဲ့လူမျိုးတွေကိုပြောတာပါ။ သူငယ်ချင်းကောင်းဆိုတာရဖို့တကယ်ခက်ပါတယ်။နေရာအသစ်ရောက်တဲ့အခါ စိတ်တူ ကိုယ်တူလူမျိုးတွေ့ဖို့ မလွယ်ပါဘူး။ဒီလိုလူမျိုးရှားတယ်ဆိုလို့ သူငယ်ချင်းမထားတော့ဘူးလို့လည်းမဟုတ်ပါဘူး။ အပေါင်းသင်းမိတ်ဆွေမရှိတဲ့အခါ အထီးကျန်ပြီး စိတ်ဓာတ်တွေကျနိုင်ပါတယ်။ လူရယ်လို့ဖြစ်လာတည်းက အသိုင်းအဝိုင်းပတ်ဝန်းကျင်ဆိုတာ ကိုယ်စီမှာရှိပြီးသားပါပဲ။အပြန်လည်မှီခိုအားထားရတာမျိုးတွေ၊ တစ်ယောက်အကြောင်း တစ်ယောက်ရင်ဖွင့်ပြီးစိတ်ပူပန်မှုတွေလျော့ချပေးနိုင်တဲ့လူမျိုးတွေရှိမှလည်း လူဖြစ်ရတာ ပျော်ဖို့ကောင်းမှာပေါ့။သူငယ်ချင်းထားတယ်ဆိုတာ ခရီးသွားရသလိုပဲ။ ဒီနေရာမှာ ဒီလူနဲ့ဆုံပြီး ရေစက်ကုန်ရင်ခွဲခွာကြရမှာပါ။ အရာရာတိုင်းက မတည်မြဲပါဘူး။

၁).အရာအားလုံးက ခေတ္တယာယီမျှသာလို့သဘောထားပါ။ ဒီသူငယ်ချင်းမရှိရင်မဖြစ်ဘူးလို့ ဘယ်သူပြောလဲ။ဘာအကြောင်းကြောင့်ပဲဖြစ်ပါစေ.. ဒါတွေက ခဏပါပဲ သင့်ခေါင်းထဲမှာအမြဲမှတ်ထားလိုက်ပါ။ တစ်ဘဝလုံးနဲ့စာရင် ဒါတွေကအသေးအမွှားကိစ္စတွေလို့ သတ်မှတ်နိုင်ရမယ်။ တစ်ခါတစ်လေ အထီးကျန်တဲ့ခံစားချက်မျိုးကို လူတိုင်းခံစားဖူးကြပါတယ်။ ကိုယ့်ဘဝထဲကို ခဏလေးလာပြီး ပြန်ထွက်သွားကြတဲ့လူတွေလည်းရှိသလို… တကယ်မိတ်ဆွေကောင်းအဖြစ်ကျန်ရစ်နေတဲ့ လူမျိုးတွေလည်း ရှိပါတယ်။နေ့တိုင်း ကိုယ့်ရဲ့ခံစားချက်တွေဖွင့်ထုတ်ဖို့ ဒိုင်ယာရီလေးတစ်အုပ်ဆောင်ထားပါ။သူငယ်ချင်းတွေနဲ့ပတ်သတ်ပြီး စိတ်ထဲဘဝင်ကျတာတို့၊ ဝမ်းနည်းတာမျိုးအတွက် ဒိုင်ယာရီရေးခြင်းကအများကြီးစိတ်သက်သာစေပါတယ်။

၂.)တစ်ခုခုပေါ်စိတ်နှစ်ထားခြင်းက ရှုပ်ထွေးနေတဲ့စိတ်တွေကိုပျောက်စေပါတယ်။တစ်ခုခုဆိုတာက ကိုယ့်ဝါသနာပါရာအလုပ်တစ်ခုဖြစ်ဖို့လိုပါတယ်။ ဗဟုသုတအသစ်တွေကိုလေ့လာခြင်း ၊ကွန်ပျုတာပရိဂရမ်အသစ်တွေရေးဆွဲတာ၊ ပန်းစိုက်တာ၊ ဘာသာစကားအသစ်တစ်ခုသင်တာ ၊ဂစ်တာတီးခြင်း စသဖြင့်ပေါ့။ စိတ်ညစ်စရာတွေကိုထိုင်တွေးနေမယ့်အစား ဒီလိုအချိန်တွေကိုကုန်ဆုံးလိုက်တာက ပိုအကျိုးရှိပါတယ်။

၃.)လူတွေနဲ့ထိတွေ့ဆက်ဆံရမယ့် အလုပ်မျိုးကိုရွေးချယ်ပါ။ အိမ်မှာထိုင်နေပြီးတော့ သူငယ်ချင်းမရှိဘူးလို့ အော်နေလို့မရပါဘူး။ အပြင်ထွက်ရင် သင့်လိုပဲ စိတ်တူကိုယ်တူဖြစ်နိုင်လောက်မယ့်လူမျိုးတွေကိုတွေ့လာရပါလိမ့်မယ်။ ၀ါသနာပါရာ အားကစားတစ်ခုခုလုပ်တာ၊ ညဘက်ကလပ်သွားတာ၊ စေတနာ့ဝန်ထမ်းလုပ်ပေးတာမျိုးဆို လူအများစုနဲ့ပေါင်းသင်းဆက်ဆံရပါလိမ့်မယ်။ ဒီလိုလျှောက်သွားရင်း ကြုံတွေ့ရတဲ့လူတွေက သင်နေ့စဉ် ကျောင်းနဲ့အလုပ်မှာကြုံတွေ့နေရတဲ့လူတွေနဲ့မတူပါဘူး။ကိုယ်နဲ့ စရိုက်တူ၊ဝါသနာတူတဲ့လူမျိုး..၊ နောက် ကိုယ့်ရဲ့အတွေးမြင်တွေကိုပြောင်းလဲပေးနိုင်တဲ့လူမျိုးတွေနဲ့ တွေ့ချင်တွေ့သွားနိုင်ပါတယ်။

၎.)ကိုယ်ဘယ်နေရာပဲရောက်ရောက်၊ ဘာပဲလုပ်လုပ် အခြားလူတွေနဲ့ဆက်ဆံပေါင်းသင်းရတဲ့အခါရင်းနှီးနွေးထွေးစွာနေပါ။ ရည်ရည်မွန်မွန်ရှိပါ။ အမြဲတမ်းပြုံးပျော်ရွှင်နေပါ။ တွေ့တာနဲ့ပြုံးပြီးခေါင်းညိတ်ပြခြင်းက တစ်ဖက်သားအပေါ်အလေးနက်ထားရာရောက်ပါတယ်။ယဉ်ကျေးပျုငှာပြီး ရင်းနှီးစွာနေခြင်းက ဆွဲဆောင်မှုတစ်မျိုးပါပဲ။သင်ဟာ ရှက်တတ်တဲ့လြူုဖစ်ကောင်းဖြစ်လိမ့်မယ်။ သင့်ရဲ့အပြုံးတွေနဲ့အကာကွယ်ယူထားပါ။လူတွေအများကြီးနဲ့စကားလိုက်ပြောရမယ်လို့တော့မဟုတ်ပေမယ့် ကိုယ်တွေ့တဲ့လူနဲ့ စကားပြောတဲ့အခါကိုယ့်ဘက်က စိတ်ဝင်စားကြောင်းပြပါ။

၅.)ခရီးထွက်ပါ။ အခြားနေရာတွေသွားခြင်းဖြင့် ကိုယ့်ကိုကိုယ်ဘယ်သူလဲဆိုတာ ရှာဖွေကြည့်ပါ။ခရီးသွားရင် လူသစ်တွေနဲ့ပေါင်းသင်းဆက်ဆံရမယ်။ ကိုယ်တစ်ခါမှ မတွေ့ဖူး မကြုံဖူးတဲ့အရာတွေနဲ့လည်း ထိတွေ့ခွင့်ရမယ်။ သင်ကိုယ်တိုင်က ရင်းနှီးလွယ်ရင်လူတိုင်းကလည်း သင့်ကိုအချိန်ခဏတွင်း ရင်းနှီးကြသွားမှာပါ။မွေးရာပါ ရင်းနှီးလွယ်တဲ့လူတွေသင့်ကို စကားပြောတဲ့အခါ မကြောက်ပါနဲ့။ စိတ်အေးအေးထားပြီးသာ ပြောစရာရှိတာပြောပါ။သူလည်းလူ ကိုယ်လည်းလူပါပဲ။