Category Archives: 18+

အပြာဇာတ်ကားတစ်ခု နောက်ကွယ်မှ အမှန်တရားများ

Image result for having love

အမျိုးသားတွေ ဆန့်ကျင်ဖက်လိင်ကို စပြီးစိတ်ဝင်စားချိန် စတင်ပြီး အပြာဇာတ်ကားတွေကို ကြည့်တတ်လာပြီ ဖြစ်ပါတယ်။ ဒီလို ဇာတ်လမ်းတွေကို ကြည့်ရှုပြီး အတုယူမမှားစေဖို့အတွက် အပြာဇာတ်ကားတွေကို ရိုက်ကူးထုတ်လုပ်နေတဲ့ ဒါရိုက်တာတစ်ဦးရဲ့ ဖွင့်ဆိုရှင်းပြမှုတွေကို ဖော်ပြလိုက်ပါတယ်။

Adam Glasser ဟာ အပြာဇာတ်လမ်း သရုပ်ဆောင်၊ ဒါရိုက်တာဖြစ်ပြီး သူပါဝင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားပေါင်း (၁၀၀)ကျော်ရှိပါတယ်။ အခုလက်ရှိ သူဟာ ရုပ်သံအစီအစဉ်တွေမှာ ပါဝင်ပြီး အမျိုးသားများအတွက် လိင်မှုကိစ္စလမ်းညွှန်စာပေတွေ ရေးသားနေသူဖြစ်ပါတယ်။

အရွယ်ရောက်ပြီးသား အမျိုးသားတိုင်း အပြာဇာတ်လမ်းတွေကို ကြည့်ဖူးကြပါတယ်။ ဒီလို အပြာဇာတ်ကားတွေ ကြည့်တဲ့အခါတိုင်းမှာ သရုပ်ဆာင်တွေကို လိင်မှုကိစ္စဆိုင်ရာ စူပါဟီးရိုးတွေအဖြစ် ထင်မိကြမှာပါ။ ကြည့်စမ်း၊ ဒီလောက်ကြာအောင် သူဘယ်လိုလုပ်သလဲ၊ နည်းတဲ့ ပစ္စည်းကြီးမဟုတ်ဘူး။ မင်းသမီးကိုယ်လုံးကလည်း မိုက်လိုက်တာ၊ အာ့မိန်းမက တော်တော်ထန်တာပဲ စသဖြင့် ကြည့်မိသူတိုင်းတွေးမိကြမှာပါ။ တကယ်တော့ ဒီလို အတွေးတွေ တွေးမိပြီး ကြည့်လို့ကောင်းအောင်လို့ ကျွန်တော်တို့လို ဒါရိုက်တာတွေက အစီအစဉ်ချ၊ ဇာတ်ညွှန်းခွဲပြီး၊ စီစဉ်ညွှန်ကြား၊ ရိုက်ကူးတည်းဖြတ်တာတာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့က စိတ်ကူးတွေကို ဖန်တီးကြတာဖြစ်ပါတယ်။

ပြဿနာက ဘယ်မှာစလဲဆိုရင် အပြာဇာတ်လမ်းတွေကို ကြည့်ရှုကြသူတွေက စိတ်ကူးကို ပုံဖော်ထားတယ်ဆိုတာကို မေ့သွားပြီး တကယ်လို့ ထင်မြင်ယူဆလိုက်တဲ့အခါမှာဖြစ်ပါတယ်။ ဒီအခါမှာ ကြည့်ရှုသူတွေမှာ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်တာတွေ၊ ကိုယ့်ရဲ့လိင်မှုစွမ်းဆောင်ရည်ကို အလိုမကျတာတွေ ဖြစ်လာတတ်ပါတယ်။ ဇာတ်ဆောင်အမျိုးသားလို ကြီးမားတောင့်တင်းတဲ့လိင်တံရဖို့၊ ချစ်သူမိန်းကလေးက ဇာတ်လမ်းထဲက အမျိုးသမီးလို ပြုမူဆက်ဆံဖို့နဲ့ စိတ်ရှိသလောက် ဆက်တိုက်လုပ်ဆောင်နိုင်ဖို့တွေကို တွေးလာကြပါတယ်။

တကယ်တမ်း သတိပြုရမှာ သင်တို့ ကြည့်ရှုနေရတဲ့ အပြာဇာတ်ကားတွေက လက်တွေ့ဘ၀ကို ထပ်တူပုံဖော်ထားတာ မဟုတ်ဘူးဆိုတာပါပဲ။ သင့်ဘ၀နဲ့ ထပ်တူမကျဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အပြာဇာတ်ဆောင်တွေက အများအားဖြင့် တကယ့်ဘ၀မှာ မဖြစ်နိုင်တာတွေကို ဖန်တီးပုံဖော်တာကို ဆိုလိုတာဖြစ်ပါတယ်။ သင်ကြည့်ရှုနေရတာက တကယ်ဖြစ်ပျက်နေတာရဲ့ တစိတ်တပိုင်းလောက်ပဲ ရှိပါတယ်။ ကဲဒီတော့ နောက်ကွယ်က အမှန်တရားတွေကို ဆက်လေ့လာကြည့်ရအောင်။

ကြီးမားရှည်လျားတဲ့ လိင်တံများ

ဟုတ်ပါတယ်။ အပြာဇာတ်လမ်းတွေထဲက အမျိုးသားဇာတ်ဆောင်အများစုမှာ ကြီးမားတုတ်ခိုင်တဲ့ ပစ္စည်းတွေ ရှိကြပါတယ်။ သူတို့ရဲ့အရွယ်အစားကို ကြည့်ပြီး သင့်အနေနဲ့ စိတ်လှုပ်ရှားမိနိုင်ပါတယ်။ ဒါပေမယ့် ဒီပစ္စည်းကြီးတွေကြောင့် စိတ်မလှုပ်ရှားတဲ့သူရှိမယ်ဆိုရင် ဘယ်သူဖြစ်မယ် ထင်ပါသလဲ။ အခြားသူမဟုတ်ပါဘူး။ ဇာတ်ဆောင်အမျိုးသမီးဖြစ်ပါတယ်။

ကြီးမားတုတ်ခိုင်တဲ့ လိင်တံတွေကို ခံနိုင်ရည်ရှိပြီး သဘောကျတဲ့ အမျိုးသမီးက အနည်းငယ်ပဲရှိပါတယ်။ ကျွန်တော် ရိုက်ကူးနေချိန်မှာလည်း ဒီလိုအခြေအနေမျိုးတွေကို တွေ့ဖူးသလို အခြားအပြာဇာတ်လမ်းတွေမှာလည်း တွေ့ဖူးပါတယ်။ တကယ်တော့ ကြီးမားတဲ့ပစ္စည်းနဲ့ ဆက်ဆံခံရတဲ့အခါမှာ ဇာတ်ဆောင်အမျိုးသမီးရဲ့ မျက်နှာမှာ နာကျင်မှုကို မြင်တွေ့ရနိုင်ပါတယ်။ သူတို့အတွက် တကယ်ကိုနာကျဉ် ခံစားရတာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒါရိုက်တာတွေက ဒီလိုနာကျဉ်တဲ့အမူအယာတွေကို တည်းဖြတ်လိုက်ပါတယ်။ဘာကြောင့်လည်းဆိုတော့ နာကျဉ်နေတဲ့ အမူအယာတွေက စိတ်ကူးထဲက သွေဖယ်သွားပြီး ကြည့်ရှုသူကို စိတ်ပျက်သွားစေနိုင်တာကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ သတိပြုရမှာ အပြာဇာတ်လမ်းတွေထဲက သရုပ်ဆောင်တွေက အလုပ်တစ်ခုလုပ်နေကြရတာဖြစ်ပြီး တစ်ခါတစ်လေမှာ နာကျဉ်မှုတွေခံစားရနိုင်တယ်ဆိုတာပါပဲ။

အချိန်ကြာမြင့်စွာ ဆက်ဆံခြင်း

အပြာဇာတ်လမ်းတစ်ခုမှာ ဇာတ်ဆောင်တွေက အချိန်မိနစ်(၂၀)ကနေ (၆၀)လောက်အထိ ဆက်ဆံကြတာကို ကြည့်နေကြရမှာဖြစ်ပါတယ်။ တကယ်တမ်း သင်မမြင်မတွေ့ရတဲ့အပိုင်းက ကင်မရာစမရိုက်ခင်အချိန်တွေ ဖြစ်ပါတယ်။ အမျိုးသားဇာတ်ဆောင်က ကြာရှည်ခံဆေးပြားသောက်တာတို့၊ ဆေးထိုးတာတို့ စတဲ့ ပြင်ဆင်မှုတွေကို သင်မြင်တွေ့ရမှာ မဟုတ်ပါဘူး။ ကျွန်တော့် အတွေ့အကြုံအရ အပြာဇာတ်ဆောင် အမျိုးသားတွေရဲ့ (၉၅)ရာခိုင်နှုန်းက လိင်တံကြာရှည်စွာထောင်မတ်နေစေနိုင်မယ့် ဆေးဝါးတွေ သောက်သုံးမှီဝဲလေ့ရှိပါတယ်။ ဆေးမသုံးတဲသူတွေကလည်း သိပ်မရိုက်ရပါဘူး။

ဇာတ်လမ်းထဲမှာ သင့်မြင်တွေ့ရတာ အလုံးစုံပြင်ဆင်ဖြတ်တောက်ထားပြီးသာ ဖြစ်ပါတယ်။ ရိုက်ကူးနေချိန်အတွင်း ရပ်နားတာ၊ ပြန်ရိုက်တာတွေကို မြင်ရမှာ မဟုတ်ပါဘူး။ စားချိန်သောက်ချိန်အတွက်၊ အနားယူဖို့အတွက်၊ လိင်တံပြန်မတ်လာဖို့အတွက် စသဖြင့် ရပ်နားချိန်တွေကို ဇာတ်လမ်းထဲမှာ မထည့်ထားတာကြောင့် ဖြစ်ပါတယ်။ ရိုက်ကူးနေချိန်အတွင်းမှာ အပေါ့အပါးသွားဖို့၊ ရုပ်ငြိမ်ဓာတ်ပုံရိုက်ဖို့ စသဖြင့် ရပ်နားချိန်တွေ အများကြီးရှိပါသေးတယ်။

တကယ်အမှန်တရားက အပြာဇာတ်ဆောင်အမျိုးသားရော အမျိုးသမီးရောက ကြည့်ရှုသူတွေ ထင်ထားသလောက် အချိန်အကြာကြီး မရပ်မနား လိင်ဆက်ဆံနေတာ မဟုတ်ဘူးဆိုတာပါပဲ။

အမျိုးသားဇာတ်ဆောင်တွေလို သာမန်ထက်ပိုပြီး အချိန်အကြာကြီးဆက်ဆံနိုင်ရင်လည်း ပိုကောင်းတာပဲလို့ ထင်မိနိုင်ပါတယ်။ တကယ်တော့ နောက်ဆက်တွဲပြဿနာတွေ ရှိပါသေးတယ်။ အမျိုးသားတစ်ယောက်အနေနဲ့ ()လအတွင်းမှာ တစ်ပတ်ကို ()ရက်()ရက်လောက် အချိန်အကြာကြီး လိင်ဆက်ဆံတဲ့အခါမှာ ဘာဖြစ်လာမယ် ထင်ပါသလဲ။ အမျိုးသားဇာတ်ဆောင်တွေရဲ့ လိင်တံဟာ ခံစားမှုကင်းမဲ့သွားပြီး လိင်ဆက်ဆံနေချိန်မှာ အမှန်တကယ် သုက်မလွှတ်နိုင်တာမျိုးတွေ ဖြစ်လာပါတယ်။ ဒါ့ကြောင့် အပြင်ကိုဆွဲထုတ်ပြီး လက်နဲ့ကိစ္စပြီးအောင် လုပ်ကြရပါတယ်။ ဒါ့ထက်ပိုဆိုးတာက သူတို့က ကြာရှည်ခံဆေးဝါးတွေကို ခံနိုင်ရည်ရှိလာပြီး လိင်ဆက်ဆံဖို့အတွက် လိင်တံမထောင်မတ်နိုင်တော့တာ၊ ပန်းသေသွားတာတွေအထိ ဖြစ်ကြပါတယ်။

 ဆက်တိုက် စအိုဖြင့် လိင်ဆက်ဆံခြင်း

အပြာဇာတ်ကားတွေထဲမှာ လိင်ဆက်ဆံတာက ဆက်တိုက်လုပ်နေတယ်လို့ ထင်ရအောင် ဒီဇိုင်းလုပ်ထားတာ စ်ြပါတယ်။ ဒါပေမယ့် အမှန်တရားနဲ့တော့ ဝေးကွာလွန်းပါတယ်။ အထူးသဖြင့် စအိုဖြင့် လိင်ဆက်ဆံခန်းတွေ ဖြစ်ပါတယ်။

ဒီလိုအခန်းမျိုးတွေ မရိုက်ခင်မှာ အမျိုးသမီးဇာတ်ဆောင်က ပြင်ဆင်မှုတွေ အများကြီးလုပ်ကြရပါတယ်။ ဇာတ်ကားရိုက်ကူးနေချိန်မှာ မစင်အညစ်အကြေးတွေ ထွက်မလာဖို့အတွက် အကြိမ်များစွာ ၀မ်ချူရတာကနေ တကယ်မရိုက်ကူးခင် ()နာရီကနေ (၁၂)နာရီအတွင်း အစားမစားရတာတွေအထိ ပြင်ဆင်ရပါတယ်။

ဒါ့ကြောင့် စအိုပေါက်နဲ့လိင်ဆက်ဆံတဲ့ဇာတ်ဝင်ခန်းကို မြင်တွေ့ရတဲ့အခါတိုင်းမှာ သရုပ်ဆောင်အမျိုးသမီးက ဗိုက်ဆာဆာနဲ့ ရိုက်ထားရတယ်ဆိုတာကို သတိရပါ။ တခါတလေးမှာ သူမဗိုက်ထဲက အော်မြည်နေတဲ့ အသံကိုတောင် ကြားရနိုင်ပါတယ်။

လိင်စိတ်ထန်လွန်းတဲ့ အမျိုးသမီးများ

ဟုတ်ပါတယ်။ ဇာတ်လမ်းထဲက သရုပ်ဆောင်အမျိုးသမီးတွေက လိင်စိတ်ကြွလွန်းတယ်လို့ ထင်ရပါတယ်။ ကျွန်တော့်အတွေ့အကြုံအရပြောရရင်တော့ ဇာတ်ဆောင်အမျိုးသမီးအများစုဟာ ငွေကြေးအတွက် အပြာဇာတ်ကားတွေမှာ သရုပ်ဆောင်တာဖြစ်ပါတယ်။ ပြီးတော့မှသာ နာမည်ကျော်ကြားဖို့၊ လွတ်လပ်ဖို့အတွက် ဦးစားပေးကြပါတယ်။ လိင်မှုကိစ္စက နောက်ဆုံးမှဖြစ်ပါတယ်။

သူတို့တွေထဲက တချို့က လိင်ဆက်ဆံရတာကို မပျော်ကြပါဘူး။ တစ်ချို့တွေကျတော့လည်း ဆန့်ကျင်ဖက်လိင်ကိုပဲ သဘောကျပြီး မိန်းကလေးချင်းဆက်ဆံတဲ့အခန်းတွေ မရိုက်ချင်တတ်ကြပါဘူး။ တစ်ချို့တွေကျတော့ ယောင်္ကျားတွေနဲ့ မဆက်ဆံလိုကြပဲ မိန်းမချင်းပဲ သဘောကျတတ်ကြပါတယ်။

ဒါပေမယ့် သူတို့က ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကောင်းသရုပ်ဆောင်ကြပါတယ်။ သူတို့ရဲ့ ခံစားချက်တွေအားလုံးက အတုယောင်တွေပဲဖြစ်ပါတယ်။

အမျိုးသမီးတွေ သုက်လွှတ်ခြင်း

အမျိုးသမီးတွေ သုက်လွှတ်ခြင်းဟာ ဖြစ်နိုင် မဖြစ်နိုင်နဲ့ပတ်သက်ပြီး အငြင်းပွားစရာတွေ ရှိနေပါတယ်။ ဒါပေမယ့် သေချာပြောနိုင်တာက အပြာဇာတ်ကားတွေမှာ အမျိုးသမီးတွေ သုက်ပန်းထွက်တာက အမြဲတမ်းအမှန်မဟုတ်ဘူးဆိုတာပါပဲ။ တကယ်လက်တွေ့ကတော့ အမျိုးသမီးတွေ ဆီးသွားတာ ဒါမှမဟုတ် မိန်းမအင်္ဂါထဲကို ရေထိုးထည့်ပြီး ညစ်ထုတ်စေတာတွေကို ရိုက်ထားတာဖြစ်ပါတယ်။

အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း

အပြာဇာတ်လမ်းတွေထဲက သရုပ်ဆောင်တွေအားလုံးက (၁၄)ရက် ဒါမှမဟုတ် ရက်(၃၀)ကြာတိုင်းမှာ ဆေးစစ်ခံရလေ့ရှိပါတယ်။ ဒီလို စစ်ဆေးပေမယ့်လည်း ကုသပျောက်ကင်းနိုင်တဲ့ လိင်မှတဆင့်ကူးစက်ရောဂါတွေကတော့ ပျံနှံ့နေဆဲဖြစ်ပါတယ်။ တချို့တွေဆိုရင် မကြာခဏကူးစက်ခံရလေ့ရှိပြီး ကုသတဲ့ဆေးကိုတောင် ခံနိုင်ရည်ရှိနေတာမျိုး တွေ့ရပါတယ်။

ဘယ်အချိန်ဘယ်နေရာမှာပဲဖြစ်ဖြစ် အပြာဇာတ်ဆောင်တစ်ယောက်အနေနဲ့ အကာကွယ်မဲ့လိင်ဆက်ဆံတဲ့ အခန်းရိုက်ကူးတိုင်းမှာ ကူးစက်ခံရနိုင်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ကြေးစားတစ်ယောက်နဲ့ လိင်ဆက်ဆံတော့မယ်ဆိုရင် အကာအကွယ်မပါပဲ ဘယ်တော့မှ မဆက်ဆံမိပါစေနဲ့။

Credit- mmgentleman

လိင်တံ ကြီး/ရှည် အောင်လုပ်လို့ရလား

611484_479a.jpg

ဒီနေ့တော့ သောက်ဆေး တွေ. ထိုးဆေးတွေ .လိမ်းဆေး . ပန့် တွေရဲ့အားလုံးရဲ့နောက်က လျှို့ဝှက်ချက် ကိုဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။

အရွယ်ရောက်လာတဲ့ ယောက်ျားလေးတိုင်း အော ကား ခေါ် “လူရိုင်းကား ၊ အပြာကား” (PORN) ကြည့်ဖူးမယ်လို့ ယုံကြည်ပါတယ်။ ခုစာကို ဖတ်နေပြီဆိုကတည်း က အင်တာနက်ပေါ် မှာ အလွယ်တကူဝင်ကြည့်လို့ရနေပါပြီဆိုတော့ အကြပ်ကိုင်ပြီး မေးမနေတော့ပါဘူး။ ကြည့်ဖူးသမျှ အောကား တွေထဲမှာ သရုပ်ဆောင်တွေရဲ့ လိင်တံ တွေက တော်တော်ကြီးနေတယ် လို့မြင်မိမှာဖြစ်ပြီး အပြင်က တခြားလူတွေကိုတော့ သွားလှန်ကြည့်လို့မရလို့ ပုံမှန် ဆိုက်က အောကားထဲက ဆိုက်လို့ ထင်မိတဲ့ လူတွေ အများအပြားရှိပါတယ်။ အောကားကြည့်ပြီး ကိုယ်က ၆ လက်မလောကမရှိရင်ပဲ လူစင်မမှီသလိုလို ခံစားရနေတဲ့လူတွေ အနေနဲ့ နဂိုရှိတာထက်ကြီးအောင် နည်းပေါင်းစုံစဉ်းစားမိကြမှာပါ။ အများသောအားဖြင့် အောကားဆိုက်တွေမှာ ကြီးဆေးတွေ ထွားဆေးတွေ.လိမ်းဆေး. ပန့်တွေ မျိုးစုံရောင်းချနေတာကိုတွေ့မြင်ရမှာပါ။ အပြင်မှာလည်း နေရာအများအပြားမှာ ဝယ်ယူရရှိနိုင်ပါတယ်။ တကယ်ထင် ကြီးစေတယ်ထင်အောင်လည်း နည်းလမ်းမျိုးစုံနဲ့ သရုပ်ပြထားမှာဖြစ်ပါတယ်။

အရှင်းဆုံးပြောရရင် လိင်တံ ကြီးအောင်လုပ်လို့ကိုမရပါဘူး။

နဲနဲ ရှပ်ရှပ်ပြောရင် လိမ်းဆေးတွေ၊ သောက်ဆေးတွေ၊ ပမ့် တွေ ဆိုတာ အားလုံးလိမ်ဆင်တွေ ချည်းပါပဲ။ လွယ်လွယ်နဲ့ဆေးသောက် ဆေးလိမ်းလိုက်လို့ ကြီးသွားတယ်ဆိုတာ မရှိပါဘူး။

သေသေချာချာနားလည်အောင် ဆေးပညာနဲ့ရှင်းပြပေးပါမယ်။ စိတ်လှုပ်ရှားလာတဲ့ အချိန်မှာ အချောင်းက တောင်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ အချောင်း ထဲမှာ ပါတဲ့ တစ်ရှူးတွေက လေဘူဘောင်းနဲ့ အသွင်တူပါတယ်။ လေဘူဘောင်းကို လေမှုတ်ထဲ့လိုက်ရင် တင်းကားလာပြီး လေထွက်သွားရင်ပြန်သေးသွားပါတယ်။ အချောင်း ထဲကိုတော့ လေအစား သွေးတွေ ဝင်ရောက်သွားကာ တောင့်တင်းလာစေပါတယ်။ ဒီတစ်ရှူးတွေက တင်ပဆုံရိုးကနေစဖြစ်ပြီး တင်ပဆုံရိုးနဲ့ ဆက်နေတဲ့အတွက် လွယ်လွယ်နဲ့ ကြီးအောင်လုပ်လို့ရမှာမဟုတ်ပါဘူး။ လူပျိုဝင်ပြီး တဲ့နောက်ပိုင်းမှာ ဆက်လက် ကြီးထွားလာမှာမဟုတ်တဲ့ အတွက် လူပျို ဝင်တုန်းက ဆိုက်က အရှည်ဆုံးဖြစ်မှာပါ။

ဖီးဆေး တော်တော်များများကတော့ ရှိပြီးသား ဆိုက်ကို ပိုမိုကြီးအောင်လုပ်ပေးတာမဟုတ်ပဲ နဲ့သွေးလည်ပတ်မှုကို အင်အားဖြည့်ပေးတဲ့သဘောပါ။ သွေးများများရောက်တော့ အရမ်းတင်းနေပြီး ပျော့ဖတ်ဖတ်ဖြစ်မနေတော့ပါ။

သတင်းကောင်းကြီး ကတော့ ယောက်ျားတော်တော်များများက ကြီးအောင်လုပ်ဖို့လိုအပ်မှာမဟုတ်ပါဘူး။ ဆေးပညာ လေ့လာတွေ့ရှိချက်များ သုတေသနများ အရ နိုင်ငံပေါင်းစုံက ယောက်ျား အများစုဟာ တောင်နေတဲ့အချိန် ၅.၁ လက်မ နဲ့ ၅.၈ လက်မကြားမှာရှိနေမှာဖြစ်ပါတယ်။ အာရှတိုက်မှာဆိုတော့ တော်တော်များများက ၅.၁ နဲ့ ၅.၅ လက်မကြားလောက်ရှိမှာပါ။ ၅.၁ လက်မက မိန်းမတစ်ယောက်ကို သာယာမှုပေးဖို့အတွက် လုံလောက်ပါပြီ။ မိန်းမတွေကို အိပ်ယာထဲမှာ သာယာမှုပေးဖို့ အတွက်က အချောင်းတစ်ခုတည်းက အဓိကကျတာမဟုတ်ပါဘူး။ တစ်ယောက်အကြိုက် တစ်ယောက်သိဖို့ နဲ့ သူဘာလိုချင်သလဲ ဘယ်လိုလုပ်ပေးစေချင်သလဲသိဖို့ . အချင်းချင်းအပေးအယူတည့်မှသာ သာယာမှုကို အပြည့်အဝ ပေးနိုင်မှာဖြစ်ပါတယ်။

တချို့ယောက်ျားတွေက သာမန်ထက် တော်တော်သေးနေတာကို ကြုံတွေ့ရမှာဖြစ်ပြီး တစ်ချို့ကလည်း ကြီးနေတာ နဲ့ကြုံရမှာ ထုံးစံပါ။ သေးနေတဲ့သူတွေ အတွက် တော့ ခွဲစိတ်ကုသတဲ့ နည်းက တော့ အမှန်ကန်ဆုံးနဲ့ အထိရောက်ဆုံးနည်းဖြစ်ပါတယ်။ လေ့လာမှုများ အရ သေးလို့ ခွဲစိတ်ကုသချင်တဲ့ လူအများစု ဟာ ပုံမှန် ဆိုက် ထဲ ဝင်နေတက်ပါတယ်။ ဒါကြောင့်ကိုယ့် ကိုယ်ကို ယုံကြည်မှုရှိသင့်ပါတယ်။ သင်က သင့်အချောင်းကို ရှည်ချင်တယ်ဆိုရင်တော့ လုပ်လို့ရတာက ချုံရှင်းပေးခြင်းဖြင့် ရှည်တဲ့ အမြင်ကို ရမှာဖြစ်ပြီး ၊ ဝိတ်များတဲ့သူတွေဆို ဝိတ်ချခြင်းအားဖြင့် ဆီးခုံက အဆီတွေ လျှော့သွားလျှင်ပဲ အနဲငယ် ရှည်လာမှာပါ။

တကယ်လို့ သင့်အချောင်းကပုံမှန် ရှိတာကနေ ကြုံ့သွားတယ်ထင်တယ်ဆိုရင်တော့ သင့်မှာ ရောဂါ တစ်ခုခုခံစားနေရဖို့များပြီး ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်သင့်ပါတယ်။ ထို့ အတူ နဂိုထက်ကွေးကောက်လာတာ . ခေါက်ကျိုးခြင်းတွေဖြစ်ပေါ်လာရင် ဆရာဝန်နဲ့ ပြပြီကုသသင့်ပါတယ်။ ဒဏ်ရာရ လို့တိုသွားတာကို နဂိုအတိုင်းဖြစ်အောင် ပြန်ကုသလို့ရပေမယ့် ကောင်းနေတာကို ရှည်လာအောင်လုပ်လို့မရပါဘူး။

အကယ်၍ သင်ကကျန်းကျန်းမာမာ ရှိပြီး နေတဲ့ အချိန် စွမ်းဆောင်မှု အားမြင့်ချင်တယ်ဆိုရင်တော့ အမောခံနိုင်အောင် လေ့ကျင့်ခန်းလုပ်ခြင်း ၊ အဆီပိုများမရှိအောင် အစားအသောက်ဆင်ခြင်ခြင်း ၊ အသီးအရွက်များများစားကာ လူကို ကျန်းမာစေသောအစားအစာများစားခြင်း၊ သကြားများသော Coke, ကျွဲရိုင်း များကို ရှောင်ကြင်ခြင်း ၊ ဆေးလိပ် ဖြတ်ခြင်း၊ အရက် ဘီယာ ကိုလျှော့သောက်ခြင်းများ ကိုပြုလုပ်နိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ ကြီးအောင်လုပ်တဲ့ ခွဲစိတ်မှုတွေကို မလိုရင်လုံးဝမလုပ်ဖို့၊ လိမ်စဉ် တွေဖြစ်တဲ့ ဆေးတွေ ပမ့် တွေကို အယုံမှားမိစေဖို မှာချင်ပါတယ်။ ဂေါ်လီထည့်တာတွေ၊ ဆီလီကွန်ထိုးတာတွေက လည်း ဘေးထွက်ဆိုးကျိုးများကာ အာရုံခံ တွေကို ထိခိုက်နိုင်လို့ ကိုယ်ခံစားရတဲ့ ဖီလင်တွေပါပျောက်သွားစေမှာပါ။ မိမွေးတိုင်း ဖမွေးတိုင်း နဂို ရှိတာကို အကောင်းဆုံးအသုံးချနိုင်အောင် ဆုတောင်းပေးရင်း …..

မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်းအားကျစေဖို့
Credit- Gentleman

လျှာစွမ်းပြရမှာ မကြိုက်ဘူးဆိုရင်

static1.squarespace.com.jpg

အမျိုးသမီးတွေက ဆန်းသစ်မှုကို သဘောကျတတ်ပါတယ်။ လေ့လာမှုတွေအရ အမျိုးသမီးတွေရဲ့ (၃၀)ရာခိုင်နှုန်းလောက်ကပဲ ပုံမှန်ချစ်တင်းနှောမှုနည်းလမ်းတွေနဲ့ ကိစ္စပြီးနိုင်ကြတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် သင့်ကောင်မလေးကို အရမ်းမိုက်တဲ့ ခံစားချက်တွေပေးချင်တယ်ဆိုရင် ကနဦးနူးနှပ်မှုတွေအမျိုးမျိုးကို လုပ်ဆောင်တတ်ဖို့ လိုပါတယ်။ ဒီလို ကနဦးနူးနှပ်မှုတွေထဲမှာ လျှာနဲ့ဖျော်ဖြေတာကလည်း တစ်ခုအပါအ၀င်ပါပဲ။ ဒါပေမယ့် ဒီကိစ္စကို ယောင်္ကျားလေး()ယောက်မှာ ()ယောက်က မလုပ်ချင်တတ်ကြပါဘူး။ အကယ်၍ သင်ကလည်း ဒီ()ယောက်ဖြစ်ပြီး မိန်းကလေးကို လျှာစွမ်းပြရမှာအဆင်မပြေဘူးဆိုရင် အောက်ပါနည်းလမ်းတွေကို သုံးကြည့်ဖို့ အကြံပြုလိုက်ပါတယ်။

၁။ အလျှင်မလိုပါနဲ့

အောက်ပိုင်းကို အလျှင်စလိုမသွားပါနဲ့။ နှုတ်ခမ်းလေးတွေကို နမ်းရှုံ့တာ၊ ရင်သားတွေကို ဆုပ်ကိုင်ပေးတာနဲ့ လက်ချောင်းကို အသုံးပြုပြီး စိတ်ကြွလာအောင် လှုံ့ဆော်တာတွေအတွက် အချိန်ပေးပါ။ တကယ်လို့ အလျှင်စလိုသွားပြီး Oral Sex လုပ်မယ်ဆိုရင် သင့်ရဲ့ရွံ့တတ်တဲ့စိတ်ကြောင့် လိင်စိတ်ကိုပါ ပျောက်သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် အပေါ်ပိုင်းမှာ (၁၀)မိနစ်၊ (၁၅)မိနစ်လောက် အချိန်ဖြုန်းရင်းနဲ့ အရမ်းစိတ်ပါလာပြီဆိုရင်တော့ Oral ပေးမယ်ဆိုရင်လည်း သင့်အတွက် အနှောက်အယှက်ဖြစ်မှာ မဟုတ်တော့ပါဘူး။

၂။ ရေစိုခံပြီး ကြမ်းပစ်လိုက်လိုက်ပါ။

ရေချိုးခန်းထဲမှာ အတူနေပါ။ ရေတွေစိုနေတာကြောင့် oral ပေးတဲ့အခါမှာ သင့်ကိုအနှောက်အယှက်ဖြစ်စေတဲ့ အနံ့အရသာတွေ ရတော့မှမဟုတ်ပါဘူး။ ဒါမှမဟုတ်ရင်လည်း ရနံ့ခရင်မ်တွေ၊ ပေါင်ဒါမှုန့်တွေကို သုံးကြည့်ပါ။

၃။ နည်းစနစ်ပိုင်း အပြောင်းအလဲလုပ်ပါ။

မိန်းကလေးတွေရဲ့ Clit ကို တောက်လျှောက်လှုံ့ဆော်ပေးတာက ကိစ္စပြီးသွားစေဖို့ အမြန်ဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ လျှာကို ဒီလောက်အကြာကြီးမသုံးချင်ဘူးဆိုရင် မိန်းကလေးရဲ့ Clit ကို အာငွေ့နွေးနွေးလေးနဲ့ မှုတ်ပေးကြည့်ပါ။ နောက်မှ လျှာနဲ့ အကုန်လုံးကိုလျက်မယ့်အစား Clit ကိုပဲ ထိပြီးဆွပေးပါ။

၎။ ABC အရေးကျင့်ပါ။

သင့်ရဲ့လျှာနဲ့ အင်္ဂလိပ်အက္ခရာပုံစံတွေ ရေးကြည့်ပါ။ ဘယ်လိုအက္ခရာပုံစံ လှုပ်ရှားမှုမျိုးက သူမအတွက် အကောင်းဆုံးခံစားရသလဲဆိုတာကို မှတ်ထားပါ။ မခန့်မှန်းတတ်ဘူးဆိုရင် ပွင့်ပွင့်လင်းလင်းမေးကြည့်ပါ။ နောက်တစ်ကြိမ်အတူနေတဲ့အခါ ဒီလှုပ်ရှားမှုပုံစံကို သုံးမယ်ဆိုရင် အချိန်အကြာကြီး Oral လုပ်ပေးစရာမလိုပဲ ကိစ္စပြီးနိုင်မှာ ဖြစ်ပါတယ်။

လိင်ကိစ္စမှာ ယောင်္ကျားလေများ စိတ်မပါတတ်သည့် အကြောင်းရင်းများ

Related image

လိင်ကိစ္စမှာ ယောင်္ကျားလေများ စိတ်မပါတတ်သည့် အကြောင်းရင်းများ

လိင်မှုကိစ္စနဲ့ပတ်သက်လာရင် ယောင်္ကျားလေးတွေက အမြဲတမ်းစိတ်ပါတက်ကြွတယ်လို့ ထင်ထားကြပါတယ်။ တကယ်တော့ ဒီလိုထင်မြင်ချက်က မှားယွင်းနေပါတယ်။ ယောင်္ကျားလေးတွေမှာလည်း လိင်မှုကိစ္စကို စိတ်မ၀င်စားတဲ့အချိန်တွေရှိပါတယ်။ ဒီလို စိတ်မ၀င်စားရတဲ့ အကြောင်းရင်းတွေအများစုထဲက (၁၀)ခုကတော့

၁။ တကိုယ်ရည်စိတ်ဖြေထားလို့

ဟုတ်ပါတယ်။ ယောင်္ကျားလေးတွေအနေနဲ့ ကိုယ့်ဘာသာကိုယ် လက်အသုံးပြုပြီး စိတ်ဖြေထားတာ သိပ်မကြာသေးဘူးဆိုရင် ချစ်တင်းနှောဖို့ကို အာရုံရဖို့ သိပ်မလွယ်ပါဘူး။

၂။ စိတ်ကြိုက်အားကစားပွဲ ရှိနေလို့

ဒီလိုပြောလို့ လိင်ကိစ္စထက် အားကစားကို ပိုနှစ်သက်တယ်ဆိုတဲ့ သဘောတော့မဟုတ်ပါဘူး။ ဒါပေမယ့် ယောင်္ကျားလေးအများစုက သူတို့ သဘောကျအားပေးတဲ့ အားကစားနည်းတစ်မျိုးမျိုးကို ကြည့်ရမယ့်အချိန်ဆိုရင် ဘာညာကိစ္စကို အာရုံမရတတ်ကြပါဘူး။ မိန်းကလေးတွေအနေနဲ့ရော အကြိုက်ဆုံးအစီအစဉ်တစ်ခုလာနေချိန်မှာ ချစ်တင်းနှောဖို့ ကြိုးစားရင်ကြိုက်ပါသလား။ မကြိုက်ပါဘူး။ ဒီလိုသဘောပါပဲ။

၃။ အရမ်းပင်ပန်းနွမ်းနယ်နေလို့

ယောင်္ကျားလေးတစ်ယောက်က အလုပ်ထဲမှာ အရမ်းပင်ပန်းလာတယ်ဆိုရင်လည်း ချစ်တင်းနှောဖို့ကို စိတ်ထက်သန်မှုရှိမှာမဟုတ်ပါဘူး။ မိန်းကလေးဖက်က ဦးဆောင်မယ်ဆိုရင်တောင်မှ စိတ်တိုင်းကျကျေနပ်မှု ပေးစွမ်းနိုင်မှာ မဟုတ်ပါဘူး။

၎။ စိတ်ပျက်စရာတစ်ခုခုရှိနေလို့

စိတ်ပေါက်ပြီး ခပ်ကြမ်းကြမ်းချစ်တင်းနှောတာက မိုက်ပါတယ်။ ဒါပေမယ့် ယောင်္ကျားလေးတစ်ယောက်က တော်တန်ရုံစိတ်အချဉ်ပေါက်တာမျိုး မဟုတ်ပဲ တစ်ခုခုကို အကြီးအကျယ်စိတ်ပျက်ဒေါသဖြစ်နေချိန်မှာဆိုရင် တော့ အန္တရာယ်များပါတယ်။ ဒီအချိန်မျိုးမှာ တစ်ခုခုကို ပစ်ထိုးလိုက်ချင်စိတ်တွေပေါက်နေတာကြောင့် ချစ်တင်းနှောဖို့ဆိုတာက မလွယ်ပါဘူး။

၅။ တက်တိုစတီရုန်းပမာဏ လျော့ကျနေလို့

ယောင်္ကျားလေးတစ်ယောက်က ချစ်တင်းနှောလိုစိတ်မရှိဖြစ်နေတာဟာ တက်စ်တိုစတီရုန်းဟော်မုန်းပမာဏ လျော့နည်းနေလို့လည်း ဖြစ်တတ်ပါတယ်။ တက်စ်တိုစတီရုန်းဟော်မုန်းဟာ ယောင်္ကျားလေးတွေရဲ့ လိင်စိတ်တက်ကြွမှုနဲ့ သက်ဆိုင်တာကြောင့် ဖြစ်ပါတယ်။

 ၆။ လိင်ဆက်ဆံဖက်အပေါ်မှာ တပ်မက်မှုသိပ်မရှိလို့

ယောင်္ကျားလေးတစ်ယောက်ဟာ သူ့ရဲ့ပါတနာဖြစ်သူဆီက ဆွဲဆောင်မှု၊ ချစ်ခြင်းမေတ္တာကို မခံစားရရင်လည်း လိင်စိတ်တက်ကြွမှုမရှိတတ်ပါဘူး။ ယောင်္ကျားလေးတွေက ချစ်ခင်ယုယမှုကို လိုအပ်ပါတယ်။

၇။ နာကျင်စရာတစ်ခုခုရှိနေလို့

ခန္ဓာကိုယ်မှာ သည်းမခံနိုင်လောက်အောင် နာကျင်ကိုက်ခဲမှုတွေ ရှိနေမယ်ဆိုရင်လည်း လိင်စိတ်နိုးကြားဖို့က မဖြစ်နိုင်ပါဘူး။ ဒီအချိန်မျိုးမှာဆိုရင် မိန်းကလေးတွေအနေနဲ့ နှိပ်နယ်ပြုစုပေးတာမျိုးက ပိုပြီးအကျိုးရှိပါတယ်။ နှိပ်နယ်ပေးရင်သက်သာလာမယ်ဆိုရင်တော့ မိန်းကလေးတွေရဲ့ G-spot ကို ပြန်နှိပ်ပေးဖို့ ဖြစ်လာနိုင်ပါတယ်။

၈။ အရက်မူးနေလို့

အရက်သေစာသောက်စားတတ်တဲ့ ယောင်္ကျားတွေမှာ လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာအချို့ရှိတတ်ပါတယ်။ တစ်ချို့တွေက အရက်မူးနေပြီဆိုရင် ဖွားဖက်တော်ထောင်မတ်လာနိုင်စွမ်း မရှိတော့တဲ့အထိ ဖြစ်တတ်ပါတယ်။ တစ်ချို့တွေကလည်း အိပ်ပျော်သွားတာ၊ အလွန်ကြမ်းတမ်းလာတာနဲ့ ကိစ္စမပြီးနိုင်တာစတဲ့ ပြဿနာတွေ ကြုံတွေ့ကြရပါတယ်။

၉။ စိတ်မပါလို့

တစ်နေ့လုံး နေ့လည်စာ၊ ညစာတွေမှာ အဆီအစိမ့်များတဲ့အစားအစာတွေ စားသောက်မယ်ဆိုရင်လည်း ယောင်္ကျားလေးတွေအနေနဲ့ လေးလံထိုင်းမှိုင်းပြီး လိင်စိတ်တက်ကြွမှုနည်းသွားတတ်ပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်ဝဖြိုးသူတွေမှာ ဖြစ်တတ်ပါတယ်။

၁၀။ ပျင်းရိနေလို့

အရိုးသားဆုံးဝန်ခံကြပါစို့။ ချစ်တင်းနှောစပ်လျက်မှုတစ်ခုလုံးရဲ့ (၈၀)ရာခိုင်နှုန်းဟာ အမျိုးသမီးတွေအတွက် သာယာမှုဖြစ်သလို အမျိုးသမီးတွေ ကိစ္စပြီးဖို့ကလည်း ယောင်္ကျားတွေထက် အများကြီးရှုပ်ထွေးကြာညောင်းပါတယ်။ စိတ်ပါတက်ကြွလာဖို့လည်း ယောင်္ကျားလေးတွေထက် ပိုကြာပါတယ်။ တစ်ခါတစ်လေမှာ ဒီကိစ္စတွေကို အစအဆုံးလုပ်ဆောင်ဖို့ကို ယောင်္ကျားလေးတွေက ပျင်းရိနေတတ်ပါတယ်။ ဒါ့ကြောင့် ချစ်တင်းနှောဖို့ စိတ်မပါတာလည်း ဖြစ်နိုင်ပါတယ်။

Credit- mmgentleman

ချစ်တင်းနှောတဲ့အခါ မပြောသင့်၊ မလုပ်သင့်တဲ့အရာများ

ချစ်တင်းနှောတဲ့အခါ စိတ်တွေဟာ လွယ်လပ်နေရပါမယ်၊ ဒါ့အပြင် နှစ်ဦးစလုံး ပျော်ရွှင်မှု၊ ကျေနပ်ခြင်းတွေကိုလည်း ခံစားရမှသာ အဆင်ပြေမှာပါ။ နှစ်ယောက်မှာ တစ်ယောက်က ဖိအားတစ်ခုခုကို ခံစားနေရမယ်ဆို နှစ်ဦးစလုံးအတွက် လိုချင်တဲ့ ပန်းတိုင်ကို ဘယ်လိုမှ ရောက်နိုင်မှာ မဟုတ်ပါဘူး။ စိတ်ရှုပ်စရာ၊ စိတ်ပျက်စရာ၊ အာရုံနောက်စရာတွေ မဖြစ်ရလေအောင် ချစ်တင်းနှောခါနီးနဲ့ ချစ်တင်းနှောနေချိန်အတွင်း ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ အတူရှိနေချိန် မပြောသင့်၊ မလုပ်သင့်တဲ့အရာတွေကတော့
၁။ဖုန်းလာလို့ ဖုန်းပြောလိုက်တာမျိုး
၂။sms ကောက်စစ်လိုက်တာမျိုး
၃။အချိန်ဘယ်လောက်ရှိပြီလဲဆိုတာ နာရီကြည့်လိုက်တာမျိုး
၎။မြန်မြန်လုပ်စမ်းပါ လို့ မာမာထန်ထန် ပြောတာမျိုး
၅။နှာခေါင်း နှိုက်နေတာမျိုး
၆။လေလည်လိုက်တာမျိုး
၇။အမှတ်တမဲ့မဟုတ်ပဲ တမင်သက်သက် လေတက်လိုက်တာမျိုး
၈။ပါးစပ်က အဖေ၊ အမေကို တလိုက်တာမျိုး
၉။ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်ရဲ့ အပြစ်အနာအဆာကို ထောက်ပြပြောဆိုလိုက်တာမျိုး
၁၀။ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်ကို ဒီလိုလုပ်ရမှာ မဟုတ်ဘူး၊ မှားနေတယ်ဆိုပြီး ပြောဆိုလိုက်တာမျိုး
၁၁။ အရင်ရည်းစားအကြောင်း ပြောလိုက်တာမျိုး
၁၂။သမ်းဝေလိုက်တာမျိုး
၁၃။သူ့ကျော၊ ပခုံးပေါ်က အဖု၊ ၀က်ခြံတွေကို သွားဖဲ့ပေးနေတာမျိုး
၁၄။တစ်ဖက်လူက ညည်းလိုက်တဲ့အသံ၊ အော်မိလိုက်တာမျိုးကို ကိုယ်ကဟာသလုပ်ပြောဆို ရယ်လိုက်တာမျိုး
၁၅။selfie ဓာတ်ပုံရိုက်နေတာမျိုး
၁၆။အရင်ရည်းစားတွေ၊ ချစ်သူတွေနဲ့ နေတာထက် ခုနေရတာ ပိုကောင်းတယ်ဆိုပြီး ပြောဆိုတာမျိုး
၁၇။တကယ် ဖီးလ်မတက်ပဲနဲ့ ဟန်ဆောင်ညည်းတွားတာမျိုး
၁၈။ကိုယ့်အိမ်မွေးတိရိစ္ဆာန်ကို အခန်းထဲ ခေါ်သွင်းထားတာမျိုး
၁၉။စိတ်မ၀င်စားသလို ရုပ်တည်ကြီးနဲ့ နေနေတာမျိုး
၂၀။အရင်လူတွေနဲ့ နေတာနဲ့ ကိုယ်နဲ့နေတာ ဘယ်ဟာပိုကောင်းသလဲဆိုပြီး မေးတာမျိုး
၂၁။ကိုယ့်ခန္ဓာကိုယ် မြင်မှာစိုးလို့ ဟိုကွယ်၊ ဒီကွယ် လုပ်နေတာမျိုး
၂၂။အတူနေနေချိန်အတွင်း ဗိုက်ဆာလာလို့ မုန့်ဖောက်စားတာမျိုး
၂၃။အလုပ်ကိစ္စ၊ အခြားအရေးကြီးကိစ္စကို အတူနေနေချိန်အတွင်း ထပြောလိုက်တာမျိုး
၂၄။ဆရာကြီးပုံစံနဲ့ ဟိုဟာမလုပ်ပဲ၊ ဒီဟာလုပ်သင့်တယ် ဆိုပြီး အကြံပေးတာမျိုး
၂၅။လမ်းခွဲမယ့်အကြောင်း ပြောဆိုတာမျိုး
ကဲ အိပ်ယာပေါ်မှာ ရှောင်သင့်တဲ့ စကားလုံးတွေ၊ အပြုအမူတွေကို အထူးသတိထားရှောင်ကြဉ်ပြီး သာယာဖွယ်ကောင်းတဲ့ အချိန်တွေကို ဖန်တီးကြည့်လိုက်ပါ။
Ref:yourtango

စွန့်စားလိုစိတ်ရှိသော အမျိုးသမီး များသည် လိင်မှု ကိစ္စတွင် ပိုမိုပြင်းပြ

sex-bed-girl-pexels

စွန့်စားလိုစိတ်ရှိသော အမျိုးသမီး များသည် လိင်မှု ကိစ္စတွင် ပိုမိုပြင်းပြ စွာ ဆောင် ရွက် လိုစိတ် ရှိကြောင်း သိရှိ ရသည်။ရှီကားဂိုး တက္ကသိုလ် မှ ပညာရှင် များသည် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အယောက် (၅၀၀) ၏ တံတွေးမှ တဆင့် လိင်မှု အာရုံကို လှုံ့ဆော်ပေးသော Testosterone ပမာဏကို တိုင်းတာ မှတ်သားခဲ့ရာ လိင်ဆိုင်ရာ ဆန္ဒပြင်းပြ သည့် အမျိုးသမီး များသည် အများအားဖြင့် လောင်းကစား ဆန်ဆန် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင် တတ်သူများ ဖြစ်နေသည်ကို တွေ့ရှိ ခဲ့ရသည်။

ပညာရှင်များက လူတဦး ( အထူးသဖြင့် အမျိုးသမီး တဦး ) ၏ လိင်မှု စွမ်းရည်သည် အလုပ်အကိုင်၊ ငွေကြေး အခြေအနေ နှင့် ဆက်စပ်လေ့ ရှိကြောင်း ဖော်ပြခဲ့သည်။

ထီထိုးခြင်း ကဲ့သို့ ကံစမ်းမှုမျိုး နှင့် သေမြေကြီး၊ ရှင်ရွှေထီး စွန့်စားရသော အလုပ်အကိုင် များကို ခုံမင်လေ့ ရှိသည့် အမျိုးသမီးများ၏ Testosterone မှာ အမြင့်ဆုံး အနေအထား ရောက်ရှိ နေတတ်သလို ထို အမျိုးသမီးများ သည် လိင်မှု ကိစ္စတွင်လည်း အရဲကိုး ဆောင်ရွက်မှုများ ပြုလုပ်လေ့ ရှိကြောင်း ပညာရှင်များက ဆိုသည်။

ရှီကားဂိုး တက္ကသိုလ်မှ ပါမောက္ခ ဒါရီယို မာစထရီပီရီ က အမျိုးသမီးတဦး၏ လုပ်ရဲကိုင်ရဲ၊ ဆုံးဖြတ်ရဲသော စိတ်သည် လိင်မှု ဘ၀တွင်ပါ အကျုံးဝင် နေလေ့ရှိပြီး လိင်ဆိုင်ရာ စွမ်းဆောင်မှုကို ဖော်ဆောင်သည့် Testosterone ကို အမြင့်မားဆုံး တွန်းတင် ပေးတတ်ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့သည်။
Credit:Myanmarnewsupdate

ဘာကြောင့် လိင် ဆက်ဆံသင့်သလဲ

 

 

sleep
Couple sleeping

လိင် ဆက်ဆံတဲ့နေရာမှာ သင်မသိသေးတဲ့အကျိုးကျေးဇူးတွေ ရှိနေနိုင်ပါသေးတယ်။

တစ်နေ့တစ်ကြိမ်လိင်ဆက်ဆံခြင်းဟာ အသက်ရှည်ကျန်းမာစေပါတယ်လို့ သုတေသနအရ သိရပါတယ်။ ထို့ကြောင့်လည်း အသက်ရ၅နှစ်ကျော် အဖိုးကြီး၊အမယ်ကြီးစုံတွဲ ၂၅ရာခိုင်နှုန်းမှာ လိင်ဆက်ဆံဆဲပင်ဖြစ်ပါတယ်။
(၁)လိင်ဆက်ဆံခြင်းသည် အိပ်ပျော်စေတယ်။

လိင်ဆက်ဆံခြင်းသည် အိပ်ချင်စိတ်ကို ဖြစ်စေသော အောက်တိုဇင်ဟောမုန်း (Oxytocin Hormones) ၊ မက်လာတိုနင်ဟောမုန်း (Melatonin Hormones) နှင့် ဆီရာတိုနင်ဟောမုန်း (Seratonin Hormones) များကို ထုတ်လုပ်ပေးသောကြောင့် လိင်ဆက်ဆံခြင်းသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ ညအိပ်မပျော်သူများအတွက် လိင်ဆက်ဆံခြင်းဟာ အကောင်းဆုံးအိပ်ဆေးဖြစ်ပါတယ်။

(၂)လိင်ဆက်ဆံခြင်းသည် ဆီးကြိတ်ကင်ဆာကို ကာကွယ်ပေးတယ်။

တစ်လလျင် ၂၁ကြိမ်ခန့် လိင်ဆက်ဆံသော လူများသည် သာမန်လူများထက် ဆီးကြိတ်ရောဂါဖြစ်တန်စွမ်း ၂ဝရာခိုင်နှုန်းလျော့နည်းသည်ဟု လူ ၃ဝ,ဝဝဝ ကို စမ်းသပ်အပြီး လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ ဤမျှပင် အကျိုးကျေးဇူးကြီးမားတဲ့ လိင်မှုကိစ္စဆောင်ရွက်နေတုန်းမှာပဲ လူ၅ယောက်လျင် ၁ယောက်မှာ စမတ်ဖုန်းသုံးစွဲနေတုန်းပင် ဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် အသက်အရှည်ဆုံးလူမျိုးတစ်ခုဖြစ်တဲ့ ဂရိလူမျိုးဟာ ကမ္ဘာပေါ်တွင် လိင်ဆက်ဆံမှုအများဆုံးလူမျိုးဖြစ်ပါတယ်။
(၃)လိင်ဆက်ဆံခြင်းသည် အရွယ်တင်စေတယ်။

လိင်ဆက်ဆံသော သူများသည် သာမန်လူများထက် ရနှစ်စာပိုမို နုပျိုစေတယ်လို့ တော်ဝင်အီဒင်ဘက်ဆေးရုံ (Royal Edinburgh Hospital) မှ ပညာရှင် David Weeks က လူ ၃၅ဝဝ ကို သုတေသနပြုလုပ်ပြီး ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

(၄)လိင်ဆက်ဆံခြင်းသည် ရောဂါဘယများကို ကင်းဝေးစေတယ်။

လိင်ဆက်ဆံလိုက်တိုင်း ရောဂါပိုးများကို တိုက်ဖျတ်ပေးသော အင်မူနိုဂလိုဘင်ဟောမုန်းများ ခန္ဓာကိုယ်မှထွက်ပေါ်လာသောကြောင့် လိင်ဆက်ဆံခြင်းသည် ဖျားနာရောဂါများ ကင်းဝေးစေပါတယ်။ လိင်ဆက်ဆံခြင်းဟာ ခေါင်းကိုက်ဝေဒနာကိုတောင် သက်သာစေပါတယ်။
(၅)လိင်ဆက်ဆံခြင်းသည် နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်။

တစ်ပတ်လျင် နှစ်ကြိမ်ခန့် လိင်ဆက်ဆံသော လူများသည် တစ်ပတ်လျင် တစ်ကြိမ်သာ လိင်ဆက်ဆံသော လူများထက် နှလုံးရောဂါဖြစ်တန်စွမ်း နည်းပါတယ်လို့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။