Category Archives: Story

“လူဝင်စား”

Image may contain: text

“လူဝင်စား” [စ/ဆုံး]
~ ~ ~ ~ ~
{1}

တီးခေါင် တစ်ယောက် ကြောက်လွန်း၍ အခန်းထောင့်တွင် ငုတ်တုတ်ထိုင်လျက် ဒူးနှစ်လုံးပိုက်ကာ တစ်ဆတ်ဆတ် တုန်ခါနေသည်။သူ၏ တပည့်များလဲ တစ်ယောက်ပြီး တစ်ယောက် သေကုန်ကြပြီ။
ဒီည သူသေရမည့်အလှည့်ဆိုတာ သူအလိုလို သိနေသည်။ကြောက်လွန်း၍ ထိုနေရာမှ ရှောင်ပြေးခဲ့တာတောင် ထိုအရိပ်သည် သူ့နောက်သို့ ထပ်ချပ်မကွာလိုက်နေခဲ့သည်။
~ ~ ~

“.. ရှပ် .. ရှပ် .. ရှပ် ..”

တိတ်ဆိတ်လှသော ညဥ့်သန်းခေါင်ယံတွင် တစ်စုံတစ်ယောက်၏ ခြေသံကိုကြားလိုက်ရသောကြောင့် အသက်ပင်မရှုရဲလောက်အောင်
ပြူးကျယ်နေသော မျက်လုံးအစုံဖြင့် အခန်းဝသို့ ချောက်ချားစွာ ကြည့်နေမိစဉ် ..
သူတွေ့လိုက်ရသည်က အဖြူရောင်အင်္ကျီရင်ဘတ်တွင် သွေးများစိုရွဲနေပြီး လည်ပင်းမှတိတိရိရိ ပိုင်းပြတ်နေသော ဦးခေါင်းမပါသည့် ခန္တာကိုယ်ကြီးတစ်ခု

“ဟင် .. ထွန်း . ထွန်းခ မင်း .. မင်း သေပြီလေ”

ထိုခန္တာကိုယ်ကြီးသည် သူ့အနားသို့ လက်ကြီးနှစ်ဖက်ဆန့်တန်းလျက် တရွေ့ရွေ့တိုးကပ်လာလေသောအခါ

“သွားး ထွက်သွားး ထွန်းခ.. သရဲကြီးး မလာနဲ့ သွား အားးး”

××××××

ခြေလက်များကွေးကောက်ပြီး ပြတ်ထွက်နေသောဦးခေါင်းကြီးတွင် မသေခင်က အလွန်အမင်း ထိတ်လန့်နေခဲ့ဟန်တူသော မျက်လုံးကြီးများက ပြူးကျယ် ဝိုင်းစက်လျက် ပါးစပ်ကြီးဟကာ သေဆုံးနေသည့် ရဲတပ်ဖွဲ့မှအလိုရှိနေသော လူသတ် ဓားမြတိုက် ဒုစရိုက်သမား လူမိုက်ခေါင်းဆောင် တီးခေါင်တစ်ယောက်၏ဘဝ ဇာတ်သိမ်းသွားခဲ့လေပြီ။

• • • • • • •

{2}

ဇောတိရှမ်းရွာစုသည် လူဦးရေနည်းသော ရွာလေးတစ်ရွာဖြစ်သည်။ ထိုရွာမှ ခင်မောင်သည် တစ်ရွာလုံး၏ တောက်တိုမယ်ရ ခိုင်းဖက် တစ်ယောက်ဖြစ်သည်။ သို့သော် သူ၏ ရိုသားမှု့ကြောင့် တစ်ရွာလုံးက သူ့အပေါ်မေတ္တာရှိကာ ပေးစရာရှိပေး ကျွေးစရာရှိကျွေးပြီး ခိုင်းစရာရှိလဲ ခိုင်းကြလေသည်။

“ဟဲ့ .. ခင်မောင်”

“ဗျာ .. အရီးလေး”

“နင်ဘယ်သွားမို့တုန်း”

“ဗျာ .. ဟိုလေ .. အဟီးး”

“နင် မိအေးကိုလူပျိုသွားလှည့်အုံးမို့မလား”

“ဟာ .. အရီးလေးကလဲ”

အရီးလေးစကားက မှန်နေသည်မို့ ခင်မောင် ရှက်ကိုးရှက်ကန်းကြီး ဖြစ်သွားလေသည်။ မိအေးဘဝက ခင်မောင်နှင့်မခြား မိဘမဲ့ ဆင်းရဲလိုက်တာလဲ တာတေလန်လို့ သူ့နှင့်ဘဝတူ။သူ မိအေးကို တစ်ရက်မမြင်ရမနေနိုင် ထို့ကြောင့် ကောက်စိုက်သိမ်းချိန်တိုင်း မိအေး၏ မနီးမဝေးသို့ သွားသွားပြီး သူ့အားမြင်စေရန် လျှောက်ပြန်သံပေး ခြေအေးဝမ်းရောင် တစ်ရက် ၁ကြိမ်လောက်တော့ အယောင်သွားသွားပြသည်။
မိအေးများလှည့်ကြည့်လာလျှင် အပျော်လွန်ကာ
သူ အဲ့ည ထမင်းမစားတော့။

“ဟဲ့ ..ခင်မောင် အမလေး ရုပ်ကြီးကိုဖြီးပြီး ဘာဖြစ်နေတာတုန်းငါပြောတာကြားရဲ့လား”

“ဗျာ .. မကြား .. မကြားဘူး အရီးလေး”

“ရွာအနောက်ဘက်မှာ ငါ့နွားတွေသွားသိမ်းပေးစမ်းပါ အိမ်ကအကောင်က ဘယ်သဝေထိုးနေတယ်မသိဘူး ခုထိပြန်မလာဘူးရယ် .. ကဲ . သွားသွား မိုးချုပ်နေအုံးမယ်
အပြန်ကျ ငါ့ဆီက ဟင်းတစ်ခွက်ယူသွားချေ”

“ဟုတ် .. ဟုတ်ကဲ့ အရီးလေး”
. . . . .

အော်ဟစ်သံလိုလို သဲ့သဲ့မျှ ကြားမိသောကြောင့် ခင်မောင် လှည့်ပတ်ရှာကြည့်လိုက်တော့ သူနှင့် အတော်ခပ်ဝေးဝေး တောစပ်တွင် လူတစ်စုက မြေပေါ်မှ မည်သည့်အရာကို ဝိုင်းရိုက် နေကြသည်မသိ။ ထိုတောထဲတွင် မြို့မှ အမဲလိုက်သမားများ မကြာခဏဆိုသလို အမဲပစ်လာတတ်ကြသည်။
! မြို့သားတွေ သားကောင်မိတယ်ထင်တယ် !
သူတွေးရင်း အတောင့်ဆုံးနွားတစ်ကောင်အား ရွေး၍ ရှေ့ဆုံးသို့ဆွဲသွားကာ ထိုနွားပေါ်သို့တက်ထိုင်လိုက်ပြီး လေလေးချွန်လျက် နောက်မှနွားတစ်အုပ်အား ပြန်သိမ်းလာခဲ့လေတော့သည်။

• • • • •

{3}

“မိအေးရေ ငါတို့တဲလေးလဲ ပြိုတော့မယ် တော်ကြာ မိုးကျတော့မှာဟ ငါတောအရှေ့ခြမ်းမှာ သစ်လုံးတွေရသလောက်သွားခုတ်လိုက်အုံးမယ် ကလေးတွေကို ဂရုစိုက်”

“သွားမှာ သွားပါတော် .. တကထဲ”

မိအေးစိတ်မရှည်ဟန်ပြန်ဖြေလိုက်သည်။

“မေမေ သားဗိုက်ဆာတယ်”

သားငယ်၏အပြောကြောင့်
အိုးမဲများဂျွတ်ခေါက်တက်နေသည့် ပိန်ချိုင့်နေသော ထမင်းအိုးထဲမှ ဇကွဲတစ်ဝက် ဆန်းကြမ်းတစ်ဝက် ရောကျိုချက်ထားသော ထမင်းများအား သံပန်းကန်များအတွင်းသို့ အစီအရီခူးထည့်လိုက်ကာ မြေအိုးနှင့် ခပ်ကျဲကျဲကျိုထားသော ငပိရည်အိုးကို ဝါးကြမ်းခင်းပေါ်တွင် ဖြန့်ခင်းထားခဲ့ပြီး

“နေအုံးသား နှိုက်မစားထားနဲ့နော် မင်းအကိုတွေအမတွေကို ခေါ်လိုက်အုံးမယ်”

ဟုဆိုကာ ဝါးလုံးတစ်လုံးဆွဲရင်း ဘေးဘက်သရက်ပင်ပေါ်မှ သရက်သီးတစ်လုံးအား ခူးယူလိုက်လေသည်။ ပြီးနောက် အိမ်ရှေ့ မြေကွက်လပ်ကျဉ်းလေးပေါ်တွင် ကစားနေကြသော သားသမီးများအား

“သားတို့ သမီးတို့ရေ လက်ဆေးပြီး ထမင်းလာစားကြတော့”

အိမ်ရှေ့မြေကွက်လပ်သာဆိုတာ သူမတို့၏ယိုင်လဲလုလု တဲလေးသည် သူများအိမ်၏ နောက်ဖေးဘက်၌ ဆောက်ထားရသော တဲလေးသာဖြစ်သည်။ မိအေးတို့ဘဝသည်အလွန်ဆင်းရဲနုံချာလှသည်။
မိအေးမှာ မနက်လင်းသည်နှင့် ဈေးတောင်းခေါင်းရွက်ကာ ရွာထဲတွင် လည်ရောင်းရပြီး နေ့ဘက်တွင် အဝတ်လည်လျှော်လေသည်။ယောင်္ကျားဖြစ်သူ ကိုခင်မောင်မှာလဲ ကြုံရာကျပန်း အလုပ်မရွေး အကုန်လုပ်သည့်အပြင် တစ်ရွာလုံး၏ တောက်တိုမယ်ရ ဗာဟီရအလုပ်များလဲ ကြုံရင်ကြုံသလို ဝင်လုပ်ကာ ပိုက်ဆံရှာလေသည်။ လင်မယားနှစ်ယောက်လုံး မခိုကပ်ပဲ အလုပ်လုပ်တာတောင်မှ နေ့ဖို့ညစာက လောက်ရုံသာရှိသည်။ ဆင်းရဲနုံချာလွန်းသည့်အထဲ မွေးထားလိုက်သည့် ကလေးတွေကလဲ ၅ယောက်တောင်။

– – – – – – –

“တော့် ကိုခင်မောင် ရှင့် သစ်လုံးတွေက တိုလှချည်လား”

“ဟ မင်းကလဲ မြေကြီးပေါ်ကနေ လှမ်းတက်ရင် အိမ်ပေါ်ရောက်ပြီးရော ကလေးတွေလဲ မှီတာပေါ့ကွ”

မိအေး ယောင်္ကျားဖြစ်သူကို မျက်စောင်းခဲ ပါးစပ်ကြီးရွဲ့ပြလိုက်ပြီး

“သစ်ခုတ်မယ်ဆိုလို့ ဒီနှစ်တော့ ရေလွတ်ဗွက်လွတ် မြင့်မြင့်လေး နေရပြီမှတ်တယ် အဝိစိကကို မတက်နိုင်ဘူး”

ကိုခင်မောင် မကြားဟန်ဆောင်ကာ သစ်လုံးများအား ခဏအငှားယူခဲ့သော ကိုသာအေး၏ နွားလှည်းပေါ်မှ သယ်ချနေလေသည်။

“အမေ ကျောင်းတွေဖွင့်တော့မယ် သူများတွေကျောင်းအပ်ကုန်ပြီ သမီးကိုမအပ်ပေးသေးဘူးလား”

သားသမီးအကုန်လုံး၏ ကျောင်းစရိတ်အား မတတ်နိုင်သောကြောင့် အကြီးဆုံးသမီး ခင်မတစ်ယောက်ထဲကိုသာ ကျောင်းထားနိုင်ခဲ့သည်။

“အပ်ပေးမှာပေါ့သမီးရယ် ဒီလကုန်လောက်တော့အမေလိုက်အပ်ပေးပါမယ်”

မိအေးစကားကြောင့် ခင်မ ပြုံးသွားပြီးမှ ချက်ချင်း မျက်နှာလေးပြန်မဲ့ကာ

“သမီးအဖြူအစိမ်းတွေကလဲ နှစ်တိုင်းဝတ်လာရတော့ ဟောင်းနွမ်းနေပြီ သမီးရှက်တယ် ဒီနှစ်တော့ သမီးကို အဖြူနဲ့အစိမ်းအသစ်လေးတော့ ချုပ်ပေးပါအုံး အမေရယ်”

သမီးစကားကြောင့် မိအေး ကိုခင်မောင်အား လှမ်းကြည့်မိလိုက်လေသည်။ ဟုတ်တာပေါ့ သမီးကြီးက ၈တန်းတောင်တက်တော့မယ်။ အပျိုဖော်ဝင်စဆိုတော့ ရှက်ရှာလာပြီပေါ့။ သားသမီးများနှင့် မိအေးကိုကြည့်ပြီး
ကိုခင်မောင်စိတ်မကောင်း။

“ကဲ ..မိအေး မနက်ဖြန်စာ ဟင်းစားလေးရအောင် ငါဖားထွက်ရိုက်လိုက်အုံးမယ်”

ပြောပြောဆိုဆို ဓာတ်မီးစုတ်လေးအား ခါးကြားထိုး၍ ပလိုင်းနှင့် ဝါးရင်းတုတ်အား ကောက်ယူကာ ထွက်လာခဲ့သည်။

“ဒီမှာ တစ်ကောင် .. ဟော့ဒီမှာတစ်ကောင်ကွ .. လာစမ်းဟ.. နောက်တစ်ကောင် .. အောင်မာ ဟိုနှစ်ကောင်ကနပန်းတောင်လုံးနေသေး ကဲကွာ .. ကဲကွာ”

တစ်ကောင်ရိုက်လိုက် ပစ်ထည့်လိုက်ဖြင့် ပလိုင်းထဲငုံ့ကြည့်လိုက်တော့ အတော်ပင်များနေပြီ .
ရပြီ ဒါလောက်ဆို 2ရက်စာလောက်တော့ ဖူလုံပြီ …
ကိုခင်မောင် ပြန်မည်အပြု ဘေးဘီကြည့်လိုက်ရာ
!ဟာ .. ငါ ဖားရိုက်ရင်းနဲ့ အနောက်ဘက် တောစပ်တောင်ရောက်လာတာကိုး !!

“ဟင် . . ရှေ့က ဘယ်သူလဲဟ”

မိမိနှင့် မလှမ်းမကမ်းတွင် ရပ်နေသောလူအား ဓာတ်မီးစုတ်လေးနှင့်ထိုးကြည့်လိုက်တော့ အင်္ကျီဖြူလည်ကတုံး လက်ရှည်နှင့် လည်ပင်းကြီးက တိတိရိရိပြတ်နေပြီး ရင်ဘတ်တွင် သွေးများစိုရွဲနေသော ဦးခေါင်းမပါသည့် လူတစ်ယောက်

“ဟင် .. ဘာ .. ဘာကြီးတုံးဟ”

ကိုခင်မောင်သည် တော်ရုံမကြောက်တတ်
ယခုလို နဖူးတွေ့ ဒူးတွေ့ကြီး သရဲအခြောက်ခံနေရသောအခါ
ကြက်သီးများထလာပြီး တစ်ကိုယ်လုံးတုန်ယင်လာကာ ကြောင်၍ ကြည့်နေမိစဉ် ထိုခေါင်းပြတ်ကြီး၏ လက်တစ်ဖက်သည်မြောက်တက်လာပြီး နဘေးမှချုံပုပ်ကြီးအား တစ်ဆတ်ဆတ်တုန်ခါနေသော လက်ညှိုးကြီးဖြင့် ထိုးပြနေလေရာ

“အမလေး .. ခေါင်း ခေါင်းပြတ်ကြီး လိုက်ဆွဲနေလို့ပါဗျ .. ကယ်ကြပါအုံးဗျ”

ကိုခင်မောင်တစ်ယောက် ကြောက်အား လန့်အားဖြင့် အော်ဟစ်လျက် သရဲလိုက်လာမည်စိုးသောကြောင့် ဓာတ်မီးကိုနောက်ပြန်ထိုးပြီး မှောင်မဲနေသော ရှေ့သို့ ဇွတ်ပြေးလေတော့သည်။ အိမ်ရောက်သည်နှင့် မပြင်ရသေးသော ပြိုတော့မည့်တဲလေးပေါ်သို့ ဝုန်းကနဲ ခုန်တက်ကာ

“ဟောဟဲ .. ဟောဟဲ .. မိအေး ..ဟဲ့ .. မိအေး ငါ့ကို ရေတစ်ခွက် ပေးစမ်း .. ဟောဟဲ”

ကိုခင်မောင်၏ အော်သံ ယိုင်နဲ့သွားသော တဲလေး၏ လှုပ်ခါရမ်းမှုများကြောင့် ကလေးများလဲ နိုးလာကာ ကြောက်လန့်ပြီး တဲထောင့်သို့ပူးကပ်ကုန်လေတော့သည်။

“ရှင်ဘာဖြစ်လာတုန်း ကိုခင်မောင်
မထိတ်သာမလန့်သာရှိလိုက်တာ ဘာဖြစ်တာတုန်း”

မိအေး ယောင်္ကျားဖြစ်သူကို ပြူးပြူးပြာပြာမေးရင်း အိမ်ဘေးဘက် လမ်းကြားသို့လဲ လှမ်းကြည့် လိုက်သည်။ ကိုခင်မောင် ရေကို အမောတကောသောက်ကာ ပြောမယ်ကြံပြီးမှ

“ဘာမှမဖြစ်ပါဘူးကွာ မင်းတို့ အိပ်ကြတော့”

မိအေးနှင့် ကလေးများ ကြောက်မည်စိုးသောကြောင့် မပြောပဲ နှိုတ်ဆိတ်နေလိုက်တော့သည်။
ထိုစဉ်

“အူးး ဝု ..ဝူးးးးး”

ဆွဲဆွဲငင်ငင် ထအူလိုက်သော ခွေးအူသံကြီးက သူမတို့တဲနံဘေးမှ ကပ်အူလိုက်သကဲ့သို့ အလွန်ပင်ကျယ်လောင်လှသည်။

“”အေးးး””

“အမလေးတော့”

ထိုခွေးအူသံနှင့်ရောကာ မိအေး၏ အမည်ကို အော်ခေါ်လိုက်သော ကျောချမ်းစရာ ကောင်းလှသည့် အေးစက်စက် အက်ကွဲကွဲအသံကြီးအား ကြားလိုက်ရသောအခါ ကိုခင်မောင် နထင်မွှေးများထောင်တက်ကုန်ပြီး မိအေးလဲ ကြောက်လန့်အော်မိကာ မိသားစုများ ပူးကပ်ကုန်လေတော့သည်။

• • • • •

“မိအေး ရွာထဲမှာ အင်္ကျီအဖြူဝတ်ပေးပြီး သဂြိုလ်လိုက်တဲ့ အသုဘများ ရှိလားဟေ”

“မရှိပါဘူးတော် ရွာထဲမှာ ဘာအသုဘမှမဖြစ်ပါဘူး”

“အေး .. ငါလဲ သိပါတယ် ..ငါမသိလိုက်ပဲ ရှိနေသလားလို့ပါ”

“ဘာဖြစ်လို့တုန်း ကိုခင်မောင်ရဲ့ တော့်မေးပုံက ထူးဆန်းလိုက်တာ ညကရော ဘာဖြစ်လာတာတုန်း”

ကိုခင်မောင် ဆော့ကစားနေသော သားသမီးများကို တစ်ချက်ကြည့်လိုက်ပြီး

“မိအေး ငါညက အနောက်ဘက် တောစပ်မှာ သရဲအခြောက်ခံရလို့”

“ဟင် . . ရွာကလူတွေတောင် အရောက်ပေါက်နည်းတဲ့ အဲ့နေရာထိ တော်က ဘာသွားလုပ်တာတုန်း”

“ငါ့လဲ မသွားပါဘူး ဖားရိုက်ရင်း ရိုက်ရင်းနဲ့ ဘယ်လိုရောက်သွားမှန်းကို မသိဘူး တစ်သက်လုံးလဲ အဲ့နေရာက သရဲခြောက်တယ်လို့ တစ်ခါမှ မကြားဖူးခဲ့ပါဘူးကွာ”

မိအေးလဲ ကိုခင်မောင်စကားကြောင့် ညကအဖြစ်ကိုပြန်တွေးရင်း ကြက်သီးများထနေမိလေသည်။

• • • • • • •

{4}

“မိအေးရယ် ညည်းမလဲ နောက်နေ့အဝတ်လာမလျှော်ပါနဲ့တော့
ဗိုက်ကြီးတကားကားနဲ့ မတော်ပါဘူးအေ
ညည်းယောင်္ကျားကို လွှတ်လိုက် နွားစာတွေစဉ်းပြီး ထင်းတွေခွဲခိုင်းရမယ် ကဲ .. ရော့ ဒီမှာ ဆန်၂လုံး ဟော့ဒီမှာ ငွေ၂၀၀”

“ဟုတ်ကဲ့ ကြီးမြ”

• • • • •

ချွေးများက ရေလောင်းထားသကဲ့ ချွဲနစ်နေပြီး သေလုမျောပါး နာကျင်သော ဝေဒနာကို အံတုခံရင်း လုံးထားသောအဝတ်ကို ပါးစပ်တွင်ကိုက်ကာ မိအေးတစ်ယောက် သေမင်းနှင့်စစ်ခင်းနေရသကဲ့သို့ပင်။
ဒီကလေးကျမှ မွေးရပိုခက်ခဲနေသလို ..

“ညှစ်လိုက် .. အားနဲ့ညှစ်ထုတ်လိုက် မိအေး ရတော့မယ် ရတော့မယ်”

“အူဝဲ ..အုဝဲ ..အုဝဲ”

“မွေးပြီ မွေးပြီ ယောင်္ကျားလေးဟေ့”

သားငိုသံကြား၍ မိအေး နာကျင်ပင်ပန်းမှုများကြားမှ အားယူပြုံးလိုက်သည်။

“မိအေး နင့်သားက တစ်တုံးတစ်ခဲ …. ဟင် ..”

လက်သည်ဒေါ်တင် ပြောရင်းဖြင့် ကလေးကိုကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ အနှီးထုတ်လေးပွေ့ကာ အခန်းထဲမှထွက်လာသော ဒေါ်တင် လက်ထဲမှ ကလေးအား ခင်မောင်ကို လှမ်းပေးရင်း

“ဟဲ့ .. ခင်မောင် နင့်သား လည်ပင်းကိုကြည့်စမ်းပါအုံး”

ထူးဆန်းသော ဒေါ်တင့်စကားကြောင့် ကိုခင်မောင် ကလေးအားပွေ့ယူ လိုက်ပြီး အနှီးစကို အသာဖြေကြည့်လိုက်ရာ

“ဟာ..”

ကလေး၏လည်ပင်းတွင်
ဦးခေါင်းပိုင်းအား ဖြတ်ပြီး ပြန်ဆက်ထားသကဲ့သို့
နီရဲနေသော ဓားခုတ်ဒဏ်ရာကြီး ပါလာပြီး ထိုဒဏ်ရာတွင် သွေးများပါ စို့နေသည်ကို ထူးဆန်းစွာမြင်တွေ့ လိုက်ရလေသည်။

• • • • • • •

{5}

အငယ်ဆုံး သားဖြစ်သူငြိမ်းအေးသည် ကလေးပီပီ ဆော့ကစားခြင်းမရှိပဲ တစ်ယောက်ထဲအနေအေးလှစွာ အမြဲလိုပင် သူ့လည်ပင်းအား သူစမ်းလျက် တွေးငေးနေတတ်သည်။ အသက်4နှစ်အရွယ်ထိ စကားမပြောသောကြောင့် ခင်မောင်တို့လင်မယားလဲ စိုးရိမ်ပူပန်နေကြသည်။ သို့သော် တစ်ရက်တွင်တော့ . . .

“အဖေ”

အသံသေးသေးလေးကြောင့် အိမ်မိုးရန်သက်ကယ်များ စီနေသော ကိုခင်မောင် မော့ကြည့်လိုက်တော့
သားငယ်လေး ငြိမ်းအေးက သူရှေ့တွင် ရပ်ပြီး မျက်ရည်များကျနေသည်ကို တွေ့ရလေသည်။

“မိအေးရေ.. အမလေး ..လာပါအုံးဟ ငါတို့သားစကားပြောပြီကွ”

အဝတ်လျှော်နေသော မိအေးကို သူ ဝမ်းသာအားရ အော်ခေါ်လိုက်သည်။

“သား ..သားလေး စကားပြောပြီ ဟုတ်လား”

“အမေ”

ငြိမ်းအေးက မိအေးအား အမေဟု ခေါ်လိုက်သောကြောင့်

“အမေတဲ့ ခေါ်ပြီတော့ ကျုပ်တို့ သားလေး စကားပြောပြီ ဝမ်းသာလိုက်တာတော်”

လင်မယားနှစ်ယောက် ပျော်သွားကြသည်။

“အဖေနဲ့ အမေကို သားပြောစရာရှိတယ်”

“ပြောလေ ငါ့သား မင်းဘာလိုချင်လဲ အဖေရအောင်ဝယ်ပေးမယ်”

ငြိမ်းအေး ခေါင်းကို ဖြည်းညှင်းစွာခါရမ်းလိုက်ရင်း

“အဖေ အမေတို့ဆင်းရဲနေတာ သားမကြည့်ရက်ဖူး အကိုအမတွေကိုလဲ အခုလို သူများအိမ်တွေမှာ အလုပ် လျှောက်မလုပ် စေချင်ဘူး”

မျက်ရည်များကျလျက် ပြောနေသော သားကို ကြည့်ကာ ကိုခင်မောင်တို့လင်မယား သဘောကျပြီး ပြုံးသွားလေသည်။

“သားလူပြန်ဝင်စားချင်လို့ အဖေ့ ပြန်အလာကိုစောင့်နေခဲ့ရတာ ၁၅နှစ်တောင် ကြာခဲ့တယ်”

“ဟင်”

“ဘယ်လို”

သားဖြစ်သူပြောစကားကြောင့် ကိုခင်မောင်နှင့်မိအေး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ
အလွန်ပင် အံ့အားသင့်သွားကြသည်။

“အဖေ သားနောက် လိုက်ခဲ့”

ပြောရင်းဖြင့် အိမ်ပေါ်မှဆင်းသွားသော
သားကိုထူးဆန်းစွာ ကြည့်နေသော မိအေးအား အသာနေရန် လက်ပြခဲ့ကာ ခင်မောင်တစ်ယောက် သားနောက်မှ လိုက်သွားလေသည်။ ရွာနှင့် အတန်ငယ်ဝေးသော အနောက်ဘက်တောစပ်သို့ ရောက်သောအခါ သားဖြစ်သူညွှန်ပြသော အုံခဲနေသည့် ချုံနွယ်ပိတ်ပေါင်းကြီးအား ကိုခင်မောင် ဓားထက်ထက်ဖြင့် အတန်ကြာအောင် ရှင်းလိုက်ရာ မြေပြင်ပေါ်မှ နွယ်ကိုင်းခြောက်များပေါ်တွင် တင်နေသော ဖြူသောသောကတ္တီပါ အထုတ်တစ်ထုတ်
ကိုတွေ့လိုက်ရလေသည်။

~~~~~~~~~~~~~~~
~~~~~~~~~~~~~~~

{6}

သူစီးလာသော ကားက တုန့်ကနဲထိုးရပ်သွားသောကြောင့်
ပျော်ရွှင်သောစိတ်ကူးတို့ဖြင့် ငိုက်မြည်းစ ပြုနေသောထွန်းခတစ်ယောက် ရှေ့ခုံသို့ နဖူးနှင့် ပစ်ဆောင့်မိကာ တစ်ကားလုံးလဲ အာမေဋိတ်သံများဖြင့် ဖုံးလွှမ်းသွားသည်။

“တစ်ယောက်မှမလှုပ်နဲ့ လှုပ်တဲ့လူအသေပဲ .. အားလုံးမသာပေါ်ကုန်မယ်
ဟာ ..မလှုပ်နဲ့ဆို ကဲကွာ ..ကဲကွာ”

ကားပေါ်သို့ ဓားကိုယ်စီကိုင်ထားသော လူ၆ယောက်ပြေးတက်လာကာ ရှေ့ဆုံးခုံမှ ခရီးသည်နှစ်ဦးအားဆွဲပြီး ဓားနှောင့်ဖြင့် ထုလိုက်ရာ သွေးများချင်းချင်းရဲသွားပြီး ပြိုလဲကျသွားသည်ကို မြင်လိုက်ရသော တစ်ကားလုံးမည်သူမှ မလှုပ်ရဲကြတော့။

“ထွန်းခ ဘယ်မှာလဲ ထွက်ခဲ့စမ်း”

သူ့အမည်ကိုမေးသံကြောင့် နောက်ဆုံးခုံမှ ထွန်းခတစ်ယောက် လက်ထဲမှ အိတ်ကို ကျစ်ကျစ်ပါအောင် ပွေ့ပိုက်ထားမိသည်။

“ကြာတယ်ကွာ ဟေ့ကောင် ထွန်းခ မြန်မြန် ထွက်ခဲ့စမ်း”

ထိုစဉ် ငုတ်တုတ်လေးထိုင်ကာ ဇက်ပုနေသောကားဆရာမှ ကြောက်ကြောက်လန့်လန့်ဖြင့်

“ထွန်း ..ထွန်းခတဲ့ ..ရှိ .. ရှိရင် ဆင်း .. ဆင်းပေးလိုက်ပါဗျာ”

အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောနေသော
ကားဆရာ၏စကားကြောင့် ထွန်းခ အိတ်ကို တင်းတင်းပွေ့ဖက်ရင်း ထိုင်ရာမှ ထလိုက်သည်။
အချီကြီးအောင်လာသူများကိုသာရွေးကာ လုယက်သတ်ဖြတ်နေသူ လူမိုက်ဓားမြခေါင်းဆောင်တီးခေါင်၏ အမည်ကို သူကြားဖူးခဲ့ပေမယ့် ကံဆိုးစွာဖြင့် သူ့ထံ ရောက်လာလိမ့်မည်ဟုတော့ သူမထင်ခဲ့ …

သူ့ကိုမြင်သည်နှင့် တီးခေါင်၏ မျက်လုံးများ ဝင်းလက်သွားပြီး

“မင်းဆင်းနေခဲ့”

တီးခေါင်စကားကြောင့် ကျန်တပည့် လူမိုက်များက သူ့အား ဆွဲချကြလေသည်။
သူကားအောက်ရောက်သည်နှင့်
တီးခေါင်မှ သဘောကျစွာရယ်မောရင်း

“ဟားးဟားးဟားး … ဆွဲဆရာရေ့”

ဟုဆိုလိုက်ရာ ထိုကားမှာ သူ့အားထားခဲ့ပြီး အရှိန်ပြင်းစွာဖြင့် ဝူးကနဲမောင်းထွက် သွားလေတော့သည်။

“ပေးစမ်း မင်းလက်ထဲက အထုတ်”

တီးခေါင်စကားကြောင့် သူအိတ်ကို ပေးမလိုနှင့်ဟန်ဆောင်ကာ
နောက်သို့လှည့်၍ တောအုပ်ထဲသို့ လျှင်မြန်စွာဝင်ပြေးလေတော့သည်။

“ဟာ .. ပြေးပြီ လိုက်ကြစမ်း ဟေ့ကောင်တွေ”

သူပြေးလွှားရင်းနှင့် အိတ်ထဲမှ ကတ္တီပါဖြင့်ထုတ်ပတ်ထားသော အရာတစ်ခုကို ဆွဲထုတ်လိုက်ပြီး ထိုအိပ်ကို ပစ်ချခဲ့လေသည်.

“ဆရာ ဒီမှာ အိတ်တွေ့ပြီ”

“ရှာစမ်း”

တပည့်လူမိုက်က အိတ်ထဲမှပစ္စည်းများအား သွန်ချကာ မွှေနှောက်လိုက်ပြီး

“မတွေ့ဘူး ဆရာ”

“တောက်”

တီးခေါင် ဒေါသကြီးစွာ တက်တစ်ချက်ခေါက်ရင်း သူ့တပည့်အား အားရပါးရဆောင့်ကန်လိုက်ပြီး

“အဲ့ကောင် လွတ်သွားရင် မင်းတို့အသေပဲ ဆက်လိုက်ကြစမ်း”

သူမရပ်မနားပြေးလာတာ ဘယ်နေရာကျွတ်ခဲ့မှန်းမသိသော ဖိနပ်မပါတော့သည့် ခြေဖဝါးတွေကလဲ ကွဲပေါက်ကာ သွေးများထွက်ပြီး အလွန်နာကျင်နေပြီ
ချွေးစီးများဖြင့်လဲ မောပန်းနေပြီ သူဆက်မပြေးနိုင်တော့။ သို့သော် ပစ္စည်းတော့အပါမခံနိုင်
ဘေးဘီဝေ့ကြည့်လိုက်တော့
တစ်နေရာအရောက် သူ့အကြည့်များရပ်တန့်သွားပြီး
ထိုနေရာသို့ သူပြေးလာခဲ့သည်။ လက်ထဲမှ အထုတ်လေးအား ချုံနွယ်ပိတ်ပေါင်းများအတွင်းသို့ ပစ်ထည့်လိုက်ပြီး ဆက်ပြေးမည်အပြု

“ဟိုမှာ.. တွေ့ပြီ ဖမ်းစမ်း”

အသံနှင့်အတူ တီးခေါင်တို့အဖွဲ့ ပြေးလိုက်လာပြီး သူ့နောက်ကျောအား အားနှင့်ကန်ခံလိုက်ရသောကြောင့် သူမှောက်လဲသွားလေသည်။

“ပေးစမ်း မင်း,အောင်လာတဲ့ ကျောက် ဘယ်မှာလဲ”

“မရှိဘူး”

“အာ ..မရှိအုံးကွာ ..ကဲ.. ကဲ”

“ဖုန်း.. ဖုန်း ..ခွပ်.. ဘုန်း”

တုတ်များဖြင့် သူ့အား အဆက်မပြတ်ဝိုင်းဝန်း ရိုက်နှက်ကြလေသည်။အရိုးများကျိုးကြေမတတ် နာကျင်စွာခံစားရပြီး ဦးခေါင်းမှလဲသွေးများ ဖြာကျလာသည်။

“မသေချင်ရင် ထုတ်ပေးစမ်း”

“မရှိဘူး ပြေးရင်းကျခဲ့တဲ့ အိတ်ထဲမှာ ကျန်ခဲ့ပြီ”

“ဟာ.. လိမ်အုံးကွာ ..ကဲကွာ”

“ဖုန်း ..ဖုန်း … အွတ်”

ဝမ်းဗိုက်ပေါ်သို့ ကျရောက်လာသည့် ပြင်းထန်သော ရိုက်ချက်များအား လူးလှိမ့်ခံစားရင်း ပါးစပ်တွင်းမှ သွေးများပွက်ပွက်အန်ကျလာသည်.

“ပစ္စည်း ဘယ်မှာလဲ ပြောစမ်း”

သူအားယူလျက်

“မရှိဘူး.. ရှိလဲမပေးနိုင်ဘူးကွ ..ငါ့ကိုသတ်လိုက်”

“တောက် .. သေခါနီးတောင် ခေါင်းမာနေသေးတယ် မင်းလဲမစံစားရဘူးကွ ဟေ့ကောင်တွေ မင်းတို့အဘကားက ရှေ့နားက မြို့ထဲဝင်လောက်တော့မယ် အချိန်မရှိဘူး ဒီကောင့်ကို သတ်ပစ်လိုက်တော့”

တီးခေါင်စကားကြားသည်နှင့် သူ သေရတော့မည့်အရေးမို့ အားယူကာ ထပြေးနိုင်ရန် ကြိုးစားနေမိသည်။
မျက်လုံးထဲတွင် ဝိုးတဝါးအရိပ်တစ်ခုအား
အားကိုးကြီးစွာ လှမ်းမျှော်ကြည့်မိသည်။
အတော်ခပ်ဝေးဝေးတွင် သူ့တို့ဘက်သို့ တစ်ချက်လှည့်ကြည့်ပြီး
ထွက်ခွာသွားသော သူ့အဖြစ်ကို မသိရှာသည့် နွားကျောင်းသားလေးကို သူအော်ဟစ် အကူအညီ တောင်းခံနေပေမယ့် အသံတို့က ထွက်မလာတော့ . . .
သူ့ဇက်ပေါ်သို့ အသွားထက်ထက်အရာတစ်ခု ကျရောက်လာကာ ဆစ်ကနဲ နာကျင်မှုနှင့်အတူ …

× × × × × × × × ×

[18-နှစ်ခန့်ကြာသော်]

မြို့မျက်နှာဖုံးဖြစ်သော
သူဌေးကြီးကိုခင်မောင်တို့မိသားစုသည် စိတ်သဘောထားကောင်းမွန်ပြီး အလှူအတန်းလဲ အလွန်ရက်ရောကြသည်။

အထူးသဖြင့် ကိုခင်မောင်နှင့်မိအေးတို့၏ အငယ်ဆုံးသားဖြစ်သူ ကိုငြိမ်းအေးတစ်ဖြစ်လဲ
ဦးဇင်း ဦးဥတ္တမ၏ အပတ်စဉ် မွေးနေ့သို့ရောက်တိုင်း အလှူဒါနများအား မပြတ်မကွက် ပြုလုပ်ပေးနေကြသည်မှာ ယနေ့ချိန်ထိပင်ဖြစ်လေတော့သည်။
~~~~~

THE END.

ကျေးဇူးတင်လျက်
Sue Yint Marn

” ကျွန်​​တော်​ထိုင်​ခဲ့ဖူး​သော လ္ဘက်​ရည်​ဆိုင်​ “

Image may contain: 1 person, closeup

ဖြစ်ရပ်မှန် (စ/ဆုံး)

အဲ့ဒီညက တော်တော့်ကို မှောင်မိုက်တိတ်ဆိတ်နေတဲ့ည…။

လမ်းမီးတိုင်မရှိ…လရောင်မရှိတဲ့ အဝေးပြေးလမ်းမပေါ်က လကွယ်ညကို ညီညီတစ်ယောက် ဆိုင်ကယ်မီးရောင်အားကိုးနဲ့သာ ဖြတ်ကျော်နေခဲ့ရတယ်။

ညီညီရဲ့ အလုပ်က online ပေါ်ကနေ ဆိုင်ကယ်ဝယ်ယူလိုသူတို့ထံက စရံငွေယူပြီး ကျယ်ဂေါင်မှာ ဆိုင်ကယ်သွားဝယ်ပေးရတယ်…ပြီးရင် မူဆယ် ကားဂိတ်ကနေတဆင့် မှာယူတဲ့နယ်အသီးသီးကို ကားနဲ့ထည့်ပေးပြီး ဆိုင်ကယ်ရောက်မှ သူ့ဆီငွေအကျေချေပေးရတဲ့စနစ်နဲ့ စီးပွားရှာနေသူတစ်ယောက်ပေါ့…။

ဒီအလုပ်ကိုသူလုပ်လာခဲ့တာ တစ်နှစ်ကျော်နှစ်နှစ်နီးပါးတော့ရှိပြီ…။

သူနဲ့အကျိုးပေးတယ်ပြောရမလားပဲ…
အော်ဒါတွေလဲအရမ်းတက်သလို ဝင်ငွေတွေလည်းမြိုးမြိုးမြတ်မြတ်ရခဲ့တယ်…။

အဲ့ဒီကနေတဆင့် ဆိုင်ကယ်အကြောင်းကိုတဖြေးဖြေးနားလည်လာတော့ ဆိုင်ကယ်လောကထဲကို သူတစတစဝင်ရောက်လာခဲ့တယ်…။

ဆိုင်ကယ် အော်ဒါလက်ခံပြီးဝယ်ပေးတဲ့အလုပ်အပြင် ဆိုင်ကယ်ဝယ်ရောင်းအလုပ်ကိုပါတွဲပြီး လုပ်ကိုင်ခဲ့တယ်။

အခုလဲ မန္တလေးကဆိုင်ကယ်second hand တစီးကို ဝယ်ပြီး မူဆယ်ကို မောင်းပြီးပြန်လာခဲ့တယ်ပေါ့…အော်ဒါလက်ခံပြီးဝယ်ပေးတုံးက Express ကားနဲ့ထည့်ပေးတာကအလုပ်ဖြစ်ပေမယ့် ဝယ်ရောင်းလုပ်တဲ့အခါကျတော့ တွက်ချေမကိုက်တော့ဘူး…အဲ့ဒါကြောင့်ကိုယ်တိုင်ပဲမောင်းပြီး သူပြန်လာခဲ့တယ်…။

အရင်အခေါက်တွေတုံးကတော့ မူဆယ်အနီးအနားနေရာတွေပဲ ဝယ်ရောင်းလုပ်ခဲ့ပေမယ့် အခုတခေါက် မန္တလေးက ဘီးတစီးက လက်မလွတ်နိုင်အောင်ကို တန်လွန်းနေတဲ့အတွက် အရဲစွန့်ပြီး သူလုပ်ခဲ့တယ်ပေါ့…။

အသွားတုံးက Express ကားပေါ်မှာမို့ ဘေးဘီဝဲယာ သိပ်သတိမထားမိပေမယ့် အခုအပြန်ကျတော့ တစ်ယောက်ထဲဖြစ်နေတဲ့အတွက် စိတ်ထဲအားငယ်သလိုလို ကြောက်သလိုလိုတော့ဖြစ်မိတယ်…။

ဆိုင်ကယ်ဒိုင်ခွက်မှာပါတဲ့ ဒစ်ဂျစ်တယ်နာရီကိုကြည့်လိုက်တော့ မနက် တစ်နာရီတောင်ထိုးတော့မယ်…။

“တစ်နာရီတောင်ထိုးတော့မှာပဲ…”

သူတီးတိုးရေရွတ်လိုက်တယ်…။

အဝေးပြေးလမ်းမကြီးပေါ်မှာ သူ့ဆိုင်ကယ်တစ်စီးတည်း…။

ရံဖန်ရံခါမှ ကားတစီးတလေလောက်ဖြတ်သွားတာကိုတွေ့ရတယ်။

ကျန်တဲ့အချိန်တွေကတော့ တလောကလုံး သူ့ဆိုင်ကယ်စက်သံကလွဲပြီး မှောင်လို့ မဲလို့ တိတ်လို့ဆိတ်လို့…။

မောင်းလာသည်မှာ အချိန်အတော်ကြာပြီဖြစ်သောကြောင့် ခါးတွေညောင်းပြီး လက်မောင်းတွေပါတောင့်နေပြီဖြစ်သည်။

“ရှေ့နားမှာဆိုင်တဆိုင်ဆိုင်တွေ့ရင်တော့ ဆိုင်ကယ်လဲခနအနားပေးရင်း လူလဲအညောင်းပြေအညာပြေ ခနနားဦးမှ…”

သူစိတ်ထဲမှာ တွေးထားလိုက်ပြီး ဆိုင်ကယ်ကိုသာဂရုတစိုက်နဲ့ဆက်လက်မောင်းနေလိုက်တော့တယ်…။

* * * * * * * * * *

အတော်ကြာကြာမောင်းလာပြီးတဲ့နောက်မှာတော့ ရှေ့ခပ်လှမ်းလှမ်းဆီက မီးရောင်လေးတွေကိုသူတွေ့လိုက်ရတယ်…။

“ညလုံးပေါက်ဖွင့်တဲ့ဆိုင်တဆိုင်ဆိုင်တော့ဖြစ်တန်ကောင်းပါရဲ့…”

တစ်ယောက်တည်း ကိုယ့်ကိုယ်ကိုအားပေးစကားဆိုလိုက်ရင်း ဆိုင်ကယ်အရှိန်ကို လျှော့ချလိုက်တယ်။

တဖြေးဖြေးနဲ့အနားနီးလာတော့ အလင်းရောင်မှုန်မှုန်မွှားမွှားအချိုက မခို့တရို့ဖျာကျနေသော လ္ဘက်ရည်ဆိုင်တဆိုင်ကို ညီညီတွေ့လိုက်ရတယ်။

“အဟား…ငါတော့ကံကောင်းတာပဲ”

ထိုင်ခုံတွေ စားပွဲတွေနဲ့ မီးလင်းနေတဲ့ အဲ့ဒီခပ်ကုပ်ကုပ်ဆိုင်လေးရှေ့မှာ ဆိုင်ကယ်ကိုထိုးရပ်လိုက်တယ်…။

မှိန်ပျပျမီးရောင်အောက်မှာ လ္ဘက်ရည်ဆိုင်က ခြောက်ကပ်ကပ်နိုင်လွန်းနေသည်။

“လူလည်းတစ်ယောက်မှမတွေ့ပါလား…”

ဆိုင်ရဲ့အတွင်းဘက်ထိ သူဝေ့ကြည့်လိုက်တယ်……။

အဲ့ဒီတော့မှ ကောင်တာစားပွဲပေါ်ခေါင်းတင်ထားပြီး ပျင်းရိပျင်းတွဲပုံစံနဲ့မိန်းမတစ်ယောက်ကို ညီညီတွေ့တော့တယ်….။

“ဆိုင်ရှင်ဖြစ်မယ်ထင်တယ်……”

ဆိုင်ရှင်မိန်းမကလည်း ဆိုင်ပေါက်ဝဘက်ကိုမျက်နှာလှည့်ပြီးမှောက်နေတာမို့ ညီညီဝင်လာတာကိုမြင်ရသည်။

အဲ့ဒီမိန်းမကြီးက စားပွဲပေါ်ပါးအပ်ပြီး ငြိမ်သက်နေပေမယ့် မျက်လုံးတွေကိုတော့ဖွင့်ထားတယ်…ပြီးတော့ညီညီ့ကို စိုက်ကြည့်နေတယ်…။

“လ္ဘက်ရည် ပေါ့ကျ တစ်ခွက်လောက်…”

အနားမှာတွေ့တဲ့ ဝိုင်းတခုမှာ ဝင်ထိုင်ရင်း ညီညီလှမ်းမှာလိုက်တယ်…။

ရှေ့ဆက်ပြီးမောင်းရဦးမှာဆိုတော့ အိပ်မငိုက်အောင် လ္ဘက်ရည်ကို ခပ်ကျကျလေးသောက်ဖို့ ညီညီဆုံးဖြတ်ထားတယ်။

ဆိုင်ရှင်မိန်းမက စားပွဲပေါ်ပါးအပ်ပြီး မှောက်နေရာကနေ လေးလေးတွဲ့တွဲ့ဖြေးဖြေးချင်းထလာတယ်…ပြီးတော့ အတွင်းဘက်ဝင်သွားတယ်…

အဲ့ဒီနောက်
လ္ဘက်ရည်ဖျော်သံ……
လ္ဘက်ရည်ခွက်ထဲဇွန်းထည့်မွှေသံတွေကြားနေရတယ်…

ခဏနေတော့ သူ့စားပွဲပေါ်လ္ဘက်ရည်ပန်းကန်လာလျပေးပြီး ဘာစကားမှမပြောပဲ ပြန်လှည့်ထွက်သွားတယ်…။

ပြီးတော့ ခုနကစားပွဲပေါ်မှာပါးအပ်ပြီး ပြန်မှောက်နေပြန်တယ်…။

“ဘယ်လိုလ္ဘက်ရည်ဆိုင်လဲဟ…တစ်ယောက်ထဲရှိတဲ့လ္ဘက်ရည်ဆိုင်လား…”

ညီညီစိတ်ထဲ ဘဝင်မကျသလိုမသိုးမသန့်ဖြစ်သလိုလိုဖြစ်သွားပေမယ့် ဆိုင်ကယ်ရော လူရော ခေတ္တအနားယူရန်မဖြစ်မနေလိုအပ်သည်မို့ စိတ်ထဲမထားတော့ပဲ လ္ဘက်ရည်ခွက်ကို ယူပြီးမော့ချလိုက်တော့တယ်……။

“အား………………… ဘယ်လိုအရသာကြီးလဲ ! ”

အလန့်တကြားထအော်မိပြီး လ္ဘက်ရည်ခွက်ကိုအောက်ခံပန်းကန်ပြားပေါ်ပြန်တင်လိုက်တယ်…။

အရသာက သူတစ်ကြိမ်တစ်ခါမှ မသောက်ဖူးတဲ့ အရသာကြီး…။

ချိုတာလည်းမဟုတ်…စိမ့်တာလည်းမဟုတ်…
ခါးတာလည်းမဟုတ်…ကျတာလည်းမဟုတ်…

ဘာအရသာကြီးမှန်းကိုမသိတဲ့ အရသာကြီး……။

ဒေါသဖြစ်သွားတဲ့ ညီညီမျက်လုံးတွေက လ္ဘက်ရည်ဖျော်ပေးတဲ့ မိန်းမဆီရောက်သွားတယ်…။

သူမကတော့စားပွဲပေါ်ပါးတင်ထားတုံး…
ခံစားမှုမဲ့တဲ့ လူသေမျက်လုံးတွေနဲ့ သူ့ကိုစိုက်ကြည့်နေတုံး…

ညီညီ ရုတ်တရက်ကျောထဲစိမ့်ခနဲဖြစ်သွားတယ်…။
စောနကထွက်နေတဲ့ ဒေါသတွေတောင်ကြက်ပျောက်ငှက်ပျောက်ပျောက်ကုန်ကြတယ်…

ပြီးတော့ ဒီနေရာက မြန်မြန်သွားမှလို့လည်းသူတွေးမိလိုက်တယ်…။

“ဒီမှာ ပိုက်ဆံ ထားခဲ့ပြီ…”

သူကျသင့်ငွေကို စားပွဲပေါ်တင်ပြီး ဘာမှန်းမသိတဲ့ လ္ဘက်ရည်ဆိုင်ထဲကနေ ခပ်သုတ်သုတ်ပြေးထွက်လာခဲ့လိုက်တော့တယ်…။

ဆိုင်ကယ်ပေါ်တက်ခွပြီး စက်မနှိုးခင် အဲ့မိန်းမကြီးကို တစ်ချက်ပြန်ကြည့်လိုက်တော့…

မိန်းမကြီးက ထုံးစံအတိုင်း
စားပွဲပေါ်မျက်နှာကြီး တစောင်းတင် အသက်မပါတဲ့ မျက်လုံးတွေနဲ့ သူ့ကိုကြည့်နေတုံးပဲ…။

ညီညီ ဘာမှဆက်စဉ်းစားမနေတော့ပဲ ဆိုင်ကယ်စက်နှိုးပြီး ဝေါခနဲဆောင့်ထွက်လာခဲ့တော့တယ်…။

တိတ်ဆိတ်ခြောက်ကပ်နေတဲ့ လမိုက်ညကို ညီညီ ဆိုင်ကယ်သံက ပြန်ပြီးလွှမ်းမိုးသွားပြန်တယ်။

* * * * * * * * * *

“တောက်ခ်!…”

အရေးထဲမှ အရာပေါ်ဆိုသလို လ္ဘက်ရည်ဆိုင်နဲ့ ဝါးနှစ်ပြန်ကျော်ကျော်လောက်အကွာအဝေးမှာ ဆိုင်ကယ်က ထိုးရပ်သွားတယ်…။

စက်နှိုးလို့လဲမရတော့…
ညအချိန်မတော် လူကလဲပြတ် ဆိုင်ကယ်ကလည်း ဆီရေလေဝိုင် အကုန်စစ်ပြီးမှ စီးလာတာ…ခုမှဘာထဖောက်မှန်း သူမသိ…။

တော်တော်တော့အကြံအိုက်သွားတယ်။

နာရီဝက်နီးပါးကြာတဲ့အထိ ဆိုင်ကယ်ကိုစက်ပြန်နှိုးလိုက် ပလပ်ဖြုတ်ဆေးလိုက်စသဖြင့်မျိုးစုံလုပ်နေပေမယ့် စက်ကနှိုး၍ မရ…။

ဒီပုံအတိုင်းဆိုလမ်းမပေါ်မှာပဲမိုးလင်းတော့မယ့်ပုံ…။

ခြင်တွေကလည်းမတရားကိုက်လာသည်။
ခြင်ပြေးလိုပြေးညား စီးကရက်တလိပ်မီးညှိသောက်သော်လည်းမရ…။

စီးကရက်သောက်ရင်း ညီညီ စဉ်းစားလိုက်တယ်။

ခုနကသူဝင်ခဲ့သည့်လ္ဘက်ရည်ဆိုင်ကသူကြားဖူးတဲ့ ကျတ်ကုန်းတို့ဘာတို့လိုဖြစ်နေမလား…
ဒါမှမဟုတ်တကယ်ပဲ လ္ဘက်ရည်ဆိုင်အစစ်လား…။

ဒါကိုလဲသူသိချင်တယ်…။

“ဟူးး…မထူးတော့ဘူး နောက်ပြန်လှည့်တွန်းသွားပြီး အကူအညီတောင်းရတော့မှာပဲ…”

စီးကရက်လက်ကျန်လေးကို ခပ်ပြင်းပြင်းဖွာရှိုက်လိုက်ပြီး နင်းချေပစ်ကာ ဆိုင်ကယ်ကို လ္ဘက်ရည်ဆိုင်ဘက်သို့ပြန်တွန်းလာခဲ့လိုက်တော့တယ်…။

* * * * * * * * * *

“လ္ဘက်ရည်ဆိုင်တော့လှမ်းမြင်ရပြီ…ဒါဆိုငါတွေ့ခဲ့တာကျတ်ကုန်းတော့မဖြစ်နိုင်လောက်တော့ဘူး…ဘာပဲဖြစ်ဖြစ် ရွေးချယ်စရာကလဲဒီတနည်းပဲရှိတော့တယ်…”

တစ်ယောက်ထဲ တီးတိုးရေရွတ်ရင်း ဆိုင်ကယ်ကို ဆက်တွန်းလာလိုက်တယ်။
လူကလည်းအတော့်ကိုမောနေပြီ်။ချွေးများလဲရွှဲနစ်နေပြီ…။

လ္ဘက်ရည်ဆိုင်ရှေ့ရောက်တော့ ဆိုင်ကယ်ကိုဒေါက်ထောက်ပြီး ဆိုင်ထဲလှမ်းကြည့်လိုက်တော့…

“ဆိုင်ကယ်ပျက်လာတာလား…”

ဆိုင်ရှင်မိန်းမကြီးကလှမ်းမေးတယ်…။

“ဟုတ်ကဲ့…”

“မနက်ကျရင်တော့ ဆိုင်ကိုလူတွေလာလိမ့်မယ်…အဲ့ခါကျ……အကူအညီတောင်းလိုက်ပေါ့…ဒီညတော့……ဒီမှာပဲခနတည်းလိုက်လေ…”

“ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ်ခဗျ…ဒီအချိန်ကြီးလမ်းမပေါ်မှာကျတော့ကျနော်တစ်ယောက်ထဲအဆင်မပြေလို့ပါ”

“ရတယ်…”

ဆိုင်ရှင်မိန်းမကြီး၏ အသံကခြောက်ကပ်ကပ်နိုင်နေတယ်။

ရုတ်တရက် ညီညီ မျက်လုံးတို့က သူထိုင်ခဲ့သောဝိုင်းသို့ရောက်သွားတော့…

“ဟင်! ”

သူတင်ထားခဲ့သော ပိုက်ဆံနဲ့ လ္ဘက်ရည်ခွက်က အခုထိမသိမ်းရသေး…။ဒီမိန်းမကြီးတော်တော်အပျင်းကြီးတာပဲလို့ ညီညီတွေးလိုက်မိတယ်…။

“ဒါနဲ့ အမက ဒီမှာတစ်ယောက်ထဲနေတာလား…”

“အေး……ဟုတ်……တယ်”

“ညလုံးပေါက်ဖွင့်တာလား…”

“အေး……ဟုတ်……တယ်”

“ယောက်ျားသားမရှိဘူးလား ညလုံးပေါက်ဖွင့်တဲ့ဆိုင်မှာ အမျိုးသမီးတစ်ယောက်ထဲဆိုတော့အဆင်ပြေရဲ့လား…”

ပျင်းခြောက်ခြောက်ဖြစ်နေလို့ ညီညီ က ဟိုမေးဒီမေးမေးနေလိုက်တယ်…

“ရှိတယ်…ငါ့ယောက်ျားကမြို့ပေါ်တက်ပြီး…ဆိုင်အတွက်လိုအပ်တာတွေသွားဝယ်နေလို့……ဒီနေ့တော့ ငါတစ်ယောက်ထဲပဲ……”

“အော်…ဟုတ်ကဲ့…”

“မင်းအနားယူရင်ယူတော့လေ…လွတ်လွတ်လပ်လပ်နေလို့ရတယ်……ငါတစ်ယောက်ထဲမို့လို့သာ ဆိုင်ထိုင်စောင့်နေရတာ……အရမ်းအိပ်ချင်နေပြီ……ငါဝင်အိပ်တော့မယ်……”

“ဟုတ်……ဟုတ်”

ဆိုင်ရှင်မိန်းမကြီးက ပျင်းရိလေးတွဲ့စွာထပြီး အတွင်းထဲသို့ ဖြေးညှင်းစွာ တလှမ်းချင်းဝင်သွားတယ်…

“သူတော်တော်အိပ်ချင်နေပုံပဲ…ငါ့လိုသူစိမ်းကိုတောင်စိတ်ချလက်ချထားပြီး ဝင်အိပ်သွားတယ်……”

ဘာရယ်မဟုတ် ညီညီတွေးမိလိုက်တယ်…။အဲ့ဒီနောက် ခရီးလဲပန်းလာတာမို့ စားပွဲနှစ်လုံးဆက်ပြီးတက်အိပ်လိုက်တော့တယ်…။

* * * * * * * * * *

“ညီလေး…ညီလေး……”

တစုံတယောက်ရဲ့လှုပ်နှိုးမှုကြောင့် ညီညီ အိပ်နေရာကနေလန့်နိုးသွားတယ်…။

“ထပါအုံးညီလေးရဲ့…”

“ဗျာ…ဟုတ်…”

မျက်လုံးနှစ်လုံးကိုအားယူပြီးဖွင့်ကြည့်လိုက်တော့ မိုးစင်စင်တောင်လင်းနေပြီ…။လူကြီးတစ်ယောက်နှင့်အတူ အခြားလူငယ်သုံးလေးဦးကိုတွေ့လိုက်ရသည်။

“ညီလေးက ဘယ်ကလဲ…ဒီကိုဘာလာလုပ်တာလဲ…”

“ဗျာ…ကျနော်…ကျနော်ကခရီးသွားပါ…ညကဆိုင်ကယ်ပျက်သွားလို့ ဒီဆိုင်မှာအကူအညီတောင်းပြီး ခနဝင်တည်းတာပါ…”

“ဟေ…”

ညီညီစကားကိုကြားတော့ အဲ့လူတွေမျက်နှာမှာ အံ့သြသလိုလို ထိတ်လန့်သွားသလိုလို အမူအရာတွေ ဖြစ်ကုန်ကြတယ်…။

“ဘာဖြစ်လို့လဲခဗျ…”

“ဘာ……ဘာမှမဖြစ်ပါဘူး…ညီ…ညီလေးညကဘယ်သူု့ကို အကူအညီတောင်းခဲ့တာလဲ”

“ဘယ်သူရှိရမှာလဲဗျ…ဒီဆိုင်ရှင်မိန်းမကြီး ကိုပေါ့ဗျာ……”

“ဟာ”……

လူစိမ်းတစ်သိုက် နောက်ကိုအနည်းငယ်ဆုတ်သွားကြတယ်…ဒီလူတွေရဲ့အမူအရာကနည်းနည်းတော့ထူးဆန်းနေတယ်…

“ဘာများဖြစ်လို့လဲခင်ဗျ…”

“ညီ…ညီလေး…ညက အကူအညီတောင်းခဲ့တဲ့ မိန်းမက ညီလေးနောက်က မိန်းမလား……”

လူစိမ်းတွေပြောလို့ညီညီနောက်ကိုလှည့်ကြည့်လိုက်တော့…

“အောင်မလေးဗျ………”

ငယ်သံပါအောင်အော်ပြီး သူထဆင်းပြေးလာလိုက်တယ်။

မပြေးနေနိုင်ရိုးလား…
သူအိပ်နေတဲ့နေရာရဲ့နောက်မှာ မိန်းမအလောင်းတလောင်းကဆန့်ဆန့်ကြီး…။

“ဟာ…ဘာ…ဘာတွေဖြစ်ကုန်တာလဲ…ဒီမိန်းမကြီးက ဘာလို့သေသွားတာလဲ…”

“သေတာနှစ်ရက်ရှိပြီ…”

“ဗျာ……”

လူစိမ်းတဦး၏ စကားကြားတော့ ညီညီပိုပြီးခေါင်းနားပန်းကြီးသွားသည်။

“မ…မဖြစ်နိုင်တာပဲဗျာ…မနေ့ညကမှ ကျနော်နဲ့စကားပြောနေသေးတယ်…”

“ဒါဆိုရင်တော့ ညီလေး သရဲအခြောက်ခံလိုက်ရတာဖြစ်မယ်…”

“ဗျာ……”

ညီညီနှုတ်က စကားတို့ထပ်ထွက်မလာတော့…။

“ဟုတ်တယ်ကွ …ငါတို့ကရွာပြင်မှာသေတဲ့အလောင်းမို့လို့ ရွာပြင်မှာပဲပြင်ထားတာ…”

ညီညီညကသူတင်ထားသောပိုက်ဆံကိုသတိရသွားပြီးလှမ်းကြည့်လိုက်သည်။

ပိုက်ဆံက ညကတင်ခဲ့တဲ့အတိုင်း…။
လ္ဘက်ရည်ခွက်ကတော့မရှိ…။

ဒီမိန်းမကြီးကသေတာနှစ်ရက်ရှိပြီဆိုတော့ သူညက ညီညီကိုဖျော်တိုက်တဲ့ လ္ဘက်ရည်ကရော……ဘာလဲ…ညီညီ မစဉ်းစားတတ်တော့…။

“ဟိုစားပွဲပေါ်ကလ္ဘက်ရည်ခွက်လေးများအကိုတို့သိမ်းလိုက်မိသေးလား…”

“ဘာလ္ဘက်ရည်ခွက်လဲ…မသိမ်းပါဘူး…ငါတို့လာထဲက မင်းကိုအလောင်းဘေးနားအိပ်နေလို့ တန်းပြီးလာနှိုးတာ…”

“ဟာ…ဟုတ်လား…ဒါဆို ဒီလ္ဘက်ရည်ဆိုင်ကရောပိတ်ထားတာပေါ့ဟုတ်လား…”

“ဘာလ္ဘက်ရည်ဆိုင်လဲ…ဘာလ္ဘက်ရည်ဆိုင်မှမဟုတ်ဘူး…အလောင်းအတွက်ပြင်ထားတဲ့အလောင်းစင်နဲ့…အသုဘလာတဲ့သူတွေအတွက်ထိုင်ခုံနဲ့စားပွဲတွေပဲရှိတယ်…”

“ဗျာ……”

ညီညီ အခုမှသတိထားကြည့်မိတော့ ညကသူတွေ့ခဲ့တဲ့ ထိုင်ခုံတွေစားပွဲခုံတွေက လ္ဘက်ရည်ဆိုင်မို့ချထားတဲ့ခုံတွေမဟုတ်ပဲ…အသုဘအတွက်ချထားတဲ့ ခုံတွေစားပွဲတွေဖြစ်နေတယ်…။

ဟိုမိန်းမကြီးညက ခေါင်းတစောင်းတင်ထားသည့်ကောင်တာစားပွဲကလည်း အခေါင်းကြီး ဖြစ်နေတယ်…။

“ဟုတ်တယ်ကွ…ငါတို့လဲ အသုဘစောင့်ဖို့ ဒီနှစ်ကောင်ကို အရက်ဖိုးပေးပြီး လွှတ်ထားတာ…ညကအရက်ဆိုင်မှာအမူးလွန်ပြီး လာမစောင့်မိဘူးတဲ့လေ…အဲ့ဒါနဲ့ဒီမနက်လာကြည့်တော့မင်းကိုတွေ့တာနဲ့ငါ့ကိုလာခေါ်ကြတာပဲ…”

“အကိုက ……”

“အေး ငါက ဒီနားကရွာက ရာအိမ်မှူးပဲ…နာမည်က ကိုပြည့်လို့ခေါ်တယ်…”

“ဒီနားမှာရွာရှိတယ်လား…ကျနော်ညက မတွေ့မိပါဘူး…”

“ရှိတယ်…ဒါပေမယ့်ကားလမ်းဘေးက လှည်းလမ်းအတိုင်းဆင်းသွားရတာ…တော်တော်တော့ဝေးတယ်…”

“အော်…ဒါ့ကြောင့် ညကမမြင်မိတာကိုး…ဒါနဲ့သူ့ယောက်ျားဆိုတာကရော…”

“သူ့ယောက်ျားထွန်းမောင် ဆုံးသွားတာဖြင့်အရိုးတောင်ဆွေးတော့မယ်ဟ…”

“ဗျာ…………”

* * * * * * * * * *

ဟိုင်းဝေးလမ်းပေါ်မှာ ခရီးသွားရင်း အသုဘတဲနဲ့ လ္ဘက်ရည်ဆိုင်မှားပီး သရဲဖျော်တဲ့ လ္ဘက်ရည်ဝင်သောက်မိတဲ့ ညီညီတစ်ယောက်…

အဲ့ဒီနေ့အဲ့ဒီအချိန်ကစပြီး ဆိုင်ကယ်အရောင်းအဝယ်ကိုတတ်နိုင်သမျှ ကားနဲ့ပဲတင်ပြီး မလွှဲသာတဲ့အခါမျိုးမှသာ ဆိုင်ကယ်နဲ့ကိုယ်တိုင်သွားတော့တယ်…

သွားတဲ့အခါလည်း လမ်းမှာ ဘယ်လ္ဘက်ရည်ဆိုင်တွေ့တွေ့ဝင်မသောက်ရဲတော့ပါဘူးတဲ့ဗျာ……………။ ။

ပြီးးးးးး ။

Credit to ဒီလူ

သံသယ သားကောင် {စ/ဆုံး}

“” အား””

လည်ပင်းကို လာညှစ်သော အေးစက်စက်လက်ကြီးကြောင့် အသက်ရူကျပ်ကာ ဘချစ်အသံနက်ကြီးဖြင့် အော် လိုက်၏။ တစ်ယောက်တည်းသမားမို့ အိပ်ယာအထတွင်  ကျီးကန်းတောင်မှောက်ကြည့်၍ လူက ပိုပိုထိတ်လန့် လာသည်၊၊ ဒီရက်ပိုင်းအတွင်း ကံဆိုးနေပါလား။

အိမ်ရှေ့မှာ လူသံတွေဆူလာသဖြင့် ဘချစ်အားတက်ကာအိမ်ရှေ့လှေကားပုသို့ အပြေးခုန်ဆင်းလိုက်သည်၊၊

“” ဘာကိစ္စရှိလို့လဲ သူကြီး””

“” မင်းကို လာသတိပေးတာ လူသတ်မူနဲ့မင်းကို 

မသင်္ကာဖြစ်ရတဲ့အထဲ သူများအိပ်ချိန်ဘာလို့  အော်ဟစ်နေရတာလဲ။ မင်းကြောင့် အိပ်ရေးပျက်တယ်””

“” မကောင်းဆိုးဝါး လည်ပင်းညှစ်သလိုဖြစ်ပြီး

လန့်အော်မိတာပါ။ တောင်းပန်ပါတယ်ဗျာ””

“” ဒါပဲလေ သူကိုအောင်ခင်သရဲအနေနဲ့ပြန်ကလဲ့စားချေတာနေမယ်။ ဟေ့ကောင် မင်းအောင်ခင်ကိုသတ်တာဝန်ခံလိုက်တော့ တောက် သရဲဘောကြောင်တဲ့ကောင်””

“” သူခိုးက လူပြန်မဟစ်နဲ့ မင်းတို့က ငါရန်လိုတာ””

“” တိတ်ကြစမ်း ငါရှေ့မှာ ခွေးလိုကိုက်မနေနဲ့  

ငထွန်းမင်းကလည်း သက်သေမရှိပဲ မစွပ်စွဲနဲ့””

“” ဟုတ် သူကြီး””

“” ပြီးတော့ ဘချစ် သက်သေမရှိပေမယ့် အလောင်းက မင်း အိမ်ဝန်းအပြင်ဘက် တွေ့တာဆိုတော့ မင်းက

သံသယ အရှိဆုံးလူပဲ။ ဒါကြောင့်အနေအထိုင်ဆင်ခြင်ပါ””

“” ဟုတ်ကဲ့ပါ သူကြီး””

“” ကဲ သွားကြမယ်””

သူကြီးနှင့်ရွာသားများ ဘချစ်အိမ်ရှေ့ကနေ ထွက်ခွာသွားကြသည်၊၊ ဒီလိုဖြစ်ရပ်မျိုးဖြစ်မယ့်လို ယောင်လိုတောင်  မတွေးမိခဲ့၊၊ သေသွားတဲ့အောင်ခင်ဆိုတာက သူချစ်သူ စံပယ်ကို မရရတဲ့နည်းနဲ့သိမ်းပိုက်ချင်နေသူ၊၊ စံပယ်မိဘများက မိဘမရှိပေမယ့် ရိုးသားကြိုးစားသော ဘချစ်ကို သမီးဖြစ်သူနဲ့သဘောတူကြသည်၊၊ ဒါကြောင့် ဘချစ်ကို အသက်ရန်ရှာဖို့အထိ အောင်ခင်ကြိမ်းဝါးခဲ့သည်၊၊သူကိုဓားကြိမ်းကြိမ်းသော အောင်ခင်မှာ ဘချစ်အိမ်ရှေ့ တွင် ဝမ်းဗိုက်ဓားထိုးလျက် မရူမလှသေဆုံးသွားသည်၊၊

ဒီလူသတ်မူတွင် ဘချစ်ကမသင်္ကာစရာလူများထဲတွင် ထိပ်ဆုံးကပါနေခဲ့သည်၊၊ စံပယ်မိဘများကလည်းသူလိုအရင်လို မကြည်ဖြူ ကြတော့ပေ၊၊

° ° ° ° ° ° ° ° ° ° °

“ဟင်း ငါကိုလာခြောက်တာ အောင်ခင်လား။့ဒါ‌ပေမယ့်‌ ငါစိတ်ထဲမှာ သူမဟုတ်သလို ခံစားနေရတယ်။အင်းဘာပဲဖြစ်ဖြစ် သိမ်ဝင်ပုတီးလေးဆွဲအိပ်မယ်´´

သိမ်ဝင်ပုတီးလည်ပင်းဆွဲ၍ ဘချစ်ကောင်းမွန်စွာ 
ပြန်လည်အိပ်ပျော်သွားလေသည်‌၊၊ မနက်မိုးလင်း

ပြီထင်ပ၊၊ ဘချစ်အိပ်ချင်မူးတူးနှင့်အိမ်အပြင်က ချစ်သူ 

အသံလေးကြောင့် ကပျာကယာအိပ်ယာကထလာသည်၊၊
“” စံပယ် ‌ခေါ်နေတာကြာပြီလား””
“” တကတည်း အိမ်ကအဖေနဲ့အမေကမကြည်ဖြူ တဲ့ 

ကြားက သူဖို့ဟင်းလာပို့တာ သူက အိပ်ပုပ်ကြီးတာ””
“” ညက အကို အိပ်ရေးပျက်သွားတာကြောင့် မထနိုင်ဘူး

ဖြစ်သွားတာ။ ခုတလော အဆင်မပြေမူတွေ များတာနဲ့ 

ဟင်းကိုမချက်ဖြစ်ဘူး၊ စံပယ်လာပို့ပေးလို့သာ””
“” ကဲပါအကိုရယ် တရားကိုနတ်စောင့်ပါတယ်။

စံပယ် ပြန်တော့မယ်နော်””
မြင်ကွင်းထဲကနေ စံပယ်ပျောက်ကွယ်သွားတဲ့အထိ 

ငေးကြည့်ရင်း သက်ပြင်းရှည်ကြီး ချလိုက်မိသည်၊၊

အမြန်ဆုံး အောင်ခင်ကိုသတ်သော တရားခံကို မိပါစေ၊၊

ခုချိန်မှာ သူအလိုချင်ဆုံး ဆုကဒါပဲမလား၊၊ မနက်စာ

စားဖို့ ထမင်းချက်ကာ စံပယ်လာပို့သောဟင်းဖြင့်အမြန် 

စားလိုက်သည်၊၊ လယ်ထဲသွားဖို့ နောက်ကျနေပြီလေ၊၊
° ° ° ° ° ° ° ° ° ° °

့ 

#လမိုက်ည သန်းခေါင်ယံအချိန်  
“မင်းအောင်ခင်ကို သတ်တယ်ဆိုတာ 

ငါရအောင်ဖော်ပြမယ် ဘချစ်´´
ငထွန်းအနေဖြင့် ဘချစ်ကိုမကျေနပ်တာလည်း မလွန်ပါ၊၊

အောင်ခင်မကောင်းပေမယ့် သူအချစ်ရဆုံး သူငယ်ချင်းပင်။

တစ်ခြားလူအပေါ်မှာ အောင်ခင်မကောင်းသော်လည်း

ငထွန်းအပေါ်တွင် အရမ်းခင်တွယ်လေသည်၊၊ ငထွန်း

အမေ၏ ကျန်းမာရေးအတွက်လည်း အောင်ခင်က ငွေများ

ထုတ်ပေးလေ့ရှိသည်၊၊ အောင်ခင်သေဆုံးသောအခါ  

ဘချစ်သတ်တာလို့ပင် သံသယရှိမိသောကြောင့် ပြန်၍ 

သတ်ချင်မိသည်‌၊၊ ယခုတော့ အခွင့်အရေးပေးခဲ့ပြီ၊၊
“ ဘချစ် မင်းသေဖို့သာ ပြင်ထားတော့´´
“” ဟင်း “”
“” ဟင်””
သူနောက်ပါးတွင် ညည်းသံလိုလိုကြားလိုက်သဖြင့် ငထွန်း

နောက်ကို ဆက်ကတည်း လှည့်ကြည့်လိုက်သည်၊၊အမှောင်

ထဲတွင် အရာရာဟာ တိတ်ဆိတ်နေသည်၊၊ ဘချစ်တို့ အိမ် 

ဝန်းထဲရောက်ကတည်းက စိတ်ထဲတွင် ထိုင်းမှိုင်း

လာသည်။ တစ်ချက်တစ်ချက်အိမ်ထဲက ဘချစ်ဟောက်သံကြားရသည်‌။
“” အား ဘယ်သူလဲ လွှတ် လွှတ်””
သွေးညှီနံ့များ မွှန်ထူလာပြီး နောက်ကနေ ဖမ်းချူ ပ်ခံလိုက် 

ရသဖြင့် ငထွန်းကြောက်လန့်သွားသည်၊၊ အဘယ်ကြောင့် 

ဆိုသော သူကိုဖမ်းချူ ပ်သူသည် လူမဟုတ်သော်ကြောင့်၊

ငထွန်းမှာ မြေပြင်တွင် ကန်ပေါက်ခံလိုက်ရသည်၊၊မြေပြင်  

ပေါ်မှာ ပစ်လဲကျသွားပြီး ကန်ပေါက်သူကို အနီးကပ် 

သေချာမြင်လိုက်မှ အံ့သြသွားသည်၊၊
“”‘ဘီ ဘီလူးကြီး””
သူကိုဘီလူးကြီးက ထပ်မံအန္တရာယ်ပြုမလို့ရှိသေး၊ အပုပ် 

နံ့များ မွှန်ထူလာပြီး သူတို့ကြားထဲတွင် အောင်ခင်သရဲ 

ရောက်လာခဲ့သည်၊၊  
“” အောင်ခင် သူငယ်ချင်း””
“” ငါအိမ်စောင့်နတ်ကို ခွင့်တောင်းလာတာ၊ ဒီဘီလူး

အိမ်ဝင်းအပြင် ကိုင်ပေါက်တာကြောင့် ငါဝမ်းဗိုက်ကို 

လက်‌ကဓားနဲ့ထိုးမိပြီး သေဆုံးခဲ့ရတာ၊၊ ငါဘချစ်ကို ဓားနဲ့ 

ထိုးသတ်မယ်အကြံကြောင့် အကုသိုလ်အကျိုးပေးတာ

သူငယ်‌ချင်း ငါသေတာ ဘချစ်နဲ့မဆိုင်ဘူး သူကိုသွားနှိုး””
“” ‌အေး ‌အေးပါ ဟာ ဘီလူး မင်း ကို “”
“” ‌သေစမ်း ဘီလူးစုတ်‌””
ဘီလူးနဲ့အောင်ခင်တို့ အပြန်အလှန် သတ်ပုတ်နေကြသည်‌။

အောင်ခင်မှာ သရဲဘဝမှာတောင် ဘီလူးနှိပ်စက်ခံနေရ၏၊၊

ဘီလူးကို အောင်ခင်သရဲနိုင်ပုံမရသဖြင့် အိမ်ခန်းထဲဝင် 

ပြေးကာဘချစ်ကို လှုပ်နိုးလိုက်သည်၊၊
“” ဟေ့ကောင် ဘချစ်ထစမ်း””
“” ဟာ မင်းအခန်းထဲဘယ်လိုရောက်လာတာလဲ””
“” မင်းမွေးထားတဲ့ ဘီလူးနဲ့အောင်ခင်နဲ့ ချနေကြတယ်။

မင်းဘီလူးမွေးပြီး အောင်ခင်ကိုသတ်ခဲ့တာကွ””
“” ငါမသတ်ဘူး။ ဘီလူးလည်းမမွေးဘူး။

မင်းရှေ့က ဖယ်စမ်းကွာ””
ဘချစ်အိမ်ရှေ့ပြေးထွက်လာသည်၊၊ အိမ်ဝန်းထဲတွင်  

သတ်ပုတ်နေကြသော ဘီလူးနှင့်သရဲအောင်ခင်ကို 

ကြည့်ပြီး ကြောက်လန့်တကြား တရွာလုံးကြားအောင် 

အော်လိုက်လေသည်၊၊ ရွာထဲကလူများ ဘချစ်အိမ်ဝန်းထဲ 

ပြေးလာကြသည်၊၊
 ° ° ° ° ° ° ° ° ° ° °
“” ဟေး ဘာဖြစ်ကြတာလဲ “”
လူတွေ အသံကြားသောအခါ သရဲအောင်ခင်ရော ဘီလူး

ကြီးပါ ပျောက်ကွယ်သွားကြသည်၊၊ သူကြီး၏ လေသံ  

မာမာကြောင့် ဘချစ်နှင့်ငထွန်းမျက်နှာငယ်လေးဖြင့်  

အကြောင်းစုံရှင်းပြနေကြသည်၊၊
“” ဘာဘဲပြောပြောသူကြီး ဒီကောင်‌သူကိုယ်‌တိုင်‌ 

‌အောင်‌ခင်‌ကို မသတ်ပေမယ့် သူမွေးထားတဲ့ 

ဘီလူး‌ကြောင့်‌ ‌သေရတာ””
“” ကျွန်တော် ဘီလူး မမွေးပါဘူး သူကြီး””
“” ကဲ တိတ်ကြစမ်း””
“”ဘမောင် ဝင်ပြောလို့ရမလား 

ဘချစ်ကိုမေးစရာရှိလို့ “”
“” ရပါတယ်ဗျာ ကဲ ဘချစ် ဘမောင်မေးတာဖြေလိုက်””
“” အင်း မင်း အသားဟင်း နေ့တိုင်းချက်စားဖြစ်လား””
“” စားဖြစ်ပါတယ် ဘမောင်””
“” အသားဟင်းတွေကို ဆေးကြောတဲ့နေရာလိုက်ပြစမ်း””
ဘချစ်သူအသားများ ဆေးရာနေရာသို့ ခေါ်လာခဲ့သည်၊၊  

လူတိုင်းမျက်နှာတွင် တရားခံက ဘာမှန်းမသိသေး

သောကြောင့် ထိန်လန့်ကြောက်ရွံ့နေပုံရသည်၊၊
“” ဟော တရားခံက အဲ့အပင်ပဲ””
“” ဟာ အဘကလည်း ဒါတောထဲက ကျွန်တော် 

သဘောကျလို့ ယူလာတဲ့အပင်ပါ။

မင်းသားကြီး ဂမုန်းနဲ့တောင်တူသေး””
“” ဒါဂမုန်းပဲလေဘချစ် ဒါပေမယ့် နန်းထိုင် ဘီလူးဂမုန်း””
“” ကျွန်တော်တို့ အားလုံးနားမလည်ဘူး။ ဒါကြောင့် 

ဘမောင်က ရှင်းပြပေးပါ””
“”‘ကောင်းပြီ သူကြီး ဒီ နန်းထိုင်ဘီလူးက သွေးလောင်း

လေ ပိုကြီးထွားလာလေပဲ။ ခုဘချစ်က အသားဆေး

ပြီးသား‌ရေတွေကို အမှတ်တမဲ့ အပေါက်ကနေ ပတ်လိုက် 

တာ သူကိုမွေးထားသလိုဖြစ်ရောကွယ်။ ခုကြည့်   

ဘချစ်အိမ်ခိုးဝင်လာတဲ့ အောင်ခင်ကို ဒီဘီလူး

သတ်လိုက်တာဖြစ်မယ်””
“” ဟုတ်ပါတယ် ဘမောင်””
ငထွန်း သရဲအောင်ခင် ပြောသမျှကို ပြန်လည်ပြောပြ 

လိုက်သည်၊၊ လူအများနဲ့မို့ အန္တရာယ်မရှိနိုင်သော်လည်း

ကြောက်လန့်သူအချို့ မှာ အိမ်ပြန်သွားကြသည်၊၊
“” ဒါဆို ကျွန်တော်သာ သွေးမလောင်းခဲ့ရင်  

အောင်ခင်မသေနိုင်ဘူးပေါ့။ ကျွန်တော် အမှားပါ””
“” အောင်ခင် အကုသိုလ်စိတ်က သူသတ်လိုက်တာ

ဘချစ် အမှားမဟုတ်ပါဘူး။ ပြီးတော့ ဒီဂမုန်းက 

သွေးမလောင်းလည်း ခုမကြာခင်ပွင့်တော့မယ် 

ပန်းနှစ်ပွင့်သာ ပွင့်ခဲ့ရင် စိုက်တဲ့သူအလိုလိုသေမှာ””


“” ဗျာ ဒါဆိုဟိုတလောက ကျွန်တော်လည်ပင်း

လာညှစ်တာလည်း ဒီဘီလူးဖြစ်မယ်။ ဘာလို့ဆို 

ကျွန်တော်ဟင်းမချက်တော့ သူလည်း သွေး

မသောက်ရတော့ဘူးလေ””
“” မှန်တာပေါ့ ဘချစ်ကံမြင့်လို့ သေကံမရောက်တာ

ကဲ ဒီအပင်ကိုနှုတ်လိုက်ကြ အထဲက ဘီလူးမျက်နှာနဲ့ 

ဥကိုထုချေပြီးမှ ခပ်ဝေးဝေးကိုလွှတ်ပစ်‌။ ‌နောက်‌ဆို 

မစူးစမ်းနားမလည်‌ပဲ ‌တောထဲက အပင်‌‌တွေ ‌လျှောက်‌ 

ယူမလာကြနဲ့ သတိထားကြ””
“” ဟုတ်‌ကဲ့ပါ ဘ‌မောင်‌””

ဘချစ်နဲ့ငထွန်းတို့ ဘီလူးမျက်နှာနဲ့ဥကို အပြိုင်အဆိုင် 
ထုချေကြသည်၊၊ ခုဆို သူတို့နှစ်ဦး နားလည်မူရသွား

ကြပြီ၊၊ ဒီဖြစ်ရပ်များကို အောင်ခင်သရဲမှာ တစ်နေရာ

ကနေ ပြုံးရွှင်စွာကြည့်နေသည်၊၊ သူအသက်ကို ယူသွားတဲ့ ဘီလူးကြီး ပျက်စီးသွားပြီလေ၊၊ မကြာခင်မှာ သူလည်းတခြားဘဝသို့ ကူးပြောင်းရတော့မည်၊၊

“အချစ်စိတ်ကြောင့် မလုပ်သင့်တာလုပ်ခဲ့တဲ့ ငါကိုခွင့်လွှတ်ကြပါ ဘချစ်နဲ့စံပယ်´
သံသယ သားကောင်အဖြစ်ကနေ လွတ်မြောက်သွားလို့  ဘချစ်မှာ အချိန်များမဆွဲတော့ပဲ ချစ်ရသူစံပယ်နဲ့ တစ်ရွာလုံးမီးခိုးတိတ်ကျွေး၍ ပျော်ရွှင်စွာ လက်ထပ်ခဲ့ကြသည်၊၊အမေအိုကြီးဆုံးသွားတာဖြင့် ငထွန်းမှာတော့ ဘဝနေဝင်ချိန်ထိ တရားများအားထုတ်ဖို့ ဦးဇင်းဝတ်သွားခဲ့သည်၊၊
               (ပြီးပါပြီ)

စာဖတ်‌သူများကို လေးစားကျေးဇူးတင်လျက်,

# Written by,👻 ဇူးဇူးငယ် (ဇင်ငြိမ်းမွန်)

ကျွန်‌‌တော်‌က တွတ်‌ပီကာတွန်းမှန်‌သမျှ ဖတ်‌‌လေ့ရှိသည်‌။တစ်ရက် တွတ်ပီကာတွန်းထဲက နန်းထိုင်ဘီလူးဂမုန်းအကြောင်းဖတ်လိုက်ရတယ်… ငါဒီဂမုန်းနဲ့ပတ်သတ် ပြီး ဇာတ်လမ်းရေးရင်ကောင်းမလားဆိုပြီး တွေးမိတာနဲ့  ကြိုးစားရေးသား ပေးလိုက်ပါတယ်ရှင်။

” သိုက်ကြိုး ” ( စ / ဆုံး )

   🎵🎵 မွန်တို့ဌာနေ..ရာမညတိုင်းဆီ

 🎵🎵 လှမ်းခဲ့ပါ နှလုံးသား ဧည့်သည်…

  ဒီသီချင်းလေးကို ကြားတိုင်း မွန်ပြည်နယ်ရဲ့ အငွေ့အသက်တွေက နှလုံးသားထဲထိ ၀င်ရောက်လာတတ်တယ်..

တောင်ပေါ်တန်းက စေတီပုထိုးများ..

ညနေဆည်းဆာ ကမ်းနားလမ်းအလှ..များက ရောက်လာသူ အပေါင်းအား စိတ်အေးချမ်းစေခဲ့တယ်…

အလှတွေပေါင်းစုံ စုစည်းရာ မွန်ပြည်နယ် တစ်ဖြစ်လဲ ရာမညမြေကြီးမှာ ထူးဆန်းအံ့သြမှု များစွာလဲ ရှိနေခဲ့ပါတယ်…

မွန်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၀ခုရှိတယ်..

မွန်ပြည်နယ်ရဲ့မြို့တော်က မော်လမြိုင်မြို့.. မော်လမြိုင်မြို့ကနေ တောင်ဘက်ကို မိနစ် ၂၀လောက် ကားစီးလာမယ်ဆိုရင်..

မွန်လူမျိုးအများစုနေထိုင်ရာ မုဒုံမြို့သို့ ရောက်ရှိမှာဖြစ်ပါတယ်..

မုဒုံမြို့အ၀င်နားမှာ ကွေ့ဝမ်းဆိုတဲ့ ရွာကြီးတစ်ရွာရှိတယ်..

ကွေ့ဝမ်းရွာမှာ ဘယ်ခုနှစ်က တည်ထားမှန်း မသိတဲ့ ဘုရားတစ်ဆူရှိခဲ့တယ်..

လူကြီးသူမတွေရဲ့ တစ်ဆင့်စကား တစ်ဆင့်နား ပြောစကားတွေအရ…

ရှေးယခင် ဘုရင်တွေလက်ထက်က သံလွင်မြစ်..

ခေါင်းဆေးကျွန်းပေါ်ကနေ ဘုရားတည်ဖို့ အဓိဌာန်ပြီး မြှားနဲ့ပစ်ခဲ့ကြတယ်.. 

မြှားကျရာနေရာမှာ ဘုရားတွေတည်ခဲ့ကြတယ်.

ကွေ့ဝမ်းရွာမှာ တည်ထားတဲ့ ဘုရားက အဓိဌာန်မြှားကျရောက်တာလို့ လူကြီးတွေက .ပြောကြတယ်..

……..

မွေးပီလား… အမေ.. ကလေးမွေးပီလား..

မမွေးသေးဘူး… မွေးတော့မယ်လို့ လက်သည်က ပြောတယ်..

သားရယ် အင်္ဂဂုလိမာလ သုတ်လေး ရွတ်နေပါ..

မင်း မိန်းမ မွေးရဖွားရ လွယ်အောင်…

…..

အူဝဲ..အူဝဲ..အူဝဲ..

ဟ.. မွေးပီ.. မွေးပီ…

အမေ မွေးပီ…

ဘာလေးလဲ..

မိန်းကလေးဗျ…

အရီးလေး ကျုပ်သမီးက ချစ်စရာကောင်းလား..

ကောင်းပါ့ဗျာ… ဖြူဖြူလေး ချစ်စရာလေး..

ကျုပ်တွေ့ချင်တယ်…

……

ဟဲ့ အကောင် ၀င်မရသေးဘူးလေ..

မီးတွင်းထဲ ယောင်္ကျားလေးဝင်မရဘူးလေ..

ဟုတ်ပါ့ဗျာ.. ကျုပ် မေ့သွားတာ..

……

ကလေးက ဖြူဖြူဖွေးဖွေးလေး..

နာမည်ကို .. နှင်းဖြူလို့ ပေးခဲ့တယ်..

နှစ်တွေတစ်ဖြေးဖြေး ကြာလာတော့

နှင်းဖြူလေး တစ်ဖြေးဖြေး အရွယ်ရောက်လာပီ..

……

အရွယ်က တစ်ဖြေးဖြေး ကြီးလာတော့ အပျိုဖြန်း အရွယ်လေးတောင် ရောက်လာပီ..

တစ်ညမှာ…

ရွာဘက်တွေဆိုတော့ အိမ်သာကို ခြံဝန်းထဲမှာ ဆောက်ထားတာ.

ညဘက်အပေါ့သွားဖို့ ခြံထဲဆင်းသွားရင်း

ဘာတွေ့မှန်းမသိဘူး..

လန့်အော်လို့ လူကြီးတွေ သွားကြည့်တော့

နှင်းဖြူလေးက သတိမေ့နေပီ..

သတိလဲ ပြန်ရတော့.. အရင်လို စိတ်မူမမှန်တော့ဘူး..

ဒါမယ့် အရမ်းကြီးစိတ်လွတ်သွားတာတော့ မဟုတ်ဘူး..

ယဉ်ယဉ်လေးနဲ့ စိတ်လွတ်သွားတာ..

စိတ်လွတ်သွားတဲ့အချိန်ကစပြီး.

နှင်းဖြူလေးက တစ်နေ့တစ်ခြား ပိုပိုလှလာတယ်.

စံပယ်တင်မှဲ့လေးကလဲ ပေါ်လာတယ်..

ဆံပင်ကလဲ ပိုရှည်ပြီး နက်မှောင်လာတယ်..

…..

ဒါမယ့် တစ်ခါတစ်လေ အိပ်ယာထဲမှာ ထိုင်ပြီး တစ်စုံတစ်ယောက်နဲ့ စကားပြောနေသလိုလို..

စကားသံတွေ ကြားရတော့ အိမ်က လူကြီးတွေက ခိုးနားထောင်ရင် မပြောတော့ဘူးဗျ..

…..

ွထူးဆန်းတာက သူအဲလိုစကားပြောနေရင် တစ်အိမ်လုံး မွှေးနေတာပဲ..

ဘာအမွှေးနဲ့မှန်းမသိဘူး မွှေးတာတော့ တော်တော်မွှေးတယ်..


….

နှင်းဖြူလေးက စိတ်လွတ်တာက လွတ်တာပဲ .

အိမ်အလုပ်တွေတော့ ကူလုပ်ပေးတယ်ဗျ..

အဲ..ဒါပေမယ့် ညနေစောင်းရင်တော့ ဘာမှခိုင်းမရ တော့ဘူး…

ရေမိုးချိုး သနပ်ခါး အဖွေးသားလိမ်းတာပဲ..

ပြီးရင် အိမ်နောက်ဖေးမှာ ထိုင်ပြီး မြှားပစ်ပြီး အဓိဌာန်တည်ထားတဲ့ ဘုရားကို ငေးကြည့် နေတာပဲ..

…..

တစ်နေ့မှာတော့ အိမ်က အဖွားကို သူပြောတယ်.

အဖွား သမီး ပြန်တော့မယ်တဲ့..

ဒီမှာနေတာ မပျော်တော့ဘူးဆိုပြီး ပြောတော့

အဖွားက စိတ်မမှန်တဲ့အချိန် ပြောတာထင်ပြီး

နင်က ဘယ်သွားမှာလဲ မေးတော့..

မော်လမြိုင်က ကျိုက်သလ္လံ ဘုရားကို သွားမှာတဲ့.

အဖွားက လျောက်ပြောနေတယ်ထင်ပြီး..

သွား..သွားး အိပ်တော့..ဆိုပြီး ပြောလိုက်တယ်..

……

မနက်မိုးလင်း အိပ်ယာကမထတော့ သွားနိုးတာ.

နှင်းဖြူလေးက အသက်မရှိတော့ဘူး..

ဘာမှမဖြစ်ပဲနဲ့ ဆုံးသွားတာ.

ဒါမယ့် သူရက်လည်တော့ တစ်အိမ်လုံး အမွှေးနဲ့တွေ ကြိုင်ပြီးမွှေးနေတာပဲ..

နောက်နေ့ကျတော့ သူအမေကို အိမ်မက်ပေးတယ်..

သူက ကျိုက်သလ္လံဘုရားမှာ နေတယ်တဲ့..

ကျိုက်သလ္လံဘုရားနားမှာ ……. ခေါ်တဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်..

အဲဒီကျောင်းကို အမေ တစ်ယောက်ထဲလာခဲ့ပါ.

သမီးပိုင်တဲ့ ပစ္စည်းတွေထဲက တစ်ချို့တစ်ဝက်ကို ပေးမယ်ဆိုပြီး အိမ်မက်ပေးတယ်…

ဒါပေမယ့် သူအမေက မသွားခဲ့ဘူး..

…..

ကျိုက်သလ္လံဘုရားကို ရောက်တိုင်း သမီးလေး နာမည်ခေါ်ပြီး အမျှအတန်းတော့ ဝေဖြစ်တယ်..

…..

ခဏတာ အလည်လာတဲ့ သမီးလေးက ခုဆို သူဘ၀ဟောင်းမှာ ပျော်နေမလား..

…..

ဘုရားရောက်တိုင်း သမီးလေးကိုများ တွေ့လိုတွေ့ငြား လိုက်ရှာနေမိတာ ယနေ့ထိတိုင်ပဲပေါ့…

    ဖြစ်ရပ်မှန်အား အခြေခံ၍ ရေးသားထားပါသည်.

       လေးစားစွာဖြင့်

. ဇေယန ( ရာမည )

ရာဇဝင်ထဲကအချစ်သံသရာ••

13876157_576768015841063_3780567668713015037_n.jpg
~~~~~~~~~~~~~
{၁}
မိုးဦးလေဦးကျမို့•••
ဖားပုရစ်တွေ၏အသံက••စိတ်ပျက်စရာ
ကောင်းလောက်အောင်ဆူညံနေကြသည်။
“”သွန်းခ””
ဒီနေရာရောက်တာမကြာသေး။
မြို့ကြီးသားမို့တောအရပ်က
သူ့အတွက်အံဝင်ဂွင်ကျမဖြစ်နိုင်ပေ။
သို့ပေမယ့်
စိတ်ချမ်းသာစရာတစ်ခုတော့ရှိသည်။
ဒါက••သူဝါသနာပါသော••
ကဗျာကိုအေးအေးဆေးဆေး
တွေးပြီးရေးနိုင်သည်။
တကယ်တော့••သူကဒီရွာဇာတိမဟုတ်။
ဒီရွာလေးမှာအဖေနှင့်အမေက
နှစ်ထပ်ဆောင်ဓမ္မာရုံကြီးကို••
လှူထားတာမို့••အိမ်တွင်အားလပ်နေသောသူက
လာရောက်ဦးစီးခြင်းပင်ဖြစ်သည်။
ဆရာတော်ဘုရားက••အဖေ၏အစ်ကိုအရင်း
ဖြစ်လေသည်။•••တောနယ်ကသူ့အတွက်••
ပျင်းရိဖွယ်ကောင်းလှပေမယ့်
ရက်လေးများကြာလာတော့နေသား
ကျလာသည်။တောသူ
ပျိုဖြူများကလည်းချောသကိုးး။
ဘုန်းကြီးကျောင်းမှာပင်နေ၍••
ခုတော့လည်း””သွန်းခ””တစ်ဖြစ်လည်း
ဘုန်းကြီးကျောင်းသားလေးဖြစ်နေလေပြီ။
ဓမ္မာရုံဆောက်လုပ်သည့်
အင်ဂျင်နီယာ””ကိုအောင်ပိုင်ထွန်း””နှင့်အဖွဲ့
လည်းရှိတာမို့အဖော်ရသည်။
သို့ပေမယ့်••””အောင်ပိုင်ထွန်း””ကအလုပ်သမား
ခေါင်းဆောင်နှင့်လွဲကာ••မြို့သို့
သွားလိုက်လာလိုက်ပင်။
ဒီနေ့တော့ရွာသားများအကူအညီဖြင့်
အဆောက်အဦးနေရာတွင် မြေကျင်းတူးလေပြီ။
“”သွန်းခ””ကယောင်လည်လည်နှင့်
ဘယ်ကကူညီရမည်မသိဖြစ်နေလေသည်။
ရွာသားများမှာရိုးသားဖြူစင်မှုအပြည့်
ဖြင့်တက်ညီလက်ညီရှိကြသည်။
တစ်နေ့တည်းနှင့်ပင်•••
ဖောင်ဒေးရှင်းအတွက်မြေကျင်းက
ပြီးသလောက်ရှိပြီဖြစ်သည်။
ဆရာတော်•••ဘုရားကလည်း••
အနီးအနားမှအကဲခတ်ကြည့်ရှု၍နေလေသည်။
“”ဒုတ်•••ဒုတ်”””
“”ဆရာရေ••ဒီဘက်မှာ••ဆက်တူးလို့မရဘူးဗျ””
ရွာသားတစ်ယောက်အော်သံကြောင့်••
ထိုရွာသားများနားသို့အောင်ပိုင်ထွန်းအပါအဝင်
သွန်းခတို့ပါစုဝေးရောက်ရှိသွားလေသည်။
ဆရာတော်ကနေ့လည်ဆွမ်းစားကြွသွား
ပြီဖြစ်သည်။
သွန်းခတို့ရောက်သွားတော့သစ်သား
ပြားကြီးကန့်လန့်ခံနေတာတွေ့ရသည်။
“”ဆက်တူးလိုက်ပါဦးခင်ဗျ•••
ဒီတိုင်းထားလို့မရဘူး
ဆက်တူးပြီး••ယူထုတ်မှရမှာ•••
ဒါကြီးရှိနေရင်အုတ်မြစ်ချလို့ရမှာမဟုတ်ဘူး”””
ရွားသားများကထမင်းစားချိန်ပင်မနား
တက်ညီလက်ညီဆက်လက်တူးလိုက်ရာ
လိုဏ်ခေါင်းသံလိုလိုကြီးဖြစ်လာလေသည်။
သွန်းခလည်းစိတ်ဝင်စားလာကာ
“”ဘာကြီးလဲဟ•••”””
ဆက်တူးနေရင်း••သစ်သားပြားကြီးအား
ဆွဲထုတ်လိုက်ချိန်မှာတော့
“”ဟာ!!!!!!”””
ဟုတ်သည်••မျက်နှာချင်းဆိုင်အနေအထားဖြင့်လက်ချင်းယှက်လျက်
အရိုးစုနှစ်ခု•••
မြေတူးနေသော••အလုပ်သမားများသည်လည်း
ကျင်းပေါ်ပြန်ရောက်နေလေပြီ။
သွန်းခကကဗျာရေး၍ခံစားတတ်တာမို့
ထိုအရိုးစုနှစ်စုအားကြည့်၍
အပြည့်အဝခံစားသွားရသည်။
အရိုးစုသည်••ယောကျာ်းတစ်ယောက်နှင့်
မိန်းမတစ်ယောက်ဖြစ်လောက်သည်။
မျက်နှာအနေအထားသည်•••သက်ရှိထင်ရှားသာရှိခဲ့လျှင်
တစ်ယောက်နှင့်တစ်ယောက်စူးစူးစိုက်စိုက်
နိုင်လှမည်မှာသေချာသည်။
ကိုယ့်အတွေးနှင့်ကိုယ်•••
တွေးချင်ရာတွေးနေသော••သွန်းခမှာအောင်ပိုင်ထွန်းစကား
ကြောင့်အတွေးစများပြတ်တောက်သွားရသည်။
“”ဒါဘယ်လိုလုပ်မလဲ”””
“”ဆရာတော်ကိုလျှောက်ရင်ကောင်းပါ့မလား”””
ရွာသားများက
“”လူအရိုးကြီးတွေ့တာနိမိတ်မကောင်းဘူးဗျ”””
သွန်းခက
“”ဆရာတော်ဘုရားက••အယူသီးတယ်•••
တော်ကြာ••ဓမ္မာရုံဆောက်ဖို့နားလိုက်ရင်
မြေနေရာထပ်ရှာနေရမှာ”””
သွန်းခစကားကိုအောင်ပိုင်ထွန်းက•••
“””သွန်းခပြောတာဖြစ်နိုင်တယ်^••
ကျင်းတူးတာကပြီးသလောက်ဖြစ်နေပြီ
ဆရာတော်ကနေရာထပ်ပြောင်းချေဆိုအားလုံး
အစကပြန်စရတော့မှာ•••
ခင်ဗျားတို့ရွာသားတွေသဘောတူရင်
ဆရာတော်အသိမပေးပဲ
ဒီအတိုင်းရှင်းလိုက်ရင်ကောင်းမလားလို့””
ရွာမှလူကြီးအဖွဲ့ဝင်ဦးကံတိတ်က••
“”မောင်ရင်ပြောတာလည်းမဆိုးဘူး
ဆရာတော်ကဒါလုပ်ဟေ့ဆိုရင်••
ဘယ်သူမှမလွန်ဆန်နိုင်ဘူး
ဒီတော့ကြည့်ရှင်းလိုက်ကြရင်ကောင်း
မလားကိုသန်းလှ””
နံဘေးမှလူကြီးကိုတိုင်ပင်သလိုပြောလိုက်ကာ
“”ကောင်းတယ်ဗျ••လူအရိုးကဆွေးတောင်
နေပြီ••ဘာမှမဖြစ်လောက်ပါဘူး””
ဦးကံတိတ်က””ဒီလိုဆိုအားလုံး
နှုတ်လုံပါစေ••ရှင်းလိုက်ကြတာပေါ့”””
ထို့နောက်အရိုးအိတ်ယူလာကာ
အရိုးများစုထည့်ရန်ပြင်လိုက်သည်။
ဓမ္မာရုံနေရာနှင့်ကျောင်းဆောင်လှမ်းတာမို့တော်တော့သည်
ဆရာတော်ကျိန်းနေတုန်းအပြီးရှင်းရန်လိုသည်
မဟုတ်ပါလား။
ထူးဆန်းတာကနှစ်ပေါင်းနည်းမည်မဟုတ်
သောအရိုးစုသည်•လက်ချင်းယှက်ထားတာဖြုတ်မရနိုင်ဘဲရှိကာ•ကျိုးကျေဆွေးမြေ့ခြင်းမရှိခြင်းပင်။
ဒီနေရာမှာ••ဒီလိုလူ
နှစ်ယောက်သေဖူးတာဦးကံတိတ်တို့လို••
ရွာသားစစ်စစ်ဒီရွာမှာမွေးဒီရွာမှာကြီးကြတဲ့သူ
တွေပင်မသိတာ•••
ထိုအရိုးစုများမှာ••နှစ်ပေါင်းမည်မျှပင်မခန့်မှန်းနိုင်။
ပြဿနာတစ်စုံတစ်ရာတော့
ရှိမနေနိုင်ပါဘူးလေ။
အရိုးစုနှစ်ခုအားဆာလာအိတ်နှင့်ထည့်ကာ
ရွာကာလသားခေါင်း••””အောင်ဒင်နှင့်•••
ကာလသားများအားသင်္ချိုင်းတွင်သွားရောက်
မြုပ်နှံစေလိုက်သည်။
ထို့နောက်ထမင်းစားနားကာ•••
ညနေဘက်မြေကျင်းဆက်လက်တူးကြသည်။
အရိုးစုနှင့်ပတ်သက်၍•••
အထူးတဆန်းရှိကြပေမယ့်မည်သူမျှ••
တွေးမနေကြတော့။
သို့ပေမယ့်သွန်းခစိတ်ထဲလေးနေရသည်မဟုတ်ပါလား။
~~~~~~~~~~~
{၂}
သွန်းခသည်••နေ့လည်က••
အရိုးစုနှစ်ခုကိုမြင်ယောင်ရင်း•••
ကဗျာတစ်ပုဒ်ကိုရေးခြစ်နေမိသည်။
အရိုးစုအနေထားအရချစ်သူနှစ်ယောက်ဖြစ်လိမ့်မည်။
ပြတင်းတခါးဖွင့်ထားတာမို့
ဝိုင်းဝိုင်းစက်စက်လမင်းကြီးအား••အတိုင်းသားမြင်ရသည်။
မကြာပါ••တိမ်ညိုမဲများမှလမင်းကြီးအား
အကျည်းတန်စွာဝါးမျိုပစ်လိုက်ရာ••
ဝန်းကျင်တစ်ခုလုံးမှောင်အတိကျကာ
လေပြင်းများပင်ထန်လာသည်။
လျှပ်စီးများလက်လာကာ••လေနှင့်အတူ
မိုးစက်မိုးပေါက်များကိုသယ်ဆောင်လာသည်။
ပြတင်းတခါးလေးမှာတဝုန်းဝုန်းဖြင့်
ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေတာမို့
တံခါးပိတ်ရန်အထ••ရေနံဆီမီးအိမ်လေးမှာ••
ဟုတ်ကနဲငြိမ်းသွားလေသည်။
တံခါးဆီ••စမ်း၍လျှောက်သွားလိုက်ကာ••
တံခါးပိတ်ရန်လက်အလှမ်း
လျှပ်စီးအလက်တွင်•••
သူနေရာအဆောင်ဘက်ဆီမျက်လုံးစိမ်းများဖြင့်
ကြည့်နေသောယောကျာ်းတစ်ဦး။
လျှပ်တစ်ပြက်လှမ်းမြင်လိုက်တာတောင်
သွန်းခကျောထဲစိမ့်တက်သွားရသည်။
တံခါးကိုအမြန်ပိတ်ကာ••••
အင်္ကျီအိတ်ကပ်ထဲမှမီးခြစ်ကို•••
အမြန်ခြစ်၍••ရေနံဆီမီးအိမ်အား
မီးပြန်ထွန်းရန်ပြင်လိုက်သည်။
ရုတ်တရက်•••
လေပြင်းထန်နေတာမို့ရေနံဆီမီးအိမ်ထဲထွန်း၍မရပေ။
နီးရာဖယောင်းတိုင်အားထွန်းလိုက်သည်။
ဒါတောင်ဖယောင်းတိုင်မီးလေးကဟိုယိမ်းဒီယိမ်း
နှင့်အမြင်အာရုံမသဲကွဲ။
သွန်းခမှာလက်များပင်တုန်ယင်ကာ
တစ်စုံတစ်ရာအား•••
အသည်းအသန်ကြောက်ရွံ့နေမိသည်။
တစ်ယောက်ထဲနေမိတာလည်းနောင်တရသည်။
အစ်ကိုအောင်ပိုင်ထွန်းကိုခေါ်ထားရင်အကောင်းသား။
ကိုအောင်ပိုင်ထွန်းကအလုပ်သမားများအဖွဲ့နှင့်အတူ
ဇရပ်တွင်အိပ်သည်။
ရုတ်တရက်မီးရောင်မသဲမကွဲတွင်
သူ့ဘက်ကျောခိုင်းရပ်နေသော••
ဆံပင်ရှည်များကကျောလုံးပြည့်၍ခြေသလုံးသို့ပင်ထိနေသော
မိန်းမတစ်ယောက်ပုံစံကြောင့်•••
သွေးပျက်သွားရသည်။
“”မင်း•••မင်း•••ဘယ်သူလဲ””
အမျိုးသမီးကခွန်းတုံ့ပြန်စကားမဆိုပဲ
သူ့ဘက်လှည့်လာလေသည်။သူတွေ့ဖူးသမျှထဲတွင်
အလှအပဆုံးသော••မျက်နှာ•••ရုတ်တရက်မျက်လုံးများက
နီလာကာ••လက်အစုံကရှည်ထွက်လာသလိုထင်ရကာ
သူ့လည်ပင်းရှည်သို့။
သွန်းခမှာတဖြည်းဖြည်းအသက်ရှုကြပ်လာကာ
မျက်လုံးများဝေဝါး၍••လောကကြီးနှင့်အဆက်
အသွယ်ပြတ်သွားလေတော့သည်။
~~~~~~~~~~~~~~~~~~~
{၃}
ဇာတ်သိမ်း
~~~~~~~~~~~
“”အိမ်းးးးဒကာတို့ကအမှားကြီးမှာတာကိုးးး””
“””ခုတော့အားလုံးကိုယ်ကျိုးနည်းတော့မလို့”””
မျက်လုံးကိုအားယူဖွင့်လိုက်ရာ
မျက်နှာကျက်ဖြူဖြူအားအရင်မြင်ရသည်။
ထို့နောက်ဆရာတော်ဘုရားအားဖူးတွေ့ရတာမို့
သွန်းခမိမိကိုယ်ကိုယ်မသေဘူးဆိုတာသတိထားမိလိုက်သည်။
အောင်ပိုင်ထွန်းက
“”ညီသတိရပြီလား”””
“”အစ်ကို•••ကျွန်တော်•••ကျွန်တော်””
“”ညီဘာပြောချင်နေတယ်ဆိုတာသိတယ်
အားလုံးက••ဒုက္ခမျိုးစုံနဲ့ကြုံလိုက်ရတယ်ကွာ••
အစ်ကိုတို့အဖွဲ့မှာဆိုအလုပ်သမားခေါင်းက
ဝူးဝူးဝါးဝါးအောင်ပြီး
ချစ်ညိုကိုလည်ပင်းထညှစ်တာ•••
ကာလသားခေါင်းအောင်ဒင်ဆို•••
ရူးကြောင်မူးကြောင်ဖြစ်နေပြီ ဒါဟိုအရိုးစုကြောင့်”””
ဦးကံတိတ်က
“”အဘတို့အိမ်လည်းဘာထူးလည်း
ညကလျှပ်စီးလည်းလက်ခွေးတွေလည်းအူပြီး
လူနှစ်ယောက်တစ်ညလုံးဖြတ်လျှောက်နေတာ
တစ်ညလုံးဘယ်သူမှမအိပ်ရဘူး”””
ဆရာတော်ဦးသုမနမှာ••••
“”အိမ်းးးးအားလုံးကိုအပြစ်တင်နေလည်း
မထူးတော့ပါဘူး••ဘုန်းဘုန်းဘဝရဲ့
လျို့ဝှက်ချက်ကို••ဖွင့်ချလိုက်ရင်•••
ဒကာတို့အားလုံးနားလည်သွားမှာပါ””
“”တင်ပါ့ဘုရား”””
“”‘ဒီလိုကွဲ့”””
ဆရာတော်ဦးသုမနမှာ•••မျက်ဝန်းများပင်ရီဝေလာကာ
လွန်ခဲ့သောအတိတ်ဆီသို့မှန်းဆရင်း
အားလုံးမှာလည်းစီးမျောသွားရသည်။
~~~~~~~~~~~~~~~~
“”ကမြိုင်ရွာ”””
နေပြည်တော်နှင့်အလှမ်းကွာဝေးသော်
လည်းရွာနီးခြုံစပ်ရွာများတွင်••••
ထိုရွာသည်အစည်ကားဆုံးဖြစ်သည်။
ရွာထိပ်တွင်ရေကန်နှင့်•••တမာပင်ကြီးလည်းရှိသည်။
ရွာလူကြီးမှာဦးပန်းတင့်။••••
စိတ်ရင်းစေတနာကောင်းမွန်ကာ••
ရွာရဲ့လုံခြုံရေးအတွက်
ရွာကာလသားအချို့ကိုဗန်တို၊ဗန်ရှည်နှင့်မြန်မာသိုင်း
များကိုလည်းသင်ကြားပြသပေးသည်။
ဇနီးသည်ဆုံးသွားပြီဖြစ်၍••သမီးအချောအလှ•••
ယမင်းသူဇာ၊အစ်မဖြစ်သူဒေါ်ခင်ကြိုင်တို့နှင့်
အတူနေထိုင်လေသည်။
ဦးပန်းတင့်မှာစိတ်သဘေားထားကောင်း
လှသော်လည်းသမီးနှင့်ပတ်သက်သော
အတ္တကြီးကြီးမားမားရှိသည်။
တစ်နေ့ယမင်းသူဇာနှင့်•••ဦးပန်းတင့်သိုင်းသင်ပေးသော
ရွာကာလသားထဲမှ••သတ္တိဆိုသော••
လူငယ်တို့ချစ်ကြိုက်ခဲ့ကြသည်။
သူဇာအချောအလှအား
လိုချင်သူများတာမို့•••သတ္တိအားမနာလိုသော
ကာလသားများသည်••ဦးပန်းတင့်အားးး
အမျိုးမျိုးဂုန်းချောစကားပြောရာ
သတ္တိအား••သိုင်းသင်တန်းမှနှင်ထုတ်လိုက်လေသည်။
ယမင်းသူဇာနှင့်သတ္တိတို့မှာ••သာမန်သစ္စာ
တရားမဟုတ်ရကား•••ဦးပန်းတင့်လစ်သည်နှင့်ထွက်ပြေးလေသည်။•••
ကာလသားများသတင်းပေးမှုနှင်သိသွားသော
ဦးပန်းတင့်မှာ•••ကာလသားတစ်သိုက်နှင့်
အချိန်မီလိုက်ရာ ••တောထဲဘက်ဝင်ပြေးသော
ယမင်းသူဇာတို့စုံတွဲမှာ•••
တောဝက်ကျင်းထဲကျသွားလေတော့သည်။
တောဝက်ကျင်းမှာ••ကျလျှင်အလွယ်တကူထွက်ပြေးမရရန်
လူတစ်ရပ်စာကျင်းအနက်တူးထားတာမို့
ချက်ချင်းပြန်တက်မရပဲ
ဦးပန်းတင့်တို့အလွယ်တကူမိသွားလေတော့သည်။
ဦးပန်းတင့်မှာ•••
“”သမီးလေး••အဘနဲ့အိမ်ပြန်လိုက်ခဲ့ပါကွယ်””
ယမင်းသူဇာမှာအငိုမျက်နှာဖြင့်•••
“””အဘရယ်•••သမီးတို့ချစ်ခြင်းကိုမခွဲပါနဲ့”””
“””အဘနောက်ဆုံးပြောမယ်^••
သမီးအိမ်ပြန်လိုက်မလားဒီကောင်နဲ့သေမလား””
ယမင်းသူဇာမှာ•••ပြတ်သားသောမျက်နှာဖြင့်
သတ္တိလက်အားဆုပ်ကိုင်လိုက်ကာ
“”သမီးးမောင်ကြီးနဲ့သေပါရစေ”””
သတ္တိမှာချစ်သူလက်အားဆုပ်ကိုင်လိုက်ရင်း
“”နှမရယ်”””
ဦးပန်းတင့်မှာဒေါသအကြီးအကျယ်ထက်ကာ
“””မိုက်လိုက်တဲ့သမီး သမီးရွေးတဲ့လမ်းနောက်တမရပါစေနဲ့
ကဲတပည့်တို့ဒီကျင်းကိုအပေါ်က•••
ပိတ်မယ်•••
မနက်ဖြန်အဘပြန်လာမယ်သမီးနောင်တရရင်
အဘဆီလိုက်ခဲ့နိုင်တယ်”””
ယမင်းသူဇာမှာတုန့်ပြန်မပြောပဲ
ချစ်သူလက်အားရဲရဲကြီးဆုပ်ကိုင်လိုက်လေသည်။
ဦးပန်းတင့်တို့ပြန်ပြီးနောက်ညသည်
တဖြည်းဖြည်းမှောင်လာကာ••
အပေါ်မှဖိထားသော••သစ်လုံးများကိုမဖယ်နိုင်ပဲ
ချစ်သူနှစ်ယောက်
ကျင်းထဲမှာပင်••တစ်ယောက်လက်တစ်ရောက်ဆုပ်ကိုင်ကာ
အမှောင်ထုအားရင်ဆိုင်လိုက်သည်။
ထိုညကမိုးမှောင်တွေကျကာ
လေပြင်းများကလည်းအတိုင်းထက်အလွန်တိုက်လေသည်။
ဦးပန်းလှမှာအစောကြီးအိပ်ပျော်သွားကာ
သောကအားတဒင်္ဂမေ့ပျောက်သွားလေသည်။
မနက်ဖြန်သမီးအားပြန်ခေါ်ရမည်။
မိမိနှင့်တူသည့်စိတ်ဓာတ်ပြင်းထန်သောသမီးလေ။ရုတ်တရက်ဦးပန်းလှမှာလှုပ်နိုးခံလိုက်ရကာ
“”ဟင်••သမီးအဘဆီပြန်လာတယ်”””
“”အဘကိုလာနှုတ်ဆက်တာ•••
သမီးတို့ထာဝရမခွဲရတော့ဘူး••••
သမီးတို့ကိုခွဲရင်•••ဘေးဒုက္ခအမျိုးမျိုးကြုံရပါစေ
••အတ္တကြီးတဲ့အဘလည်း•••
သမီးတို့လိုအဖြစ်ဆိုးမျိးမကြုံရပါစေနဲ့”””
တဖြည်းဖြည်းနဲ့သမီးမျက်နှာမှာ
ကြောက်စရာကောင်းလောက်အောင်သွေး
ဆုပ်ဖြူလျော်လာကာ
မျက်လုံးမှသွေးမျက်ရည်များစီးကျလာလေသည်။
ဦးပန်းတင့်မှာ”””သမီးးး”””
အာခေါင်ခြစ်အော်ရင်းလန့်နိုးလာရာ•••
မနက်လင်းပေပြီ။
မိုးများကမစဲဘဲတစိမ့်စိမ့်ရွာနေဆဲ။
ဦးပန်းတင့်မှာအရူးတစ်ယောက်လိုဖြစ်ကာ
“”သမီးးးးငါ့သမီးးး”””
ကာလသားတွေစုတောထဲပြန်ရောက်ချိန်မှာတော့
တစ်ဦးနှင့်တစ်ဦးလက်ချင်းတွဲကာ••••
ကျင်းထဲတွင်တစ်ကိုယ်လုံးပြာနှမ်းကာ•••
အသက်ပျောက်နေသောချစ်သူနှစ်ဦး။
“””အားးးးးသမီးးးး”””
ကျင်းထဲတွင်ရေကဒူးဆစ်လောက်ထိတင်နေလေသည်။
ကျင်းထဲတွင်တစ်ယောက်နှင့်တစ်ယောက်မျက်နှာချင်းဆိုင်အိပ်ကာ ••အအေးပတ်၍••သေသည်လော•••
သစ်လုံးများအားဖယ်ချကာ•••ကာလသားများအား
သမီးအလောင်းအားတင်ရန်စေခိုင်းလိုက်သည်။
“””ဂျိမ်းးးးးး””
အလောင်းအားကိုင်ရုံရှိသေးသည်။
လျှပ်စီးလက်၍•••
မိုးကြိုးပစ်ချလိုက်ရာသစ်ပင်တချို့မီးပွင့်သွားလေသည်။
ကျင်းထဲကလူများမှာတစ်ကိုယ်လုံးထုံကျင်ကာ•••
ကျင်းပေါ်ပြန်လည်တက်လာကြသည်။
ဦးပန်းတင့်မှာသမီးစကားပြန်ကြားယောင်မိကာ
အလောင်းရွှေ့ရန်မစဉ်းစားတော့ပဲ••
အပေါ်မှ••ကျွန်းသားသစ်သားပြားဖြင့်ခံကာ
မြေဖို့၍•••ထိုနေရာမှာပင်သဂြိုလ်လိုက်သည်။
မိမိသည်လည်းထိုစိတ်နှင့်ပင်••သမီးသေပြီးတစ်လအ
ကြာသေဆုံးသွားလေသည်။
~~~~~~~~~~~~~~~
ဆရာတော်မှာစကားဆုံးသည်နှင့်မျက်ရသည်
များပင်ကျလာလေသည်။
သွန်းခမှာလည်းကြောက်စိတ်အလျဉ်းမရှိတောဘဲ
သနားလွန်းတာမို့မျက်ရည်များပင်ကျလာလေသည်။
ဦးကံတိတ်က••
“”အရှင်ဘုရားကဘယ်လိုသိတာလဲ••ဘရား”””
“””ဘုန်းဘုန်းကအတ္တကြီးပြီးမိုက်မဲတဲ့
ဖခင်ပါ•••ဒီအဖြစ်အပျက်တွေက••ဒီဘဝရောက်တာ
တောင်ဘုန်းဘုန်းကို••မနေ့တစ်နေ့ကလိုနှိပ်စက်နေတာပါ
ဒါကြောင့်မြို့မှာမနေနိုင်ဘဲ•••ဒီရွာကလေးကို
ရောက်လာရတာပါ•••
ဒီပန်းမြိုင်ရွာလေးက
တစ်ချိန်တုန်းက••လူမိုက်ကြီးဦးပန်းတင့်
ရဲ့ကမြိုင်ရွာပါ””
“”တင်ပါ့ဘုရား••စိတ်မကောင်းလိုက်တာဘုရား”””
အောင်ပိုင်ထွန်းမှာ••
“”တစ်သက်နဲ့တစ်ကိုယ်^•ဆန်းကြယ်မှုကြီးပါဘုရား
တပည့်တော်တို့ဘာဆက်လုပ်မလဲ””
ဆရာတော်က
“”သူတို့လည်းကျွတ်ချိန်တန်လို့လာပြတာပါ••
အရိုးစုကိုကောင်းကောင်းမွန်မွန်သဂြိုလ်ပြီး
ဓမ္မာရုံကိုဆက်လက်တည်ဆောက်မယ်
ပြီးရင်ရေစက်သွန်းချအမျှဝေတာပေါ့”””
~~~~~~~~~~~~~
ဆရာတော်ပြောသည့်အတိုင်းပင်•••
အရိုးစုအားကောင်းကောင်းမွန်မွန်ပြန်လည်သဂြိုလ်လိုက်ကာ
ဓမ္မာရုံကြီးကိုအပြီးသတ်ဆောက်လုပ်ကာ
ချစ်သူနှစ်ဦးအားရေစက်ချအမျှဝေလိုက်သည်။
သွန်းခမှာ•••
အိမ်ပြန်သည့်တိုင်•••
ရာဇဝင်ထဲကအချစ်ဇာတ်လမ်းလေးက
ရင်ဘတ်တစ်နေရာတွင်ကပ်ငြိပါလာလေတော့သည်။

The end.
7:34pm
M.M.K

Writer’ Mon Mon Khaing

” အေးသီမ”

59.jpg

” ဟဲ့.. အေးသီမ .. ထ ထ”
အမေ့အော်သံ အက်အက် ကြောင့် စောင်အစုတ်လေးထဲ ကွေးနေရာမှ သူဖျတ်ခနဲ လန့်နိုးသွား သည်။ ခြေထောက်နားမှ စိုစိစိ အထိအတွေ့ကြောင့် မောင်လေး သေးပေါက်ချ ထားပြန်ပြီဟု အိပ်ချင်မူးတူး တွေးမိသော်လည်း … မောင်လေး သေသွားပြီ ဆိုတာ သူ ချက်ခြင်း သတိရလိုက်သည် ။ မိုးယိုတာ ဖြစ်မည်။

မောင်လေးသေတာ ၇ ရက်ကျော်ခဲ့ပြီ။ အေးသီမ မောင်လေး သိပ်ချစ်ဖို့ ကောင်းခဲ့ပါသည်။ မဲတူးပြာခံနေသော ဝဝလုံးလုံး မောင်လေး.. ဘယ်သူမှသင်မပေးပါပဲ အေးသီမကို ပြုံးရယ်ပြတတ်သောမောင်လေး.. ။ဂျီးကြောင်းထနေသော ပါးဖောင်းဖောင်းလေးအား နမ်းမဝချင်။ မောင်လေး အခါလည် ကျော်ရုံကတည်းက အိမ်ကို အလုပ်အကျွေးပြုခဲ့သည်။ မအံ့သြပါနှင့် … အမှန်တကယ် မောင်လေး ရှာကျွေးသော ထမင်းများ အေးသီမတို့ စားခဲ့ရသည်။

“အံ့ကြည် နင့်ကလေး ငှါးမလား တရက် ၂ထောင်တဲ့ .. ဆန်ဖိုးရတာပေါ့ ။ ”
” ခေါ်သွားလေ .. ဟောဟိုမှာ”
အမေက ချဲတွက်မပျက်ပဲ ပုဆိုးစုတ် အထွေးထဲဖင်ပြောင် ကွေးကွေးလေး အိပ်ပျော်နေသော မောင်လေးကို မေးငေါ့ဖြေသည်။ မနေနိုင်သော အေးသီမ ကသာ

“ခဏလေးအန်တီ ဘယ်ထိထွက်ကြမှာတဲ့ လဲ?? မိုးတွေကအုံ့လို့.. သမီး မောင်လေးကို အနွေးထည်လေး ဝတ်ပေးလိုက်ချင်လို့… ”
” မသာမ လျှာရှည်မနေနဲ့ .. နင်ဘာဝတ်ပေးပေး ဟိုက ဟာတွေအကုန်ချွတ်ပြီး စွတ်ကျယ်စုတ်ပဲ ဆင်မှာ.. လုပ်စရာရှိတာလုပ်စမ်း ., စောက်စကားကို များတယ်”
အမေ့ငေါက်သံကြောင့် အေးသီမ အထွန့်မတတ်ရဲတော့.. ။
အန်တီအေး ဇတ်ကနဲ ပွေ့ယူသွားသော မောင်လေးကို မျက်ရည် အဝဲသား နှင့် လိုက်ကြည့်နေမိသည်.. ။ အိပ်ချင်မူးတူး နှင့်မို့ထင့် မောင်လေးဆီက ဘာသံမှမကြားရ .. ။ သုံးအိမ်ကျော်လောက်ရောက်မှ မောင်လေး လန့်ငိုသံကြားရသည် .. စူးစူးဝါးဝါး ကျယ်ကျယ် လောင်လောင်.. ။ မောင်လေးငိုနေသည့် အသံက ဝါးဝါး ဟု မထွက်ပဲ မမရေ မမရေ ဟု အေးသီမ ကြားနေသည်။ ကမန်းကတန်း တဲကပြင်လေးထိထွက်ပြီး မောင်လေးကို မြင်ရနိုး လိုက်ကြည့်သည်။ ပြီးတော့ စာရွက်များကြားထဲ ခံတံတစ်ချောင်းဖြင့် အလုပ်ရှုပ်နေသော အမေ့ဆီ ပြန်လာပြီး ..
“အမေ .. လုပ်ပါဦး မောင်လေးငိုနေတယ် .. မောင်လေးငိုနေတယ်တော့.. ”
“ဗြောင်း…. ”
” မှတ်ပလား ဟင်.. ကိုယ့်စောက်လုပ် မဟုတ်တာ ဝင်ဝင်ရှုပ်ချင်ဦး..။ နင့်မောင်တစ်ယောက်တည်း မဟုတ်ဘူး။ တရပ်ကွက် လုံးက ကလေးတွေ အငှါး လိုက်နေကြတာ မမြင်ဘူးလား? ဒါအလုပ်ပဲ။ ငါတားတားနေတဲ့ကြားက နင် ထမင်းရည်တွေ ခိုးခိုးတိုက်နေလို့ နင့်မောင် ဝလုံးနေလို့ ငှါးမယ့်လူမရှိတာ.. ။ ခုလာခေါ်ဖော်ရတာပဲကျေးဇူးတင် ။ မသာမ သေမယ်။ နောက်ခါ”

အမေ့လက်ကြမ်းကြီးရဲ့ ရိုက်ချက်ကကျောပြင်တစ်ခုလုံး အောင့်တတ်သွားသည်။ သို့သော် မနာပါ ။ နာနေသည်က အေးသီမ ဘယ်ဘက်ရင်အုံက ဖြစ်သည်။ ဘာကြောင့်လဲဆိုတာ ပညာမတတ်သော ၁၅ နှစ်သမီး အေးသီမ မတွေးတတ်။

ဒီလိုနှင့်ပဲ မောင်လေးကို နေ့စဉ် မနက်စောစော လာလာခေါ်ပြီး ညနေမိုးချုပ်ကြီးကျမှ လာပြန်ပေးကြသည်။ ပထမတော့ အေးသီမ မောင်လေး ပင်ပန်းပြီး အိပ်နေတာ ဖြစ်မယ်ဟုထင်သေးသည်။ ဒါပေမယ့် မောင်လေး အရင်လို မဟုတ်တော့.. မောင်လေး ထမင်းစားပါတယ် ပြောပြီး တဖြည်းဖြည်း.. ပိန်လာသည်။ ပြီးတော့ အချိန်တော်တော်များများ မောင်လေး အိပ်နေတတ်သည်။ ညမိုးချုပ်လို့ အေးသီမ ဆီမောင်လေးပြန်ရောက်တိုင်း အေးစက်နေသော အသားများနှင့် မောင်လေး အိပ်မောကျနေတတ်သည်။

အမြဲတမ်း အသားတွေ အေးစက်ပြီး လှုပ်ရှားမှုမရှိ အိပ်မောကျနေတတ်သော မောင်လေး.. မိုးသည်းသောမနက်ခင်းတစ်ခုတွင် အရင်အတိုင်း အသားတွေအေးစက်ကာ မလှုပ်မယှက် အိပ်ပျော်နေသည်။ မထူးဆန်းပါ… ထူခြားတာတစ်ခုက မောင်လေး အသက်မရှူတော့တာ ဖြစ်သည်။ ဟုတ်သည် မောင်လေး အဲ့လို သေသွားခဲ့တာ ဖြစ်သည်။

” ဟဲ့ မထသေးဘူးလား။ .. ထောင်ထဲဝင်သွားတဲ့ သတောင်းစား သူ့အဖေ အချိုးပါတော် .. စောက်ပျင်းတွေ တစ်တာ တစ်တာ ဆိုတာ။ မြန်မြန်ထ ကောင်မရဲ့ .. တိုးကျော် မမှီပဲနေမယ်”
” ဟုတ် အမေနိုးပါပြီ”
မောင်လေးအကြောင်းတွေးရင်း ဝဲမိသော မျက်ရည်စများကို မသုတ်တော့ပဲ လူးလဲထရင်း ရေကပြင်က မိုးရေခံထားသော ဇလားထဲမှမိုးရေများနှင့်ရောချလိုက်သည်။
အမေပြောတာ ဟုတ်သည်။ ကြည့်မြင်တိုင် ကမ်းနားကို မနက် ၅ ခွဲကပ်သော တိုးကျော် သင်္ဘောအမှီ ကောက်ညှင်းပေါင်း တောင်းနှင့်ရောက်ဖို့အရေးကြီးသည်။ ပြီးလျှင် ဆင်မင်းအိမ်ယာဘက် ပတ်ရမည်။ သူ၉ ခွဲအမှီ ကောင်ညှင်းပေါင်း ကုန်မှ ညနေ ၁၀နှစ်သမီး ညီမလေး ညဘက် မုန့်ဖက်ထုတ်ထွက်ရောင်းဖို့ အရင်းရပေမည်။ ပြီးလျှင် သူတနေကုန် ရေစည်လှဲတိုက်ရမည်။ မိုးရာသီမို့ အလုပ်မကောင်းလှ အိမ်ကျနည်းသည်။ အမေပြင်ပေးထားသော ကောက်ညှင်းပေါင်းတောင်း ခါးပေါ်ကောင်တင် ခေါင်းပုသုံးသော ဖေ့အမွေ ပုဆိုးစုတ်လေး ပုခုံးပေါ်လွှားရင်း သူလှေဆိပ်ဆင်းရန်ပြင်သည်.. ။
” ဟဲ့ ဒီမိုးကုန် နင်ဈေးဆက်မရောင်းရတော့ဘူး။ .. ရန်ကုန်ဘက် အလုပ်ဆင်းရမယ်.. မဆင်းခင် ၃ လခံဆေး ကြိုထိုးထားရမတဲ့.. ။ ငါ ကြည်အေးတို့နဲ့ ပြောပြီးပြီ။ .. ပြင်စရာရှိတာ ပြင်ထားချည်”
….
အမေ့အော်သံနဲ့ တဲအိုလေးကို အရေးတယူလုပ် လှည့်မကြည့်နေတော့.. ။
ဘာကို ပြင်ဆင်ထားရမည်နည်း …. ။
မိုးမလင်းသေးသောကြောင့်လား .. မိုးမှောင်ကြောင့်လား မသိ။
အေးသီမ ရှေ့က လမ်း တဆိတ်တော့ မှောင်လွန်းသည်။ ။

Inspired by true story
မြခွါညို

ကိုယ့်ထက်များစွာ နိမ့်ကျ ဆိုးရွားတဲ့ ဘဝတွေ ရှိနေတာကို သတိပြုမိရင်း .. ရထားတဲ့ ဘဝကို တန်ဖိုးထားတတ်ပါစေ.. အကျိုးရှိရှိ အသုံးချ တတ်ကြပါစေ.. လက်တကမ်း အကူအညီပေးနိုင်ကြပါစေ

ကိုတာတေရေးသားတဲ့ (ညမဖတ်ရ)

 58.jpg

{ကျောက်တလားချောင်း} (စ-ဆုံး)

ကျောက်တလားချေင်းတဲ့ဗျား၊။။

ကျုပ်တို့ရွာနဲ့တော့လှမ်းပါသေးတယ် ဂုံးတောတို့၊ယုံလွတ်တို့၊မြောက်ရိုးတို့ဘက်မှာဗျ။ ဘာကြောင့်ဒီနာမည်ခေါ်တယ်ဆိုတာတော့
ကျုပ်လည်းသေသေချာချာမသိပါဘူးဗျာ။ တစ်ချို့ကပြောတာတော့ လ
ပြည့်ညဆိုရင် ချောင်းထဲမှာကျောက်တလားကြီး တစ်လုံးပေါ်နေတယ်
တဲ့ဗျ။ အဲ့ဒီကျောက်တလားကြီးထဲမှာ ရွှေ၊ငွေ၊ရတနာတွေ အပြည့်ရှိ
တယ်ဆိုပဲ။အဲ့ဒါ ကျောက်တလားသိုက်က ဥစ္စာစောင့်တွေ စောင့်နေကြ
တဲ့သိုက်လို့ပြောတယ်ဗျ။ တာတေလည်း ကျောက်တလားချောင်းကို
လပြည့်ညတွေ ဖြတ်ကူးဖူးပါတယ် သူတို့ပြောတဲ့ ကျောက်တလားကြီး
တော့တစ်ခါမှ မတွေ့ပါဘူးဗျာ။ တစ်ချို့ကလည်းပြောကြသေးတယ်ဗျ။
ညနေမိုးချုပ်စဆိုရင် ကျောက်တလားချောင်းထဲမှာ ကြေးစည်သံတွေ
ခေါင်းလောင်းသံတွေ ကြားရတယ်ဆိုဘဲ။ချောင်းကတော့နွေမှာ
ပါရေရှိတဲ့ချောင်းဗျ နွေဘက်ဖြတ်ကူးရင်တောင်
ရေကဒူးဆစ်လောက်တော့မြုပ်သေးတာရေခန်းချောင်းမဟုတ်ဘူးဗျ
ဒီချောင်းရေကဘဟ်အထိဆင်းသွားတာလဲဆိုတာဘယ်သူမှတိတိကျ
ကျမသိကြဘူးဗျာ ကျူပ်လဲမသိဘူး။
တစ်ချို့ကပြောတော့ကျောက်တလားချောင်းက ယင်းချောင်းထဲကို
စီးဝင်တာလို့ပြောတယ်တချို့ကပြောတော့လဲတောနက်ကြီးထဲ
မှာပျောက်သွားတယ်ဆိုပဲဗျ။
ပြောရရင်တော့ ကျောက်တလားချောင်းပုံပြင်တွေကဆုံးးတော့
မှာမဟုတ်ပါဘူးဗျာ။
” တာတေ နင့်ကို ဆရာတော် ဦး ဂုဏခေါ်လို့ဆို နင်မသွားဘူး
လား”
ကျုပ် အိမ်ရှေ့ကခုံတန်းလျားပေါ်မှာထိုင်ပြီးစာအုပ်တစ်အုပ်ဖတ်နတာဗျ။
စာအုပ်ကလဲပြဲတောင်နေပါပီဗျာ ကံကြမ္မာဒိုက်မင်းကြီးဝတ္ထု တဲ့ ဗျ
စာရွက်တွေလဲဝါညစ်ပီးတစ်ချို့နေရာတွေမှာချတွေကိုက်လို့ အပေါက်
တွေဖစ်နေတာဗျ။ ဒီစာအုပ်ကို ကိုကြီးအောင်ခင်တို့အိမ်ကတွေ့လို့
ယူပီးဖတ်နေတာပါဗျာ။ တော်တော်ရှေးကျတဲ့ပုံပြင်တွေပေါ့ဗျာ။အစွမ်း
သတ္တိတွရှိတဲ့သရဲတစ်ကောင်ကလူတွေကိုဖုတ်ဝင်ပြီးပြော
တဲ့ ဇာတ်လမ်းတွေဗျ ။ ဖတ်လို့တော့အကောင်းသားပဲ။
အမေ့အသံကြားတော့ ကျုပ်ကဖတ်လက်စစာအုပ်ကိုစားပွဲပေါ်
တင်လိုက်ရတယ် ။
” ကျုပ်သွားပီးပီဗျ။ ဆရာတော်က စတုမဓူ ဆေးကျို ခိုငိးပါဗျာ။
စတုမဓူဆေးက မီးနွေးနွေးလေးနဲ့စိတ်ရှည်လက်ရှည် မွှေပေးရတယ်
လေ အမေရာ ။ တခြားသူတွေကျိုခိုင်းရင်စိတ်မရှည်ကြတော့မီးပြင်း
တွေနဲ့ကျိုလိုက်ရင်ဆေးအာနိသင်ပျက်မှာဆိုးလို့တဲ့ဗျို့။
” အင်းနင့်ဆရာတော်ကလဲတာတေမှတာတေဖစ်နတာနော်
ကြည့်လေဆေးကျိုတာတောင်တာတေကျိုမှစိတ်တိုင်းကြတာ”
ကျုပ်အမေပြောတာကိုနားထောင်းရင်းနဂါးဆေးပေါလိပ်လေး
ဖွာနေလိုက်တယ် အမေပြောတာဟုတ်တာ့လဲဟုတ်သားဗျ။ သြော်
ဆရာတော်ကလဲသက်တော်ကလေးရလာတော့ လူကြီးတွေရဲ့
သဘာဝကို ပြောင်းလာတာနေမှာပေါ့လို့ကျုပ်တွေးလိုက်မိတယ်

” တာတေရေ တာတေ”
” ဟဲ့ ဘယ်သူတုန်းတာတေ ဝိုင်းဝကခေါ်နေတာ။
အမေကမျက်မှောင်ကလေးကြုပ်ပီးဝိုင်းဝကိုကြည့်နေတယါဗျ။
ကျုပ်လဲဝိုင်းဝကိုလှမ်းကြည့်လိုက်မိတယ်။
ဟင်တောင်ပိုင်းကိုပြည်သိန်းကြီးဗျ။ဒီလူကျုပ်ဆီကိုတခါမှမလာ
ဖူးပါဘူး။
ပြည်သိန်းဟုတ်လား ကြည့်လုပ်နော်တာတေသူ့အဖေမြဒင်က
ဘဝသ်ခပ်ကိုင်ကိုင်ဟဲ့ လူတိုင်းကိုအဖက်လုပ်တာမဟုတ်ဘူးး
ကိုပြည်သိန်းကြီးလာလေဗျာ
ကျုပ်ကလှမ်းခေါ်လိုက်တော့မှကိုပြည်သိနါးကြီးဝင်လာတာဗျ။
အမေပြောတာလဲဟုတ်သားဗျ ဒီလူတွေမိသားစုကရွာထဲကလူတွေ
တာ သူ့အကိုကကိုကေိာါသိန်းတဲ့ဗျ။သူတို့မှာဒီညီiအကိုနှစ်ယောက်ပဲ
ရှိကြတာသူ့အဖေဦးမြဒင်ကရွာမှာလူချမ်းသာတယောက်ပေါ့ဗျာ။
သူတို့ပိုင်တဲ့ယာတွေကလည်းများသားဗျ။ ဒီလူတွေကဟိုနားဒီနား
တောင်မြင်းနဲ့သွားကြတာ။ သူတို့အိမ်ကြားမှာမြင်းနှစ်ကောင်ရှိတယ်
ဗျ။ နှစ်ကောင်လုံးမြင်းကောင်းချည်းင်္တေပဲ။
မင်းကိုတွေ့မှတွေ့ပါ့မလားလို့စိတ်ပူနေတာဟေ့။
ကိုပြည်သိန်းကအိမ်ပေါ်တတ်လာရင်းပြောတာဗျို့။
လာ ကိုပြည်သိန်းကြီးထိုင်အကြမ်းသောက်အုံး
ကျုပ်အကြမ်းတပန်းကန်ငှဲ့ပေးလိုက်တယ်။ နဂါးဆေးပေါလိမ့်လေးလဲ
မီးညှိပီးကမ်းပေးလိုက်တယ် ။
ကိုပြည်သိန်းကအကြမ်ျးသာက်ရင်းဆေးပေါလိပ်လေးဖလို့ဗျာ။
ကိုပြည်သိန်းဘယ်ကလှည့်လာတာတုန်းးး
ဘယ်ကမှလှည့်လာတာမဟုတ်ဘူးမင်းဆီကိုပဲတန်းလာခဲ့တာ
နို့ ကိစ အထွေအထူးရှိနလားလို့ဗျ
ကိစအထွေအထူးဆိုမကြားဖူးတဲ့ကိစလိုဖစ်နေလို့ကွတာတေရ
ဘာကိစများတုန်းဗျ
ကျုပ်လဲကိုပြည်သိန်းကိစကိုကြားတော့တော်တော်ကိုသိချင်သွား
တာဗျို့
ငါ့အကိုကျော်သိန်းကိုတစေကိုက်လိုင်လို့ကွ
ဗျာတစေကိုက်လိုက်တယ်ဟုတ်လား
အေးအ့ဒါကြောင့်ငါပြောတာကိစကမကြားဖူးတဲ့ကိစလို့
ကျုပ်လဲမကြားဖူးဘူးကိုပြည်သိန်းရဲ့ နို့ဘဟ်ကစစေကကိုက်လိုက်တာ
တုနါးဗျ။
ကျောက်တလားချောင်းကတစေဗျ
ဟင်တစေကိုက်တာရောဟုတ်ရဲ့လားဗျ။
ဟုတ်တယ်တာတေဟုတ်တယ် ကျော်သိန်းကသေလျာပြောတာ
ကဲဒီလိုလုပ်ကွာမင်းအားရင်ခဏလောက်ငါတို့အိမ်ကိုကြွကွာ
ဟာကိုပြည်သိန်းကလဲဘယ်နှယ်ကျုပ်ကိုကြွပါလဲကျုပ်က ဆရာမှ
မဟုတါတာ
ကျူပ်ကိုဆရာလိုပင့်နေပြန်ရောဗျာ။
ဒါကတော့တာတေရာသူနေရာနဲ့သူသူ့အထာကရှေိ့ပေါ့ကွ
ဟာကိုပြည်သိန်းရယ် ကျုပ်ကဘာမှမရှိပါဘူးဗျာဘယ်သူပဲဒုကခ
ရောက်ရောက်ကျုပ်ကကူညီချင်တာပဲရှိတာပါဗျာကြည့်ရမှာပေါါဗျာ။

ကဲဒါဆိုလဲသွားမယ်ကိုကြီးကျော်စိန်းကိုမေးစမ်းကြည့်ရမှာပေါ့
ဗျာ။ကျုပ်တို့ဘိုးမြဒင်ကြီးအိမ်ရောက်တော့ ဘိုးမြဒင်တို့လင်မယား
ကကျုပ်ကိုဝမ်းသာအားရနဲ့ကို ဆီးပြီးကြိုကြတာဗျို့။ “ကိုကြီးကျော်သိန်း
ကဘယ်မှာတုံးဘိုးရဲ့” ရှိတယ် တာတေရ၊မင်းကိုကြီးကျော်သိန်း
အိပ်ခန်းထဲမယ်။ကျုပ်နဲ့ကိုပြည်သိန်းက ကိုကျော်သိန်းအခန်းထဲကို ဝင်
လာခဲ့တယ်။ကိုကြီးကျော်သိန်းက ပက်လက်ကုလားထိုင်လေးမှာ ထိုင်
နေရာကနေ ပြုံးပြီးကြိုတယ်ဗျ။”လာဟေ့ တာတေ၊မင်းကိုငါခေါ်ခိုင်းတာ
ကွ၊ ဟုတ်ကဲ့ ကိုပြည်သိန်းပြောမှကျုပ်သိတာဗျ။”အေးကွာ ငါမှာလည်း
အထူးအဆန်းတွေကို ဖြစ်နေတာဟေ့” နို့ တစ္ဆေကဘယ်နားကို ကိုက်
လိုက်တာတုံးဗျ၊ ကျုပ်ကိုအနာပြပါအုံး။ “လက်မောင်းကို ကိုက်တာကွ၊
ဟောဒီမယ်”ကိုကြီးကျော်သိန်းကဝတ်ထားတဲ့ ရှမ်းအင်္ကျီအကွက်က
လေးကိုကြယ်သီးနှစ်လုံးဖြုတ်ပြီး ပုခုံးကိုလှန်ပြတယ်ဗျ။ ဟာ ဟုတ်သား
ပဲ၊နည်းတဲ့သွားရာကြီးမှ မဟုတ်တာ အစွယ်နှစ်ချောင်းအရာလည်း ပါ
တယ်ဗျ။။ ဒီတစ္ဆေကအစွယ်ပါ ထွက်နေတာဗျ။ ဘယ်လိုဖြစ်တာတုံးဗျ
ကိုကြီးကျော်သိန်းရ၊။

“အဲဒီနေ့က ငါယုံလွတ်ကိုသွားတာကွ၊အဲဒီမှာငါတို့ အဘငွေပေးထား
တာရှိတယ်။အဲ့ဒီကိစ္စသွားတာ ငါစီးနေကျ တိမ်ပျံကြီးနဲ့သွားတာကွ”
တိမ်ပျံဆိုတာ ကိုကြီးကျော်သိန်းစီးနေကျ မြင်းညိုကြီးကို ပြောတာဗျို့
“အပြန်မှာ ငွေတွေလည်းပါလာတော့ ငါကသတိနဲ့ပြန်လာတာကွ။
ကျောက်တလားချောင်းကိုဖြတ်တဲ့အချိန်မှာမှောင်တရီဖစ်နေပီ။
ဒါပေမယ့် လပြည့်ညဆိုတော့ လထွက်စအလင်းရောင်ကလေးတော့
မြင်နေရပီဗျ။ အဲ့ဒီတုံးမှာပဲ ငါ့မြင်းပေါ်ကိုလူတယောက်ခုန်တတ်သလို
ဖစိသွားတာကွ ငါလဲလန့်ပြီးလှည့်ကြည့်လိုက်တော့လူမဟုတ်ဘူးဟေ့
တစေ တစေ ။ သွားအကျဲ သားနဲ့တစေ ကရယ်ပြနေတာ။ ငါလဲလန့်သွာ
တာရော ပါလာတဲ့ ငွေတွေကို စိုးရိမ်တာရောဆိုတော့ဘာမှမတွေး
တော့ဘဲ ငါ့နောက်ကျောမှာကပ်ပီးပါလာတဲ့ တစေကို တတောင်နဲ့
လှမ်းပြီးတွတ်တာပေါ့ကွာ ။ မြင်းကလဲလန့်ပြီးဟီးရောဟေ့။
ပြီးတော့ချောင်းထဲက ဝုန်းဆိုင်းပြေးတာကွ။ရေသံမှတဝုန်းဝုန်း
ဖစ်နေတာဟေ့ငါလဲတစေကိုတတောင်နဲ့ ဆက်တိုက်တွတ်တာပေါ့
ကွာဒီမှာတင်စိတ်ဆိုးပြီးတစေကငါ့ပုခုံးကိုကိုက်လိုက်တာဟေ့။
ကျောက်တလားချောင်းတဖက်ကိုရောက်တော့ဒီကောင်မြင်းပေါ်
ကနေဆင်းပြေးတွားတယ် ။ရွာကိုဘယ်လိုရောက်လာမှန်းတောင်မသိ
တော့ပါဘူးကွာ။
” အခု ဒီအနာကိုဘာဆေးတွေထည့်တုန်း”
ဟာ ဆေးကလဲစုံပြီဟေ့ ပရောဂဆရာရော ဆေးရောတော်တော်ဆုံ
သွားပြီ။ ငါလဲဒီကိစလူသိမခံချင်တာနဲကြိတ်ပီးကုနေတာကွ။ ခုဟာက
ဘယ်လိုမှကိုကုလို့မရတော့ဘူးကွ။လက်မောင်းကြီးပါ
ရောင်နေပီတာတေရ။
ကျုပ် ခေါင်းညိတ်လိုက်တယ် ။
ကျုပ်လုပ်ပေးပါ့မယ်ကိုကြီးကျော်သိန်း
အေးကွာ တာတေရာ ငါ့ကိုကူညီပါအုံးကွာ။မင်းလိုချင်တာရှိရင်ပြောကွာ
ဒီည ခုနစ်နာရီလောက်ကြရင်ကျုပ်လာခဲ့မယ် ။ကျုပ်ကိုကြက်ကြီးကြီး
တကောင်အူစုံ အသဲစုံ ခေါင်း ခြေထောက် အစုံချက်ပေးထား။
ဆန်တပြည်လဲချက်ဗျာ။ ပြီးရင် ငှက်ပျောဖက်နဲ့ ထမင်းဟင်းရော
ထည့်ပီး ထမင်းထုပ် ထုပ်ထားဗျာ။ ပီးတော့ထမင်းတောင်းကလေးထဲ
ထည့်ထားပေါ့ ။ ကျန်တာတွေကျုပ်လုပ်မယ်။
ဟာစိတ်ချာတာတေရေ ငါအခုပဲကြက်သွားဝယ်ပီးချက်မယ် ။
ကိုပြည်သိန်းကပြောသဗျ။ ကျုပ်လဲအိမ်ပြန်လာပြီး ကျောက်ခဲကို
ဒေါ်တုတ် အခေါ်လွှတ်လိုက်ရတာပေါ့ဗျာ။ မီးလောင်ကုန်းကနေ
ကျောက်ခဲပြန်ရောက်လာတော့ ညနေတောင်တော်တော်စောင်း
နေပီဗျ ။
ကိုကြီးတာတေရေဒေါ်တူတ်က ဆပ်သမြောင်ဘက်ကိုသွားနေလို့
ကျုပ်စောင့်ခေါ်နေရတာဗျို့။
သြော် အေးအေး
ုပြီးတော့အမေကဒေါ်တုတ်ကိုထမင်းကျွေးပြီးဧည့်ခံထားတယ်ဗျ။
ပြီးတော့မိန်းမတို့သဘာဝတိုင်းပေါ့ဗျာတိုးတိုးနဲ့ကိုကြီးက်ေသိန်းတစေ
ကိုင်ခံရတဲ့အကြောင်းကိုပြောပြမေနရောဗျို့။
ညရှစ်နာရိထိုးမှပဲ ကျုပ်တို့ ဘိုးမြဒင်အိမ်မှာ ထမင်းတောင်းသွားယူ
ကြတယ်။ထနောင်းကုန်းသချိင်္ုင်းရောက်တော့ ညရှစ်နာရီခွဲဗျ။
ကျုပ်ထုံးစံအတိုင်းအားလုံးလုပ်ပီးမဖဲဝါကိုပင့်တော့တာပေါ့ဗျာ
မဖဲဝါကထမင်းစားရင်းကျုပ်မေးတာကိုဖြေတယ် ။
တာတေအဲ့ တစေကောင်ကမကြမ်းပါဘူး ။ ကျော်သိန်းကသွားပြီးရန်မူ
လို့ကိုက်လိုက်တာပါ ။ တစေကိုက်လိုက်တာကိုလွယ်လွယ်နဲ့ကုလို့ရမှာ
မဟုဘူး။ ရက်ကြာရင်သေတတ်တယ် ။ အဲ့ဒီတစေကိုပဲဆေး
သွားတောင်းမှရမယ် ။ နဲနဲပါးပါးကျွေးမွေးပီး
တောင်းပေါ့
အဖဲဝါကတော့ဒီလောက်ပဲပြောသွားတာဗျ။ နောက်နေ့ဆိုရင်လပြည့်
နေ့လေ ကျုပ်တွေးတယ် ဒီလိုညမျိုးမှာကိုကြီးကျော်သိန်းတစေကိုက်ခံရ
တာဗျ။ အင်းဟုတ်ပီ ကျူပ်စီစဥှ်ပီဗျို့။ ဘိုးမြဒင်ကို အမဲသားနဲ့ ဆန်တခွက်ချက်
ထမင်းထုပ်ထုပ်ခိုင်းရတာပေါ့ဗျာ။ ပီးတော့တိမ်ပြန်ကြီး
ကိုတောင်းတယ် ပေးတယ်ဗျာကျုပ်လိုချင်တာအားလုံး ပျာသလဲပေးတာပေါ့ဗျာ။
မဖဲဝါကကြာရင်သေနိုင်တယ်လို့ပြောတာကို
ကျုပ်ပြန်ပြောပြတာကိုးဗျ။
ညနေစောငါးတော့ထမင်းထုပ်ကိုလွယ်အိတ်ထဲထည့်စလွယ်သိုင်း
ပီးတိမ်ပျံကြီးနဲ့ကျုပ်ထွက်လာခဲ့တယ် ကျောက်ခဲတော့ခေါ်လို့
ဘဟ်ဖစ်မှာလဲဗျာ ကျုပ်တယောက်ထဲပေါ့။
ပီးတော့ကျုပ်ယူနေကြဆေးဝါးတွေကိုအားလုံးထားပစ်ခဲ့ရတာ
အဲဒါတွေပါရင်တစေကျုပ်နားကပ်မရမှာဆိုးလို့ ဗျို့။
ကျုပ်ကတိမ်ပျံကြီးကိုယုံလွတ်ဘက်ထိစီးသွားတယ်။ ညမှောင်စပျိုးတော့မှ
ကျောက်တလားချောကင်းဘက်ကိုအသားကြ
စီးလာခု့တာဗျ ။ ပီးတော့ကိုကြီးကေော်သိန်း ဆင်းခဲ့တယ်ဆိုတဲ့
နေရာ ကပဲချောင်းထဲကိုဆင်းလာခဲ့တာ ကျုပ်ချောင်းထဲဆင်းတော့
မေငါနေပီပဲဗျ။ အရှေ့ဘက်ကလထွက်စပြုနေင်္ပဆိုတော့ချောင်းထဲမှာ
နဲနဲ ကလေးလင်းနေတာပေါ့ဗျာ ။ ကျုပ်က မျက်ကွင်းအနေကိုအကဲခတ်
လိုက်တာပေါ့ဗျာ သြော်လက်စသဆ်တော့
တစေကောင်ကဘက်ပွေးပင်ပေါ်မှာဗျ
ကျကျနနကိုထိုင်နေတာဗျို့ သူကျုပ်ကိုတွေ့တယ်အကဲခတ်နေတာဗျ
ကျပိကတော့သူ့ကိုမြင်နိုင်ပေမယ့် မမြင်သလိုပဲမေနရတာပေါ့ဗျာ
ဟော ဒီကောင်ကလူပ်လာပီဗျို့ ကျပ်ကတိမ်ပျံကိုခပ်ဖြေးဖြေးပဲချေင်း
ရေထဲဆင်းခိုင်းနေတာဗျ ဒီကောင်ကနွယ်ချိုမဲ့ဆင်းလာပီဗျို့ေ ဟာ
ဒီကောင်ကကျုပ်မြင်းပေါ်ခုန်တတ်တော့မယ် ခုန်ပြီ
ဘုတ်
တိမ်ပျံ လန့်တွားတယ် ကျုပ်ကတိမ်ပျံကိုအသာလေးထိနါးလိုက်တယ်
ပြီးတောနောက်ကိုလှည့်ကြည့်တယ် အောင်မယ် တစေကကျုပ်ကို
သွားအကျဲသားနဲ့ ရယ်ပြနေတာဗျ
ခင်ဗျားဘယ်သွားချင်လို့တုန်း
ကျုပ်ကသူ့ကိုလှည့်မေးလိုက်တော့တစေအံ့သြသွားတယ်ဗျ။
ပြီးတော့တဖက်ကမ်းကိုလက်ညိုးထိုးပြတယ် ။ ‘ဒီတစေစကားမပြော
နိုင်ဘူးဗျ သွားကတော့အကျဲသားနဲ့ရယ်နေတာဗျို့ မဖဲဝါပြောတာဟုတ်သားဗျ
ဒီကောင်သိပ်ရီုင်းရိုင်းစိုင်းစိုးစ်း ဟုတ်ပုံ
မရဘူး
ဟော ဒီကောင်ကကျုပ်လွယိအိတ်ထဲကထမင်းအနံ့ရသွားပီ
နှာခေါင်းကလေးရူံရူံ နေတယ် အသားကတော့မည်းနက်နေတဲ့ကောင်ဗျ
အောက်ပိုင်းမှာပုဆိုးတိုတိုလေးဝတ်ထားတယ် ဒူးခေါင်းလောက်ပေါ့ဗျာ
အပေါပိုင်းမှာတော့အဝတ်မပါဘူးကိုယ်တုန်းလုံးနဲ့
ဟိုဘက်ကမ်းရောက်တော့မှခင်ဗျားကိုထမင်းကျွေးမယ် ကိုတစေ
တစေကဝမ်းသာသွားတဲ့ပုံဗျ
ဒါပေမဲ့ ကိုတစေ ခက်ဗျားကိုပြောရအုံးမယ်ဟို တခါလပြည့်ညတုန်းက
ကျုပ်အကိုက်ုကိုက်လွှတ်လိုက်တာ အဖစ်နေတယ်ဗျအဲဒါဆေးလိုချင်လို့
လာတာပီးတော့ကျုပ်အကိုကခင်ဗျားကိုရန်မူလို့ကိုက်လိုပ်တယ်ဆိုတာ
လဲကျုပ်တိပါတယ် အဲ့အတွက်လဲကိုပ်အက်ုကိုယ်စား ကိုတစေကို
တောင်းပန်ပါတယ် ဟ်ုဘက်ကမ်းကိုရောက်ရင်ကိုတစေက ခင်းဗျား
ကိုက်လိုက်တဲ့အနာ ပျောက်မဲ့ဆေးကျုပ်ကိုပေးပါ
ကျုပ်ကကိုတစေကိုဒအမဲသားနဲ့ ထမင်းကိုကျွေးပါ့မယ် ကဲဘယ့်
နယ်တုန်း
အသားမဲနက်ပြီး သွားအကျဲသားနဲ့ ရယ်နတဲ့တစေက ခေါင်းညိတ်ပြတယ်ဗျ
ကျောက်တလားချောင်းရဲ့ တဖက်လဲရောက်ရော တစ္ဆေကတိမ်ပျံင်္ကြီးပေါ်
ကနေခုန်ချပီး ဖျက်ခနဲပျောက်သွားတယ်ဗျ ။ကျုပ်ကတော့တိမ်ပျံကို
ဇောင်းချမ်းပင်အောက် ဆွဲသွားပြီးကြိုးး ချည်ထားလိုက်တယ်။ပြီး
တော့တစ္ဆေကိုထမင်းကျွေးဖို့ နေရာရှာရတာပေါ့ဗျာ။ ဟော တွေ့ပြီ
ဇောင်းချမ်းပင်နဲ့ မလှမ်းမကမ်းမှာကျောက်ပြားကြီးဗျ။ လရောင်လေး
ကလည်းသစ်ပင်တွေကိုဖြတ်ပြီး ထိုးကျနေတော့ မလင်းတလင်းဗျ။
ကျုပ်ကျောက်ဖျာပေါ်မှာ ထမင်းထုပ်ထုတ်ထားတဲ့ ငှက်ပျောဖက်ကို
ဖြည်ပြီးဖြန့်ခင်းထားလိုက်တယ်။အမဲသားဟင်းမွှေးချက်ကတော့ဗျာ
တစ္ဆေမပြောနဲ့ ကျုပ်တောင်စားချင်သွားတယ်။ ကျုပ်ကထမင်းစားပွဲ
ဘေးမှာရပ်နေတာဗျ တောတော်ကြာတဲ့အထိတစေကရောက်မလာတော့
ကျတော်စိတ်ပူသွားတယ် ဒီတစေဘယ်ကိုရောက်သွားမှန်းကျုပ်မသိ
ဘူး။ ကိုကြီးကျော်သိန်းအတွက်ဆေးမပေးလိုက်ရင်တော့ခက်ရောဗျာ
ကျုပ်ဟိုကြည့် ဒီကြည့် လျှောက်ကြည့်နေကြရတော့ပေါ့။
ဟီး ဟီး ဟီး ဟီး
ဟောတိမ်ပျံဟီတာဗျ ဇောင်းချမ်းပင်မှာချည်ထားတဲ့တိမ်ပျံကိုလှမ်းကြည့်
လိုက်တယ် ဟော လာပီဗျို့ မည်းနက်နေတဲ့တစေက ချူံဘုတ်တွေကိုတိုး
ပြီး ထွက်လာတာဗျ။ ဒါကိုတိမ်ပျံကတိလိုဟီလိုက်တာ
တစေကျုပ်အနားကိုကပ်လာတယ် သူ့လက်ကိုမြောက်ပီးကျုပ်ကိုတခုခု
လှမ်းပေးနေတာဗျ ကျုပ်ကသူပေးတာကိုလက်ဂ်ါဝါးဖြန့်ပီးတောင်း
လိုက်တယ်။ ကျောက်အိုးလေးသုံးလုံးဗျ။ ကျုပ်သေသေချာချာယူပီး
ကြည့်လိုက်တာ့ ကျောက်အိုးပုတ်ကလေးတွေဗျ။ကျုပ်ကိုတစေက
ရယ်ကျဲကျဲနဲ့ကြည့်နတယ်ပီးတော့သူရဲ့နားရှည်ရှည်ကြီးဘေးမှာလက်
ကိုကပ်ပီးတခုခုလူပ်ပြီးနားထောင်သလ်ုလုပ်ပြတယ် ကျုပ်သိပီ
ကျောက်အိုးပုတ် ကလေးက်ုယူပြီး ကျုပ်နား နားမှာလူပ်ကြည့်တယ်
ဖျတ် ဖျတ် ဖျတ်
ဟာ ကျေကါအိုးပုတ်ထဲမှာအရေတွေပဲဗျဒါဆးဖစ်မယ်ထင်တယ် ကျုပ်က
တစေယူဘာပေးတဲ့ကျောက်အိုးပုတ် သုံးလုံးစလုံးကိုလူပ်ကြည့်တယ်
အကုန်လုံးထဲမှာအရေတွေရှိတယ်ဗျ တစေကသူ့လက်မောင်းကိုဆေး
လိမ်းသလိုလုပ်ပြတယ် ကျုပ်ကသူပြောချင်တာကိုသိတယ်ဆိုပြီးခေါင်း
ညိတ်ပြလိုက်တယ်
ပြီးတော့ကျောက်ပြားကြီးပေါ်မှာ ကျုပ်ပြင်ပေးထားတဲ့ထမင်းပွဲကိုလက်
ညိုးထိုးပြတယ်
ကဲဒီထမင်းဟင်းတွေက ကိုတစေစားဖိုးကျုပ်ယူလာတာဗျ အားရပါးရ
သာစားပီတော့
ကျုပ်ကပြောလိုက်တော့တစေကကျုပ်ကိုရယ်ကျဲကျဲနဲ့ကြည့်တယ် ။ ပီး
တော့ကျောက်ပြားပေါ်တတ်ပြီးထိုင်ချလိုက်တယ် တစေ ကအားရပါး
ရကိုစားတော့တာပဲဗျို့။ တစ္ဆေပေးတဲ့ကျောက်အိုးပုတ်ကလေးသုံး
လုံးကိုလွယ်အိပ်ထဲသေသေချာချာထည့်ပြီး ကျုပ်နဲ့တိမ်ပျံ ကျောက်
တလားချောင်းကထွက်လာခဲ့ရောဗျို့။
ရွာရောက်တော့ကျုပ်ကိုစောင့်နေတဲ့ဘိုးမြဒင်တို့မိသားစုကိုအကျိုး
အကြောငါးကြောတော့ဝမ်းသာကြတာပေါ့ဗျာပီးတော့ကျုပ်ကိုယ်တိုင်
ပဲကျောက်အိုးပုတ်ကလေးတွေကိုသံစူးကလေးနဲ့ဖောက်ပီး
အထဲကအရေတွေကိုပုလင်းလေးနဲ့ထည့်ပေးလိုက်တယ်
ကိုပြည်သိန်းက ကြက်တောင်ကလေးတတောင်ယူလာပြီးဆေးရည်
ကိုကြက်တောင်နဲ့တို့ပီးးကိုကျော်သိန်းရဲ့လက်ကိုလိမ်းပးရေတာပေါ့
ကျုပ်အိမ်ပြန်ရောက်တော့အဘတို့အမေတို့တောင်
အိပ်နေကြပြီဗျ။နောက်နေ့မနက်အစောကြီး ကိုပြည်သိန်း ကျုပ်ဆီကိုရောက်လာပြီး
ပြောတယ်ဗျ။”တာတေရေ ကျော်သိန်းအနာကြီး ညကနှစ်ခါပဲလိမ်းရ
သေးတယ်တစ်ဝက်လောက်ကို ပျောက်သွားပြီဟေ့။ ဝမ်းသာအားရကို
လာပြောတာဗျ။သုံးရက်လောက်နေတော့ ကိုကြီးကျော်သိန်းကိုယ်တိုင်
ကျုပ်ဆီရောက်လာပြီး သူလက်မောင်းကိုလှန်ပြတယ်။ ဟာ ကျုပ်ဖြင့်
အံ့သြပြီးအော်တောင်အော်လိုက်မိတာဗျို့။ကိုကြီးကျော်သိန်းလက်မောင်းမှာ
ဘာဒဏ်ရာမှ မရှိတဲ့အပြင် နဂိုအသ
ားအတိုင်းဖြစါနေတာဗျ။ဒီနေရာမှာ လွန်ခဲ့တဲ့သုံးရက်ကနီရဲပြီး ရောင်
ကိုင်းနေတဲ့ အနာကြီးရှိခဲ့တယ်ဆိုတာပြောပြရင်တောင်ယုံမဲ့သူ
ရှိမှာမဟုတ်ဘူးဗျို့။

ကိုတာတေ ရေးသားတဲ့(ညမဖတ်ရ)
ကျောက်တလားချောင်း(စ/ဆုံး)

From-Min Thant Kyaw