စာဖတ်နှေးတဲ့သူတွေအတွက် စာဖတ်မြန်လာစေဖို့ အဓိကသိထားရမယ့်အချက် ၇ချက်

သင်ကစာဖတ်တာမြန်တဲ့သူတစ်ယောက်ဆိုရင်တော့ဒီစာကိုဖတ်စရာမလိုပါဘူး။ တကယ်လို့သင်ကစာဖတ်တာနှေးတယ်လို့ကိုယ့်ကိုယ်ကိုသိတဲ့သူဆိုရင် ဒီနည်းလမ်းတွေသုံးပြီးသ့င်ရဲ့စာဖတ်နှုန်းကိုမြှင့်လို့ရပါတယ်။ ဒီနည်းလမ်းတွေကသင့်ကိုစာဖတ်မြန်အောင်ကူညီပေးနိုင်ပါလိ့မ်မယ်။

၁။အသံထွက်ပြီး ရွတ်ဖတ်တတ်တဲ့အကျင့်ကိုဖျောက်ပါ

သင်က စာဖတ်တဲ့အခါအသံထွက်ပြီးဖတ်တဲ့လူတစ်ယောက်ဆိုရင် အဲ့ဒီအကျင့်ကို အခုက စပြီးဖျောက်လိုက်ပါတော့။ချက်ချင်းဖျောက်ဖို့လွယ်တာမဟုတ်လို့စာဖတ်တဲ့အခါ ပီကေ၀ါးပြီးဖြစ်စေ တတ်နိုင်သလောက်အသံထွက်ဖတ်တာကိုဖျောက်ပါ။အသံထွက်ပြီးဖတ်တာက သင့်ကိုစာဖတ်နှေးစေတဲ့အဓိကအချက်တစ်ခုပါပဲ။

၂။စာလုံးတိုင်းကိုမဖတ်ပါနဲ့

စာလုံးတွေကိုအကုန်မှတ်မိစရာမလိုပါဘူး။အကြောင်းအရာတွေကိုဆက်စပ်တွေးမိတတ်ဖို့ပဲလိုအပ်ပါတယ်။

အဲ့ဒါကြောင့်စာလုံးတိုင်းကိုဖတ်နေမယ်ဆိုရင် စာဖတ်တာမြန်လာမှာမဟုတ်ပါဘူး။ မျက်လုံးက စာလုံးတိုင်းကို လိုက်ဖတ်နေတဲ့အတွက်နောက်ထပ်စာလုံးတွေဆီ ကိုမြန်မြန်မရောက်နိုင်ပါဘူ။ သင့်ရဲ့မျက်လုံးက ဒီစာလုံးကိုဖတ်ပြီးတာနဲ့နောက်ထပ်တစ်နေရာ စီရွေ့ဖို့ကြိုးစားပါ။ဒါမှမဟုတ် စာလုံးတစ်လုံးကိုဖတ်နေတုန်း နောက်ထပ်စာလုံး တစ်လုံးကိုပါတွဲမြင်အောင်လေ့ကျင့်ပါ။စာလုံးတစ်ခုတည်းမှာပဲ မျက်လုံးကိုအာရုံစိုက်မထားပါနဲ့။

၃။မျက်လုံးကိုခဏခဏပုတ်ခက်ပုတ်ခက်မလုပ်ပါနဲ့

စာဖတ်နေတုန်းမှာသင်ကမျက်လုံးကိုပိတ်လိုက်ဖွင့်လိုက်ခဏခဏမလုပ်ပါနဲ့။အဲ့ဒါက အချိန်ကြာစေပါတယ်။တကယ်လို့ သင်ဟာမျက်လုံးပိတ်တာဖွင့်တာ တစ်ကြိမ်လျှော့ချလိုက်မယ်ဆိုရင် စာတစ်လုံးပိုပြီးမြန်မြန်ဖတ်နိုင်ပါလိမ့်မယ်။

၎။ဖတ်ပြီးတဲ့စာလုံးတွေကိုပြန်မကြည့်ပါနဲ့

စာဖတ်နေတုန်းမှာ သင့်ရဲ့မျက်လုံးကမကြာခဏဆိုသလို ပြီးသွားတဲ့စာလုံးတွေဆီကိုရောက်နေ တတ်ရင် အဲ့ဒါကို လျှော့ချဖို့လုပ်ပါ။ပြီးသွားတဲ့ စာလုံးတွေကိုနောက်တစ်ခေါက်ပြန်ပေါင်းဖတ်နေတာ က အချိန်ပိုကြာစေပါတယ်။အစမှာတော့ စာဖတ်နေရင်း အနည်းငယ်ကျော်သွားနိုင်ပေမဲ့ နောက်ဆိုတဖြည်းဖြည်းအလေ့အကျင့်ရလာပါလိမ့်မယ်။တကယ်လို့ကိုယ့်စိတ်ကို

သေချာမထိန်းနိုင်သေးဘူး ဆိုရင်ဖတ်ပြီးသွားတဲ့စာလုံးတွေကိုစာရွက်အလွတ်တစ်ရွက်နဲ့ ဖုံးပြီးဖတ်သွားကြည့်ပါ။စာဖတ်နှုန်းတိုးတက်လာပါလိမ့်မယ်။

၅။အဓိကဆိုလိုချင်တဲ့အကြောင်းအရာကိုဖတ်ပါ

သတင်းစာမှာအရေးကြီးအချက်အလက်ရှာရင်ခေါင်းစဉ်တွေကို အဓိကကြည့်ရှာသလိုပဲ စာဖတ်တဲ့အခါမှာ အဓိက ပြောချင်တဲ့အကြောင်းအရာခေါင်းစဉ်ကိုရှာပါ။ အရေးကြီး စကားလုံးတွေကိုေ ဘာပင်န်နဲ့ဖြစ်ဖြစ်မှတ်ထားပါ။ အရေးမကြီးတဲ့အကြောင်းအရာတွေဆိုရင် သာမန်ပဲ ဖတ်ပြီးကျော်လိုက်ပါ။စာဖတ်တဲ့အခါ ဘယ်အရာကတော့အရေးကြီးတယ် ၊ဘယ်အရာကတော့ သာမန်ပဲဆိုပြီးရွေးချယ်ဖတ်တတ်လာမယ်ဆိုရင် စာကြောင်းတွေအများကြီး ကိုမြန်မြန်ဖတ်နိုင်လာပြီးအဓိကဆိုလိုချင်တဲ့အကြောင်းအရာတွေကိုပိုပြီးရှာဖွေတတ်လာပါ လိမ့်မယ်။

၆။အက်ပလီကေးရှင်းသုံးပါ

ဖုန်းနဲ့ကွန်ပျူတာတွေမှာပါဝင်တတ်ပါတယ်။ကြိုက်ရာစာဖတ်နှုန်းကိုရွေးချယ်ပြီး ဖတ်နိုင်ပါတယ်။ စစချင်းဆိုရင်ပုံမှန်ပဲဖတ်ပြီး ကြာရင် အမြန်နှုန်းမြှင့်ပြီးဖတ်ပေးပါ။အဲ့ဒါကသင့်အတွက် စာဖတ်နှုန်းကိုပိုမြန်အောင်ကူညီပေးနိုင်ပါလိမ့်မယ်။

၇။ကိုယ့်ကိုယ်ကိုစမ်းသပ်ပါ

အချိန်သတ်မှတ်ထားပါ။သင်ကတစ်မိနစ်အတွင်းစာမျက်နှာဘယ်နှစ်လုံး၊ဘယ်နှစ်မျက်နှာဖတ်နိုင်လဲဆိုတာမျိုးပေါ့

။ပုံမှန်လေ့ကျင့်ပေးသွားပြီးသင့်ရဲ့စံနှုန်းကိုမြှင့်တင်ပါ။တဖြည်းဖြည်းနဲ့ကျွမ်းကျင် အဆင့်ရောက်လာတဲ့အထိ၊စာဖတ်မြန်တာပုံမှန်လို သက်တောင့်သက်သာဖြစ်သွားတဲ့ အထိလေ့ကျင့်ပေးနိုင်ပါတယ်။George Washingtonဆိုရင်မြင်းစီးရင်တောင် စာအုပ်တွေဖတ်သွားနိုင်တယ်လို့သိရပါတယ်။

ဒီအချက် ၇ချက်ကိုသေချာလေ့ကျင့်ပေးမယ်ဆိုရင် သင်ကမကြာခင်မှာ စာဖတ်မြန်တဲ့သူတစ်ယောက်ဖြစ်လာမှာအမှန်ပါပဲ။

အရပ်ပုတဲ့ကောင်လေးတွေအတွက် ယုံကြည်မှုအပြည့်ရှိပြီး စမတ်ကျစေမယ့်ဖက်ရှင်စတိုင်လ်များ

Shares 105

အရပ်ရှည်တဲ့သူနဲ့အရပ်ပုတဲ့သူယှဉ်လိုက်ရင် အရပ်ရှည်တဲ့သူကတော့ပိုပြီးစမတ်ကျမယ် ဆိုတာငြင်းစရာမရှိပါဘူး။ ဒါပေမဲ့အရပ်ပုပေမဲ့လည်း စတိုင်လ်ကျဖို့မဖြစ်နိုင်ဘူးဆိုပြီး စိတ်ဓာတ်ကျအားငယ်နေစရာမလိုပါဘူး။အရပ်ပုတဲ့အမျိုးသားတွေ၊ကောင်လေးတွေအတွက် စတိုင်လ်ကျစေမယ့်နည်းလမ်းလေးတွေ၊ဖက်ရှင်လေးတွေရှိပါတယ်။

ခပ်မိုက်မိုက်နဲ့စတိုင်လ်ကျဖို့ဘယ်လိုပုံစံမျိုးဝတ်ဆင်ရမလဲဆိုရင်…

၁)ခန္ဓာကိုယ်နဲ့ကွက်တိအ၀တ်အစားကိုဝတ်ပါ

အကျီပွပွ၊ဘောင်းဘီပွပွကို လူကိုဝသလိုဖြစ်စေတဲ့အပြင် အရပ်ကိုပိုပြီးပုနေသလိုဖြစ်စေပါတယ်။ အဲ့ဒါကြောင့်ကိုယ်နဲ့ကွက်တိဖြစ်တဲ့အ၀တ်အစားကိုသာရွေးချယ်ဝတ်ဆင်ပါ။

၂)ကိုယ်နဲ့အလိုက်ဖက်ဆုံးထင်တဲ့အ၀တ်အစားဒီဇိုင်းကို ၀တ်ဆင်ပါ

ဘယ်သူမဆိုကိုယ်ပိုင်စတိုင်လ်ဆိုတာရှိပါတယ်။ဥပမာ ကိုယ်က တီရှပ်နဲ့ဘောင်းဘီတိုနဲ့ ၀တ်သွားမယ်။သူငယ်ချင်းတွေ၊မိသားစုတွေကလည်း မင်းဒီလိုပုံစံနဲ့ပိုလိုက်တယ်လို့ပြောလေ့ရှိပြီး ကိုယ်ကိုယ်တိုင်ကလည်း ဒီအ၀တ်အစားဝတ်ရတာသက်တောင့်သက်သာနဲ့ စတိုင်လ်ကျတယ်လို့ခံစားရရင် အဲ့လိုအ၀တ်အစားပုံစံတွေများများဝတ်ပေးပါ။

၃)ဘောင်းဘီရှည်ကို တတ်နိုင်သလောက်မ၀တ်ပါနဲ့

အရပ်ပုတဲ့ကောင်လေးတွေက ဘောင်းဘီရှည်နဲ့မလိုက်ဖက်ပါဘူး။ အရပ်ကပုတဲ့အတွက်ဘောင်းဘီရှည်နဲ့ဆိုရင် ကြည့်လို့ကောင်းမှာမဟုတ်ပါဘူး။ များသောအားဖြင့်အရပ်ပုတဲ့ကောင်လေးတွေက ဒူးအတိဘောင်းဘီတွေ၊ဒူးလောက်ဂျင်းန်တွေနဲ့ပိုပြီး အဆင်ပြေလိုက်ဖက်ပါတယ်။ပေါ့ပေါ့ပါးပါးလည်းရှိတာပေါ့။ဘောင်းဘီရှည်ကိုတော့ မလွှဲသာမှဝတ်ဆင်ပါ။

၎)လိုက်ဖက်တဲ့အရောင်ကိုရွေးချယ်ပါ

ကိုယ့်ရဲ့အသားအရောင်နဲ့လိုက်ဖက်တဲ့အကျီအ၀တ်အစားအရောင်ကိုသေချာရွေးချယ်တတ်ဖို့ လိုပါတယ်။အသားဖြူတဲ့သူဆိုရင်တော့ ဘယ်လိုအရောင်နဲ့မဆိုလိုက်ဖက်ပြီး အသားညိုတယ်ဆိုရင်တော့ သေချာအရောင်ရွေးချယ်ဖို့လိုပါတယ်။ အရောင်တောက်တောက်တွေကိုလည်းရှောင်ပါ။

၅)ဈေးနှုန်းသင့်တင့်တဲ့အ၀တ်အစားကိုဝယ်ပါ

ဈေးသက်သာတဲ့အ၀တ်အစား အစုံ၃၀ထက် ဈေးနှုန်းသင့်တင့်ကောင်းမွန်တဲ့အ၀တ်အစား ၃စုံရှိတာက ပိုပြီးအဆင်ပြေပါတယ်။ကွာလတီကောင်းတဲ့အ၀တ်အစားတွေက ကိုယ့်ရဲ့ပုံစံကိုလည်း ပိုပြီးပေါ်လွင်စေပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိစေပါတယ်။

ယောက်ျားလေးတွေအတွက် အဓိကစတိုင်လ်ကျဖို့နဲ့ဆွဲဆောင်မှုရှိဖို့က အရပ်ရှည်တာ၊ အရပ်ပုတာထက် သန့်သန့်ရှင်းရှင်းနဲ့အမြဲတမ်းလန်းဆန်းတက်ကြွနေဖို့က ပိုပြီးအရေးကြီးပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကိုလည်းဂရုစိုက်မယ်၊အ၀တ်အစားကိုလည်းအပေါ်ကပုံစံအတိုင်း

ရွေးချယ်ဝတ်ဆင်တတ်သွားမယ်ဆိုရင်အရပ်ပုပေမဲ့လည်း စတိုင်လ်ကျပြီးခပ်မိုက်မိုက်ပုံစံမျိုးဖြစ်သွား မှာသေချာပါတယ်။

အရပ်ပုပုသေးသေးကောင်မလေးတွေရဲ့ အားသာချက်များ

Shares 0

အရပ်ပုတဲ့ကောင်မလေးဖြစ်ရတာ စိတ်ညစ်စရာမဟုတ်ပါဘူး။နေရာတိုင်းမှာအားသာချက် ၊အားနည်းချက်ဆိုတာရှိပါတယ်။ကိုရီးယားမင်းသမီးလေးတစ်ချို့ဆိုရင်လည်း လူကောင်သေးသေးပုပုလေးတွေပါပဲ။ဒါပေမဲ့ မြင်လိုက်တာနဲ့ချစ်ဖို့ကောင်းတယ် လို့ထင်တယ်ဟုတ်!အရပ်ပုပုသေးသေးကောင်မလေးတွေမှာလည်း တမူထူးခြားတဲ့အားသာချက်လေးတွေရှိပါတယ်။ဘာတွေလဲဆိုရင်…

၁)အရပ်ပုတဲ့ကောင်မလေးတွေဒေါက်ဖိနပ်အမြင့်လေးတွေစီးရင် အရုပ်လေးတစ်ရုပ်လို ချစ်ဖို့ကောင်းသွားပါတယ်။ကိုယ်ကြိုက်တဲ့ဒေါက်ဘယ်နှစ်လက်မဆိုတာကအစရွေးချယ်လို့ရပြီး ဖိနပ်အမြင့်လေးတွေကြိုက်သလို စီးလို့ရပါတယ်။ဖိနပ်အနိမ့်လေးနဲ့ဆိုရင်လည်း လှနေပြန်ရော။ နှစ်မျိုးလုံးနဲ့လိုက်ဖက်သူလေးတွေပေါ့။

၂)ဓာတ်ပုံရိုက်မယ်!နေရာယူဆိုရင် အရပ်ပုတဲ့ကောင်မလေးတွေ ကိုရှေ့ဆုံးမှာ ထားရပါတယ်။ (အရပ်ပုပု၊အရပ်မြင့်မြင့် ဓာတ်ပုံထဲပါဖို့က အရေးကြီးတယ်လေ 😀 ) အရှေ့ဆုံးမှာဆိုလည်း ကိုယ်က ပုပုသေးသေးလေးဆိုတော့ ဓာတ်ပုံထွက်လာရင် မလှမှာ၊ပုံအကြီးကြီးဖြစ်နေမှာလည်း မစိုးရိမ်ရတော့ပါဘူး။

၃)အရပ်ပုတဲ့ကောင်မလေးတွေဆိုတာ ရင်ခွင်မှီအရပ်လေးတွေပိုင်ဆိုင်ထားကြသူပေါ့။ ကိုယ့်ချစ်သူက ကိုယ်နဲ့အရပ်တူတူဆိုရင် ရင်ခွင်မှီလို့မရတော့ပါဘူး 😛 ။ဟုတ်တယ်ဟုတ်!

၎)အရပ်ပုတဲ့ကောင်မလေးတွေရဲ့ အားသာချက်နောက်တစ်ခုကတော့သူများကိုခိုင်းရတာပါပဲ 😛 ဟိုဟာလေး မမှီလို့ယူပေးပါဦး၊ဒီဟာလေး ယူပေးပါဦးဆိုပြီး ကိုကိုတွေ၊မမတွေကို ညာခိုင်း လို့ရတယ်နော်။Crush လေးနဲ့တိုးရင်လည်း ဇာတ်လမ်းလေးဆင်လို့ရတယ်ဆိုတော့ အရပ်ပုတဲ့ကောင်မလေးဖြစ်ရတာ မိုက်တာပေါ့။

၅)ရှိုးပွဲတွေ၊မွေးနေ့ပွဲတွေမှာ သူငယ်ချင်းတွေနဲ့အတူတူကဲမယ်ဆို ရင်လည်းကိုယ်ကအရပ်ပုလို့ ဦးစားပေးခံရပြီးရှေ့ဆုံးမှာထားခံရပါတယ်။အရှေ့ဆုံးမှာဆိုတော့ ကိုယ်ကြိုက်တဲ့ အနုပညာရှင်တွေကိုလည်းသေချာမြင်ရလို့ ရှိုးပွဲလာရတာတန်သွားပါပြီ!

၆) အရပ်ပုတဲ့အတွက် အ၀တ်အစားဆိုလည်းရှာရတာမခက်ပါဘူး။ ဒီခေတ်ကြီးမှာကြည့်လိုက်ရင် ကောင်မလေးသေးသေးပုပုလေးတွေချည်းဖြစ်နေသလို အ၀တ်အစားဆိုလည်း သူတို့ဆိုဒ်တွေချည်းပါပဲ။အဲ့ဒီတော့ ကိုယ်ကြိုက်တဲ့အ၀တ်အစားတွေ့ရင်လိုက်ပါ့မလား ဆိုပြီးစဉ်းစားနေစရာမလိုတော့ပါဘူး။ “ဘာဝတ်ဝတ်တင့်တယ်”ဆိုသလိုပဲ။မြန်မာဝတ်စုံလေးတွေ ၀တ်မလား?ဘာဘီရုပ်လေးလို ၀တ်မလား? ဘောင်းဘီတိုနဲ့စပို့ရှပ်၊ရှပ်အကျီလေးဝတ်မလား? ကဗျာဆန်ဆန်ဂါဝန်လေးတွေဝတ်မလား? ကြိုက်သလိုဝတ်လို့ရပါတယ်။ ကိုယ့်အတွက်ထုတ်ထားသလားထင်ရအောင် စတိုင်လ်မိုက်မိုက်နဲ့ခပ်လန်းလန်းအကျီတွေပါပဲ။

ကဲ အရပ်ပုပုသေးသေးကောင်မလေးတွေရဲ့  အားသာချက်တွေကိုပြောပြီးပြီဆိုတော့ ကိုယ်ကသူများတွေကြားထဲမှာ သေးသေးလေးဖြစ်နေလို့ စိတ်အားငယ်စရာမလိုတော့ဘူးနော် ❤

ကမ္ဘာ့အချမ်းသာဆုံး ကုမ္ပဏီတွေကကျွေးတဲ့ ဝန်ထမ်းတွေအတွက်နေ့လည်စာဆိုတာ ဘယ်လိုမျိုးလဲ?

ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးတွေက ဝန်ထမ်းတွေအတွက် နေ့လည်စာခင်းကျင်းပြင်ဆင်ပေးမှုကို လူတိုင်းသိချင်လောက်မယ်လို့ထင်ပါတယ်။ တကယ့်စားသောက်ဆိုင်ကြီးတွေလိုပဲ.. ၀န်ထမ်းတွေကိုကျွေးမွေးတာရှယ်ပါပဲ။ ဒီလိုကုမ္ပဏီကြီးတွေရေရှည် တည်တံ့ခိုင်မြဲနေတယ်ဆိုတာလည်း
ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့်ဆိုတော့ ဒီလောက်တော့လုပ်ပေးရမှာပေါ့။

Google


Google ရုံးချုပ်က နယူးယော့မြို့ မှာရှိပါတယ်။ ထိုကုမ္ပဏီက ၀န်ထမ်းတိုင်း တစ်နေ့ကို သုံးနပ်စာအလကား စားရပြီး အလှဆုံး ရှုခင်း Manhattan ကိုလည်း ကြည့်ရင်းပေါ့။ ကော်ဖီကနေရာတိုင်းမှာရနိုင်ပြီး ကိုယ်ကြိုက်နှစ်သက်ရာအစားစာ၊ အမြန်အစားသောက်နဲ့ မုန့်သရေစာ၊ ဒိန်ချဉ်နဲ့ သောက်စရာမျိုးစုံလည်းရရှိပါတယ်။

Apple


Apple ရုံးချုပ်က ကယ်လီဖိုးနီးယား Cupertino မှာတည်ရှိပါတယ်။ သူတို့ရဲ့ထမင်းစားဆောင်ကြီးကို Caffè Macs လို့ခေါ်တယ်။ အရမ်းကိုကျယ်ဝန်းပြီး အလင်းရောင်လည်းကောင်းကာ ကြိုက်သလောက်စားလို့ရတယ်။ Caffè Macs မှာ မက်စီကို၊ အီတလီ ၊ ဂျပန် ၊ စပိန် နဲ့ ပြင်သစ်
စာတွေရရှိပါတယ်။ မနက်စာတွေကတော့ ပြင်သစ် စတော်ဘယ်ရီ ပေါင်မုန့်မီးကင်၊ ချောကလက် ပန်ကိတ် ၊ လတ်ဆတ်တဲ့ အသီးဖျော်ရည်တွေရတယ်။ အချိုပွဲကတော့ ရေခဲမုန့်စသဖြင့် အများကြီးရှိပါတယ်။ မီနူးက အပြောင်းလဲရှိလို့ပါ။

Facebook


Facebook ရုံးချုပ်က ကယ်လီဖိုးနီးယား Menlo Park မှာရှိပါတယ်။ Epic Cafe မှာ ၀န်ထမ်းတစ်ယောက်ကို တစ်နေ့မှာ သုံးနပ်စားခွင့်ရပါတယ်။ သူ့ဆီမှာ အမေရိကန်နဲ့ အာရှအစားစာတွေအများဆုံးရပါတယ်။ ၀န်ထမ်းနဲ့အတူပါလာတဲ့ ဧည့်သည်တွေရှိရင်လည်း Discount ရသေးတယ်လို့ သိရပါတယ်။

Dropbox


Dropbox ရုံးကတော့ ကယ်လီဖိုးနီးယား ၊ ဆန်ဖရန်စ္စကိုမှာရှိပါတယ်။ သူတို့ဆီက ထမင်းစားဆောင်ကို Tuck Shop လို့ခေါ်တယ်။ မီတာ ၄၀၀ကျယ်ဝန်းပြီး ကြိုက်တဲ့အစားစာကို အကန့်သတ်မရှိစားလို့ရပါတယ်။ ကမ္ဘာတစ်ဝှမ်းက အကောင်းဆုံးစားသောက်ဆိုင်တွေမှာ အလုပ်လုပ်ခဲ့တဲ့ စားဖိုမှူးတွေကိုပဲ ခန့်ထားတာတဲ့။

Twitter


Twitter ကုမ္ပဏီကတော့ ၁၉၃၇ခုနှစ်တည်းက တည်ဆောက်ထားတဲ့ ဆန်ဖရန်စ္စရဲ့ မြို့ လယ်ခေါင် အဆောက်အုံကို အခုရွေ့ ပြောင်းလိုက်ပြီလို့သိရပါတယ်။ ၀န်ထမ်းတွေအတွက် ကြိုက်တာစား ၀န်ဆောင်မှုပေးထားပြီး ဟင်းလျာတွေကတော့ နှစ်မျိုးနှစ်စားကွဲပါတယ်။ လူမျိုးအလိုက် အကြိုက်ချင်း
မတူတာမို့ ရွေးချယ်စရာတွေများများစားစား စီစဉ်ပေးထားပါတယ်။

Bright Side


Bright Side ကုမ္ပဏီကြီးရဲ့ ဝန်ထမ်းတွေ ထမင်းစားဆောင်ကိုလည်းပြောပြပေးချင်ပါတယ်။ သူတို့ဆီမှာ ကွဲပြားခြားနားတဲ့ ရိုးရာဓလေ့တွေရှိတာကြောင့် ဟင်းလျာတွေကလည်း မျိုးစုံရှိပါတယ်။ အလုပ်တွေအရမ်းကြပ်လာတဲ့အခါ ခေါင်းစားလာရင် အစားယူနိုင်တဲ့နေရာတစ်ခုလည်းထားထားပေးပါတယ်။

ကိုယ်တိုင်ကမဖြစ်ချင်ပေမယ့် စိတ်ထဲကအလိုလို မနာလိုတဲ့ခံစားချက်တွေ ပေါ်လာရင် …

မနာလိုခြင်းဆိုတာ မကောင်းတဲ့စိတ်ခံစားချက်၊ သူများအောင်မြင်မှုကို ၀န်တိုခြင်းလို့ ခေါ်ကြတယ်။ လူ့သဘာဝအနေနဲ့ ကိုယ့်ထက် သာလွန်တဲ့လူကိုမြင်ရင် မနာလိုဖြစ်ကြတာမဆန်းပါဘူး။ မနာလိုတာနဲ့ အားကျတာကတော့ ကွာပါတယ်။ အားကျတာက သူတို့ဖြစ်ချင်တယ်၊ အောင်မြင်ချင်တဲ့
စိတ်သက်သက်ပဲရှိတယ်။ မနာလိုတာကျတော့ သူ့အောင်မြင်မှုအတွက် ကိုယ်က လိုက်မပျော်ပေးနိုင်တော့ဘူး။ စိတ်ထဲမှာ အလိုမကျမှုတွေ၊ ဒေါသတွေပါ ရောပါလာတယ်။

ကိုယ်တိုင်က ဒီလိုခံစားချက်ကြီးကိုမုန်းပေမယ့် တစ်ခါတစ်လေ စိတ်ထဲမှာခံစားလာရရင် ဘယ်လိုဖြေဖျောက်မလဲ ? မနာလိုဖြစ်နေတဲ့ စိတ်ကိုအကောင်းဘက်ရောက်အောင် ဘယ်လိုကိုင်တွယ်မလဲ ?

လေ့လာမှုများအရ မနာလိုဝန်တိုခြင်းဆိုတာ သဘာဝတစ်ခုဖြစ်လို့ သမိုင်းတစ်လျှောက်မှာတော့ ဓလေ့တစ်ခုအဖြစ်ရှိနေဆဲပါပဲ ။ သူငယ်ချင်း အချင်းချင်း ဆက်ဆံရေး၊ လုပ်ငန်းခွင် လုပ်ဖော်ကိုင်ဖက်ခြင်းဆက်ဆံရေးတွေမှာ မနာလိုဝန်တိုစိတ်တွေ အများဆုံးဖြတ်တတ်ပါတယ်။ ဆွေမျိုး အချင်းချင်း အမွေလုရာမှာလည်း ဒီလိုစိတ်တွေ ၀င်နိုင်တာပဲ။ ကိုယ်ကျင်လည်နေတဲ့ ပတ်ဝန်းကျင်တိုင်းမှာ ဒီစိတ်ကတော့ အမြဲရှိနေမှာပါပဲ။

ဒီလို ခံစားချက်ကြီးဝင်နေတာကို ဖယ်ထုတ်ပစ်ချင်တယ်ဆိုရင်တော့ အကောင်းဆုံးနည်းလမ်းက သူ့အကြောင်းမတွေးပါနဲ့။ ကိုယ်မနာလိုတဲ့လူအကြောင်းတွေးနေရခြင်းဟာ အားလည်းပိုကုန်စေပြီး ကိုယ့်ကိုယ်ကိုယ်နှိပ်စက်ရာရောက်ပါတယ်။ အကောင်းဆုံးက မတွေးပဲနေပါ။ သူ့မှာ ဘယ်အချက်တွေက သာလွန်နေတာလဲ… ဘယ်အရာတွေကြောင့် ငါ့ကို ဒီလိုစိတ်ခံစားချက်ဝင်အောင်လုပ်ရတာလဲဆိုတာ သေချာပြန်စဉ်းစားပါ။ လူတိုင်းမှာ ကိုယ်စီတန်ဖိုးဆိုတာ ရှိပြီးသားပါ။ သူများနဲ့တော့ လိုက်မယှဉ်ပါနဲ့ ။ ငါဘာတွေ ဆက်လုပ်မလဲ ? ဒီထက်ပိုပြီး အောင်မြင်အောင် ဘာတွေပြင်ဆင်မလဲဆိုတာ အရေးကြီးပါတယ်။ ထိုင်ပြီး သူ့အကြောင်းတွေး ပြီး မနာလိုဖြစ်နေမယ့်အစား အဲ့ဒီအချိန်လေးမှာ ကိုယ့်အတွက်အကျိုးရှိမယ့်အရာတစ်ခုခုကိုလုပ်လိုက်ခြင်းဟာ ကိုယ့်ရဲ့မနာလိုစိတ်ကို
ကောင်းတဲ့ဘက်ရောက်အောင် ဆွဲသွင်းလိုက်သလိုပါပဲ။ ကြိုးစားကြည့်ပါ… အစပိုင်းမှာတော့ ခဲယဉ်းပေမယ့် နောက်ပိုင်းတဖြည်းဖြည်း အသားကျလာပါလိမ့်မယ်။ 🙂

Ref- Treand Myanmr

ရိုဟင်ဂျာဒုက္ခသည်ကလေးငယ်များ ကျန်းမာရေးအန္တရာယ်ရှိ

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာကလေးငယ်များ

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာကလေးငယ်များ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar က ရိုဟင်ဂျာဒုက္ခသည်ကလေးငယ်ပေါင်း သန်းတ၀က်ကျော်ဟာ ကပ်ဘေးရောဂါ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး လာမယ့် ဆိုင်ကလုန်နဲ့ မုတ်သုန်ရာသီမှာ အမြောက်အများ သေဆုံးမယ့် အခြေအနေရှိနေကြောင်း ကုလသမဂ္ဂကလေးများရံပုံငွေ အဖွဲ့က သတိပေးပြောကြားလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ကုလသမဂ္ဂဌာနချုပ်ကနေ ဗွီအိုအေ သတင်းထောက် Lisa Schlein ပေးပို့ထားတဲ့ သတင်းလွှာကို မအင်ကြင်းနိုင်က ပြောပြမှာပါ။

နှစ်စဉ် နွေနဲ့ မိုးရာသီတွေရောက်တိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အပူပိုင်းဒေသ မုန်တိုင်းဒဏ်ကို အလူးအလဲခံရပါတယ်။ ဒါကြောင့်လည်း Cox’s Bazar မှာရှိတဲ့ ဒုက္ခသည်အကူအညီပေးရေးအဖွဲ့အစည်းတွေကနေ ဆိုင်ကလုန်နဲ့ မုတ်သုန်ရာသီ အဦးဆုံးကာလဖြစ်တဲ့ မေလ အစပိုင်းကနေ ဇူလိုင်လ နောက်ဆုံးပတ်တွေအတွင်း ရာသီဥတုဒဏ်ကြောင့် ဒုက္ခသည်စခန်းတွေမှာ အသေအဆုံးများနိုင်မယ့် အခြေအနေကို တွက်ဆနေကြတာပါ။

ညစ်ပတ်ပြီး ဖြစ်ကတတ်ဆန်း လုပ်ထားတဲ့ ယာယီတဲတွေမှာ လူတွေစုပြုံပြီး နေထိုင်နေရတဲ့ရိုဟင်ဂျာ ဒုက္ခသည် ၆၅၀,၀၀၀ ကျော်အတွက် အင်အားပြင်းထန်မယ့် မုန်တိုင်း တိုက်ခတ်မှု အပျက်အစီးတွေဖြစ်လာမယ့် အခြေအနေကို ရင်ဆိုင်ဖို့ကြိုတင်ပြင်ဆင်မှုတွေ မရှိသေးကြောင်း ကုလသမဂ္ဂလက်အောက်ခံအဖွဲ့တွေက သတိပေးနေပါတယ်။

ရာသီဥတု အခြေအနေတွေဆိုးရွားလာတာနဲ့အမျှ ဒုက္ခသည်စခန်းတွေမှာ ဖြစ်သလို စုပြုံ နေထိုင်နေရတဲ့ သိန်းနဲ့ချီတဲ့ ကလေးငယ်တွေအတွက် ကျန်းမာရေးအန္တရာယ်နဲ့ လုံခြုံမှု ကင်းမဲ့မယ့် အခြေအနေတွေ ပိုပြီးတိုးလာဖို့ပဲရှိကြောင်း ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ ပြောခွင့်ရ Christophe Boulierac ကပြောပါတယ်။ မုတ်သုန်ရာသီရောက်ပြီဆိုရင် ရောဂါတွေအဖြစ်များပြီး ရေကြီး မြေပြိုတာ အပြင် အခြား ဆိုးရွာတဲ့အခြေအနေတွေဖြစ်လာဖို့ရှိကြောင်း သူက အခုလို ဆိုပါတယ်။

“လက်ရှိ Cox’s Bazar က ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ ကလေးပေါင်း ၅၂၀,၀၀ ဟာ လူသားချင်းဆိုင်ရာ အခြေအနေတွေ ကြောက်စရာကောင်းလောက်အောင်ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပြီး မကြာခင် သီတင်းပတ်တွေအတွင်း ရောက်လာတော့မယ့် ဆိုင်ကလုန်နဲ့ မုတ်သုန်ရာသီမှာဆိုရင်တော့ တကယ့်ကိုကြီးမားလှတဲ့ လူသားဘေးဒုက္ခကြီးကို တွေ့ကြုံရဖို့ရှိနေပါတယ်။”

သောက်သုံးရေမသန့်ရှင်းမှု၊ မိလ္လာစနစ် မလုံလောက်မှု၊ တကိုယ်ရေနဲ့ ဘေးပတ်ဝန်းကျင်သန့်ရှင်းမှု နည်းပါးတာတွေကြောင့် ကပ်ဘေးရောဂါဖြစ်လာဖို့ အလားအလာရှိနေသလို ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ ကာလ၀မ်းရောဂါနဲ့ ဆုံဆို့နာ ရောဂါတွေကြောင့် သေဆုံးမှုတွေနဲ့ အခြားကူးစက်ရောဂါတွေကို ပိုပြီး ဆိုးရွားလာစေမှာဖြစ်ကြောင်း Christophe Boulierac က ပြောပါတယ်။

ကုလသမဂ္ဂ ကလေးသူငယ်များအရေးပေါ်ရံပုံငွေအဖွဲ့ UNICEF အနေနဲ့လည်း ရိုဟင်ဂျာဒုက္ခသည်ကလေးတွေကို ရောဂါဘေးအန္တရာယ်ကနေ ကင်းဝေးအောင် ဆောင်ရွက်ပေးဖို့ အချက်ကို အဓိက ဦးစားပေးလုပ်ဆောင်နေကြောင်း ကြေညာထားပါတယ်။ သောက်သုံးရေသန့်ရှင်းမှုရှိအောင်၊ မိလ္လာစနစ်အလုံအလောက်ရှိအောင် အပြင် ဆုံဆို့နာအပါအ၀င် အခြားကူးစက်ရောဂါတွေမဖြစ်အောင် ကာကွယ်ဆေးထိုးပေးတာ စတာတွေကို UNICEF အနေနဲ့ ထောက်ပံကူညီနေကြောင်း သူတို့ရဲ့ အစီရင်ခံစာမှာလည်း ဖေါ်ပြထားပါတယ်။ ဒါပေမယ့်လည်း ရာသီဥတုအလွန်အမင်းဆိုးရွားမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါတွေအတွက် ဒီထောက်ပံမှုတွေဟာ လုံလောက်မှုမရှိသေးကြောင်း UNICEF ကသတိပေးထားပါတယ်။

Ref- burmese.voanews.com

ARSA တပ်ဖွဲ့ဝင် အမည်စာရင်း မြန်မာက ဘင်္ဂလားဒေ့ရှ် ပေးအပ်

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ရိုဟင်ဂျာ တချို့ (သြဂုတ်လ ၂၀၁၇)

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ရိုဟင်ဂျာ တချို့ (သြဂုတ်လ ၂၀၁၇)

ARSA လို့ခေါ်တဲ့ ရခိုင်ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ဝင် ၁၃၀၀ ကျော်ရဲ့ အမည်စာရင်းတွေကို မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေထံ ပေးအပ်လိုက်ပါတယ်။

နိုဝင်ဘာလ ၁၄ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးနဲ့ ငြိမ်ဝတ်ပိပြားမှု ပူပေါင်းဆောင်ရွက်ရေး ဗဟိုအဆင့် အစည်းအဝေးမှာ အခုလိုပြုလုပ်ခဲ့တာဖြစ်တယ်လို့ မြန်မာပြန်ကြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောကြားကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် Daily Star သတင်းမှာဖေါ်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ကလည်း ၁၉၈၀ ခုနှစ် မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ်သဘောတူညီချက်အရ အာဆာ (ARSA) အစွန်းရောက်အဖွဲ့ဝင်တွေကို သက်ဆိုင်ရာ အပစ်ကျူးလွန်ခဲ့တဲ့နိုင်ငံထံ လွှဲပြောင်းပေးခဲ့ကြောင်း အသိပေးခဲ့ပြီး သူတို့ကို ဥပဒေအရ အရေးယူနိုင်ပြီ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်ကို ကိုးကားပြီးဖေါ်ပြထားပါတယ်။

မြန်မာအစိုးရက ပြည်ဝင်ခွင့်ပေးဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်ထားခံရတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူး စုံစမ်းရေးမှုး Yanghee Lee ဟာ ဒီကနေ့ ကြာသာပတေးနေ့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဆိုက်ရောက်လာဖို့ရှိပါတယ်။ သူဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဇန်န၀ါရီလ ၂၄ ရက်နေ့အထိ နေထိုင်မှာဖြစ်ပြီး အဲဒီကနေ ထိုင်းနိုင်ငံကို ဇန်န၀ါရီလ ၃၀ ရက်နေ့ အထိ သွားရောက်မှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နေထိုင်စဉ် ဒက္ကာမြို့နဲ့ ဒုက္ခသည်စခန်းတွေရှိရာ Cox’s Bazar တို့ကို သွားရောက်ပြီး မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ညှင်းပမ်းနှိပ်စက် မှုတွေကြောင့် အိုးအိမ်စွန့်ခွာပြီး နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ၊ လူမှုအသိုင်းဝိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

Latest News For You